← Chapters

ကောင်းကင် လမ်း။

Vol. 62 Ch. 865

ကောင်းကင် လမ်း။

Vol. 62 Ch. 865

တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးမှ၊ ခွဲတမ်း လေးခု ရရှိ သဖြင့်၊ လင်းယွန်ကို အံ့အား သင့်စေ ခဲ့သည်။ ယွဲ့ဝေဝေ မှလွဲ၍ မည်သူ မဆို စမ်းသပ်မှု အောင်မြင် နိုင်မည်ဟု၊ သူ မထင် ထားပေ။

ဇိုချင်းရှန်နှင့် ပတ်သတ်၍ ဝမ်းသာမိ သော်လည်း၊ ယုဟိုရှင်း မှာမူ ပြဿနာ ဖြစ်ပေ သည်။

ကောင်းကင် လမ်းတွင် ယုဟိုရှင်းကို ထပ်မံ ရင်ဆိုင်ရ ပေဦးမည်။ ထိုသို့ လေးလေး နက်နက် တွေးတော နေချိန်တွင်၊ ယုဟိုရှင်း၏ အကြည့် တစ်စုံကို သတိ ထားမိ လိုက်သည်။

၎င်းက ကြောက်ရွံ့ခြင်း မရှိဘဲ၊ သူ့အား စိုက်ကြည့် နေခဲ့သည်။

“ မင်းတို့ ရှစ်ယောက်က ... အနား ယူဖို့၊ အနီး နားမှာ နေရာ ရှာနိုင် ပါတယ်၊ ညဘက်မှာ အံ့သြ စရာတွေ ရှိလို့၊ အဝေးကို မသွား ပါနဲ့။ ”

မြင့်မြတ်သော မဟာမိတ် အဖွဲ့မှ အကြီးအကဲ များက ပြောသည်။ တောင်ထိပ်မှာ ကျယ်ပြော လှပြီး၊ ထည်ဝါသော ဘုံဗိမာန်များ အပြင်၊ တည်နေရာ ပြောင်း အစီရင်များ၊ ဆုတောင်းရန် အဆောက် အအုံများနှင့်၊ ကြယ်များ ကြည့်ရှု လေ့လာရန် မျှော်စင် များလည်း ရှိလေသည်။

လူတိုင်းက တိုက်ပွဲကြောင့်၊ အနည်းငယ် ပင်ပန်း နေပြီ ဖြစ်ရာ၊ အနား ယူရန် နေရာရှာ ကုန်သည်။ ခုန်ပေါက် ပြေးလွှား လာသော နဂါးလေးအား မြင်သည်နှင့်

“ ဟိုး ၊ ချစ်စရာ ကောင်းလိုက်တဲ့ ကြောင်လေး ... ။ ” -ဟု ဆိုကာ ယွဲ့ဝေဝေက ပြုံးသွားသည်။

“ ဒါက ကြောင်လား။ ”

နဂါးလေး၏ အသွင်မှာ ဆူဖြိုး လှသဖြင့်၊ ကြောင် တစ်ကောင်နှင့် ပို၍ တူလာသည်။

“ ကံကြမ္မာ ရန်ကြွေး ဆိုတာကို၊ သိလား အစ်ကိုကြီး ယွန်။ ”

ယွဲ့ဝေဝေက လင်းယွန် အနား ထိုင်ချလျက် မေးမြန်းသည်။ ထို့နောက် ယန်မိုနှင့် တိုက်ခိုက် နေစဉ်၊ ပြင်ပရှိ ထင်မြင် ချက်များ အာလုံးကို လ်ငးယွန်ထံ ဝေမျှ ပေးလိုက်၏။

ကောင်းကင် ဓားသုတ္တန်ကို ဂျင်ဝူရမှ ဖန်တီးခဲ့ပြီး၊ ဂျင်ဝူမင်နှင့် မျိုးရိုး အမည်တူ ပေသည်။

ထို့ကြောင့် ဂျင်ဝူရသည် ဓားဂိုဏ်းမှ ဖြစ်နိုင် မည်ဟု၊ လင်းယွန် တစ်ယောက် အတွေးပေါက် လာ၏။

“ ဒါပေမယ့် ... ဇောင်ရွှမ်နဲ့ ယန်မိုကို သတ်နိုင်ရုံနဲ့ သေရုံနဲ့ အဆုံးသတ် သွားပြီလို့ မဆိုနိုင် သေးဘူး။ ”

ယွဲ့ဝေဝေက လေးနက်သော အမူ အရာဖြင့် ဆက်လက် ပြောကြား လာခဲ့သည်။

“ ယုဟိုရှင်း ... ။ ”

လင်းယွန်မှ အမည် တစ်ခုကို ရုတ်တရက် ရေရွတ် လိုက်၏။ ဓားဂိုဏ်းအား လုပ်ကြံမှုတွင် အလင်း အမှောင် လမင်း ကမ္ဘာမှာ၊ အရေး ကြီးသော ဇာတ်ဆောင် ဖြစ်လေသည်။

“ ကံကြမ္မာ ရန်ကြွေး တွေက ကပ်ဘေး တစ်ခုလိုပဲ၊ မဖြေရှင်း နိုင်ရင် အစ်ကိုကြီး ယွန်၊ ကြီးကြီး မားမား ထိခိုက် ရလိမ့်မယ်၊ ... ”

“ ... အစ်ကိုကြီး တစ်ဦး တည်းသာ ကောင်းကင်လမ်း ကနေ ထွက်လာ ရမယ်၊ ဒါက ဘာကို ဆိုလို တာလဲ ဆိုတာ နားလည်နိုင် မယ်လို့၊ ငါ ယုံကြည် ပါတယ် ... ။ ”

သူ့အား နောက်ကျောမှ ဓားဖြင့် ချိန်ရွယ်ထား သကဲ့သို့၊ လင်းယွန် တစ်ယောက် ခံစား လိုက်ရသည်။

“ ကောင်းကင်မှာ အခက် အခဲတွေ အများကြီး ရှိတယ်၊ ဒါက နယ်မြေ အသီးသီးရဲ့ ပါရမီရှင်တွေ စုဝေးရာ အရပ်ပဲ၊ ယန်မို ဆိုတာ သူတို့နဲ့ ယှဉ်ရင်၊ ဘာမှ မဟုတ် တော့ဘူး၊ ... ”

“ ငါ့ အသိ အမြင် အရ၊ ပယင်း ကမ္ဘာက အခြားကမ္ဘာ တွေနဲ့ ယှဉ်ရင်၊ အဆင့်နိမ့် နယ်မြေ အုပ်စုထဲ ပါတယ်၊ ဒီလမ်းမှာ စည်းမျဉ်းတွေ အရှိဘူး၊ သတ်ဖြတ်ခြင်း တစ်ခုတည်း ကသာ စည်းမျဉ်းပဲ။ ”

ယွဲ့ဝေဝေ၏ လေးနက် လာသော အမူအရာကို ကြည့်ပြီး၊ ကောင်းကင် လမ်းအား၊ ပေါ့ပေါ့ တန်တန် ဆက်ဆံမည် မဟုတ်ကြောင်း၊ လင်းယွန်မှ ကတိပေး လိုက်သည်။

ခွန်အား အရာ၌ ပြိုင်ဘက် များနှင့် ယှဉ်နိုင် ဦးမည် မဟုတ် သော်လည်း၊ လမ်း တစ်လျှောက် သူ့ကိုယ်သူ သွေးယူ နိုင်မည်။

သရဖူကို မဆောင်နိုင် လျှင်ပင်၊ အဆုံးထိ လျှောက်လှမ်းရန် ပြဿနာ မရှိ နိုင်ဟု၊ ယုံကြည် မိ၏။

“ အ ဟဲ ... ၊ အစ်ကိုကြီး ယွန် ... ၊ ငါက မင်းကို ခြောက်လှန့် သလို ဖြစ်သွား ပြီလား။ ”

လင်းယွန်၏ လေးနက် သွားသော အမူ အရာကို ကြည့်ပြီး၊ ယွဲ့ဝေဝေ တစ်ယောက် ရယ်မော လာလေသည်။

“ စိတ်မပျက် ပါနဲ့၊ ကောင်းကင် လမ်းက အန္တရာယ်များ ပေမယ့်၊ အခွင့် အရေး တွေနဲ့ ပြည့်နှက်နေ ပါတယ်၊ ကံကောင်းရင် ... ”

“ ... အင်အားကြီး ဂိုဏ်း တစ်ဂိုဏ်းရဲ့ အတွင်း တပည့် ဒါမှ မဟုတ်၊ အမာခံ တပည့် အဖြစ်တောင် ကောက်ယူ ခံရ နိုင်တယ်။ ”

အမာခံ တပည့် မဆိုနှင့်၊ အတွင်း တပည့် တစ်ဦး ဖြစ်လာ ရလျှင်ပင်၊ လင်းယွန် အတွက် ပျော်ရွှင် မိမည် ဖြစ်သည်။

ပယင်း ကမ္ဘာတွင် ကျန်ခဲ့မည့်၊ နန်းဂွန်း ဝမ်းယူ၊ မူဟန်နှင့် အခြားသော သူများတွင် ထိုသို့သော အခွင့် အရေးမျိုး မရှိချေ။

သူတို့က ခွန်လွန် နယ်မြေသို့ ရောက်လာ နိုင်လျှင်ပင်၊ မဟာ ဂိုဏ်းကြီး များက လျစ်လျူရှု ထားမည်မှာ သေချာသည်။

“ အစ်ကိုကြီး ယွန်ရဲ့ ကံကြမ္မာက၊ အမြဲတမ်း ကောင်းနေတော့ အရမ်းလည်း၊ စိုးရိမ် နေစရာ မလို ပါဘူး ... ။ ”

“ ကံကြမ္မာလား ... ။ ”

ကံကြမ္မာကို ယုံကြည် သော်လည်း၊ မရေရာ လွန်းပေ။ ၎င်းနှင့် ယှဉ်လျှင် လက်ထဲရှိ ဓားအပါ် ပို၍ ယုံကြည် လေသည်။

ကောင်းကင်ကြီး မှောင်သည် အထိ၊ နှစ်ဦးသား စကား စမြည် ပြောဆို မိကြသည်။ သူတို့ ဘေး၌ နဂါးလေးက ကောင်းကင် ကြီးကို စိုက်ကြည့် နေခဲ့၏။

ညရောက် လာချိန်၌ ကြယ်ရောင်စုံ လင်းလက် လာပြီး၊ ၎င်းက ခန္ဓာကိုယ် အတွင်းရှိ မူလ စွမ်းအင် များကို လှုံ့ဆော် လာလေသည်။ ဂိုကျန်းရှန် ပြောသော အံ့သြ စရာ ဟူသည်မှာ ဤသည်ပင် ဖြစ်ပေမည်။

ပယင်း တောင်ပေါ် ဖြာဆင်း လာသော ကြယ်စွမ်းအင် များကို၊ စုပ်ယူ၍ ရနိုင် ပေမည်။ အင်ပါရီယန် များသာ ကြယ်စွမ်းအင် များကို တိုက်ရိုက် စုပ်ယူ သန့်စင် နိုင်သည် ဟူသော အသိမှာ၊ လူတိုင်း၏ ဘုံအသိ တရား ဖြစ်သည်။

ထို့ကြောင့် လက်ရှိ အခြေ အနေမှာ၊ မယုံနိုင်ဖွယ် ဖြစ်နေ၏။ သို့သော် အင်ပါရီယန် များနှင့်၊ အနည်းငယ် ကွာခြားချက် ရှိနိုင် ပေမည်။

အတွေး များကို ရပ်ကာ မျက်လုံးများ မှိတ်ပစ်ပြီး၊ ကောင်းကင် ဓားသုတ္တန်ကို အသက် သွင်း လိုက်သည်။

ခန္ဓာကိုယ် ထဲသို့ ကြယ် စွမ်းအင်များ စိမ့်ဝင်လာ သဖြင့်၊ ကောင်းကင် ဓားသုတ္တန်၏ ပိတ်ဆို့ မှုများ ခဏချင်း ပြေလျော့ လာသည်။

သူ့ အနားရှိ နဂါးလေး မှာမူ၊ ကြယ် စွမ်းအင်ကို မစုပ်ယူ နိုင်သဖြင့်၊ လှုပ်လှုပ် ရှားရှား ဖြစ်လာ၏။

စိုးရိမ် တကြီး ဖြစ်နေသော သူ့ အသွင် ကြောင့်၊ ယွဲ့ဝေဝေက ပြုံးပြီး ‘ လာ ...၊ ’ ဟု လှမ်းခေါ် လိုက်သည်။

ထို့နောက် နဂါးလေး နဖူးကို လက်ညှိုး လှမ်းထိုး လိုက်၏။ နတ်ဆိုး သားရဲများ အတွက်၊ စွမ်းအင် ကျင့်ကြံမှု နည်းစနစ် တစ်ရပ်၊ အလင်း အသွင် ခေါင်းထဲ စီးဝင် သွားသည်။

ခဏ အကြာတွင် အနက်ရောင် မီးလျှံများ လောင်ကျွမ်းလျက်၊ နဂါးလေး၏ မျက်ဝန်းများ ပြန်ပွင့် လာခဲ့သည်။ ဤသည်မှာ အသွင်ပြောင်း တော့မည့်၊ အရိပ် အယောင် များပင် ဖြစ်၏။

စစ်မှန်သော နဂါးသွေးကို ပိုင်ဆိုင်ထား သဖြင့်၊ ဤစွမ်းအင် ကျင့်ကြံမှု နည်းစနစ်ကို ရရှိ သွားခြင်းသည်၊ ကျား တစ်ကောင် အတောင်ပံ ပေါက်လာ ခြင်းနှင့် တူလာ တော့၏။

များပြား လွန်းသော အချက် အလက် များကြောင့်၊ ဦးခေါင်း တစ်ခုလုံး တင်းကျပ်လာ လေသည်။ သည် မိန်းကလေးအား မည်သို့ ကျေးဇူး တင်ရမှန်း၊ နဂါးလေး မသိချေ။

ကြယ်ရောင် အောက်တွင်၊ ရက်ရော လွန်းသော ကောင်မလေးကို ကြည့်ရ သည်မှာ၊ ပို၍ ချစ်စရာ ကောင်းလေပြီ။

ယွဲ့ဝေဝေက အပြုံးဖြင့် နဂါးလေး နဖူးကို ပွတ်သပ်ကာ၊

“ ငါ့ကို ကျေးဇူးတင် နေစရာ မလို ပါဘူး၊ အစ်ကိုကြီး ယွန်ကို ကာကွယ်ဖို့ မမေ့ပါနဲ့၊ သူက အရမ်း မာနကြီး လွန်းတယ်၊ ... ”

“ ... ဒါကြောင့် ကောင်းကင် လမ်းမှာ၊ သူ့မာနကို နင်းချေချင် ကြလိမ့်မယ်၊ ဘယ်သူမှ သူ့အပေါ် အနိုင်ကျင့် ခွင့် မပေးရ ဖူးနော်။ ”

-ဟု စိတ်ပူသော လေသံဖြင့် ဆိုလိုက်သည်။ နဂါးလေးက ခေါင်းညိတ် လိုက်သည်။

“ ကောင်းပြီ ... ၊ မင်း ကတိကို မမေ့ ပါနဲ့၊ အစ်ကိုကြီး ယွန် တစ်ယောက် အနိုင်ကျင့် ခံရ တယ်လို့ ငါ ကြားခဲ့ရင်၊ ... ”

“ ... ကြော်ရင် ကောင်းမလား၊ ပြုတ်ရ မလား၊ ချက်ရ မလား၊ မီးကင်ရ မလား၊ အင်း ... ငါ့မှာ မင်းကို သတ်စားဖို့၊ နည်းလမ်း တစ်ရာလောက် ရှိတယ် ... ။ ”

ထိုစကားကို ကြားသော အခါ၊ နဂါးလေး တစ်ကောင် တုန်လှုပ် သွားပြီး၊ သူ့ ခေါင်းအား တရစပ် ညိတ်ပြ လိုက်သည်။

ယခု အချိန်၌ ယွဲ့ဝေဝေမှာ ယခင်လို မလှပ တော့ချေ။ မင်းသမီး ခေါင်းဆောင်း ထားသော မိစ္ဆာမ တစ်ကောင် ပေပင်။

“ ဟဲဟဲ၊ ဘယ်လောက်တောင် နာခံမှု ရှိ လိုက်လဲ၊ သူတော်စင် မိစ္ဆာ မိသားစုရဲ့၊ စွမ်းအင် ကျင့်ကြံမှု နည်းစနစ် တစ်ရပ်ကို ရဖို့၊ လွယ်တာ မဟုတ်ဘူး၊ ရှေ့ဆက်ပြီး ကြိုးစားပါ။ ”

ယွဲ့ဝေဝေက ချစ်စရာ ကောင်းစွာ၊ ပြုံးပြလိုက် သော်လည်း၊ နဂါးလေး အတွက် ကြောက်စရာ ကောင်းနေ ချေသည်။

ထို့ကြောင့် ချက်ချင်း ထိုင်ချ လိုက်ပြီး၊ ကြယ်စွမ်း အင်များကို လျင်မြန်စွာ စုပ်ယူ မိတော့၏။

မနက် လင်းချိန်၌ လင်းယွန် မျက်လုံးများ ပြန်ပွင့် လာသည်။ ကောင်းကင် ဓားသုတ္တန်တွင် အောင်မြင်မှု ရရှိရန် ခြေ တစ်လှမ်း မျှသာ လိုပေ တော့၏။

ထိုအချိန်၌ သူ့ ပတ်ဝန်း ကျင်တွင်၊ အစိမ်းရောင် ပုလဲပေါင်း (၁၀၀) နီးပါး ပျံဝဲ နေသည်ကို၊ သတိ ထားမိ လိုက်သည်။

“ ဒါက ဘာတွေလဲ ... ။ ”

၎င်းတို့ထဲမှ တစ်လုံးကို လှမ်းယူ လိုက်ပြီး၊ သတိထား စူးစမ်း မိ၏။ ပိုးစုန်းကြူး များ ကဲ့သို့၊ အလင်း ရောင်များ တဖျပ်ဖျပ် တောက်ပ နေသည်။

“ သူတို့က ကြယ်ပုလဲ တွေပဲ၊ မနေ့က ကြယ်စွမ်းအင်က အရမ်းများ လွန်းတဲ့ အတွက်၊ အားလုံးကို အစ်ကိုကြီးရဲ့ ကျင့်ကြံမှု အဆင့်နဲ့ သန့်စင်လို့ မရ ခဲ့ဖူး၊ ... ”

“ ... ဒါကြောင့် အစ်ကိုကြီးရဲ့၊ ဓားသုတ္တန်က ဒီစွမ်းအင်ကို အလုံး လေးတွေ ဖြစ်အောင် သန့်စင်ပေး ခဲ့တာပဲ။ ”

ယွဲ့ဝေဝေက အစောကြီး နိုးလာ ပုံဖြင့်၊ ရှင်းပြ လာလေသည်။

“ ငါ သိပြီ … ။ ”

လင်းယွန်က သူ့ လက်ကို ဝှေ့ယမ်းပြီး၊ ၎င်းတို့ကို၊ သိမ်းဆည်း လိုက်သည်။ ယင်းမှာ အင်ပါရီယန် သင်္ချိုင်းတွင်၊ သူရ ခဲ့သော ကြယ်ပုလဲ များနှင့် တူ၏။

“ ဒီတောင် ပေါ်မှာ၊ ကြယ်စွမ်းအင် တွေက အကန့် အသတ် ရှိတယ်၊ အချို့သော ရက်တွေ ဆိုရင်၊ တစ်လကို တစ်ကြိမ် လောက်သာ ဒီလို သန့်စင်နိုင် လိမ့်မယ်၊ ... ”

“ ... ကောင်းကင်လမ်း မှာတော့ မတူဘူး၊ ဒီလမ်းက အရမ်း ထူးခြားတဲ့ အတွက်၊ ခွန်လွန် နယ်မြေ ကတောင် သူ့ကို မယှဉ် နိုင်ဘူး၊ ကြယ်စွမ်းအင် အရမ်း သိပ်သည်းတယ်။ ”

ယွဲ့ဝေဝေ ရှင်းပြ နေစဉ် နဂါးလေးမှာ၊ ကျင့်ကြံ ရာမှ နှိုးထ လာသည်။ လက်ဖဝါး အရွယ် မှသည်၊ လက်မောင်း အရွယ် အထိ ရောက်ရှိ သွား၏။

ယခု အခါ ရှဉ့် တစ်ကောင်ထက်၊ ကြောင် တစ်ကောင်နှင့် ပို၍ တူလာသည်။ ထို့အပြင် မျက်ဝန်း များမှ ကြီးစိုးသော ရောင်ဝါများ၊ ထုတ်လွှတ် နေခဲ့သည်။

“ ဘာဖြစ် သွားတာလဲ ... ။ ”

လင်းယွန်က အံ့သြ သွားသည်။

“ သူ့ကို သူတော်စင် မိစ္ဆာ မိသားစုရဲ့ စွမ်းအင် ကျင့်ကြံမှု နည်းစနစ် တစ်ရပ် ပေးလိုက် တာပါ၊ ကြည့်ရတာ သူ့ အရည် အချင်းက မဆိုးဘူး။ ”

ခေါင်းကို ပွတ်ကာ ယွဲ့ဝေဝေမှ ဆိုလိုက် သဖြင့်၊ နဂါးလေး၏ လွှမ်းမိုး လိုသော ရောင်ဝါ များမှာ ပျောက်ကွယ် သွားပြီး၊ ကြောင်လေး တစ်ကောင် ကဲ့သို့ ပြောင်းလဲ တုန်ယင် နေပေ သည်။

“ နဂါးလေးက မင်းနဲ့ ကံကြမ္မာ ရှိပုံပဲ၊ လိုချင်ရင် သူ့ကို ခေါ်သွား နိုင်ပါတယ် ... ။ ”

ယွဲ့ဝေဝေ၏ နူးညံ့သော အပြုအမူ များကြောင့်၊ လင်းယွန်က ရက်ရက် ရောရော ပေးလိုက်သည်။

တန်ဖိုး မဖြတ် နိုင်သော နည်းစနစ် တစ်ရပ်ကို မည်သူမျှ မချစ်ခင်ဘဲ၊ ပေးမည် မဟုတ်ချေ။

( မဟုတ်ဘူး၊ မ ပေး နဲ့ ... ။ )

ယွဲ့ဝေဝေ၏ ပွတ်သပ်မှုကို၊ မျက်ဝန်းများ မှေးစင်းပြီး ငြိမ်ခံ နေရာမှ၊ နဂါးလေးက ထပြေး လေသည်။

“ ဝှစ် ... ။ ”

သို့သော် နားရွက်ကို ရုတ်တရက် ဖမ်းကိုင်ခံ လိုက်ရ သဖြင့်၊ တစ်ဆက်ဆက် တုန်ယင်သွား တော့သည်။

“ အငယ်လေး ... ၊ ဒါကို မင်းကြားတယ် မဟုတ်လား၊ အစ်ကိုကြီး ယွန်က ငါ့ ဆန္ဒ ရှိရင် မင်းကို ယူသွား တဲ့၊ ... ”

“ ကင်ရ မလား၊ ကြော်ရ မလား၊ ပြုတ်ရ မလား၊ ချက်ရ မလား၊ ... ဘယ်နည်းလမ်းက အရသာ အရှိဆုံး ဖြစ်မယ် ထင်လဲ။ ”

ခပ်တိုးတိုး မေးမြန်းလာ သံကြောင့်၊ နဂါးလေးမှာ စိတ်ပျက် လက်ပျက် လှဲချပစ် တော့သည်။

သို့သော် ယွဲ့ဝေဝေက တခစ်ခစ် ရယ်မောလျက် လွှတ်ပေးလာ သဖြင့်၊ လင်းယွန်က ပြုံးလိုက် မိလေသည်။

ပယင်းတောင် ပေါ်ရှိ ကျန်သော လူများ အားလုံး၊ မျက်လုံး ဖွင့်ကာ တစ်ယောက်ကို တစ်ယောက် ပြန်ကြည့် လာကြသည်။

သူတို့ ဝန်းကျင်ရှိ ကြယ်ပုလဲ များကို မြင်ချိန်တွင်၊ အံသြ ဝမ်းသာ ကုန်၏။ သို့သော် အရေ အတွက်မှာ လင်းယွန်ကို မမှီချေ။

ထို့နောက် ကိုယ်လက် သန့်စင်ကာ၊ စကားစမြည်များ ပြောဆိုလျက် အချိန်ဖြုန်း လိုက်ကြ၏။

နေဝင် ရီတရော အချိန်၌၊ မြင့်မြတ်သော မဟာမိတ် အကြီးအကဲများ ရောက်ရှိ လာပြီး၊

“ ကောင်းကင် လမ်းက ရှေးဦးခေတ် ကုန်ဆုံးချိန်က ပေါ်လာ ခဲ့တဲ့ လမ်းဟောင်း တစ်ခုပဲ၊ ဒါက လျှို့ဝှက် ဆန်းကြယ် မှုတွေ ပြည့်နှက် နေတဲ့၊ ... ”

“ ... စစ်မြေပြင် တစ်ခုဆို ပိုမှန်တယ်၊ ဒါပေမယ့် အခုချိန်မှာ လမ်းက ကိုးပိုင်း ကွဲထွက် သွားပြီ၊ ... ”

“ ... အဲဒီက စစ်မြေပြင်မှာ၊ မင်းတို့ရဲ့ စိတ်ကူးတွေ အားလုံးကို ကျော်လွန်တဲ့၊ အခွင့် အရေး တွေ ရှိတယ်၊ ဒါကြောင့် အန္တရာယ် ဘယ်လောက် များလဲ ဆိုတာတော့ အထူး ပြောစရာ မလိုတော့ ပါဘူး။ ”

လူတိုင်းက ကောင်းကင် လမ်းတွင် အန္တရာယ် ရှိမည်ကို မျှော်လင့် ထားပြီး ဖြစ်၏။ ထို့ကြောင့် လေးနက်သော အမူ အရာများ ထုတ်ဖော် လာမိ ကုန်သည်။

စကားပြော နေစဉ်၊ အလင်း ရောင်များ ပျောက်ကာ အမှောင်ဖုံး လာပြီး ယမန် ညက၊ မြင်ခဲ့ ရသော ကြယ်ရောင်စုံ ကောင်းကင်ကြီး၊ နောက်တစ်ကြိမ် ထွက်ပေါ် လာသည်။

“ တည်နေရာ ပြောင်း အစီရင်ကို အသက် သွင်းပါ ... ။”

ထိုအချိန် မှာပင် ဂိုကျန်းရှန်နှင့် အခြား သူများ အလုပ်ရှုပ် သွားသည်။ ပယင်းတောင် တစ်ခုလုံး သိမ့်သိမ့် ခါလျက်၊ နဂါး တစ်ကောင် ထွက်ပေါ် တော့မည် ကဲ့သို့၊ အစီရင် အသက်ဝင် လာ၏။

“ ကောင်းကင် လမ်းပေါ် တက်ပါ၊ မင်းတို့ အားလုံးက ပယင်း ကမ္ဘာရဲ့၊ သူရဲကောင်းတွေ ဆိုတာ မမေ့ ပါနဲ့၊ ... ”

“ ... အဆုံးထိ ရောက်အောင် သွားပြီး၊ ခွန်လွန် နယ်မြေ ကြီးမှာ၊ မင်းတို့ရဲ့ နာမည်ကို ရေးထွင်း လိုက်ပါ။ ”

မဟာမိတ် အကြီးအကဲ များက၊ အစီရင် အသက်ဝင် လာသည်နှင့်၊ သံပြိုင် ဟစ်ကြွေး လိုက်ကြသည်။

ထိုအသံသည် ကောင်ကင် လမ်းပေါ် တက်ရောက်မည့် လူတိုင်း အတွက်၊ သွေးများ ပွက်ပွက်ဆူ လာစေ၏။

လင်းယွန်က နဂါးလေးကို ကောက်ပွေ့ကာ အစီရင်ထဲ လှမ်းဝင် လိုက်သည်။ ကောင်းကင်မှ အလင်းတန်း ကျလာပြီး၊ ပယင်းတောင် ပေါ်ရှိ လူငယ် ရှစ်ဦးမှ၊ ‘ဖျပ်ခနဲ’ ပျောက်ကွယ် သွားတော့၏။

ဂိုကျန်းရှန် ဦးဆောင်သော မဟာမိတ် အဖွဲ့သား များက၊ တိတ်ဆိတ် စွာဖြင့်၊ ကြယ်စုံ ကောင်းကင် ကြီးကို မော့ကြည့် လိုက်ကြသည်။

ပယင်း ကမ္ဘာ၏ အသန်မာ ဆုံးသော ဤလူငယ်လေး များသည်၊ ထိုလမ်း၌ အချိန် မရွေး ပျောက်ကွယ် နိုင်သော၊ ရေ တစ်စက် မျှသာ ဖြစ်ကြောင်း၊ သူတို့ နားလည်ထား ပေသည်။

သို့သော် ရေပွက်များ ကဲ့သို့၊ လွင့်ပျောက် သွားခြင်း မရှိ စေရန်၊ ရင်ထဲမှ လှိုက်လှိုက် လှဲလှဲ ဆုတောင်း ပေး လိုက်ပြီး၊ သက်ပြင်း ကိုယ်စီ ချလိုက် မိတော့သည်။

***

All Chapters