တိမ်မီးလျှံ လောင်ကျွမ်းခြင်း လက်သီး။
Vol. 62 Ch. 867
ခရီးဆက် နေမိစဉ်၊ တိမ်တိုက်များ အတွင်းရှိ ပုန်းကွယ် နေသော မိစ္ဆာ ရောင်ဝါကို ခံစား မိပြီး၊ လူတိုင်း မသက် မသာ ဖြစ်ကုန် ကြ၏။
ထို့ကြောင့် ညဘက် ရောက် သည်နှင့်၊ ၎င်းတို့မှာ မည်မျှ ဒုက္ခပေး မည်အား၊ ခန့်မှန်း နိုင်သည်။
ထိုအချိန်တွင် ယွဲ့ဝေဝေ၌ ပြောစရာ ရှိနေ ပုံရ သဖြင့်၊ လင်းယွန်က ရပ်တန့် လိုက်သည်။ အဆုံးတွင် ယွဲ့ဝေဝေ ဟူသည် ဝှက်ဖဲများ မရှိဘဲ၊ ပယင်း ကမ္ဘာသို့ ဆင်းလာ စရာ အကြောင်း မရှိချေ။
ကောင်းကင် လမ်း၌ သူမ အနေဖြင့်၊ တစ်စုံ တစ်ရာကို ရှာဖွေ လိုကြောင်း၊ သူ ခံစား မိသည်။ ထို့ကြောင့် ထွက်ခွာလို ပုံရ၏။
“ အစ်ကိုကြီး ယွန်၊ ငါ သွားတော့မယ်။ ”
ယွဲ့ဝေဝေက တွန့်ဆုတ် နေသော အပြုံးဖြင့် ဆိုလာသည်။
“ ငါ ... ၊ မင်းနဲ့ လိုက်ခဲ့မယ် ... ။ ”
“ အဟီး ... ၊ အစ်ကိုကြီး ယွန်၊ မင်းက ငါ့ အတွက် တကယ် ကောင်းပါတယ်၊ ဒါပေမယ့် ငါ သွားမယ့် နေရာမှာ၊ ရတနာတွေ မရှိဘူး၊ ... ”
“ ... ပြီးတော့ ကောင်းကင် လမ်းပေါ် ရောက်လာတဲ့ အတွက်၊ ငါ့ရဲ့ တံဆိပ် တစ်ခုပွင့် သွားပြီ၊ ဒါကြောင့် အစ်ကို ကြီးတောင် ငါ့ကို မရိုက် နိုင်တော့ ပါဘူး။ ”
သူမ စကားကြောင့် လင်းယွန်က ရုတ်တရက် လက်ဖဝါးဖြင့် ရိုက်ချ လိုက်သည်။ ယွဲ့ဝေဝေက ပြုံးလျက် လက်ဝါးဖြင့် ပြန်လည် ခုခံ လိုက်၏။
“ ဝှစ် ... ။ ”
သူမ၏ လှုပ်ရှားဟန်မှာ၊ နှေးကွေး နေပုံရ သော်လည်း၊ လင်းယွန် လက်ဝါးကို ကောင်းစွာ တားဆီး နိုင်ပြီး၊ နောက်သို့ ခြေလှမ်း သုံးလှမ်း တွန်းထုတ် နိုင်ခဲ့သည်။
ဆံနွယ်များ ဟုတ်ခနဲ လွင့်ဝဲလျက်၊ တစ်လှမ်း မျှပင်၊ ဆုတ်ခွာ ခဲ့ခြင်း မရှိသော ယွဲ့ဝေဝေကို ကြည့်ကာ၊ အတွေးနက် သွားသည်။
ဓား ရည်ရွယ်ချက် မပါဝင် သော်လည်း၊ ခွန်အား (၅၀) ရာခိုင် နှုန်းခန့် အသုံး ပြုလျက်၊ အငိုက်ဖမ်း ခဲ့ခြင်း ဖြစ်သည်။ ယွဲ့ဝေဝေ တစ်ယောက် သူ့ထက် အားမနည်း သည်မှာ သေချာ၏။
“ ကောင်းပြီ၊ ငါ မလိုက် တော့ဘူး၊ ကောင်းကင် လမ်းမှာ မင်းကို တိုက်ခိုက်မဲ့ လူတိုင်းက ငါ့ ရန်သူပဲ ... ။ ”
သူ့ စကားတွင် အခြားသော အဓိပ္ပါယ်များ မပါရှိ သော်လည်း၊ ပြတ်သားမှု အပြည့် ရှိသည်။ ထို့ကြောင့် ယွဲ့ဝေဝေ နှလုံးသား၊ တုန်လှုပ် လာရ၏။
“ အစ်ကိုကြီး ယွန်၊ ကိုယ့်ကိုယ်ကို ဂရု စိုက်ပါ၊ တစ်နှစ် အကြာမှာ ကောင်းကင်လမ်းကို ပိတ်လိမ့်မယ်၊ အဲ့ဒီ အချိန်မှာ လူတိုင်း အတွက် ပြိုင်ပွဲ တစ်ရပ်က စောင့်ကြို နေတယ်၊ ... ”
“ ... အနည်း ဆုံးတော့ ... ၊ ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေကို ရောက်နေဖို့ လိုမယ်၊ မဟုတ်ရင် ပြိုင်ပွဲမှာ မြင့်မြင့် မားမား ရပ်တည် နိုင်မှာ မဟုတ်ဘူး။ ”
“ ကောင်းပြီ ... ၊ မင်းလည်း ဂရုစိုက်ပါ။ ”
ထို့နောက် နှုတ်ဆက်ကာ၊ ယွဲ့ဝေဝေ တစ်ယောက် ထွက်ခွာ တော့မည့် အချိန်တွင်၊ နဂါးလေးအား လှည့်ကြည့် ပြီး၊
“ အဟဲ ... ၊ မင်းလည်း ကတိကို သတိရပါ အငယ်လေး။ ”
-ဟု ဆိုလိုက် တော့၏။ များ မကြာမီ မိုးကုတ် စက်ဝိုင်း အတွင်း၊ ပျံသန်း ပျောက်ကွယ် သွားတော့ သည်။
ယွဲ့ဝေဝေ အငွေ့ အသက်များ လုံးဝ ပျောက်ကွယ် သွားချိန်ထိ၊ ငြိမ်သက်စွာ ရပ်နေ ခဲ့ပြီးနောက်၊ အသက် ပြင်းပြင်းရှူ လိုက်သည်။
သူမ စကား လုံးများ မှတဆင့်၊ စိုးရိမ် ပူပန်မှုကို သူ ခံစား နိုင်သည်။ တစ်ဦးတည်း ခရီး သွားခြင်းဖြင့်၊ သူ့ကိုယ်သူ မြှင်တင်ရန် ဆုံးဖြတ် လိုက်သည်။
ဖန်ရှောင်ယု တို့နှင့် အတူ၊ ခရီးဆက် နေခြင်းသည်၊ သူ့အား နှောင့်နှေး စေမည် ဖြစ်၏။ သို့သော် မထွက် ခွာခင် အချိန် တစ်ခု ပေးရ ပေမည်။ ဆယ့်ငါးမိနစ် အကြာတွင် လင်းယွန်က အဖွဲ့ကို လိုက်မှီ လာသည်။
“ ယွဲ့ဝေဝေရော ... ။ ”
ဖန်ရှောင်ယုက လင်းယွန့်ကို ကျော်ကြည့်ကာ မေးသည်။
“ ထွက် သွားပြီ ... ။ ”
သူ့ အဖြေကြောင့် ဖန်ရှောင်ယုက မျက်မှောင်ကြုတ် လိုက်ပြီး၊ အမိန့် သံဖြင့်၊
“ လင်းယွန်၊ မင်း ငါတို့နဲ အတူတူ သွားချင်ရင်၊ မင်းရဲ့ မောက်မာ တက်တဲ့ စိတ်ကို ပြင်လိုက်တာ အကောင်း ဆုံးပဲ၊ ဒီလိုမှ မဟုတ်ရင် မင်း ဒုက္ခ ရောက်တဲ့ အခါ၊ မင်းကို ဘယ်သူမှ ကူညီချင်မှာ မဟုတ်ဘူး။ ”
“ မင်း ... ပြောတာ မှန်တယ်။ ”
လင်းယွန်က ပြုံးကာ ဆိုလိုက်သည်။ ထို့နောက် လွင်တီးခေါင် များကို ဖြတ်ကျော် ပြီးနောက်၊ မြို့ တစ်မြို့အား ဝိုးတဝါး လှမ်းမြင် လာရ၏။
တစ်နာရီ အကြာတွင်၊ မြင့်မားသော မြို့ရိုးကြီး အနီး ရောက်ရှိလာ သော်လည်း၊ မြို့ တံခါးမှာ ပိတ်ထား သဖြင့်၊ လူတိုင်း ရပ်လိုက် ရသည်။ သူတို့ နည်းတူ အခြားသော ကျင့်ကြံ သူများ သည်လည်း၊ တံခါးရှေ့ ရပ်တန့် ကုန်၏။
မြို့ရိုး ပေါ်တွင်၊ မီးလျှံ သဏ္ဍာန် ရေးထိုး ထားသော၊ ကြက်သွေးရောင် ဝတ်စုံကို တူညီစွာ ၀တ်ဆင်ထား ကြသည့်၊ လူတစ်စု ရှိနေသည်။
သူတို့ နောက်တွင် အရောင် အသွေး မျိုးစုံဖြင့်၊ လူအချို့ ရပ်နေ ပြန်၏။ ရှေ့တိုးပြီး အနည်းငယ် စုံစမ်းကာ၊ ပျက်ယွင်းသော မျက်နှာ ဖြင့်၊ ဖန်ရှောင်ယု တစ်ယောက် ပြန်လည် ရောက်ရှိ လာသည်။
“ ဒီမြို့ကို တိမ်မီးတောက် နယ်မြေက သိမ်းပိုက် ထားတယ်၊ မြို့ထဲ ဝင်ချင်တဲ့ လူတိုင်း ကြယ်ပုလဲ အလုံး (၃၀) ပေးဆောင် ရမယ်။ ”
“ မပေးရင် ဘာဖြစ် မလဲ ... ။ ”
ဇိုချင်းရှန်က မေးလိုက်သည်။ ဖန်ရှောင်ယု အစား မြို့ရိုး ပေါ်ရှိ လူတစ်စုက၊ သူ့ စကားကို ပြန်ဖြေ ပေး၏။
“ မင်းတို့က စည်းမျဉ်း တွေကို၊ လိုက်နာ သင့်တယ်၊ ငါ ဒါကို ထပ်မပြော တော့ဘူး၊ ပြီးမှ ငါ့ကို ရက်စက် တယ်လို့ အပြစ် မတင် ပါနဲ့ ။ ”
ကြက်သွေးရောင် လူအုပ်ကို ဦးဆောင် နေသော လူငယ် တစ်ဦးက အရှိန် အဝါအား၊ ထုတ်လွှတ်လျက် ရှေ့လှမ်းတက် လာခဲ့သည်။
ထိုလူငယ် အမည်မှာ၊ တန်ယန် ဖြစ်ပြီး၊ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ တစ်ဦး ဖြစ်၏။
သူ၏ အရှိန် အဝါမှာ၊ ဖန်ရှောင်ယုနှင့် ယုဟိုရှင်း တို့ထက် များစွာ ပို၍ သိပ်သည်း ပေသည်။
ကောင်းကင် ဝိညာဉ် နယ်မြေသို့ ရောက်ရှိသော အခါ၊ ယုဟိုရှင်း၏ ခွန်အားမှာ၊ ထင်သလောက် မဟုတ် တော့ချေ။
ကောင်းကင် လမ်း၌ သူ၏ အခြေခံ အုတ်မြစ်မှာ၊ အသုံး မဝင် တော့ကြောင်း သိလိုက် ရသည်။
“ ဟမ့် ... ၊ ဒီမြို့ကို ဘယ်သူမှ မပိုင်ဘူး၊ ခွန်အား ကသာ စကားပြော နိုင်ပါတယ်၊ မင်းက မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ။ ”
ရဲရင့်သော လူငယ် တစ်ဦးက မြို့ရိုးပေါ် မော့ကြည့်ကာ၊ တုန့်ပြန် အော်ဟစ် လိုက်သည်။ ထိုစဉ် မှာပင် မြို့ရိုး ပေါ်မှ မီးတောက် နေသော လက်သီး တစ်လုံး၊ ကျဆင်း လာပြီး၊ အဆိုပါ လူငယ်၏ ရင်ဘတ်ကို ထိမှန် သွားသည်။
“ အုန်း ... ။ ”
“ တိမ်မီးလျှံ လောင်ကျွမ်းခြင်း လက်သီး။ ”
ကြက်သွေးရောင် မီးလျှံများ တောက်လောင်လျက် တခဏ ချင်းပင်၊ လောင်ကျွမ်း သေဆုံး သွားခဲ့သည်။
“ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ ... ။ ”
သည်မြင်ကွင်းကြောင့် လူအများ စုက၊ ထိတ်လန့် သွား၏။ ဤလက်သီးမှာ တုန်လှုပ် ဖွယ် ကောင်းလှပြီး၊ အသား အစ အန မျှပင် မကျန်ရစ် ခဲ့ပေ။
ထို့ကြောင့် တိမ်မီးတောက် နယ်မြေမှာ မြို့တော်အား အဘယ်ကြောင့်၊ မင်းမူ နေနိုင် သည်ကို သိလိုက် ကြသည်။
၎င်းတို့၏ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာသည် ကောင်းကင် ဓားသုတ္တန် ကဲ့သို့ပင် အားကောင်း လှသောကြောင့်၊ လင်းယွန် မျက်ဝန်းများ မှေးစင်း သွားသည်။
သို့သော် ကောင်းကင် ဓားသုတ္တန်နှင့် ကောင်းကင်ဓား (၁၃) လက်ကို ပေါင်းစပ်လိုက် ပါက၊ ၎င်းအား ဖိနှိမ် နိုင်မည် ဖြစ်သည်။
ကောင်းကင် လမ်းတွင်၊ ပုန်းကွယ် နေသော နဂါးနှင့် ကျားများ၊ အမှန် တကယ်ပင် ပြည့်နှက် နေ ပေသည်။
ဖန်ရှောင်ယုနှင့် ယုဟိုရှင်း သည်လည်း အများ နည်းတူ ထိတ်လန့် သွား၏။ လူတိုင်းကို ခြိမ်းခြောက် နိုင်ကြောင်း၊ မြင်လိုက် ရသဖြင့်၊ တန်ယန်က သူ့ စကားအား ဆက်လိုက်သည်။
“ ဒါက ... အဓိပ္ပါယ် မရှိ ဖူးလို့ မပြောနဲ့၊ မြို့ထဲ မဝင်ဖို့ကို မင်းတို့ ရွေးနိုင်တယ်၊ ဒါပေမယ့် ည အချိန်မှာ ကောင်းကင်က မိစ္ဆာ အငွေ့ အသက်တွေ ကျဆင်း လာတယ်၊ ... ”
“ ... ဒါက နတ်ဆိုး သားရဲ အတွက်၊ အစာရှာဖို့ အကောင်းဆုံး အချိန်ပဲ၊ ဒရာကိုဖီ အကာ အကွယ်သာ မရှိရင်၊ မင်းတို့တွေ တောင့်ခံ နိုင်မှာ မဟုတ်ဘူး။ ”
ယင်းကို လူတိုင်း ခန့်မှန်း နိုင်သည်။ တစ်ဖက်တွင် ကြယ်ပုလဲ (၃၀)မှာ၊ များလှ သည်ဟု မဆို သာချေ။
“ မြို့ထဲ အရင် ဝင်ရအောင် ... ။ ”
ဖန်ရှောင်ယုက ရှုံ့မဲ့မဲ့ဖြင့် ဆိုသည်။
“ လောလော ဆယ်တော့ သည်းခံ ထားလိုက်ဦး၊ ငါတို့မှာ အချိန် တစ်နှစ် ရှိတယ်၊ အခွင့် အရေးတွေ ရှာနိုင် သရွေ့ ... ၊ သူတို့ကို ကိုင်တွယ် ဖြေရှင်း နိုင်ပါတယ်။ ”
ဖန်ရှောင်ယု၏ ‘နုံအ’သော အတွေးများ အတွက်၊ လင်းယွန် တစ်ယောက် ပြုံးမိသည်။ ဤသို့သော အချင်း အရာ မျိုးကို တစ်နှစ် ကြာအောင် သည်းခံ ရမည်လော။
ယင်းသည် ၎င်းတို့ထံ ဦးညွှတ် ခြင်းနှင့် မခြားဘဲ၊ ကြယ်ပုလဲ (၃၀) ပေးဆောင် ရုံဖြင့်၊ ပြေလည် သွားမည့်၊ ပြဿနာမျိုး မဟုတ်ချေ။
ကြယ်ပုလဲများ ပေးကမ်း လာသည့် လူအုပ်ကြီးကို၊ တိမ်မီးတောက် အဖွဲ့သား များက အပြုံးဖြင့် လက်ပိုက်၊ ကြည့်နေ လေသည်။
ပြုံးရိပ်သမ်း နေသော မျက်ဝန်း များမှာ၊ သားကောင်ကို မြင်နေ ရသော မုဆိုးများ ကဲ့သို့ လျှို့ဝှက်လွန်း ချေ၏။။
“ တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီးက၊ ငါ့ရဲ့ ... ကောင်းကင် ဓားသုတ္တန်နဲ့ မကိုက်ညီ ပေမယ့်၊ အဖျက် စွမ်းအား ကတော့ တကယ် စိတ်ဝင် စားစရာပဲ။ ”
လူအုပ်နောက် လိုက်ပါ နေလျက်မှ၊ လင်းယွန်က ရေရွတ်သည်။ တစ်စုံ တစ်ဦးအား အသားပုံ အဖြစ်သို့ ပြောင်းလဲ လိုပါက၊ သူ့ဓား မပါဘဲ မဖြစ် နိုင်ပေ။
သို့သော် တန်ယန်က တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီးကို၊ ကနဦး အဆင့် ကျွမ်းကျင်မှု ဖြင့်ပင်၊ လုပ်ဆောင် နိုင်လေပြီ။
***