နန်းနောင်ဟဲ။
Vol. 62 Ch. 868
မြို့ဝင်ကြေး ပေးဆောင် လိုက်စဉ် တစ်ဖက် လူမှာ၊ ၎င်းပဏာမကို စိတ်ဝင် စားပုံ မပြ သဖြင့်၊ သူ့ အတွေး မှန်ကြောင်း ရှင်းလင်း သွားသည်။
သူတို့၏ နေ့ရက် များက၊ ဖန်ရှောင်ယု တွေးသလောက် ရိုးရှင်း နိုင်တော့မည် မဟုတ် ချေ။
မြို့ထဲရှိ ဝိညာဉ် စွမ်းအင်မှာ၊ ပို၍ သန့်စင် နေပေသည်။ မြို့လယ်၌ ကျောက်တိုင် ကြီးကို၊ ထင်ရှားစွာ လှမ်းမြင် နေရသည်။
ကျောက်တိုင်တွင် ရှေးဟောင်း အရှိန်အဝါများ ထုတ်လွှတ် နေသည့်၊ ရူရ် များ ရေးထွင်း ထားသည်။
အဝေးမှ ကြည့်ပါက၊ တိုင်ထိပ် ပေါ်၌၊ ဒရာကိုဖီ တစ်ကောင်၏ ပုံရိပ်ကို ဝိုးတဝါး မြင်နိုင် သည်။
ရှေးဟောင်း ကျောက်စာ တိုင်မှ အားကောင်းသော ရောင်ဝါများ ထွက်ပေါ်လျက်၊ မြို့ကို အမိုးခုံး တစ်ခု ကဲ့သို့ အုပ်မိုး ပေးထားသည်။
ထို အရှိန်အဝါ အမိုးခုံးက၊ မိစ္ဆာ အငွေ့ အသက် များကို ဖယ်ရှားကာ၊ သန့်စင်သော ကြယ်စွမ်းအင် များကို မြို့ အတွင်းသို့၊ တသွင်သွင် ပေါင်းစပ် ပေးနေ ခဲ့သည်။
“ ဘယ်လောက်တောင် သန့်ရှင်း လိုက်တဲ့ ဝိညာဉ် စွမ်းအင် လဲ ။ ”
“ ဒီနေရာက ဝိညာဉ် စွမ်းအင် တွေက မြို့ပြင်ထက် အများကြီး သန့်စင်တယ်။ ”
“ ကြယ်ပုလဲ (၃၀) ပေးရတာ အရမ်း တန်တယ်၊ အဲဒီ ပမာဏကို ရက် အနည်းငယ် အတွင်းမှာ၊ ပြန်လည် သန့်စင် နိုင်တယ်။ ”
ဤအခိုက် အတန့်တွင် ကြိုတင် ရောက်ရှိ နေသူ များက ပြတင်းပေါက် များမှ တစ်ဆင့် အသစ် ရောက်ရှိလာ သူများကို လှမ်းကြည့် လာသည်။ အများစုမှာ လှောင်ပြုံးဖြင့် ကြည့်လာခြင်း ဖြစ်သည်။
မြို့ထဲတွင် ပိုင်ရှင်မဲ့ အိမ်အို များစွာ ရှိသောကြောင့်၊ လင်းယွန်တို့ အဖွဲ့မှာ၊ အိမ် တစ်လုံး ရယူရန်၊ အချိန် မပေးလိုက် ရပေ။
အိမ်ထဲ ရောက်သည်နှင့်၊ ဖန်ရှောင်ယု အမူ အရာမှာ ပြောင်းလဲ သွားပြီး၊
“ ဒါက ကောင်းကင် လမ်းရဲ့ အစပဲ၊ အခု အချိန်မှာ ကောင်းကင် ဝိညာဉ် နယ်မြေ အတွက် လုံလောက်တဲ့ အုတ်မြစ်ရ ဖို့က ... ”
“ ... အရမ်း အရေး ကြီးတယ်၊ ဒီလိုမှ မဟုတ်ရင် အခွင့် အရေး တွေနဲ့၊ ရတနာတွေ အတွက် ယှဉ်ပြိုင်ဖို့ ခက်ရ လိမ့်မယ်။ ”
ဇိုချင်းရှန်နှင့် ချန်ချောင်း တို့က သဘောတူ ဟန်ဖြင့်၊ ခေါင်းညိတ် လိုက်သည်။ သည့်အတွက် ပယင်း ကမ္ဘာတွင် ကောင်းကင် ဝိညာဉ် နယ်မြေ သို့၊ သူတို့ မတက်ရောက် ခဲ့ခြင်း ဖြစ်သည်။
ကောင်းကင် လမ်းတွင် ကြယ်စွမ်းအင် မယုံနိုင် လောက်အောင် သိပ်သည်းလှ သဖြင့်၊ ကောင်းကျိုး များသာ ရှိလာ နိုင်မည်။
“ တိမ်မီးတောက် နယ်မြေနဲ့ ... ၊ ပဋိပက္ခ အဖြစ် မခံ ပါနဲ့၊ ဒီရက်ထဲ နာကျည်းမှု တွေကို မြိုသိပ်ထား ကြဦး။ ”
တိမ်မီးတောက် နယ်မြေဟု ရည်ညွှန်း လိုက်ချိန်တွင်၊ ဖန်ရှောင်ယု မျက်ဝန်း များ၌ ကြောက်ရွံ့မှု အရိပ် အယောင်များ ဖြတ်ပြေး သွားသည်။
မြို့ရိုး ပေါ်ရှိ တိုက်ပွဲက၊ သူ့ အပေါ် ကြီးမားသော အကျိုး သက်ရောက်မှု ရှိလေ ပြီ။ စိန်ခေါ် သူမှာ အားနည်းခြင်း မရှိ သော်လည်း၊ တန်ယန်က လက်သီး တစ်ချက်ဖြင့် ပြာချ ပစ်သည်။
“ လင်းယွန် ... ၊ ငါ ပြောတာကို မင်း နားလည်တယ် မဟုတ်လား။ ”
ဖန်ရှောင်ယုက မျက်မှောင် ကြုတ်လျက်၊ လင်းယွန်အား သတိ ပေးသည်။ အခြား သူများ ကလည်း လင်းယွင်အား၊ လှည့်ကြည့် လာကြ၏။
လင်းယွန် တစ်ယောက် ခေတ္တမျှ အံ့အားသင့် သွားသည်။ သူ ပြဿနာ ရှာမည်ကို ဖန်ရှောင်ယု တစ်ယောက် ကြောက်နေ ပုံရ၏။
တော်ဝင် နယ်မြေ၏ ချန်ပီယံ တစ်ဦး အနေဖြင့်၊ ဤမျှ တွန့်ဆုတ် မနေ သင့်ဟု သူ ထင်သည်။
တိမ်မီးတောက် နယ်မြေ၏ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ ရပ်အား သင်ယူရန်၊ သူ စိတ်ဝင်စား နေကြောင်း ကိုသာ၊ ထုတ်ဖော် ပြောမိ ပါက ချက်ချင်း သတိ လစ်သွား နိုင်မည်။
ထို့ကြောင့် ဖန်ရှောင်ယုကို အကြောင်း မပြန် တော့ဘဲ၊
“ တစ်မြို့ လုံးက ငါတို့ အပေါ် ကြည့်နေတဲ့ အကြည့်ကို သတိထား မိလား။ ”
-ဟု စကားလွှဲ လိုက်သည်။
“ အင်း ... ။ ”
“ မြို့ထဲက ဝိညာဉ် စွမ်းအင် တွေကို သတိထား နေရတာ နဲ့ပဲ၊ အာရုံ မရှိ လိုက်မိဘူး၊ ဟုတ်တယ် မင်းပြော မှ ... ။ ”
ဇိုကျန်းရှန်နှင့် ချောင်ချန် တို့၏ မျက်နှာများ ပြောင်းလဲ သွားသည်။
“ ဟုတ်တယ် နည်းနည်းတော့ ထူးဆန်း နေတယ်၊ ချင်းရှန် ငါတို့ နှစ်ယောက် ထွက်ကြည့် ရအောင်၊ ကျန်တဲ့ သူတွေ ဒီမှာပဲ စောင့်နေဦး။ ”
များမကြာခင် နှစ်ဦးသား ပြန်လည် ရောက်ရှိလာ ခဲ့သည်။ အနက်ရောင် မျက်နှာ ဖုံးကြောင့်၊ ဇိုကျန်းရှန် မျက်နှာ အမူ အရာကို မည်သူမျှ မမြင်နိုင် သော်လည်း၊ ဖန်ရှောင်ယု၏ အနေ အထား အရ၊ အခြေ အနေမှာ မရိုး ရှင်းကြောင်း၊ သိသာ နေသည်။
“ အခြေအနေ ဘယ်လိုလဲ ... ။ ”
ချောင်ချန်က မျက်ခုံး ပင့်ကာ မေးလိုက်သည်။ စကား လုံးများ ကြိုးစား ရွေးချယ် နေရ ဟန်ဖြင့်၊ ဖန်းရှောင်ယု တစ်ယောက် ချက်ချင်း ပြန်မဖြေ နိုင်ခဲ့ချေ။
“ ဒီလူယုတ်မာ တွေက ... ၊ ငါတို့ကို တိရစ္ဆာန် တွေလို ဆက်ဆံ ကြတယ်၊ ထွက်ခွာ ချင်ရင် ကြယ်ပုလဲ (၁,၀၀၀) ပေးရ မယ်တဲ့၊ မဟုတ်ရင် အခွင့် မရှိဘဲ ထွက်သွားတဲ့ အတွက် သတ်ပစ်ကြ လိမ့်မယ်။”
ဇိုချင်းရှန်က ဖန်ရှောင်ယုအား တစ်ချက် ကြည့်ကာ၊ အစား ဝင်ဖြေပေး လိုက်သည်။ ထိုသတင်းကြောင့် မျက်နှာများ ပျက်ယွင်း သွားကြ၏။
ဤပမာဏသည် အနည်းဆုံး နှစ်ဝက်ခန့် မနားတမ်း သန့်စင် ရပေမည်။ ကံကြမ္မာ ကိုယ်ခံ ပညာသာ မရှိ ပါလျှင်၊ ပို၍ ကြာနိုင် ပေ၏။
“ ငါတို့ ဒီမှာ ဆက် မနေနိုင် တော့ဘူး၊ ညကျရင် ထွက်ဖို့ အခွင့် အရေး ရှာရအောင် ... ။ ”
ချောင်ချန်က သူ့ အတွေးအား ထုတ်ပြော လိုက်သည်။
“ ဒါက မဖြစ် နိုင်ဘူး၊ တိမ်မီးတောက် နယ်မြေ ဆိုတာက၊ အသန် မာဆုံး အလယ် အလတ် နယ်မြေတွေ ထဲက တစ်ခုပဲ၊ ... ”
“ ... ငါတို့ရဲ့ ပယင်း နယ်မြေထက် အားကောင်းတယ်၊ ကောင်းကင်လမ်း အတွက် ခွဲတမ်းတင် သုံးဆယ်ကျော် ရရှိ ထားတယ်၊ ... ”
“ ... ဒီမြို့ အပြင်၊ နောက်ထပ် လေး- ငါး မြို့လောက်ကို ချုပ်ကိုင်ထား နိုင်တယ်၊ တန်ယန် သန်မာတယ် ဆိုတာတောင်၊ အခိုင်း အစေ အဆင့်ပဲ ရှိသေးတယ်၊ ... ”
“ ဒရာကိုဖီ ကျောက်တိုင် ထိပ်မှာ၊ နန်းနောင်ဟဲလို့ အမည် ရတဲ့ လူ တစ်ယောက် ရှိတယ်၊ ကြယ်ပုလဲ အများ စုက၊ သူ့ထံ ရောက် ရတယ်၊ ... ”
“ ... သူဘယ်လောက် သန်မာလဲ၊ ဘယ်သူမှ မသိ နိုင်ဘူး၊ တစ်ချိန်လုံး တိုက်ထိပ်မှာ ကျင့်ကြံ နေ တက်တယ်၊ တစ်ခါ တုန်းက ... ”
“ ... နယ်မြေ ဆယ်ခုရဲ့၊ ကျွမ်းကျွင်သူ ဆယ်ယောက်က၊ ကံကြမ္မာ ကိုယ်ခံ ပညာနဲ့၊ သူ့ကို သတ်ဖို့ ကြိုးစား ဖူးတယ်၊ ... ”
“ ... ဒါပေမယ့် ... ၊ သူတို့ရဲ့ အလောင်း တွေကို မြို့ရိုး ပေါ်မှာ၊ ချိတ်ဆွဲ ခံလိုက် ရတယ်၊ အဲ့ဒီ ထဲက ဘယ်သူမှ မကြိုးစား ရဲ တော့ဘူး … ။ ”
ဖန်ရှောင်ယု၏ စကား အသွား အလာ အရ၊ တိမ်မီးတောက် နယ်မြေသည် လူတိုင်း အပေါ်၊ ဖိနှိပ် ထား နိုင်ခြင်း မရှိ သေးချေ။
ထို့ကြောင့် လူအချို့အား လက်ပါးစေများ အဖြစ် အသုံးပြုကာ၊ မြို့ရိုးကို တစ်နေ့ တာလုံး စောင့်ကြပ် စေခဲ့သည်။
ထို့ကြောင့် မြို့ရိုးမှ ဖြတ်ကျော်ရန်၊ ကြိုးပမ်းကြ သူတိုင်း အသတ်ခံ ရခြင်း ဖြစ်၏။ ယင်းကို မျှော်လင့် ထားပြီး ဖြစ်သဖြင့်၊ လင်းယွန်က မအံ့သြပေ။
နယ်မြေ များကြား ပြိုင်ဆိုင်မှုမှာ ရက်စက်ပြီး၊ စည်းမျဉ်း စည်းကမ်းများ မရှိ သောကြောင့်၊ လက်သီးကြီး သူသာ ဥပဒေကို ချမှတ် နိုင်မည်။
အချက် အလက်များ ဝေမျှ ပြီးနောက်၊ လင်းယွန်က တိတ်ဆိတ် စွာဖြင့် သူ့ အတွက် သတ်မှတ် ထားသည့် အိမ်ထံ လှည့်ထွက် လာခဲ့သည်။
အိမ်နံရံ များကို ကျောက်တုံး များနှင့်၊ ဖန်တီး ဆောက်လုပ် ထားသောကြောင့်၊ ကျောက်ခေတ် အမြင်မျိုး ခံစား ရစေသည်။
ပို၍ လှပ ကောင်းမွန်သော အိမ်အချို့ ရှိသော်လည်း၊ သဘာဝ အတိုင်း တိမ်မီးတောက် နယ်မြေနှင့်၊ လက်ပါးစေ များက သိမ်းပိုက် ထားသည်။
ကောင်းကင်ကြီး မှောင်မိုက် လာသည်နှင့်၊ စိတ်ဝိညာဉ်ကို တိုက်စား နိုင်သော အနက်ရောင် မြူများ ပို၍ ထူထပ် လာသည်။
သို့သော် ဒရာကိုဖီ ကျောက်တိုင် ထံမှ၊ ထုတ်လွှတ်သော အကာ အကွယ် အောက်တွင်၊ မြို့တော်မှာ ငြိမ်သက် နေခဲ့ သည်။
အခန်း ထဲ၌ နဂါးလေးက ယွဲ့ဝေဝေ ပေးခဲ့သော ကျင့်ကြံမှု နည်းစနစ်ကို လေ့ကျင့် နေ၏။ ၎င်းက စတင် ကျင့်ကြံ နိုင်သည့် အချိန် မှစပြီး၊ အသွင်ပြောင်း သွား သကဲ့သို့ တည်ငြိမ် လာခဲ့၏။
ထို့ကြောင့် ဖြာကျ နေသော လရောင်ကို အားပြုလျက်၊ ခြေသံ လုံလုံဖြင့် အခန်း အတွင်း မှ၊ လင်းယွန် တစ်ယောက် ထွက်ခွာ လာ မိသည်။
“ ဝှစ် ... ။ ”
သူ့ ရောင်ဝါကို ရုတ်သိမ်းလျက် မြို့ အလယ်ရှိ၊ ဒရာကိုဖီ ရုပ်တု ကြီးထံ၊ ဦးတည်ကာ ခေါင်မိုး ပေါ်မှ တဆင့်၊ ခုန်ပျံ ပြေးလွှား လိုက်သည်။
ကျောက်တိုင် ထိပ်တွင်၊ ဖြစ်ပေါ် နေသော ဒရာကိုဖီ ပုံရိပ် ကြီးမှာ၊ သူထင် သည်ထက် ပို၍ ကြီးပြီး၊ ခြေသည်း နေရာ၌ လူတစ်ယောက် ထိုင်နေ ခဲ့သည်။
လက်သည်းရှိ နဂါး အကြေးခွံ များဖြင့် ဖုံးအုပ်နေ သောကြောင့်၊ ထိုလူအား ရှင်းရှင်း လင်းလင်း မမြင် ရချေ။ သို့သော် ယင်းမှာ ဖန်ရှောင်ယု ပြောသော နန်းနောင်ဟဲ ဖြစ်မည်မှာ၊ သေချာ၏။
သူ့ အသွင် အပြင်ကို မည်သူမျှ မမြင်ဖူး သော်လည်း၊ လူတိုင်းက ရက်စက် သန်မာသူ တစ်ဦး အဖြစ်၊ သတ်မှတ် ထားသည်။
သူတို့ အတွက် တန်ယန်ကို ရင်ဆိုင် ရန်ပင်၊ အခက်အခဲ ရှိနေကြ ပေရာ၊ နန်းနောင်ဟဲ နှင့်မူ ဆိုဖွယ် မရှိ တော့ချေ။
နဂါး ခြေသည်း တည်နေရာမှာ၊ ကျောက်တိုက် အထက်၊ မြင့်မားခြင်း မရှိ သော်လည်း၊ ထုတ်လွှတ် နေသော ရောင်ဝါမှာ ကြောက်မက်ဖွယ် ကောင်းပေသည်။
“ ..... ။ ”
နန်းနောင်ဟဲမှာ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ ၌သာ၊ ရှိမှန်း သိလိုက်ရ သဖြင့်၊ အံ့သြ သွားသည်။
ဂုတ်သွေးစုပ် ရယူ ထားသော ကြယ်ပုလဲ ပမာဏဖြင့်၊ ကောင်းကင် ဘုံသို့ တက်ရောက်ရန် လုံလောက် သင့်ချေပြီ။
ကြည့်ရ သည်မှာ၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ ကန့်သတ်ချက်သို့၊ ရောက်ရန် ကြိုးစား နေပုံ ရ၏။
ယခု အချိန်ထိ၊ အောင်မြင်မှု မရရှိ နိုင်သေး သည်မှာ၊ အခြားသူ များထက် များစွာ သာလွန် သော၊ အခြေခံ အုတ်မြစ် ရှိသည်အား၊ ပြသရာ ရောက်ပေသည်။
ထို့ကြောင့် အောင်မြင်မှု တစ်ခု ပြုလုပ် ပြီးနောက်၊ သူ မည်မျှ အစွမ်းထက် လာ မည်ကို မှန်းဆ၍ မရ နိုင်ချေ။
( ဒါဆို ... ငါ့ရဲ့ ကန့်သတ်ချက် ကရော၊ ဘယ် အထိလဲ ... ။ )
အတွေးထဲ နစ်မျောသွား ပြီးနောက်၊ တိတ်ဆိတ် စွာဖြင့် အိမ်ပြန် လာခဲ့သည်။ အိမ် ရောက်သည်နှင့် ထိုင်ချကာ၊ ဓားသုတ္တန် နှစ်ခုကို ဖြန့်ကျက် လိုက်၏။
စွမ်းအင် ကျင့်ကြံမှု နည်းစနစ် နှစ်ရပ်ကို တပြိုင် နက်တည်း ကျင့်ကြံ သူမှာ၊ ကောင်းကင် လမ်း ၌ပင်၊ သူ တစ်ယောက်တည်း ရှိပုံ ရသည်။
ထိုပြင် နှစ်ခုလုံးမှာ၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာများ ဖြစ်သဖြင့်၊ ဆိုဖွယ် မရှိချေ။ တစ်ဖက်တွင် မိုးပြာ နဂါး မူလ ပုံစံကြောင့်၊ သူ့ ကန့်သတ် ချက်သည် မခန့်မှန်း နိုင်အောင် မြင့်မား နေမည်မှာ အမှန် ပေပင်။ အနည်းဆုံး နန်းနောင်ဟဲထက် ပိုနိုင် ပေမည်။
မျက်စိ တစ်မှိတ် အတွင်း၊ လေးရက်ကြာ သွားသည်။ ကောင်းကင် သစ်ပင်တွင် သစ်ကိုင်း၊ (၂၁) ကိုင်း အထိ ပေါက်ရောက် လာကာ၊ သတ္တမ အဆင့်သို့ ရောက်ရှိ သွား၏။
အကိုင်း အခက် တစ်ခု ချင်းစီမှှ၊ ထာဝရ တည်မြဲ နေသော ဓား ကဲ့သို့၊ အရှိန် အဝါများ တသွင်သွင် ထုတ်လွှတ် နေသည်။
အောင်မြင်မှု တစ်ခု ကိုသာ ပြုလုပ်ခဲ့ သော်လည်း၊ သူ ထုတ်လွှတ် ထားသော ရောင်ဝါ အရ၊ ရှေးဟောင်း သားရဲကြီး တစ်ကောင် နိုးထ လာခြင်းနှင့် တူ၏။
အတွေး တစ်ချက်ဖြင့် ခန္ဓာကိုယ် အတွင်းရှိ၊ အပြာရောင် စွမ်းအင် များက၊ မြင်းများ ဒုန်းစိုင်း ပြေးနေ သကဲ့သို့၊ တဟုန်ထိုး ခုန်တက် လာသည်။
“ သတ္တမ အဆင့် ရောက်ပြီ ဆိုတော့၊ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်ကို နားလည်မှု ရယူဖို့ အချိန် တန်ပြီ။ ”
တစ်ချိန်တည်း မှာပင် ကြယ်ပုလဲ (၁၀၀၀) လွှဲပြောင်း ပေးအပ် ရမည့် နေ့သို့၊ တရွေ့ရွေ့ နီးကပ် လာတော့သည်။
***