← Chapters

သွေး မီးလျှံ မျက်ဝန်း။

Vol. 62 Ch. 862

သွေး မီးလျှံ မျက်ဝန်း။

Vol. 62 Ch. 862

သူ့ စမ်းသပ်မှုကို ကံကြမ္မာက ကြိုးကိုင် ထားကြောင်း၊ လင်းယွန်က မသိချေ။ အကယ်၍ သူသည်သာ အနိုင်ရ ပါက၊ ဓားဂိုဏ်း အုပ်စိုးစဉ် ကဲ့သို့၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏ ကံကြမ္မာမှာ၊ မြင့်တက် လာမည် ဖြစ်သည်။

တစ်ဖက်တွင် မအောင်မြင် ခဲ့သော်၊ တောင်ပိုင်း ရေှးဟောင်း နယ်မြေ ကြီးမှာ၊ အလုံးစုံ ရပ်တန့် သွားမည် ဖြစ်၏။

ဤတိုက်ပွဲ၏ ရလာဒ်မှာ၊ ရိုးရှင်းသော စမ်းသပ်မှု မဟုတ် တော့ချေ။ ကြယ်ရောင်ဖြင့် ထုတ်ပိုး ထားသော ယန်မိုက လင်းယွန်ကို၊ အေးစက်စွာ ကြည့်ပြီး၊

“ ဒုတိယ နေရာက ယုဟိုရှင်း ကိုတောင်၊ အလွယ် တကူ အနိုင်ယူ လို့ရတာ မဟုတ်ဘူး၊ မင်း သန်မာ တာကို ငါ သိတယ်၊ ဒါပေမယ့် ဒီတိုက်ပွဲ အတွက်၊ ... ”

“ ... ငါ့မှာ မျှော်လင့်ချက် တစ်ခု ရှိတယ်၊ မင်းရဲ့ ဝိညာဉ်ရေး ဓားက စိတ်ပျက် စရာ မကောင်း စေဖို့၊ ငါ မျှော်လင့် ပါတယ်။ ”

စကားဆုံး သည်နှင့် ယန်မိုက ရှေ့တစ်လှမ်း လှမ်းတက် လိုက်ရာ၊ မီးတောင် တစ်လုံး ကဲ့သို့၊ သူ့ အငွေ့ အသက်များ ပေါက်ကွဲ လာသည်။

ကြောက်စရာ ကောင်းသော သတ်ဖြတ်လို စိတ်ကြောင့်၊ ခန်းမ တစ်ခုလုံး တုန်လှုပ် လာ၏။ ယင်းမှာ ယန်မို့ သိုင်း ရည်ရွယ်ချက် ဖြစ်သည်။

“ သွေးလွှမ်းသော ရည်ရွယ်ချက်။ ”

၎င်းကို နားလည်ရန် မလွယ်ကူ သောကြောင့်၊ လင်းယွန် တစ်ယောက် အံ့သြ သွားသည်။

တောင်ပိုင်း ရှေးဟောင်း နယ်မြေ တစ်ခု လုံးတွင်၊ ဝူရှောင်ရှင်း သာလျှင် ၎င်းကို ဆုပ်ကိုင် နိုင်ခဲ့ သည်။

သို့သော် ဝူရှောင်ရှင်း၏ သွေးလွှမ်းသော ရည်ရွယ်ချက်မှာ၊ ယန်မိုအား ယှဉ်နိုင်ခြင်း မရှိ ချေ။

ကြက်သွေးရောင် အဆင်းများ လွှမ်းခြုံ ထားသည့်၊ ထောင်ပေါင်း များစွာသော နာကျင် အော်ဟစ် သံများ၊ ပဲ့တင်ထပ် လာသည်။

ယန်မိုမှာ အရှေ့ဘက် မြေပြန့် လွင်ပြင်၌၊ ချန်ပီယံ တစ်ဦး ဖြစ်ရန်၊ အမှန် တကယ် ထိုက်တန် ပေသည်။

မိစ္ဆာ ကျင့်ကြံ များနှင့၊ ရှုပ်ယှက်ခတ် နေသော နယ်မြေတွင်၊ ရှင်သန်ခဲ့ ရသဖြင့်၊ သူ၏ သွေးလွှမ်းသော ရည်ရွယ်ချက်ကို၊ ကောင်းစွာ ကျင့်ကြံ ထားနိုင် လေသည်။

ယင်းမှာ အကုန် မဟုတ် သေးချေ။ သူ့ ခန္ဓာကိုယ်မှ ရှန်ရှင်းဓား ရည်ရွယ်ချက် ထွက်ပေါ် လာပြီး၊ သွေးလွှမ်းသော ရည်ရွယ်ချက်ဖြင့်၊ ပေါင်းစပ် သွားသည်။

“ လင်းယွန် ... ဒါ ငါ့ရဲ့ သွေးလွှမ်းသော ဓား ရည်ရွယ်ချက်ပဲ ... ၊ ဟား ဟား ဟား ။ ”

ယန်မိုက ရယ်လိုက်သည်။ ထို့နောက် ကြက်သွေးရောင် အရိပ် အဖြစ် ပြောင်းလဲကာ၊ လင်းယွန် ရင်ဘတ်ကို ထိုးချ လိုက်၏။

“ ဝှစ် ... ။ ”

ယန်မို၏ ခွန်အား အရ၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေကို၊ အလွယ် တကူ သတ်ပစ် နိုင်သည်။

“ နောက်ဆုံးတော့ ... ၊ မင်းက လောက်လောက် လားလား၊ အထင်ကြီး စရာ မရှိ ပါဘူး။ ”

ပန်းသင်္ချိုင်း ဓားအား ဆင့်ခေါ်ပြီး၊ လင်းယွန်မှ တုန့်ပြန် လိုက်သည်။ ဓား၊ ဓားချင်း ထိပ်တိုက်တွေ့ ပြီးနောက်၊ ခန်းမ အတွင်း မီးပွားများ ပွင့်လာ၏။

သွေးလွှမ်းသော ဓား ရည်ရွယ်ချက်မှာ၊ ကြောက်မက်ဖွယ် ကောင်းသော်လည်း၊ ထာဝရ နဂါးဓား ရောင်ဝါဖြင့်၊ ကိုင်တွယ် ဖြေရှင်းရန် မခဲ ယဉ်းပေ။

“ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက် လား။ ”

တစ်ဖက် လူ၏ ဓားမှာ၊ သူ့ မျှော်လင့် ချက်ထက် ကျော်လွန်သွား သောကြောင့်၊ ယန်မို မျက်လုံးများ လင်းလက် လာသည်။

အချက် အလက်များ အရ၊ သူ၏ သွေးလွှမ်းသော ဓား ရည်ရွယ်ချက်သည်၊ ဝိညာဉ်ရေး ဓားနှင့်၊ အဆင့် တူ၌ ရှိ၏။

သို့သော် သည်တိုက်ခိုက် မှုကို ပြိုင်ဘက်မှ၊ အမှန် တကယ် ဟန့်တားနိုင် ခဲ့ပြီး၊ သူ့ထက် သာလွန်ကြောင်း သက်သေ ပြလာသည်။

“ ထပ် လာ ဦး မယ် ... ။ ”

တိုက်ပွဲဝင် ဆန္ဒများ တောက်လောင် လာသော မျက်ဝန်း များဖြင့်၊ လင်းယွန်က သတိပေး လိုက်သည်။

ထာဝရ နဂါးဓား ရောင်ဝါနှင့်၊ ဝိညာဉ်ရေး ဓားကို ပေါင်းစပ် လိုက်ပြီး၊ ယန်မိုအား ခုတ်ပိုင်း ပစ်၏။

“ ဝှစ် ... ။ ”

ဤအရာက များစွာ အန္တရာယ် ပေးနိုင်ကြောင်း ခံစားမိ သဖြင့်၊ ယန်မို တစ်ယောက် အံ့အားသင့် သွားခဲ့သည်။

“ သခင့်ဓား- မိုးကြိုး ... ။ ”

တစ်ချိန်တည်း မှာပင်၊ လျှပ်စီး (၁၈) စင်း လင်းလက် သွားပြီး၊ လျှပ်စီးဓားကြီး တစ်လက် အဖြစ်၊ ပေါင်းစပ် လာသည်။

“ ဟိတ် ... ။ ”

ယန်မိုက အေးစက်စွာ ကြုံးဝါး ဟစ်အော် လိုက်စဉ်၊ ကြက်သွေးရောင် အလင်း တန်းများ ပေါက်ကွဲ လာ၏။

အဆိုပါ ဓားကို ဖျက်ဆီးရန်၊ သွေးလွှမ်းသော ဓားရည်ရွယ်ချက်မှာ၊ ကြက်သွေးရောင် နဂါးကြီး အဖြစ် ထင်ရှား လာသည်။

“ အလင်း ခွဲဖြတ်ခြင်း၊ မဟာ ပေါက်ကွဲမှု၊ အရုဏ်ဦး၊ တည်ငြိမ်သော ဓား ... ။ ”

သို့သော် သူ၏ ကြက်သွေးရောင် နဂါး ကြီးအား ဟန့်တားရန်၊ တစ်ဖက် လူက ဓားချက် များကို ရေပက် မဝင်အောင်၊ ထုတ်ဖော် နေခဲ့သည်။

ဤအခိုက် အတန့်တွင် သခင့်ဓားကို ကန့်သတ်ချက်သို့၊ တွန်းပို့ ထားသဖြင့်၊ အမျိုး မျိုးသော ဖြစ်စဉ်များ ထင်ဟပ် လာ၏။

ယန်မို အနေဖြင့် ဤသို့ ဒုက္ခပေး နိုင်သော ပြိုင်ဘက်ကို ပထမဆုံး အကြိမ် ကြုံဖူး နေခြင်း ဖြစ်သည်။

ထို့ကြောင့် သူ့ နောက်ကျောရှိ ကြက်သွေးရောင် နဂါးကြီး ထဲသို့၊ မူလ စွမ်းအင် များကို၊ အဆုံး မရှိ လောင်းထည့် လိုက်၏။

“ သမုဒ္ဒရာကို ဖြိုခွင်းသော ကြက်သွေးရောင် ဓား ... ။ ”

ယန်မို ဓားမှ ကြက်သွေးရောင် မြူများ ထုတ်လွှတ်လျက်၊ လင်းယွန်၏ သဘာဝ ဖြစ်စဉ် အားလုံးကို ဖျက်ဆီး ပစ်လိုက်သည်။

အထူး သဖြင့် သွေးလွှမ်းသော ဓားကြောင့်၊ ကြက်သွေးရောင် မြူများမှာ၊ ကြောက်မက်ဖွယ် ကောင်းလာ ပေသည်။

ယင်းက ပြိုင်ဘက်၏ တိုက်ခိုက်မှုတွင်၊ ပါဝင်သော စွမ်းအင် များကို တိုက်ရိုက် ဝါးမျိုနိုင် ၏။

သည့်နောက် ကြက်သွေးရောင် ဓား အလင်းက၊ လင်းယွန် ခေါင်းပေါ်သို့ ဆက်လက် ကျဆင်း သွားသည်။

“ တိမ်ပေါ် တက်လှမ်းခြင်း ... ။ ”

လေထဲတွင် လှေကား ထစ်များ ရှိနေ သကဲ့သို့၊ ကောင်းကင်ပေါ် သုံးလှမ်း နင်းတက် လိုက်ကာ၊ လင်းယွန်က ပြန်လည် တိုက်ခိုက်ရန် အားယူ လိုက်သည်။

ပျောက်ကွယ် သွားသော သဘာဝ ဖြစ်စဉ် များကို၊ ပြန်လည် ဆင့်ခေါ်ပြီး ထက်ရှသော ဓား အလင်း တစ်လက် အဖြစ်၊ ပေါင်းစပ် ပစ်၏။

“ မဟာ ကြီးစိုးခြင်း ... ။ ”

ဓားကို ဆုပ်ကိုင်လျက်၊ သခင့်ဓား၏ ပုံစံ ခုနစ် မျိုးအား ပေါင်းစပ် လိုက်သည်။ အကန့် အသတ် မရှိသော ဓားရောင်ခြည် များက၊ ချက်ချင်း ပြေးထွက် သွား၏။

ယန်မို တစ်ယောက် အနား မရောက်ခင်၊ ၎င်း၏ ဓားချက် များကို၊ လင်းယွန် ဓားအလင်း များက၊ အလွယ် တကူ ဖျက်ဆီး ပစ်တော့သည်။

လင်းယွန်၏ ဓားရေး အပေါ်၊ ဤမျှ အစွမ်းထက် နေလိမ့် မည်ဟု မထင် ထားသော ယန်မို ခမျာ၊ မျက်နှာ ပြောင်းလဲ သွားသည်။

လင်းယွန် ဓား သူ့ထံ ရောက်လာ ချိန်၌၊ ခြေလှမ်း များစွာ နောက်ပြန် ဆုတ်ပေး လိုက်ရ သဖြင့်၊ အဝတ် အစားများ အချို့ ပြတ်တောက် ကုန်၏။

ဓားနှင့် ပြန်လည် ‘ပက်’ထုတ်ပြီး၊ လင်းယွန်၏ တိုက်ခိုက်မှုကို ချေဖျက်ရန်၊ အစွမ်းကုန် ကြိုးစား လိုက်ရသည်။

“ ထန် ... ထန် ထန် ။ ”

ခြေလှမ်း ဆယ်လှမ်း ဆုတ်ခွာ ပြီးနောက်၊ အဆုံး မရှိသော ဓားရောင်ဝါကို ပိတ်ဆို့ ထားနိုင် လိုက်သည်။

ထို့နောက် နှစ်ဦးသား မျက်စိ တစ်မှိတ် အတွင်း၊ လှုပ်ရှားမှုပေါင်း များစွာကို အပြန် အလှန် ထုတ်ဖော် လိုက်ကြ၏။

အစ ပိုင်းတွင် သွေးလွှမ်းသော ဓား ရည်ရွယ်ချက်ဖြင့်၊ လင်းယွန်ကို လက်ရည်တူ ရင်ဆိုင် နိုင်ခဲ့သည်။

သို့သော် အချိန်ကြာ လာသည်နှင့် အမျှ၊ တဖြည်းဖြည်း ညံ့ဖျင်းသော အနေ အထားသို့ ရောက်ရှိ သွားသည်။

လင်းယွန်၏ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်မှာ၊ ပြည့်စုံပြီး အပြစ် အနာအဆာ ကင်းချေပြီ။

၎င်းတွင် လေ၊ လျှပ်စီး၊ ဓား၊ နဂါးနှင့် တည်မြဲခြင်း၊ ရည်ရွယ် ချက်များ၊ ပေါင်းစပ် ပါဝင် နေခဲ့၏။ ထို့ကြောင့် များ မကြာမီ၊ ယန်မို တစ်ယောက် ကြမ်းပြင်ပေါ်၊ ပြုတ်ကျလာ တော့သည်။

“ ဒါက ...၊ မင်း တက်နိုင်တာ အကုန်လား ...၊ အရှေ့ဘက် မြေပြန့် လွင်ပြင်က ချန်ပီယံ ယန်မို၊ မင်းရဲ့ ဝှက်ဖဲ အစစ်ကို ထုတ်ပါ။ ”

ယန်မို သန်မာ သည်ကို လင်းယွန် သိ၏။ အနည်းဆုံး ဇောင်ရွှမ်ထက် သန်မာ ချေသည်။ သို့သော် ဝိညာဉ်ရေး ဓား အောက်တွင်၊ သူ လုပ်နိုင် စရာ အများကြီး မရှိနိုင်။

“ မင်းက တကယ့် ဓားဘီးလူး တစ်ကောင် ဆိုတာ ဝန်ခံ ပါတယ်၊ မင်း အသက် (၁၈) နှစ်ပဲ ရှိသေး တာကို၊ ငါ မယုံနိုင် တော့ဘူး။ ”

ယန်မိုက ပြုံးလိုက်ပြီး၊ ရှေ့ တစ်လှမ်း တက်ကာ ဓားဖြင့်၊ လေထဲ ရုတ်တရက် ခုတ်ပိုင်း ချလိုက်သည်။

“ ဝှစ် ... ။ ”

ဓား အလင်း များက၊ ကြက်သွေးရောင် နဂါးကြီး တစ်ကောင် အဖြစ် ပြောင်းလဲ ပြေး ထွက်လာ၏။

ဤအရာ အားလုံး စက္ကန့်ပိုင်း အတွင်း၊ ဖြစ်ပျက် လာသဖြင့်၊ သာမန် ပါရမီရှင် တစ်ဦး ဆိုပါက၊ ချက်ချင်း ထိမှန် သွားမည် ဖြစ်သည်။

ယန်မို မည်သို့ ကြံရွယ် နေမှန်း မသိ သော်လည်း၊ သတိ ထားနေ သဖြင့် လင်းယွန်မှ အချိန်မီ တုံ့ပြန်နိုင် လိုက်သည်။

ကြက်သွေးရောင် နဂါးမှာ၊ ဓား အလင်း များဖြင့်၊ ပိတ်ဆို့ ခံလိုက် ရကာ၊ သူ့နှင့် (၁)မီတာ အကွာ၌၊ ရပ်တန့်သွား တော့၏။

ထို့နောက်တွင် မီတာ (၃၀) ကျော် ရှည်လျားသော၊ အပြာရောင် နဂါး တစ်ကောင် လင်းယွန် နောက်တွင်၊ ထွက်ပေါ် လာသည်။

၎င်း၏ အကြေးခွံ များ ပေါ်တွင်၊ လျှပ်စီး စွမ်းအင်များ ကိန်းဝပ် နေပြီး၊ ခြေသည်း များကို လေ စွမ်းအင်ဖြင့်၊ ဖုံးအုပ် ထား၏။

မျက်လုံး များတွင် များပြား လှသော ဓားရောင်ခြည်များ တောက်လောင် နေကာ၊ ကြက်သွေးရောင် နဂါးကြီးကို၊ အပိုင်းပိုင်း ဆုတ်ဖြဲ ပစ်တော့သည်။

ဤမြင်ကွင်းကြောင့်၊ ပယင်း တောင်ထိပ် ပေါ်ရှိ ရပ်ကြည့်နေ သူတိုင်းကို၊ ထိတ်လန့် စေခဲ့ သည်။

သို့သော် အရှေ့ဘက် မြေပြန့် လွင်ပြင်၏ အဖွဲ့သား များမှာမူ၊ ကစားပွဲ စနေပြီ ဖြစ်သဖြင့်၊ လှောင်ပြုံးများ ပြုံးလိုက် ကြတော့သည်။

ယန်မို၏ အငွေ့ အသက်များ ပေါက်ကွဲ ထွက်လာပြီး၊ မျက်လုံးများ ထဲရှိ မီးတောက်များ လျှံကျကာ၊ သွေးများ စီးကျ လာသည်။

တစ်ချိန်တည်း မှာပင်၊ သူ့ မျက်ဆန် အတွင်း၌၊ သွေးမီးလျှံ မျက်ဝန်း တစ်စုံ ဖြစ်ပေါ် လာသည်။

ဤအရာ ဖြစ်ပေါ် လာသော အခါ၊ လူများ စွာ၏ မျက်နှာများ၊ ပြောင်းလဲ သွားကာ၊ ပယင်း တောင်ထိပ် တစ်ခုလုံး၊ ရုတ်ရုတ် သဲသဲ ဖြစ်လာ ကုန်သည်။

“ သွေးမီးလျှံ မျက်လုံးလား … ၊ အဲဒါ ဒုတိယတန်း သွေးလွှမ်းသော ရည်ရွယ်ချက်ရဲ့၊ လက္ခဏာ ပါပဲ၊ တုန့်ပြန်မှု အကျိုးဆက် ခံရမှာ၊ သူ မကြောက်ဖူး ထင်တယ်။ ”

ချင်တူးက လေးနက်သော အမူအရာဖြင့်၊ သက်ပြင်း ချကာ၊ ဆိုလိုက်သည်။ သည်ယန်မိုမှာ လင်းယွန်အား သတ်ရန်၊ အရာ အားလုံး ပေးဆပ် မည့်ပုံ ရ၏။

ယန်မို၏ ‘သွေးလွှမ်းသော ဓား ရည်ရွယ်ချက်’ က၊ ခန်းမ ထဲတွင် လုံးလုံး လျားလျား၊ ဖုံးလွှမ်း လာသည်။

ဤမြင်ကွင်းကို မြင်လိုက်ရ ချိန်၌၊ လင်းယွန်၏ မျက်နှာမှာ လေးနက် သွားသည်။ ပယင်း ကမ္ဘာ ကြီးတွင် ပုန်းကွယ် နေသော နဂါး များနှင့်၊ ချောင်းမြောင်း နေသော ကျား များစွာ၊ ရှိချေပြီ။

“ မင်း ... အံ့သြ နေတယ် မဟုတ်လား၊ ဓားက မင်းရဲ့ အသက် ဆိုပေမယ်၊ ငါ့ အတွက် ကတော့ ကိရိယာလေး တစ်ခုထက် မပို ပါဘူး၊ ဓားနဲ့ ပတ်သက်ရင် ... ”

“ ... ငါ မင်းကို ဘယ်လိုမှ၊ မယှဉ်နိုင် တာကိုတော့ ဝန်ခံ ပါတယ်၊ မင်းက ကောင်းကင် ဝိညာဉ် နယ်မြေ၊ မရောက်မီ ဝိညာဉ်ရေး ဓားကို၊ ဆုပ်ကိုင် နိုင်ခဲ့တဲ့ တစ်ဦး တည်းသော ပုဂ္ဂိုလ် ဖြစ်သလို၊ ... ”

“ ... ငါ ကလည်း၊ ဒုတိယတန်း သွေးလွှမ်းသော ရည်ရွယ်ချက်ကို၊ ဆုပ်ကိုင် ထားနိုင်တဲ့၊ တစ်ဦး တည်းသော ပုဂ္ဂိုလ်ပဲ။ ”

လင်းယွန်ကို စိုက်ကြည့်ပြီး၊ ယန်မိုက ဆိုသည်။ ဤအခိုက် အတန့်တွင် လင်းယွန်အား သတ်ပစ် လိုသော ဆန္ဒကြောင့်၊ သူ့ နှလုံးသား မငြိမ် မသက် ဖြစ်လာသည်။

“ ဟား ဟား ဟား ... ၊ ငရဲကို သွား လိုက်တော့ ... ။ ”

ထို့နောက် အော်ဟစ် ရယ်မောလျက်၊ လင်းယွန် မလှုပ်ရှား နိုင်ခင်၊ သူ့ လက်ဖဝါးဖြင့် ရိုက်ချ လိုက်လေသည်။

ထိုလက်ဖဝါး နှင့်အတူ၊ ကြက်သွေးရောင် မြူများက၊ ခန်းမ အတွင်းရှိ အလင်း ရောင်များ အားလုံးကို၊ ချက်ချင်း ဝါးမျို လာတော့သည်။

***

All Chapters