အနိုင်နှင့် အရှုံး။
Vol. 62 Ch. 863
ကြက်သွေးရောင် မြူ များက၊ ကြောက်မက်ဖွယ် ကောင်းသော လှောင်အိမ် တစ်လုံး အဖြစ်၊ ဖွဲ့တည်လာ ခဲ့သည်။
ဤအခိုက် အတန့်တွင် သွေးမီးလျှံ မျက်ဝန်း၏ လှုံ့ဆော်မှုကြောင့်၊ အပျက် သဘော ဆောင်သော ခံစားချက် များကို၊ လင်းယွန် တစ်ယောက် မထိန်းချုပ် နိုင်တော့ပေ။
ဒုတိယတန်း သွေးလွှမ်းသော ရည်ရွယ်ချက်မှာ၊ အမှန် တကယ်ပင် အထင် ကြီးစရာ ကောင်းလေသည်။
“ လင်းယွန် ... ၊ မင်း ဂုဏ်ယူ သင့်တယ်၊ သွေးမီးလျှံ မျက်ဝန်းကို၊ ထုတ်ဖော် ရတဲ့ အထိ၊ ငါ့ကို ဖိအားပေး နိုင်တာ၊ မင်း ပထမ ဦးဆုံး ပြိုင်ဘက်ပဲ။ ”
လှောင်အိမ် အတွင်း ပိတ်မိ နေသော လင်းယွန်ထံ ကြည့်ပြီး၊ ယန်မိုက တဖြည်းဖြည်း ပြုံးလာသည်။
“ ဟမ့် ... ၊ ဓားသမား တစ်ယောက်ရဲ့ နှလုံးသားက လွယ်လွယ်နဲ့ ယိမ်းယိုင် သွားမှာ မဟုတ်ဘူး၊ ငါ ဘာတွေ ကြုံခဲ့ ဖူးလဲ၊ မင်း မသိ သေးပါဘူး။ ”
လင်းယွန်က လှောင်အိမ် ထဲမှ နေ၍၊ ကောင်းကင်ဓား သုတ္တန်ကို စတင် ဖြန့်ဝေ လိုက်သည်။
မကြာမီ လေနှင့် လျှပ်စီး တို့က၊ လေဆင် နှာမောင်း အသွင်၊ သူ့အား ဖုံးလွှမ်း တော့၏။ မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်ကို ကန့်သတ် ချက်သို့ တွန်းထုတ် လိုက်ပြီး၊ ကြက်သွေးရောင် လှောင်အိမ်အား အပိုင်းပိုင်း ဖြတ်တောက်ပစ် လိုက်သည်။
ယန်မို၏ လက်ဖဝါးက၊ လေဆင် နှာမောင်းကို ရိုက်မိ သွားပြီး၊ ကျယ်လောင်သော ပေါက်ကွဲ သံများ ထွက်ပေါ် လာသည်။
တစ်ဖက်တွင်၊ ကောင်းကင်ဓား သုတ္တန်ကို ဖြန့်ကျက်ထား သောကြောင့်၊ လင်းယွန်၏ မူလ စွမ်းအင် များမှာ၊ သမုဒ္ဒရာ တစ်စင်း အလား လှိုင်းထ နေ၏။
ဓား အလင်းများ ပေါက်ကွဲ လာပြီး၊ ဝတ်ရုံစများ တဖျပ်ဖျပ် ခတ်လာကာ၊ လျှပ်စီး များနှင့် အတူ၊ လေပြင်းများ ဖြတ်တိုက် သွားသည်။
ကြက်သွေးရောင် အလင်း၊ အနား ရောက်လာ ချိန်တိုင်း၊ အပြာရောင် ဓားအလင်း များက၊ အပိုင်းပိုင်း ခွဲပစ် လိုက်၏။
ယန်မိုက အံ့သြ စွာဖြင့်၊ နှုတ်ခမ်း ထောင့်မှ၊ သွေးစကို သုတ်လိုက် မိသည်။ ပြိုင်ဘက်၏ ဓား သုတ္တန်မှာ၊ သူ၏ ဒုတိယတန်း သွေးလွှမ်းသော ရည်ရွယ်ချက် ကိုပင်၊ ဖြတ်တောက် နိုင်သည်။
အဆုံးတွင် လင်းယွန်အား သတ်ဖြတ်ခြင်း အရှိန် အဝါဖြင့်၊ ချုပ်နှောင်ထား လိုသော သူ့အစီ အစဉ်မှာ၊ မအောင်မြင် တော့ချေ။
လက်တစ်ဖက် တည်းနှင့် တံဆိပ် များကို ဖန်တီးလျက်၊ ယန်မို အမူ အရာမှာ၊ ပို၍ တင်းမာ အေးစက် လာသည်။
မျက်ဝန်း များတွင် ကြက်သွေးရောင် မီးတောက်များ ပြင်းစွာ လောင်ကျွမ်း လာပြီး၊ ပတ်ဝန်း ကျင်၌ သွေးမြူများ ဖြစ်ပေါ် လာ၏။
“ သွေး မီးလျှံ မိစ္ဆာ ရောင်ခြည် ... ။ ”
သွေးမီးလျှံ မျက်ဝန်းဖြင့်၊ စွမ်းအား မြှင့်ထားသော နောက်ထပ် တိုက်ခိုက်မှု တစ်ခု အား၊ ထပ်မံ ထုတ်ဖော် လိုက်သည်။
“ ကောင်းကင် အလင်း ... ။ ”
လင်းယွန်က အော်ငေါက် လိုက်ပြီး၊ သူ့ ဓားကို လွှဲချ လိုက်စဉ် အပြာရောင် သစ်ပင်ကြီး တစ်ပင် လေထဲ ဖြစ်ပေါ် လာသည်။
ထို့နောက် ယန်မို ဖန်တီး ထားသော သွေးပင်လယ်နှင့်၊ သစ်ပင်တို့ တိုက်မိ သွားကာ၊ ခန်းမ တစ်ခုလုံး သိမ့်သိမ့်တုန် သွား၏။ ဤ အတိုင်းသာ ဆက်သွား ပါက၊ ခန်းမ ပြိုကျ လာနိုင်မည်။
“ တိုင်တွေ အက်ကွဲ သွားပြီ။ ”
မဟာမိတ် အကြီးအကဲ များမှာ၊ ယခင်က မမြင် ဖူးသော အဖျက် စွမ်းအား များကြောင့်၊ မျက်နှာ ပြောင်းလဲ သွား၏။
ထိုခန်းမအား တည်ဆောက် ရာတွင်၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူ၏ တိုက်ခိုက်မှု ကိုပင်၊ ခုခံ ကာကွယ် နိုင်သည့်၊ အစီရင်များ ထည့်သွင်း ထားသည်။
“ လာ ဦးမယ် ... ။ ”
သွေးပင်လယ် ပြိုပျက် သွားသော အခါ၊ ယန်မို၏ မျက်ဝန်း များ၌ ကြောက်မက်ဖွယ် အလင်းများ၊ ထတောက် လာ၏။
ကြမ်းကြုတ် လွန်းသော သတ်ဖြတ်မှု ရောင်ဝါဖြင့်၊ သူ့ကိုယ်သူ ဖုံးလွှမ်း ပစ်ကာ၊ ငရဲ မိစ္ဆာ တစ်ပါး အသွင်၊ ခံယူ လိုက်သည်။
“ လေဖြင့် ဖုံးကွယ် ထားသော အပြာရောင် သစ်ပင်။ ”
သူ့ တိုက်ခိုက်မှု မရောက် မီတွင်၊ လင်းယွန်၏ ကောင်းကင် သစ်ပင် ထံမှ၊ ဓား ရောင်ဝါများ ထွက်လာပြီး၊ မရဏ ရောင်ဝါကို အပိုင်းပိုင်း ကွဲကြေ စေတော့သည်။
မရဏ ရောင်ဝါ ဆိုသည်မှာ၊ ‘ကြမ်းကြုတ် လွန်းသည့် သတ်ဖြတ်မှု ရောင်ဝါ’ ကို၊ ဆိုလိုပေ သည်။ ထို့နောက် လင်းယွန်က ဓားအား၊ နောက် တစ်ကြိမ် ခုတ်ပိုင်း ပစ်လိုက် တော့၏။
“ ရွှပ် ... ။ ”
သို့သော် ယန်မိုမှ လက်ဝါး ရိုက်ချက် တစ်ချက်ကို၊ ထပ်မံ ထုတ်ဖော် ထားပြီး ဖြစ် သဖြင့်၊ ဓားရောင်ခြည် များအား၊ ကောင်းစွာ ဟန့်တား နိုင်ခဲ့သည်။
သည်တစ်ကြိမ် တိုက်မိ မှုကြောင့်၊ အခန်းတိုင်များ ကျိုးပဲ့ သွားကာ၊ ခန်းမ အတွင်း အပျက် အစီး ပုံကြီး၊ ဖြစ်ပေါ် လာသည်။
ထိုအပျက် အစီး အပိုင်းအစ များသည် တစ်ခုလျှင် (၆၆) တန် အလေးချိန် ရှိသဖြင့်၊ လေထု အတွင်း ဖြတ်သန်း ချိန်၌၊ မီးပွင့်များ ထွက်ပေါ် လာစေ၏။
“ ကောင်းကင်ကို ခွဲမယ့် အရှိန်အဝါ။ ”
လေထု အလယ်တွင်၊ လင်းယွန် တစ်ယောက် ဖျတ်ခနဲ ပေါ်လာပြီး၊ ဓားဖြင့် ခုတ်ပိုင်းချ လိုက်သည်။ အဆုံး မရှိသော ဓား အလင်း များက၊ ယန်မို၏ တိုက်ခိုက်မှုကို နှစ်ခြမ်း ခွဲပစ်၏။
ထို့ကြောင့် ယန်မိုမှာ ကောင်းကင်မှ ဆင်းသက်လိုက် ပြီးနောက်၊ ခန်းမ တစ်ခု လုံးကို သွေးမြူ များနှင့်၊ ဖုံးလွှမ်း ပစ်တော့သည်။
လျင်မြန် လွန်းသော သူ၏ ရွေ့လျားမှု နည်းစနစ်အား ထုတ်ဖော်ကာ၊ လင်းယွန် ခေါင်းကို လှမ်းကုပ် လိုက်၏။
သည်မြင်ကွင်းကြောင့် တောင်ထိပ် ပေါ်မှ စောင့်ကြည့် နေသော လူအုပ်မှာ၊ ဦးရေပြားများ ယားယံ လာသည်။
လင်းယွန် ကမူ အတွေး တစ်ချက်ဖြင့် ကောင်းကင် သစ်ပင်၏၊ အကိုင်း (၃) ကိုင်းအား၊ ချိုးပစ် လိုက်သည်။
ထိုနောက် သစ်ကိုင်း အတွင်းရှိ၊ မိုးကြိုး မုန်တိုင်း စွမ်းအင်ကို၊ လက်ထဲသို့ လောင်းထည့် လိုက်ရာ၊ လက်ဖဝါး ပြင်ထက်တွင် လျှပ်စီး သမုဒ္ဒရာ တစ်စင်း၊ ဖြစ်ပေါ် လာသည်။
“ နတ်ဘုရား ပုံရိပ်ယောင် လက်ညိုး။ ”
ထို့နောက် လက်မကို လက်ခလယ်၌၊ ဖိလျက် တောက်ထုတ် လိုက်၏။ ယန်မိုး အနား မရောက် လာခင်၊ လျှပ်စီးဓား ရောင်ခြည်က ညာဘက် ပခုံးကို ထိုးဖောက်လျက်၊ နောက်သို့ တွန်းထုတ် လိုက်လေသည်။
“ သူ ... ၊ ရှောင်လိုက် တာလား ... ။ ”
လင်းယွန်က အံ့သြ သွားသည်။ ကောင်းကင်ဓား သုတ္တန်မှာ ဆဋ္ဌမ အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။
ထို့အပြင် မိုးကြိုး မုန်တိုင်း စွမ်းအင်များ ကိန်းဝပ် နေသည့်၊ ကောင်းကင် သစ်ပင်၏ အကိုင်း သုံးကိုင်းကို အသုံးပြု ခဲ့သည်။
ယင်းမှာ သူ လုပ်ဆောင် နိုင်သော ကန့်သတ်ချက် ဖြစ်သည်။ ၎င်းကို သည်ယန်မိုမှ ရှောင်တိမ်း နိုင်လိုက်၏။
ထို့ကြောင့် နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်ရန်၊ ဓားသုတ္တန် နှစ်ခုအား တပြိုင် နက်တည်း ဖြန့်ကျက်လျက်၊ မူလ စွမ်းအင်ကို စုဆောင်း လိုက်မိသည်။
ခရမ်းပြာရောင် ဓား အလင်းများ၊ သူ့ခန္ဓာ ကိုယ်မှ ပေါက်ကွဲ ထွက်လာသည်။ ခရမ်းရောင် ပန်းမှာ၊ ခရမ်းရောင် နန်းတော်မှ ပျံထွက်ပြီး၊ သူ့ နောက်တွင် လှပသော ပွင့်ချပ် ပင်လယ် တစ်စင်း အဖြစ်၊ ထွက်ပေါ် လာ၏။
လက်ဖဝါးပြင် တစ်ခုလုံး၊ ခရမ်းပြာရောင် အလင်းများ တောက်ပ လာပြီး၊ သူ့ မျက်နှာကို ရောင်ပြန် ဟပ်လေသည်။
“ ရွှပ် ... ။ ”
မျက်စိ တစ်မှိတ် အတွင်း၊ ကျောက်တိုင် များထက်ပင်၊ ပို၍ သိပ်သည်းသော ဓား စွမ်းအင် များက၊ ယန်မိုကို ထိမှန် သွားသည်။
ယန်မို တစ်ယောက်၊ မျက်နှာကျက်မှ ညလင်း ပုလဲ များနှင့်၊ ထိမှန်လျက် သွေးအန် လာ၏။
ဤအခိုက် အတန့်တွင် တိုက်ပွဲကို စောင့်ကြည့် နေသော အစီရင် မြင်ကွင်းမှာ၊ ချက်ချင်း အမှောင် ဖုံးသွားသည်။
စွမ်းအင် ပြတ်တောက် သွားသော ဆီမီးတိုင် ငြိမ်းသွား သကဲ့သို့၊ စောင့်ကြည့်ရေး အစီရင်မှာ ပြိုပျက် သွား၏။
“ ဒါက … ။ ”
“ ဒီဓား ရောင်ခြည်က အစွမ်းထက် လိုက်တာ၊ ဘာတွေ ဖြစ်ကုန်ပြီလဲ။ ”
“ ယန်မို ... မသေလောက် ပါဘူး။ ”
“ မသေလောက် ပါဘူး၊ မဟုတ်ရင် မျက်နှာကျက်နဲ့ မတိုက်ခင် ထဲက၊ ယန်မို အပိုင်းပိုင်း ကွဲသွား မှာပေါ့။ ”
“ ဟုတ်တယ်၊ ဒီတိုက်ခိုက်မှုရဲ့ အဖျက် စွမ်းအားက၊ ကြောက်စရာ ကောင်းလိုက်တာ၊ ဒါတောင် မပေါက်ကွဲ ဖူး ဆိုထဲက၊ ... ”
“ ... ယန်မိုမှာ ခုခံ ကာကွယ်ရေး အဆောင်တွေ ရှိနိုင်တယ်၊ ဒါပေမယ့် လင်းယွန် မှာလည်း ဝှက်ဖဲတွေ အများကြီး ရှိဦးမယ်၊ ... ”
“ ... သူ့ ဓားသုတ္တန်က ယန်မိုရဲ့ သွေးလွှမ်းသော ရည်ရွယ်ချက် အပေါ်၊ ကောင်းကောင်း နှောက်ယှက် နိုင်တယ်။ ”
ရလဒ်ကို မမြင် နိုင်တော့ သဖြင့်၊ ပယင်း တောင်ထိပ် ပေါ်ရှိ၊ လူတိုင်းက စိတ် လှုပ်ရှား ခြင်းငှာ၊ မထိန်းနိုင် ကြတော့ချေ။
မျက်နှာ ကျက်မှ ပြုတ်ကျ လာသော အခါတွင်၊ ယန်မို၏ မျက်နှာမှာ၊ ကြောက်စရာ ကောင်းလှအောင်၊ မည်းမှောင် သွားသည်။
“ လင်းယွန် ... ၊ မင်းကို ငါ တကယ် ဒေါသ ထွက်သွားပြီ ... ။ ”
ရုတ်တရက် သူ့ မျက်ဝန်းများ အတွင်းမှ၊ သွေးများ စီးကျ လာပြီး၊ အရေပြားက ချက်ချင်း ရှုံ့တွ သွားသည်။
ထို့နောက် သူ့သွေး များဖြင့် ပေါင်းစပ် ထားသော အရှိန် အဝါမှာ၊ ပင်လယ်ကြီး သဖွယ် ဖြစ်တည် လာ၏။
“ သေ လိုက် တော့ ... ။ ”
ရက်စက် ကြမ်းကြုတ်သော အမူအရာဖြင့် ယန်မိုက နောက်ဆုံး လှုပ်ရှားမှုကို ထုတ်ဖော် လိုက်သည်။
“ သွေးမီးလျှံ မျက်ဝန်း - ဖျက်ဆီးခြင်း အလင်း။ ”
ကောင်းကင်သို့ ခုန်တက်ကာ၊ သူ့ လက်ဖဝါးဖြင့် ရိုက်ချ လိုက်စဉ်၊ တောက်ပသော ကြက်သွေးရောင် အလင်းများ၊ ကောင်းကင်မှ ဆင်းသက် လာတော့၏။
ထိုအလင်း များက ကြက်သွေးရောင် လက်ဖဝါးကြီး တစ်ဖက် အသွင်၊ ဖြည်းညှင်းစွာ ဖြစ်ပေါ် လာပြီး၊ ပတ်ဝန်း ကျင်ရှိ အသက် ဓာတ်များ အားလုံးကို၊ ဝါးမျို လေသည်။
ကြက်သွေးရောင် လက်ဖဝါးတွင်၊ ဝိညာဉ် ရေးရာ ရူရ် များ ပါဝင်ပြီး၊ ကြောက်မက် ဖွယ်ရာ အဖျက် စွမ်းအားများ ကပ်ပါ လာသည်။
“ ကောင်းကင် ဓား (၁၃)လက် — ကြွေကျ နေသော သစ်ရွက်များ။ ”
အသက် ပြင်းပြင်း ရှူလျက်၊ ကောင်းကင် ဓားသုတ္တန်ကို ကန့်သတ်ချက် အထိ၊ တွန်းထုတ် လိုက်ရာ၊ အပြာရောင် ဓားစွမ်းအင်များ လှိုင်းထ လာ၏။
ဓား၌ အပြာရောင် အလင်းများ ဖြာထွက် လာချိန်တွင်၊ လျှပ်စီးနှင့် လေ စွမ်းအင် များက၊ သစ်ရွက် အသွင် ဖြစ်တည် လာပြီး၊ အနား တစ်ဝိုက် လှည့်ပတ် လာလေသည်။
ဓားကို ခုတ်ချ လိုက်သော အခါ၊ အဆိုပါ လေလျှပ်စီး သစ်ရွက်ပေါင်း မြောက်များ စွာက၊ ပြေးထွက် သွား၏။
“ ကောင်းကင်ဓား (၁၃) လက် — ကောင်းကင် မိုးကြိုး ကပ်ဘေး။ ”
ကောင်းကင်၌ လျှပ်စီး ပင်လယ်ကြီး တစ်စင်း ဖြစ်ပေါ် လာကာ၊ ကြက်သွေးရောင် လက်ဝါး၊ ထပ်မံ ဆင်းသက် လာခြင်း မရှိ စေရန်၊ ဟန့်တား လေသည်။
“ ဒါက ဘယ်လို ဓားရေး မျိုးလဲ ... ။ ”
ကြက်သွေးရောင် လက်ဖဝါးကြီး၊ အားနည်းသွား သည်ကို၊ သတိထား မိသော ယန်မိုက၊ တအံ့ တဩ ရေရွတ် လိုက်သည်။
တစ်ချိန်တည်း မှာပင်၊ လျှပ်စီး ပင်လယ် သည်လည်း၊ ခမ်းခြောက် လာသဖြင့်၊
“ ကောင်းကင်ဓား (၁၃)လက် —ကောင်းကင်ဘုံ နတ်ဘုရား သစ်ပင် ခုတ်ပိုင်း ခြင်း။ ”
လျှပ်စီး ပင်လယ် အထက်၌၊ လေလျှပ်စီး သစ်ရွက်များ ပျံဝဲ လာပြီး၊ ကောင်းကင် သစ်ပင် တစ်ပင် ပေါက်ရောက် လာသည်။
ထို့နောက် သစ်ပင် ကြီးက တစ်ပတ် လည်လျက်၊ အပြာရောင် ဓား စွမ်းအင်များ ထုတ်လွှတ်ကာ၊ ကြက်သွေးရောင် လက်ဖဝါးကို အဆုံးသတ် ပစ်လိုက် တော့သည်။
***