← Chapters

ခွဲတမ်း။

Vol. 62 Ch. 864

ခွဲတမ်း။

Vol. 62 Ch. 864

“ သူတို့ ... ထွက်လာ တော့မယ်။ ”

တောင်ထိပ် ပေါ်ရှိ တည်နေရာပြောင်း အစီရင်မှာ၊ အလင်းရောင်များ တောက်ပလာ သဖြင့်၊ မည်သူ ဦးစွာ ထွက်လာနိုင် မည်ကို၊ လူတိုင်းက သိချင် လာ ကြသည်။

လင်းယွန်နှင့် ယန်မိုတို့ မှာမူ၊ တိုက်ခိုက် နေဆဲ ဖြစ်သောကြောင့်၊ ၎င်းတို့ နှစ်ဦး မဟုတ် မှန်း သူတို့ သိ၏။

လူတိုင်း စောင့်မျှော် နေစဉ်၊ တော်ဝင် နယ်မြေမှ၊ ဖန်ရှောင်ယု ထွက်လာ သဖြင့်၊ တာဝန်ခံ ဂိုကျန်းရှန် တစ်ယောက် ရွှင်မြူး လာသည်။

လင်းယွန်က ဇောင်ရွှမ်ကို သတ်ပစ် လိုက်ပြီးနောက်၊ ယန်မိုအား ရင်ဆိုင် နေသည်။ ထို့ကြောင့် သည်တစ်ကြိမ် စမ်းသပ်မှုမှာ၊ မရေရာ မှုများ ပိုများ နေ၏။

တစ်ဆက်တည်း မှာပင်၊ အစီရင်က အလင်းများ ထပ်မံဖြာ ထွက်လာပြီး၊ ပုံရိပ် တစ်ရိပ် ထွက်ပေါ် လာသည်။ ထိုပုံရိပ် ရှင်မှာ မြောက်ပိုင်း ကုန်းမြေမြင့် ချန်ပီယံ ချောင်ချန် ဖြစ်၏။

စမ်းသပ်မှု တစ်လျှောက် နိမ့်ကျသော ပုံရိပ်ကို ထိန်းသိမ်း ထားသဖြင့်၊ ခွဲတမ်းကို ရယူ လိုက်ချိန်တွင်၊ လူတိုင်း အံ့အားသင့် ကုန်သည်။

မကြာ မီတွင် အနောက်ဘက် တောင်တန်း ဒေသနှင့်၊ အရှေ့ မြေပြန့် လွင်ပြင်၏ ပါရမီရှင် နှစ်ဦး ထွက်လာ ပြန်သည်။

ဆိုလို သည်မှာ ၎င်းတို့ နယ်မြေ၌၊ ဇောင်ရွှမ်နှင့် ယန်မို အပြင်၊ အရည် အချင်း ပြည့်မီသော ပါရမီရှင်များ ရှိနေ သည်ဟု အဓိပ္ပါယ် ရပေသည်။

ထို့ပြင် နယ်မြေကြီး ငါးခုနက် လေးခုမှာ၊ ခွဲတမ်း တစ်ခုစီ ရရှိ ထားပြီး၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ သည်သာ၊ လက်မဲ့ ဖြစ်နေ ခဲ့သည်။

ခွဲတမ်း တစ်ခုမှ မရ ရှိသေး သဖြင့်၊ ချင်တူးတွင် အနည်းငယ် စိတ်ဓာတ် ကျသည့်၊ အမူ အရာများ၊ ထင်ဟပ် လာသည်။

လင်းယွန်က ယန်မိုကို အနိုင် ရမှသာ အဆင်ပြေ နိုင်၏။ မဟုတ်သော် ခွဲတမ်း ရရန် လမ်း မမြင်ချေ။

“ ဟား ဟား ဟား ... ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေမှာ၊ လင်းယွန် အပြင် ဘယ်သူမှ မရှိ တော့ဖူး ထင်တယ်။ ”

အရှေ့ဘက် မြေပြန့် လွင်ပြင်ကို၊ တာဝန်ယူ ရသော အနက်ရောင် အမျိုးသားက၊ ချင်တူးထံ လှမ်း ကြည့်ပြီး ရယ်မော လှောင်ပြောင်လိုက် လေသည်။

ထိုအမျိုးသား အမည်မှာ၊ လဲ့ချီဟု ခေါ်တွင်၏။ မြင့်မြတ်သော မဟာမိတ် အဖွဲ့သို့ မ၀င် ရောက်မီ၊ မိစ္ဆာ သိုင်းသမား အဖြစ် ကျင်လည် ကျက်စား ခဲ့ဖူးသည်။

စမ်းသပ်မှု အတွင်း၌၊ လင်းယွန်က ယန်မို အပေါ်၊ အနိုင် ရခြေ မြင့်မားသည်။ ထို့ကြောင့် မပျော် မရွှင် ဖြစ်လာပြီး၊ ချင်တူးအား ပစ်မှတ်ထား လာခြင်း ဖြစ်၏။

ချင်တူး အတွက်မူ၊ ချေပ နိုင်ခြင်း မရှိ ခဲ့ပေ။ ဤသည်ကို မြင်သည်နှင့်၊ ဂိုကျန်းရှန်က ပြုံးရယ် လိုက်ပြီး၊

“ အဖိုးကြီး လီ ... ၊ မဟာမိတ် အဖွဲ့ကို မ၀င်မီက မင်းနဲ့ ယန်မိုမှာ၊ ပတ်သတ်မှု ရှိတယ် လို့ ငါ ကြားတယ်၊ ဒါပေမယ့် မင်းက မဟာမိတ် အဖွဲ့ဝင် ဖြစ်ပြီး တဲ့နောက်၊ ကြားနေတာ အကောင်းဆုံး ပါပဲ။ ”

-ဟု သတိပေး မိလေသည်။

အဆိုပါ သတိ ပေးချက်သည် လဲ့ချီ တစ်ယောက်၊ သူ့ အတိတ်အား ဆင်ခြင် ရန်နှင့်၊ ချင်တူး၏ အဆင် မပြေသော ခံစားချက်ကို သက်သာ လာစေရန် ရယ်ရွယ်၏။

“ ဟား ဟား ဟား ... ၊ ငါ အမှန် ပြောနေ တာပါ၊ လင်းယွန်ကို ရန်မို ကသာ သတ်လိုက် ပြီးရင်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေက၊ ဘယ်သူမှ ခွဲတမ်း ရယူ နိုင်မှာ မဟုတ်ဘူး။ ”

“ လဲ့ချီ၊ မင်း ... လွန် မလာနဲ့ ။ ”

ချင်တူးက ထို့ထက် ပို၍ မတုန့်ပြန် နိုင်ခဲ့ချေ။

“ ဟား ဟား ဟား ... ၊ အထက် လူကြီး ဂိုနဲ့၊ မင်း ငါ့ကို ဖိနှိပ်ဖို့ မကြိုးစား ချင်ပါနဲ့၊ ငါက အမှန် အတိုင်း ပြောနေ တာပါ။ ”

လဲ့ချီက ဆက်လက် လှောင်ပြောင် လိုက်သည်။ ကျန်သူ များမှာ သူ့ စကားကြောင့်၊ ဝင်ရောက် စွက်ဖက် နိုင်ခြင်း မရှိချေ။

၎င်းတို့မှာ၊ မဟာမိတ် အဖွဲ့သားများ ဖြစ်သော်လည်း၊ ကိုယ်ပိုင် နယ်မြေများ အပေါ်၊ စွဲလန်းမှု ရှိသည်။

ထို့ကြောင့် ထုံးစံ အတိုင်း၊ သူတို့ ကြားတွင် သိုဝှက် ထားသော ပြိုင်ဆိုင်လို စိတ်များ ရှိလေ သည်။

လဲ့ချီကို ဟန်တားရန်၊ သူ့၌ နည်းလမ်း မရှိတော့ သဖြင့်၊ ဂိုကျန်းရှန် တစ်ယောက် မျက်မှောင် ကြုတ် လိုက်မိသည်။

“ ဖျစ် ... ။ ”

ထိုအချိန် မှာပင် အနက်ရောင် ဝတ်ရုံကို ပါးပြင်း သဏ္ဍာန် ခြုံထားသော ပုံရိပ် တစ်ရိပ်၊ အစီရင် အတွင်းမှ ထွက်ပေါ် လာ၏။

ယင်းမှာ မျက်နှာ တစ်ဝက်အား မျက်နှာဖုံး တစ်ခုဖြင့်၊ ဖုံးအုပ် ထားသော မိစ္ဆာဓား ဇိုချင်းရှန် ဖြစ်သည်။

“ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကလား။ ”

လင်းယွန် မှလွဲ၍ မည်သူမျှ ခွဲတမ်း ရရှိမည် မဟုတ်ကြောင်း ယူဆထား ကြသဖြင့်၊ လူတိုင်း အံ့အားသင့် သွားသည်။ လဲ့ချီ မျက်နှာမှာ သာ၍ ဆိုးချေ၏။

“ ဟား ဟား ဟား၊ ဂုဏ်ယူပါတယ် အကြီးအကဲ ချင်တူး၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေက၊ ခွဲတမ်း ရရှိတဲ့ လူ တစ်ဦး ထွက်ပေါ် လာပါပြီ။ ”

ခေတ္တမျှ အံ့အားသင့် သွား သော်လည်း၊ ချင်တူးကို ဂုဏ်ပြုရန် မမေ့ ကြချေ။ ယင်းမှာ လင်းယွန် ရှုံးနိမ့် ခဲ့လျှင်ပင်၊ တစ်စုံ တစ်ဦး ရှိနေ သည်ဟု အဓိပ္ပါယ် ရ၏။

များ မကြာခင် ယွဲ့ဝေဝေနှင့်၊ ယုဟိုရှင်းတို့ နှစ်ဦး ဆက်တိုက် ထွက်လာ သဖြင့်၊ အသံများ တိတ်ကျ သွား တော့သည်။

“ ဒါ ... ။ ”

“ အိုး ... တောင်ပိုင်း ရှေးဟောင်း နယ်မြေက သုံးဦးလား။ ”

ထုတ်ပယ် ခံရ သူများမှာ၊ ထိတ်လန့် ကုန်၏။

“ ဘယ်လိုတောင် ... ၊ စိတ်လှုပ်ရှား စရာ ကောင်း လိုက်လဲ၊ တော်ဝင် နယ်မြေ ကိုတောင် ကျော်တက် သွားပြီ။ ”

နာကျင်ဖွယ် အချိန်များ ကုန်ဆုံးကာ၊ ပျော်ရွှင်စရာ အချိန်များ ချက်ချင်း ရောက်ရှိလာ သဖြင့်၊ ချင်တူး တစ်ယောက် မှင်တက်နေ တော့သည်။

သို့သော် ယုဟိုရှင်းထံ လှမ်းကြည့်ပြီး၊ အတွေးများ ရှုပ်ထွေး လာ၏။ လင်းယွန်သာ ခွဲတမ်းကို အရ မယူနိုင် ပါက၊ ဂုဏ် သတင်း ယိုယွင်း သွားမည် ဖြစ်သည်။

“ အစ်ကိုကြီး ယွန်၊ ထွက်မလာ သေးဖူးလား ... ။ ”

လင်းယွန်အား မတွေ့ရ သဖြင့်၊ ယွဲ့ဝေဝေက ရှောင်စီယီနှင့် ကျန်သူ များကို မေးလိုက်သည်။

“ ယန်မိုနဲ့ တိုက်နေတယ်၊ တိုက်ပွဲက အရမ်း ပြင်းထန်တဲ့ အတွက်၊ မြင်ကွင်း အစီရင် ထိခိုက် ပျက်စီး သွားတယ်၊ ... ”

“ ... ဘာတွေ ဆက်ဖြစ် နေလဲ၊ ငါတို့လည်း မသိ တော့ဘူး၊ ဒါပေမယ့် နောက်ဆုံး မြင်လိုက် ရချိန် မှာတော့၊ လင်းယွန်က အသာစီး ရနေ ခဲ့တယ်။ ”

ရှောင်စီယီက အလေး အနက် ပြန်ဖြေသည်။ သူတို့ အားလုံး လင်းယွန် အတွက် စိတ်ပူ နေမိ လေသည်။

“ ဒါဟာ ကံကြမ္မာ ရန်ကြွေး တစ်ခုလို့၊ မြင့်မြတ်သော မဟာမိတ် အဖွဲ့ထံ ကနေ၊ ပြောသံ ကြား မိတယ်၊ ... ”

မူဟန်က ဝင်ပြောသည်။

“ ကံကြမ္မာ ရန်ကြွေး ဟုတ်လား ... ။ ”

ယွဲ့ဝေဝေက ရုတ်တရက် နားမလည် နိုင်သဖြင့်၊ မျက်မှောင် ကြုတ်ကာ ပြန်မေးလိုက် မိသည်။

ထို့ကြောင့် မူဟန်က ဆက်လက် ရှင်းပြ လာ၏။ ယွဲ့ဝေဝေ တစ်ယောက် ပျက်ယွင်းသော မျက်နှာဖြင့်၊ ယုဟိုရှင်းထံ လှည့်ကြည့်ပြီး၊ ငေးငိုင် သွား တော့သည်။

တောင်ထိပ်ရှိ အသံများ တဖြည်းဖြည်း တိတ်ဆိတ် သွားပြီး၊ အစီရင်ကို စိတ်လှုပ်ရှားစွာ ကြည့်လာ ကြသည်။

ယခုချိန် အထိ မထွက် လာသေး သည်မှာ၊ တိုက်ပွဲ မည်မျှ ပြင်းထန် နေမည်ကို၊ မခန့်မှန်း နိုင်တော့ချေ။

“ ဘယ်သူ အနိုင် ရမယ် ထင်လဲ။ ”

“ လင်းယွန် ပဲပေါ့၊ နောက်ဆုံး မြင်လိုက် ရတဲ့ အချိန်မှာ၊ သူက အသာစီး ရနေ တာပဲ။ ”

“ ပြောရ ခက်တယ်၊ ယန်မိုရဲ့ သွေးလွှမ်းသော ရည်ရွယ်ချက်က သူ့ကိုယ်သူ သန်မာ လာအောင်၊ သွေးသားကို လောင်ကျွမ်း နိုင်တယ်။ ”

လူတိုင်းက ထင်မြင် ယူဆချက် များကို ဆွေးနွေး နေကြစဉ်၊ အစီရင်မှာ အလင်းများ ဖြာထွက်ပြီး၊ အားကောင်းသော မူလ စွမ်းအင် လှိုင်းများ၊ ထွက်ပေါ် လာတော့သည်။

တစ်ဆက်တည်း မှာပင်၊ သွေးလွှမ်းသော ရည်ရွယ်ချက် နှင့်အတူ၊ ယန်မို တစ်ယောက် ထွက်ပေါ် လာ၏။

“ ယန်မို နိုင်သွားပြီ ... ။ ”

“ နေဦး ... ၊ တစ်ခု ခုတော့ မှားနေပြီ … ။ ”

အရှေ့ဘက် မြေပြန့် လွင်ပြင်၏၊ ပါရမီရှင် များက၊ ရွှင်မြူး နေရာမှ ချက်ချင်း မျက်ခုံးပင့် မိကုန်သည်။

သူတို့၏ ယန်မိုမှာ၊ ဝတ်ရုံတွင် သွေးများ စွန်းထင်းလျက်၊ လမ်း မလျှောက်ဘဲ ပျံသန်း လာခြင်း ဖြစ်သည်။

ကြည့်နေစဉ် မှာပင်၊ လေထဲရှိ ယန်မို ခန္ဓာ ကိုယ်မှ၊ မရေ မတွက် နိုင်သော ဓား အလင်းများ ပေါက်ကွဲ ထွက်လာ၏။

ခဏချင်း မှာပင် ခန္ဓာကိုယ် အပိုင်းပိုင်း ဖြတ်တောက် ခံလိုက် ရပြီး၊ ကျန်ရှိ နေသော အပိုင်း အစ များကို၊ ဓားရောင်ခြည် များက သွေးမြူ အဖြစ်၊ ထပ်မံ ပြောင်းလဲ ပစ် တော့၏။

“ ဒါ ... ။ ”

“ ရက်စက် လိုက်တဲ့ ဓား ... ၊ ကြောက်စရာ ကောင်းလိုက်တာ၊ ”

ဤမြင်ကွင်းကို မည်သူမျှ မမျှော်လင့် ထားသောကြောင့်၊ အာမေဋိတ် သံများ နေရာ တိုင်း၌ ထွက်ပေါ် လာတော့သည်။

လဲ့ချီ သည်လည်း ချွင်းချက် မရှိချေ။ ယန်မို သေမည်ကို သတိ ထားမိ သော်လည်း၊ သည်မျှ သေချင်း ဆိုးလိမ့် မည်ဟု မထင်မိ သည်မှာ အမှန် ပေပင်။

ဤဓားသည် သူ့ နယ်မြေရှိ၊ (အရှေ့ဘက် မြေပြန့် လွင်ပြင် ဒေသရှိ၊) မိစ္ဆာ ကျင့်ကြံ သူများ ထက်ပင်၊ ရက်စက် လှလေပြီ။

ရက်စက် ကြမ်းကြုတ် လွန်းသော လူများ သာလျှင်၊ တပါး သူအား အသားစများ အဖြစ်သို့၊ နုတ်နုတ်ဆင်း တက်ပေ၏။

ထိုအချိန်တွင် ဓားသေတ္တာ တစ်လုံးကို ထမ်းပိုး ထားသော၊ အပြာဝတ် လူငယ် တစ်ဦး၊ အလင်းတန်း များနှင့် အတူ လှမ်းထွက်သည်။

“ နောက်ဆုံး ခွဲတမ်းက ... ၊ ငါ ဖြစ်မယ် ထင်တယ်။ ”

အပြင် ရောက် သည်နှင့်၊ တိတ်ဆိတ် နေသော လူအုပ်ထံ ဝေ့ကြည့်ပြီး၊ မျက်မှောင် ကြုတ်လျက် လင်းယွန်မှ၊ ဆိုလိုက် မိလေသည်။

ယန်မိုသည် သူ့ကိုယ်သူ ပို၍ သန်မာ လာစေရန်၊ တားမြစ် နည်းစနစ်ကို ရက်စက်စွာ အသုံးပြု ခဲ့သည်။ အနိုင်ရ လျှင်ပင် ချိနဲ့သွား မည်မှာ သေချာ၏။

ထိုကဲ့သို့ စိတ်ပိုင်းဖြတ် ထားသော ပြိုင်ဘက်ကို ရင်ဆိုင် ရာ၌၊ သတ်ရန် မှတပါး အခြား မရှိ ခဲ့ချေ။

“ မင်းမှ ... မဟုတ်ရင်၊ ဘယ်သူ ဖြစ်နိုင် မှာလဲ ၊ ... ”

ဂိုကျန်းရှန်က ပြုံးပြီး၊

“ အဖိုးကြီး လဲ့၊ ငါပြောတာ မှန်တယ် မဟုတ်လား။ ”

-ဟု မျက်ခုံးပင့်ကာ မေးမြန်းလိုက် လေသည်။

ဂိုကျန်းရှန် တစ်ယောက်၊ သူ့အား အရှက်ခွဲ နေမှန်း သိလိုက် ရသဖြင့်၊ လဲ့ချီ မျက်နှာမှာ နီရဲ သွားကာ အံကြိတ်လျက်၊ ခေါင်းညိတ်ပြ လိုက်ရသည်။

သည့်နောက် ဂိုကျန်းရှန်က ပြိုင်ပွဲဝင် များထံ ဝေ့ကြည့်ပြီး၊

“ ဖန်ရှောင်ယု၊ လင်းယွန်၊ ချောင်ချန်၊ ယုဟိုရှင်း၊ ဇိုချင်းရှန်၊ ယွဲ့ဝေဝေ၊ ... ၊ ... ၊ မင်းတို့ ခွဲတမ်း ရရှိ ခဲ့တဲ့ အတွက်၊ ဂုဏ်ယူ ပါတယ်၊ ကျန်တဲ့ သူတွေ အားလုံးကို ... ”

“ ... ဖယ်ရှား လိုက်ရတဲ့ အတွက်၊ စိတ်မကောင်း ပါဘူး၊ စိတ်ဝင်စား ရင်တော့ ပယင်းတောင် ပေါ်မှာ ဆက်နေ နိုင်ပါတယ်၊ နောင်တစ်ချိန် ... ”

“ ... ခွန်လွန် နယ်မြေ ကိုသွားဖို့၊ အခွင့် အရေး ရနိုင်ပါ လိမ့်မယ်၊ ဒါပေမယ့် ကောင်းကင် လမ်းကို ဖြတ်တဲ့ သူတွေ လိုတော့ ... ၊ မဟာ ဂိုဏ်းကြီး တွေနဲ့ ဆက်သွယ် နိုင်မှာ မဟုတ်ဘူး။ ”

ဂိုကျန်းရှန်မှ မည်မျှပင် နှစ်သိမ့် ပေးကာမူ၊ အင်အားကြီး ဂိုဏ်း များနှင့်၊ လက်တွဲရန် အခွင့် အရေးအား၊ လက်လွတ် လိုက်ရ သဖြင့်၊ စိတ် သက်သာရာ မရ နိုင်ခဲ့ချေ။

သူတို့ အားလုံးမှာ ပယင်း ကမ္ဘာတွင် အသန်မာဆုံး ပါရမီရှင်များ ဖြစ်သော်လည်း၊ ခွန်လွန် နယ်မြေ ကိုပင်၊ ခြေမချ နိုင်သည်မှာ၊ စိတ်ပျက်စရာ ဖြစ်၏။

နောက်ဆုံးတွင် တောင်ပိုင်း ရှေးဟောင်း နယ်မြေရှိ လူတိုင်းက၊ လက်မလျှော့ ခဲ့ကြချေ။ ပယင်း တောင်၌ ကျင့်ကြံကာ၊ တစ်ချိန်တွင် ခွန်လွန် နယ်မြေသို့၊ အရောက် လှမ်းရန် ဆုံးဖြတ် လိုက်ကြ၏။

“ ကောင်းပြီ ... ၊ မင်းတို့ အားလုံး တောင်ပေါ်က ဆင်းပြီး၊ အေးအေး ဆေးဆေး အနားယူ ကြပါ၊ မင်းတို့ ရှစ်ယောက် ကတော့ ... ”

ဂိုကျန်းရှန်က စကား မဆက်မီ လင်းယွန်အား တစ်ချက်ကြည့် လိုက်ပြီး၊ လေးနက် စွာဖြင့်၊

“ မင်းက ... ၊ ပယင်း ကမ္ဘာ ကြီးကို၊ ကိုယ်စား ပြုပြီး၊ တခြား ကမ္ဘာ တွေရဲ့ ပါရမီရှင် တွေကို ယှဉ်ပြိုင် ရလိမ့်မယ်၊ ... ”

“ ... မကြာခင် သွားရ မှာမို့၊ မင်းတို့ ရှစ်ယောက် တောင်အောက် ဆင်းစရာ မလိုဘူး၊ မနက်ဖြန် ညမှာ ကောင်းကင် လမ်းပေါ်၊ တက်ရမယ် ... ။ ”

ထိုစကားကြောင့် လင်းယွန် မျက်ဝန်းများ တောက်ပ လာသည်။ နောက်ဆုံး၌ သူ မျှော်လင့် နေသော အချိန်မှာ၊ ကျရောက် လာပြီ ဖြစ်၏။

***

All Chapters