မပြောင်း လဲဘူး။
Vol. 63 Ch. 870
နောက်တစ်နေ့ နံနက်တွင် ကောင်းကင်၌ နေရောင်ခြည်များ တောက်ပ ထွန်းလင်း လာပြီး အနက်ရောင် မြူ များ ဖယ်ရှားခြင်း ခံလိုက် ရသည်။
တစ်ချိန်တည်း မှာပင်၊ ကြယ်စွမ်းအင် များက၊ ညအချိန် အခါထပ် နှစ်ဆ ပို၍ ထူထပ် လာ၏။
ယနေ့သည် အဖွဲ့ နဝမ လမ်းသို့၊ လင်းယွန်တို့ အဖွဲ့ ရောက်ရှိလာ သည်မှာ၊ လဝက် ရှိပြီ ဖြစ်သည်။
ဖန်ရှောင်ယုက သူတို့ကို စုရုံး စေလိုက်ပြီး၊
“ မင်းတို့ ကြယ်ပုလဲ ဘယ်လောက်ထိ သန့်စင်ထား ပြီးပြီလဲ။ ”
မည်သူ မဆို ကြယ်ပုလဲပေါင်း (၁၀၀၀) ပေးဆောင် ရမည့် နေ့ ဖြစ်သည်။ မရှိ ပါလျှင် ဆိုးရွားသော အကျိုးဆက်များ ရရှိမည် ဖြစ်၏။ ချောင်ချန်က မျက်နှာ ရှုံ့တွ လာပြီး၊
“ ငါးရာပဲ ရှိသေးတယ်၊ လဝက် လုံးလုံး ကြံမှုကို ရပ်ထား ရတယ်၊ ဒါ ငါ့ ကန့်သတ်ချက် ဖြစ်နေပြီ …။ ”
-ဟု ဦးစွာ ဖြေလိုက်သည်။
ဇိုချင်းရှန်မှ၊ (၆၀၀) သာ ရှိကြောင်း၊ ပြောဆို လာသည်။ ယုဟိုရှင်း မှာမူ၊ ပေးရန် ရည်ရွယ်ချက် မရှိ သဖြင့်၊ ပါးစပ်ထဲ ရှိရာ အရေ အတွက်ကို ပြောလိုက်သည်။
“ လင်းယွန် ... ၊ မင်းကော ။ ”
ဖန်ရှောင်ယုက မေးသည်။
“ မရှိဘူး။ ”
သူ့တွင် ဓားသုတ္တန် နှစ်ခုရှိ သဖြင့်၊ တစ်ညတည်း ကြယ်ပုလဲ ပေါင်း (၁၀၀) ခန့် သန့်စင် နိုင်သည်။ ထိုထက် ပို၍ အားစိုက် ပါက (၂၀၀)မှ (၃၀၀) အထိ၊ တိုးမြှင့် နိုင်မည် ဖြစ်၏။
“ ဒါဆို ... ၊ ငါတို့ ဘယ်သူမှ လုံလောက်တဲ့ ပမာဏ မရှိ ဖူးပေါ့၊ လောလောဆယ် သူတို့နဲ့ ပဋိ ပက္ခတွေ မစတင် ပါနဲ့။ ”
ဖန်ရှောင်ယု တစ်ယောက် တွေဝေ နေစဉ်၊ မောက်မာသော လေသံ တစ်သံ ပဲ့တင်ထပ် လာသည်။
“ အားလုံး နားထောင် ... ၊ မိနစ် သုံးဆယ် အတွင်း၊ မြို့တော် ရင်ပြင် ရှေ့မှာ စုရုံးပါ၊ မရှိတဲ့ လူတိုင်း အသတ်ခံ ရမယ်။ ”
“ တောက် ... မောက်မာ လိုက်ကြတာ။ ”
ဇိုချင်းရှန်က အံကြိတ်လျက် ရေရွတ် လိုက်သည်။
“ ဟုတ်တယ် ဒီကောင် တွေက ... ၊ ငါတို့ကို တိရစ္ဆာန် တွေလို၊ ဆက်ဆံ နေတယ် ။ ”
ဇိုချင်းရှန် စကားကို၊ ချောင်ချန်က ဒေါသ တကြီး ထောက်ခံ လိုက်၏။ ဖန်ရှောင်ယု ထံမှ သက်ပြင်းချသံ ထွက်ပေါ် လာပြီး၊
“ တန်ယန် အပြင်၊ နန်းနောင်ဟဲ ရှိတာကို မမေ့ ပါနဲ့၊ သွားကြ ရအောင်။ ”
“ တိမ်မီးတောက် နယ်မြေရဲ့၊ လောဘက အတိုင်း အဆ မရှိဘူး၊ ကြယ်ပုလဲ (၁၀၀၀) ကို လွှဲပေးနိုင် ရင်တောင်၊ သူတို့ ကတိ မတည်မှာ သေချာတယ်။ ”
လင်းယွန်က အဖွဲ့အား သတိပေး လိုက်သည်။ ထို့ကြောင့် ဖန်ရှောင်ယု မျက်ဝန်း များ မှေးစင်း သွားပြီး၊
“ ဒါပေမယ့် ... နန်းနောင်ဟဲ မပြောနဲ့၊ တန်ယန် ကိုတောင် ငါ့ တို့က ရင် မဆိုင် နိုင်ဘူး၊ မဟုတ်လား။ ”
လွန်ခဲ့သော ဆယ့်ငါးရက် အတွင်း အချက် အလက် များစွာကို စုဆောင်း ခဲ့သည်။ ယင်းက လင်ယွန် အပေါ်၊ အပြစ် တင်ချင် စိတ်များ ပျောက်ကွယ် လာစေသည်။
ဖန်ရှောင်ယုမှာ လုံးဝ အသုံး မဝင်သော လူသစ် တစ်ယောက် အဖြစ် ပြောင်းလဲသွား သဖြင့်၊ လင်းယွန်မှ တစ်ချက် ကြည့်မိသည်။
ရင်ပြင်တွင် နယ်မြေ အသီးသီး၏၊ ကျင့်ကြံသူပေါင်း သုံးရာကျော် စုဝေး လာသည်။ ဤပမာဏ အရ၊ အနည်းဆုံး ကြယ်ပုလဲ (၁၀၀,၀၀၀) ရရှိ နိုင်သည်။ နန်းနောင်ဟဲ အတွက်မူ၊ အနည်းဆုံး (၁၀, ၀၀၀)ခန့် ရနိုင်၏။
တန်ယန် အဖွဲ့က၊ ပြုံးလျက် လူတိုင်းကို ကြည့်နေခဲ့ သည်။ ကောင်းကင် လမ်းသည် မရေ မတွက် နိုင်သော ရတနာ များနှင့်၊ အခွင့် အရေး များ ရှိသည့် နေရာ ဖြစ်ပြီး၊ ကြယ်ပုလဲများ ရရှိရန် လွယ်ကူသော နေရာ ပေပင်။
“ အစ်ကိုတန်၊ ပယင်း နယ်မြေက အဖွဲ့မှာ၊ အဲဒီကောင် ပါလာတယ်။ ”
မြို့ရိုးပေါ်တွင်၊ လင်းယွန်အား အလစ်ဝင် တိုက်ခိုက် ခဲ့သော လူငယ်က လှမ်းကြည့်ကာ၊ ခပ်တိုးတိုး ဆိုသည်၊
နောက်ဆုံးတွင် လင်းယွန် သားရဲ လက်၌၊ သူဒုက္ခ ရောက်ခဲ့ရ သည်ကို၊ မမေ့ သေးချေ။ ထို့ အပြင် ပယင်း နယ်မြေမှ အမှိုက် တစ်စမှာ၊ သူ့အား မရို မသေ ဆက်ဆံ ဝံ့သည့် အပေါ်၊ ပို၍ ခံရခက် ပေ၏။
ထိုစကား များကို ကြားလိုက်ရ သည်နှင့်၊ တန်ယန်၏ မျက်လုံးများ တောက်ပ လာပြီး၊ သူ့ အကြည့် များက နဂါးသွေး ကြောင်ထံ ကျရောက် သွားသည်။
“ လိုကွန် ... ၊ သူတို့ ဆီက ကြယ်ပုလဲကို စုဆောင်းဖို့ မင်း တာဝန် ယူလိုက်ပါ၊ ဘာလုပ် ရမယ် ဆိုတာ၊ သိတယ် မဟုတ်လား ... ။ ”
တန်ယန်၏ တာဝန် ပေးအပ်လာ မှုကြောင့်၊ လိုကွန် ဝမ်းသာအား ရဖြင့်၊
“ စိတ်ချပါ ... ။ ” -ဟု ကတိပေး လိုက်သည်။
တန်ယန်က လင်းလက်စွာ ပြုံးမိ၏။ များမကြာခင် နန်းနောင်ဟဲမှ သည်မြို့အား စွန်ခွာ ပေတော့မည်။ ၎င်း မတိုင်မီ နဂါးသွေး ကြောင်အား ရယူရ ပေမည်။
“ သွား တော့ ... ။ ”
တန်ယန်မှ ဆိုလိုက် သဖြင့်၊ လိုကွန်က ခေါင်းညိတ် လိုက်သည်။ ထို့နောက် ပြုံးလျက် ပယင်း နယ်မြေသို့၊ လျှောက်လှမ်း လာခဲ့၏။
“ စီနီယာ အစ်ကိုတန်၊ ဒီကောင် လိုကွန်က ခွေးဖြစ် ရတာကို ပျော်နေပုံ ရတယ် ... ။ ”
တိမ်မီးတောက် နယ်မြေ၏ အခြားသော ကျွမ်းကျင်သူ များက အထင်အမြင် သေးစွာဖြင့် မှတ်ချက် ပြုလိုက်သည်။
“ သူတို့က ငါတို့ အတွက် အများကြီး အသုံး ဝင်တယ်၊ လူ ရာဂဏန်း လောက်ကို ထိန်းချုပ်ဖို့ ဆိုတာ တကယ် မလွယ်ဘူး၊ မင်းတို့မှာ အတွေ့ အကြုံ မရှိ သေးဘူး။ ”
တန်ယန်၏ ထိုစကားကို ကြားသော အခါတွင်၊ သူ့ဘေးရှိ လူငယ် များမှာ၊ ကျေနပ် သွား ကြသည်။
“ ငါးရာ လား ၊ ... ”
လိုကွန်က ဇိုချင်းရှန်ကို ပြန်ကြည့်ပြီး၊
“ မင်း ... ဝှက်ထား သေးတယ် မဟုတ်လား၊ ထုတ်ပါ။ ”
-ဟု ဆိုလိုက်သည်။
ဇိုချင်းရှန် မျက်နှာ ပြောင်းလဲ သွားစဉ်၊ လိုကွန်မှ ပြုံးလျက် လက်ဝါးဖြင့်၊ ရိုက်ချ လိုက်သည်။
အငိုက်ဖမ်း ရိုက်နှက် လာခြင်း ဖြစ်သောကြောင့်၊ ရင်ဘတ် ထိမှန်ကာ၊ နှုတ်ခမ်း ထောင့်မှ သွေးများ စီးကျ လာ၏။
ဒေါသ တကြီး တုန့်ပြန် တော့မည့် အချိန်တွင်၊ တန်ယန်၏ အေးစက်သော အကြည့် များကို၊ သတိထား မိလိုက်သည်။
လက်ပိုက်လျက် ဇိုချင်းရှန် လှုပ်ရှားမည့် အချိန်ကို၊ စောင့်မျှော်နေ သကဲ့သို့၊ ပြုံးပြ နေခဲ့ ၏။
အဆုံးတွင်၊ ကြယ်ပုလဲ (၁၀၀) ကို တုံ့ဆိုင်း စွာဖြင့် ထပ်မံ ပေးအပ် လိုက်ရသည်။
“ ဘယ်လို အမှိုက် မျိုးလဲ၊ ဖုံးကွယ်ဖို့ စိတ်ကူးရဲ တယ်လား ဟမ့် ... ။ ”
ကြယ်ပုလဲကို သိမ်းယူ ပြီးနောက်၊ လိုကွန်မှ ဇိုချင်းရှန်အား ပါးရိုက်ရန်၊ ပြင်လိုက် လေသည်။
“ မင်း ... အသက် မရှင်ချင် တော့ဖူး ဆိုရင်၊ သူ့ကို ရိုက်လိုက်ပါ။ ”
အေးစက်သော ခြိမ်းခြောက်သံ တစ်သံကြောင့်၊ လိုကွန်မှာ တွန့်ဆုတ် သွားပြီး၊ အသံရှင်အား မော့ကြည့် မိသည်။
တစ်စုံ တစ်ယောက် အနေဖြင့်၊ သူ့အပေါ် ဤသို့ ခြိမ်းခြောက်ဝံ့ လိမ့်မည်ဟု မထင်ထား သည်မှာ အမှန် ပေပင်။
သူ ဟူသည် တိမ်မီးတောက် နယ်မြေကို ကိုယ်စားပြု သော်လည်း၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ ၌သာ ရှိသော ထိုအသံ ပိုင်ရှင်က၊ ဂရုစိုက်ပုံ မပြချေ။
လင်းယွန်၏ တုန့်ပြန်မှုမှာ၊ သူ ထင်ထားသည် ထက်ပင်၊ ပို၍ တင်းမာလှ သောကြောင့်၊ တန်ယန် တစ်ယောက် အံ့သြ သွားသည်။
တစ်ဖက်တွင် အကြောင်း ပြချက် ကောင်းကောင်း ရှိလာပြီ ဖြစ်သဖြင့်၊ ပျော်ရွှင် လာမိ ပြန်၏။
“ ဝှစ် ... ။ ”
လိုကွန်က စိတ်ထဲမှ လှောင်ပြောင် လိုက်ပြီး၊ လင်းယွန် မျက်နှာထံ ပြုံးလျက် လက်သည်းဖြင့် ကုပ်ချ လိုက်သည်။
“ ကောင်လေး ... ၊ မင်း ဘယ်သူနဲ့ စကားပြော နေတာလဲ ဆိုတာ သိလား ... ။ ”
လိုကွန်ကို အာခံခြင်းသည်၊ တန်ယန်ကို အပြစ် ပြုရာ ရောက်ကြောင်း၊ လူတိုင်း ပြောနိုင် သည်။
“ ငါ သိတယ်၊ ခွေး တစ်ကောင် ကိုပဲ ... ။ ”
အံ့သြစရာ ကောင်းလောက် အောင်ပင်၊ လင်းယွန်က တွန်းဆုတ်ခြင်း မရှိဘဲ၊ ချက်ချင်း ပြန်ဖြေ လိုက်သည်။
“ မင်း ... သေချင် နေတာပဲ။ ”
လေထုကို ဖြတ်သန်း နေဆဲ ဖြစ်သော လက်သည်း အတွင်း၊ မူလ စွမ်းအင် များကို ထပ်မံ လောင်းထည့် လျက်မှ၊ လိုကွန်က ဆိုသည်။
“ အွတ် ... ။ ”
သို့သော် သူ့ လက်သည်းက၊ ဦးတည်ရာ အရပ်သို့ မရောက်မီ၊ ရင်ဘတ်ပေါ် လက်သီးကြီး တစ်လုံး ကျရောက် လာပြီး၊ လွင့်စဉ် သွားရ၏။
“ သေ သွား ပြီလား ... ။ ”
ကြမ်းပြင်ပေါ် ရောက်သည်နှင့်၊ ငြိမ်သက် သွားသော လိုကွန်ကို ကြည့်ပြီး၊ တိတ်ဆိတ် သွားကုန်သည်။
“ တိမ်မီးတောက် နယ်မြေက တန်ယန်၊ မင်းခွေး သေသွား တာတောင်၊ ဘာလို့ အဲဒီမှာ ရပ်နေ သေးတာလဲ ... ။ ”
လင်းယွန်က တန်ယန်အား စိန်ခေါ် နေသဖြင့်၊ လူတိုင်း ပါးစပ် အဟောင်းသား ဖြစ်ကုန်၏။
ရင်ပြင် တစ်ခုလုံး တိတ်ဆိတ် သွားကာ၊ စိန်ခေါ်မှု အပေါ်၊ တန်ယန် တစ်ယောက် မည်သို့ တုန့်ပြန် မည်ကို၊ သိချင် လာကြသည်။
“ ငါ နားကြား မှားတာလား၊ မင်းကော ... ကြားလိုက်တယ် မဟုတ်လား။ ”
“ ဒီ အရူးက ဘယ်သူလဲ၊ သူ ဘယ်က လာတာလဲ၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ လေးနဲ့၊ တန်ယန်ကို စိန်ခေါ် ဝံ့တယ်။ ”
“ တန်ယန်ရဲ့ တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီးက၊ ကောင်းကင် ဝိညာဉ် နယ်မြေ၊ ကျွမ်းကျင် သူတွေ ကိုတောင် သတ်နိုင်တယ်။ ”
လူအုပ်ကြီး အနေဖြင့်၊ တန်ယန်၏ ခွန်အား အပေါ်၊ ကြောက်ရွံ့စွဲ ရှိနေ သဖြင့်၊ လင်းယွန်ကို အကောင်း မမြင်နိုင် ခဲ့ချေ။
ယုဟိုရှင်း သည်ပင်၊ အံ့အားသင့် သွားပြီးနောက်၊ တိတ်တဆိတ် လှောင်ပြောင် ရယ်မော မိသည်။
လင်းယွန်သည် ဤနေရာအား၊ ပယင်း ကမ္ဘာကြီးဟု ထင်နေ ပုံရ၏၊ သူ့ အမြင် အရ အနိုင်ရ လျှင်ပင်၊ တန်ဖိုး တစ်ခု ပေးချေ ရပေမည်။
ထိုအချိန်တွင် လင်းယွန်အား သူက၊ အလွယ်တကူ သတ်ကာ၊ လက်စား ချေနိုင် တော့မည် ဖြစ်၏။
ဖန်ရှောင်ယုနှင့် ချင်းချောင်မှာ အံသြ သွားသည်။ ပယင်း တောင်တွင် ချန်ပီယံ နှစ်ဦး သတ်ပြီး၊ လင်းယွန်က သူ့ မာနကို ပြသ ခဲ့သည်။
သို့သော် ကောင်းကင် လမ်းတွင်၊ ဤသို့ ဆက်၍ ပြုမူ နေဦး မည်ဟု မထင်ထား သည်မှာ၊ အမှန် ပေပင်။
လင်းယွန် ဟူသည် သူ သိသော၊ ဓားနန်းတော်မှ လင်းယွန် ဖြစ်နေ မြဲမို့၊ ဇိုချင်းရှန် တစ်ယောက် မျက်လုံးများ တောက်ပ သွားသည်။
ပယင်း ကမ္ဘာပင် ဖြစ်စေ၊ ကောင်းကင် လမ်းပင် ဖြစ်စေ၊ ကိုယ်တိုင် ရွေးချယ် ပြီးနောက် သေရ မည်ကို၊ မည်သည့် အတွက်မျှ ကြောက်ရွံ့ နေစရာ အကြောင်း မရှိ တော့ချေ။
***