အဖွဲ့ ခေါင်းဆောင်။
Vol. 62 Ch. 866
ကောင်းကင် လမ်းသည် ရှေးဟောင်းလမ်း တစ်လမ်း ဖြစ်သော်လည်း၊ မည်သည့် အတွက် မည်သည့် အချိန်က ပေါ်လာမှန်း မသိ ကြချေ။
ရှေးဦးခေတ်တွင် လမ်း တစ်လမ်း ထဲသာ ရှိပြီး၊ ရွှေခေတ်၌ လမ်း (၉)လမ်း ကွဲသွား ခဲ့ခြင်း ဖြစ်သည်။
ထိုခေတ်၌ ကောင်းကင် လမ်းမှာ၊ အဓိက စစ်မြေပြင် တစ်ရပ် ဖြစ်ခဲ့၏။ တိုက်ပွဲ များသည် လူတိုင်း၏ မျှော်လင့် ချက်ကို ကျော်လွန်ပြီး၊ တုန်လှုပ်ဖွယ် ပေပင်။
ယခု ချိန်၌ ကောင်းကင် လမ်းများ၊ ရှေးယခင် လမ်းမ ကြီးထက် သေးငယ်သွား သော်လည်း၊ ၎င်းလမ်း တစ်လမ်း သည်ပင် ပယင်း ကမ္ဘာထက် များစွာ ကြီးနေ သေး၏။
နှိုင်းယှဉ် ရမည် ဆိုပါက၊ ပယင်း ကမ္ဘာမှာ ကောင်းကင်း လမ်း၌ မုဒ္ဒရာ ထဲမှ ရေတစ်စက် မျှသာ ဖြစ်သည်။
ဆိုလို သည်မှာ ပယင်း ကမ္ဘာ ဟူသော အိမ်ငယ် လေးမှ ထွက်ကာ လမ်းမကြီး အတိုင်း၊ ခွန်လွန် ရှိရာ အရပ်သို့၊ သွားခြင်းနှင့် တူ၏။
ထို့ကြောင့် လမ်းမပေါ် တက်ရောက် လာသော အခြား အိမ်များမှ ပါရမီရှင် များနှင့် ခွန်လွန် နယ်မြေ အတွက်၊ ယှဉ်ပြိုင် ရမည် ဖြစ်သည်။
ကောင်းကင် လမ်း၌ မြှုပ်နှံ ထားသော ခမ်းနားသည့် အထိမ်း အမှတ် နေရာ များပင် ရှိသည်။ ယင်းက ကြောက်မက်ဖွယ် ပြယုဂ်များ ဖြစ်လာ စေ၏။
သို့သော် ခွန်လွန် နယ်မြေရှိ၊ အင်အားကြီး ဂိုဏ်းများက၊ အလား အလာ ရှိသော လူငယ် များကို စောင့်ကြည့်ပြီး၊ သူတို့ ထံသို့ ခေါ်ယူမည် ဖြစ်သည်။
ထို့ကြောင့် နယ်မြေ အသီး သီးရှိ မရေ မတွက် နိုင်သော ပါရမီရှင် များကြား၊ လူသတ် ပွဲကြီး ပေါ်ပေါက် လာရခြင်း ဖြစ်သည်။
တိုက်ပွဲများ အတွင်း၊ အဆုံးထိ လျှောက်နိုင် သူတိုင်းမှာ၊ တန်ခိုးရှင်များ အဖြစ်သို့ ကြီးထွား လာပေမည်။
ထိုသို့သော ပါရမီရှင် များမှာ ရှားပါး သော်လည်း၊ ကံကောင်း ပါက ၎င်းကို ပိုင်ဆိုင် ထားသည့်၊ ဂိုဏ်း၏ သြဇာမှာ တုန်လှုပ်ဖွယ် ကြီးထွား သွားမည် ဖြစ်၏။
ခွန်လွန် နယ်မြေမှ၊ လူငယ်များ သည်လည်း၊ ကောင်းကင်လမ်း ပေါ်ရှိ အမွေနှင့်၊ ရတနာများ အတွက်၊ နိမ့်ကျသော နယ်မြေ များသို့ ဆင်းသက် လာကြသည်။
သတိ မမူ ပါက သေဆုံး သွားနိုင် သော်လည်း၊ အကျိုး အမြတ်မှာ ထိုက်တန် ချေပြီ။
ရုတ်တရက် ကောင်းကင်လမ်း တစ်နေရာ၌ လေထုကို ခွဲလျက် အလင်း တန်းများ ထွက်ပေါ် လာ၏။ ယင်းမှာ ပယင်း ကမ္ဘာ၏ လူငယ် ရှစ်ဦး ဖြစ်ပေသည်။
လေဟာနယ် အတွင်း တဖြည်းဖြည်း ပြုတ်ကျ နေသည်ကို၊ သူတို့ သတိထား မိလာ သည်။
မူလ စွမ်းအင်ကို ထုတ်ဖော်ရန် ကြိုးစားလိုက် သော်လည်း၊ စွမ်းအင် ကျင့်ကြံမှု နည်းစနစ် များက၊ လည်ပတ် ခြင်းငှာ အလွန် နှေးကွေး နေလေသည်။
“ ဒီမှာ ရှိတဲ့ လောက နိယာမ တွေက ... ၊ ပယင်းကမ္ဘာနဲ့ ကွဲပြားတယ်၊ ထိတ်လန့် နေစရာ မလို ပါဘူး၊ စိတ်လျှော့ပြီး ပတ်ဝန်းကျင်ရဲ့ ဝိညာဉ် စွမ်းအင်ကို ခံစား ကြည့်ပါ။ ”
ဖန်ရှောင်ယု ဆိုသည်။ သို့သော် ကြောက်လန့်ပြီး လူအချို့က သူ့စကားကို မကြား လိုက်ရချေ။
၎င်းတို့ကို ကာကွယ်ရန် မူလ စွမ်းအင် မထုတ်ဖော်နိုင် ပါလျှင်၊ သေကြ လိမ့်မည်ဟု အထင် ရောက်ကုန် ကြသည်။
ကြံ့ခိုင်သော ရုပ်ခန္ဓာ ရှိသည့် လင်းယွန်ပင်၊ မသေချာချေ။ မူလ စွမ်းအင်အား ထုတ်ဖော်ရန် အာရုံစိုက်လွန်း သဖြင့်၊ မြေပြင်ပေါ် ရောက်ချိန်၌ ကံဆိုးသူ နှစ်ဦးမှာ၊ အသားစုပုံ ဖြစ် သွားသည်။
“ ဝေါ့ ... ။ ”
ဇိုချင်းရှန်နှင့် ချန်ချောင်း၏ သည်ပင်၊ မျက်နှာများ ဖြူဖျော့ လာပြီး၊ ပါးစပ် အပြည့် သွေးအန် လိုက်ရသည်။ ဖန်ရှောင်ယုနှင့် ယုဟိုရှင်း မှာမူ ညည်းညူ ရုံသာ ရှိ၏။
မူလ စွမ်းအင်များ ရပ်တန့် နေသဖြင့်၊ လင်းယွန်က ကောင်းကင် ဓားသုတ္တန်ကို လျင်မြန်စွာ ဖြန့်ဝေလိုက် ရသည်။
ထို့ကြောင့် မြေပြင်ပေါ် ဆင်းသက် ချိန်၌ ဖုန်ပင် မထ ခဲ့ချေ။ ယွဲ့ဝေဝေ သည်လည်း သူနှင့် အတူ၊ ညင်သာစွာ ဆင်းသက် နိုင်ခဲ့သည်။
ကောင်းကင် လမ်းပေါ် ရောက်ရှိ ပြီးနောက်၊ သူမ၏ အရှိန်အဝါမှာ နက်ရှိုင်းလျက် နားမလည် နိုင်လောက်အောင် ဖြစ်လာ သဖြင့်၊ လူတိုင်းက ရှုပ်ထွေး ကုန်သည်။
“ ဒီနေရာရဲ့ ... ၊ ဝိညာဉ် စွမ်းအင်က နည်းနည်းတော့ သိပ်သည်း လွန်းတယ်။ ”
ဓားသုတ္တန်ကို ဖြန့်ကျက် လိုက်ချိန်၌ ဝင်ရောက် လာသော ဝိညာဉ် စွမ်းအင်မှာ၊ မူလ စွမ်းအင် အဖြစ်သို့ ချက်ချင်း ပြောင်းလဲ သွားသည်။
ဤနေရာရှိ ဝိညာဉ် စွမ်းအင်သည် ပယင်းတောင် ထက်ပင် ပို၍ သိပ်သည်း နေပြီး၊ အခြားသော စွမ်းအင် များလည်း ပါရှိ နေသည်။
လင်းယွန်က လက်ကို ဖွင့်ကာ ဓားသုတ္တန်အား၊ ဖြန့်ကြည့် လိုက်၏။ ဝိညာဉ် စွမ်းအင် များက ရေစက် အသွင် လက်ဖဝါးပေါ် ဖြစ်တည် လာသည်။
များ ကြာခင် ပုလဲ တစ်လုံး ကဲ့သို့၊ အစိမ်းရောင် အလင်းများ ပြောင်းလဲ တောက်ပ လာ၏။ ဆက်လက် လုပ်ဆောင် ပါက ကြယ်ပုလဲ တစ်လုံး ဖြစ်လာ ပေမည်။
ထိုနှုန်းမှာ မြန်ဆန် လွန်းပေ၏။ သို့သော် သိပ်သည်းသော မိစ္ဆာ အငွေ့ အသက် များကို ခံစားမိ သဖြင့်၊ မျက်မှောင်ကြုတ် လိုက်မိသည်။
တိမ်တိုက်များ ထဲရှိ မိစ္ဆာ ရောင်ဝါမှာ၊ ထင်ရှားခြင်း မရှိ သော်လည်း သိပ်သည်းဆ သည်၊ ကြောက်မက်ဖွယ် ကောင်းပေသည်။
“ ဒါက နဝမမြောက် ကောင်းကင် လမ်းပဲ။ ”
ဖန်ရှောင်ယုက ကောင်းကင်ပေါ် လှည့်ပတ် ကြည့်ပြီး မှတ်ချက်ချ လိုက်သည်။
“ ကောင်းကင်လမ်း တိုင်းမှာ မတူညီတဲ့ လမင်း ရှိတယ်၊ ဒါပေမယ့် အခြား လမ်းတွေမှာ လမင်းက အပြည့် မရှိဘူး။ ”
“ ဒါ ... လမင်း ဆိုတာ သေချာ လို့လား၊ နေမင်းရော မဖြစ် နိုင်ဖူးလား ... ။ ”
ဇိုချင်းရှန်က ပြန်မေးသည်။
“ နေရော လရော ဒီနေရာမှာ ရှိပါတယ်။ ”
ဖန်ရှောင်ယုက ပြုံးကာ ပြန်ဖြေသည်။ လူတိုင်းက တိမ်တိုက်များ အတွင်း တစ်စွန်း တစ်စ၊ ပြိုးပြက် နေသော နေမင်း ကြီးအား သတိထား မိသွားသည်။
တိမ်များ ကြားတွင် ကြယ်ပွင့်ပေါင်း များစွာမှ၊ အလင်းများ ဖြာကျ နေသဖြင့်၊ ရင်သပ် ရှုမောဖွယ် မြင်ကွင်း တစ်ရပ် ဖြစ်နေ၏။
“ နဝမမြောက် ကောင်းကင် လမ်းက၊ ခွန်လွန် နယ်မြေ မှာရှိတဲ့ ရှေးဟောင်း ပျက်စီး ခြင်း နယ်မြေကို ဦးတည်တယ်၊ ... ”
“ ... အဓိက နယ်မြေကြီး ကိုးခု အနက်မှ၊ တစ်ခုပဲ၊ ငါတို့သာ အရည် အချင်း ရှိကြောင်း ပြနိုင်ရင်၊ ရှေးဟောင်း ပျက်စီးခြင်း နယ်မြေရဲ့ အင်အားကြီး ဂိုဏ်းတွေ ထဲကို ဝင်ရောက် နိုင်လိမ့်မယ်။ ”
ခွန်လွန် နယ်မြေတွင် ‘ဘုရင် ကိုးပါး’ ဟု ခေါ်တွင်သော အထင်ကရ နယ်မြေကြီး ကိုးခု ရှိသည်။ ထိုနယ်မြေ များတွင် ကုန်းမြေပေါင်း သောင်းချီ ပါဝင်၏။
သည့်အပြင် ဘုရင် ကိုးပါး နယ်မြေနှင့်၊ အဆင့် တူသော တားမြစ် နယ်မြေ များလည်း ရှိပေသည်။ သို့ရာတွင် ဘုရင် ကိုးပါး နယ်မြေ သည်သာ၊ တန်ခိုး အာဏာ ရှိသော ဂိုဏ်းများကို မွေးဖွား ပေးနိုင်သည်။
ဘုရင် နယ်မြေ တစ်ခုဖြင့် ဆက်သွယ် နိုင်ပါက၊ အခြား နယ်မြေ များရှိ ပါရမီရှင် များထက်၊ ကံကောင်း ကြမည် ဖြစ်သည်။
ထိုစကားပများအပေါ် အခြေခံကာ၊ ဖန်ရှောင်ယုသည် ခွန်လွန် နယ်မြေ အကြောင်း အနည်းငယ် သိထားပုံ ရကြောင်း၊ သတိထား မိသည်။
“ သူ ပြောတာ မှန်တယ်၊ ဒါပေမယ့် ခွန်လွန် နယ်မြေ ဆိုတာက၊ ဘုရင် ကိုးပါး နယ်မြေ နဲ့ပဲ ဖွဲ့တည် ထားတာတော့ မဟုတ် ပါဘူး။ ”
ယွဲ့ဝေဝေက လင်းယွန်ကို ဦးတည်ကာ ထပ်ဖြည့် ပေးသည်။ ယင်းကို ကြားသွားသော ဖန်ရှောင်ယုက ပြုံးပြီး၊
“ ငါ ပြောတာ မှန်ရ မှာပေါ့၊ ပယင်း ကမ္ဘာမှာ ကောင်းကင်လမ်း အကြောင်း ငါ့ထက် ဘယ်သူ ပိုသိ နိုင်မှာလဲ။ ”
-ဟု ဆိုလိုက်သည်။
ယွဲ့ဝေဝေက သူနှင့် ငြင်းခုံရန် စိတ်မဝင်စား သဖြင့်၊ ပြုံးရုံသာ ပြုံးလိုက်သည်။ လူတိုင်း ခဏ အနားယူ မိကြပြီး၊ ကောင်းကင် လမ်း၏ နိယာမ များဖြင့် လိုက်လျော ညီထွေ ဖြစ်ရန်၊ ကြိုးစား ကြသည်။
များမကြာမီ မျက်လုံးများ ပြန်ပွင့် လာပြီး၊ ကျင့်ကြံမှုတွင် တိုးတက်မှု အချို့ ရရှိ ခဲ့ကြောင်း သတိ ထားမိ ကုန်သည်။ ဤသည်မှာ ပယင်း ကမ္ဘာထက် များစွာ လျင်မြန် နေသဖြင့်၊ လူတိုင်း ခေါင်းညိတ် လိုက်ကြသည်။
“ ဒီနေရာက လူတိုင်း ပါရမီရှင်တွေ ဖြစ်တာကြောင့်၊ နိမ့်ချပြီး နေတာ အကောင်းဆုံး ပါပဲ၊ ပယင်း ကမ္ဘာ ဆိုတာ ကောင်းကင် လမ်းမှာ မြင့်မားတဲ့၊ အကဲ ဖြတ်မှုတွေ မရရှိ ထားဘူး။ ”
ဖန်ရှောင်ယုက စကား စလာ ပြီးနောက်၊ လင်းယွန်ကို ကြည့်ကာ၊
“ လုံလောက်တဲ့ ခွန်အား မရှိရင်၊ ပြဿနာ မဖြစ်ပါ စေနဲ့၊ ကိုယ့်ကိုယ်ကို ပြင်ဆင် ထားတာ အကောင်းဆုံး ပါပဲ။ ”
ခွဲတမ်း စမ်းသပ်မှု အတွင်း လင်းယွန်မှာ၊ ချန်ပီယံ နှစ်ဦးကို သတ်ခဲ့သည်။ ကောင်းကင် လမ်း၌ ဤသို့ ဆက်လက် ပြုမူမည် ဆိုပါက၊ အခြား သူများ ကိုပင်၊ ဒုက္ခ တွင်းထဲ ဆွဲခေါ်ရာ ရောက်ပေမည်။
( သူက ... ၊ ငါ့ကို သင်ပေး နေတာလား။ )
လင်းယွန်က ပြုံးလျက်၊ ဖန်ရှောင်ယုအား လျစ်လျူရှု လိုက်တော့သည်။
“ ငါတို့က အဖွဲ့ တစ်ဖွဲ့ထဲ ဖြစ်တဲ့ အတွက်၊ ခေါင်းဆောင် တစ်ယောက် လိုတယ်၊ အစ်ကိုဖန်၊ မင်း ဘာလို့ အဲဒီ ရာထူးကို မယူရ တာလဲ။ ”
ခေျာင်ချန်က ဖန်ရှောင်ယုကို ကြည့်ကာ ဆိုသည်။ ယုဟိုရှင်းက လက်ပိုက်လျက်၊ ပြုံးပြီး၊
“ ညီအစ်ကို ချောင်၊ ပြောတာ မှန်ပါတယ်၊ ဒီနေရာက ရက်စက် ကြမ်းကြုတ်တယ်၊ အစ်ကို ဖန်က ငါတို့ အားလုံး ထဲမှာ၊ အမြင် အကျယ်ဆုံး ဖြစ်တဲ့ အတွက်၊ ထိုက်တန် ပါတယ်။ ”
-ဟုဆို လိုက်သည်။
သူ့ စကားကြောင့် ဖန်ရှောင်ယုက ဇိုချင်းရှန်ကို လှည့်ကြည့်သည်။ ဤ အဖွဲ့၏ ခေါင်းဆောင် ဖြစ်ချင် သောကြောင့်၊ အထက်ပါ အချင်း အရာများ အားလုံးကို၊ သူက ထုတ်ပြော နေရခြင်း ဖြစ်သည်။
“ ငါက လင်းယွန်နဲ့ ဆန္ဒချင်း အတူတူပဲ။ ”
ဇိုချင်းရှန်က လင်းယွန်အား တစ်ချက် ကြည့်ကာ၊ ပြန်ဖြေ လိုက်သည်။
“ ငါ့မှာ ... ၊ ကန့်ကွက် စရာ မရှိ ပါဘူး။ ”
ခေါင်းဆောင် ရာထူးနှင့် ပတ်သတ်၍၊ လင်းယွန် တစ်ယောက် စိတ်ဝင်စား မိချေ။
“ ဒါဆို ငါပဲ ဆက်လုပ် လိုက်မယ် ... ။ ”
ဖန်ရှောင်ယုက ယွဲ့ဝေဝေကို ဆက် မကြည့် တော့ချေ။ မလည် နိုင်သော ခံစားချက်များ သူမ ထံမှ၊ ရရှိနေ သောကြောင့် ဖြစ်သည်။
ထို့နောက် မြေပုံ တစ်ချပ်ကို ထုတ်ယူ လိုက်သည်။ ဖန်ရှောင်ယု အတွက် အရာရာ အသင့် လုပ်ထား ပုံ ရ၏။
“ ငါတို့ ည မရောက်ခင် ... ၊ ဒရာကိုဖီ အကာ အကွယ် အောက်ကို၊ အမြန်သွား ရလိမ့်မယ်။ ”
ဖန်ရှောင်ယုက မြေပုံအား ပြန်လည် သိမ်းဆည်းပြီး၊ ဦးတည်ရာ တစ်ရပ်ထံ မျှော် ကြည့်လိုက်ကာ၊
“ ငါ့ နောက်လိုက် ခဲ့ကြ ... ။ ”
-ဟု ဆိုလိုက် တော့၏။
***