← Chapters

ဒေါသ။

Vol. 63 Ch. 871

ဒေါသ။

Vol. 63 Ch. 871

လင်းယွန်၏ စကား များရှိ၊ မာန တရားကို လူတိုင်း ခံစား နိုင်သည်။ သို့သော် ယင်းမှ တလွဲ မာန မျှသာ ဖြစ်ကြောင်း၊ ယူဆ မိကြ၏။

တန်ယန်ကို မထီ မဲ့မြင်ပြု သူတိုင်း၊ မီးလောင် ပြာကျ ကုန်သည့် ဥပမာများ ရှိလေ သည်။ ထို့ကြောင့် လူသေ တစ်ယောက်လို ကြည့်မိ သည်မှာ မထူး ဆန်းချေ။

ဖန်ရှောင်ယုက ရုတ်တရက် သတိဝင် လာပြီး၊

“ လင်းယွန်၊ ဒေါသ မထွက်နဲ့၊ သည်းခံပါ။ ”

- ဟု ဆိုလိုက်သည်။ သို့သော် လင်းယွန်က ခေါင်းယမ်း လိုက်ပြီး၊

“ ဖန်ရှောင်ယု၊ မင်းက နုံအ လွန်းတယ်၊ ဒီတိုက်ပွဲကို ရှောင်လွှဲလို့ မရ ပါဘူး၊ ဒီအတွက် ဘာလို့ သည်းခံ နေရ မှာလဲ။ ”

“ ဟား ဟား ဟား ...၊ ပြောတာ အရမ်း ကောင်းတယ် ။ ”

တန်ယန်၏ ကြောက်စရာ ကောင်းသော ရယ်မော သံကြောင့် လူတိုင်း ကျောရိုးများ အေးစိမ့် သွားသည် ။

ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်လိုက် ကြပြီး၊ ကြောက်ရွံ့မှု အပြည့်ဖြင့် လင်းယွန်တို့ လူ တစ်စုကို ချန်ထား လိုက်၏။

များပြား လှသော လူအုပ်ကြီးက၊ နောက်ဆုတ်ကာ တိုက်ပွဲ မြေပြင် အဖြစ် ပြောင်းလဲ ပေးနေ သည်ကို ကြည့်ပြီး၊ တန်ယန် အသွင်မှာ တင်းမာ အေးစက် လာခဲ့သည်။

“ ကောင်လေး ဒီမြို့က၊ ငါ့ရဲ့ ထိန်းချုပ်မှု အောက်မှာ တစ်နှစ် နီးပါး ရှိနေပြီ၊ လူဆယ့်ရှစ် ယောက်က ငါ့ကို စိန်ခေါ် ခဲ့ပေမဲ့၊ အားလုံး သေကုန် ကြတယ်။ ”

အပြုံး တစ်ပွင့် နှင့်အတူ ရှေ့လှမ်းတက် လာသော တန်ယန် ထံမှ သတ်ဖြတ် လိုသည့်၊ ဆန္ဒများ ပေါက်ကွဲ ထွက်လာသည်။

“ အခု ... မင်းက၊ ဆယ့်ကိုးယောက် မြောက်ပဲ ။ ”

သူ့အား စိန်ခေါ်လာ သူ အားလုံးမှာ၊ ချွင်းချက် မရှိ၊ မသေမချင်း နာကျင်စွာ အော်ဟစ် ခဲ့ရသည်။

“ အစ်ကိုတန်၊ အထင် မလွဲ ပါနဲ့၊ ငါကြယ်ပုလဲ တစ်ထောင် လွှဲပေး ပါမယ်၊ ဒီကိစ္စကို အေးအေး ဆေးဆေး ဖြေရှင်းဖို့ မျှော်လင့် မိပါတယ်။ ”

ဖန်ရှောင်ယုက ပြုံးလျက် ညှိနှိုင်း လိုက်သည်။ နောက်ဆုံးတွင် ပယင်း ကမ္ဘာရှိ မည်သူ့ ကိုမျှ၊ မသေစေ လိုချေ။

“ ဖယ် စမ်း ... ။ ”

တန်ယန်က အထင် အမြင် သေးသော မျက်လုံး များဖြင့်၊ ဖန်းရှောင်ယုအား ကန်ထုတ် ပစ်လိုက်သည်။

“ မင်းလို အမှိုက်က ... ၊ ဘယ်သူ့ကို အစ်ကိုလို့ ခေါ် နေတာလဲ ဟမ့် ... ။ ”

-ဟု မေးလျက် နှာခေါင်း ရှုံ့လိုက် လေသည်။

မြေပြင်ပေါ် နောက်ပြန် လဲကျ သွားသော ဖန်ရှောင်ယုမှာ၊ ပါးစပ်မှ သွေးများ စီးကျ လာပြီး ပြန်မဖြေ နိုင်ခဲ့ချေ။ သူတို့ နှစ်ဦးကြား ကွာဟ ချက်ကို ရှင်းရှင်း လင်းလင်း သိလာ ရတော့ သည်။

“ ဖန် ရှောင် ယု ... ။ ”

“ အစ်ကို ဖန် .... ။ ”

ဇိုချင်းရှန်နှင့် ချောင်ချန် တို့က၊ အပြေး အလွှား ထူမ ပေးနေစဉ်၊ မျက်နှာများ ပြောင်းလဲ သွားတော့ သည်။

“ အစ်ကိုဖန် ... ၊ ဘာလို့ ဒီကောင့်ကို ကယ်တင် နေရ တာလဲ၊ မင်း အရမ်း မိုက်တယ်။ ”

အသက် ဓာတ်များ ယိုစိမ့် လာ သဖြင့်၊ ချောင်ချန်က စိတ်မကောင်း ဟန်ဖြင့် အံကြိတ် ကာ ဆိုသည်။

“ မင်းတို့က ငါ့ကို ခေါင်းဆောင် အဖြစ် သတ်မှတ် ထားတယ် မဟုတ်လား၊ လူတိုင်းရဲ့ ဘေးကင်းဖို့ အတွက်၊ ငါမှာ တာဝန် ရှိတယ်၊ ဘာပဲ ဖြစ်ဖြစ် သူ့ကို ကူညီ ပေးလိုက်ပါ။ ”

ခြေကန်ချက် တစ်ချက်သည် အသက်နှင့် သေခြင်းကြား ရောက်ရှိ လာခဲ့သည်။ ရှင်သန်နိုင် ခဲ့လျှင်ပင်၊ အုတ်မြစ်ကို ထိခိုက် သွားပြီ ဖြစ်၏။

ထိုအချင်း အရာကို လျစ်လျူရှူ လိုက်ပြီး၊ တန်ယန်က နှာခေါင်းရှုံ့ လိုက်သည်။

“ ဟမ့် ... ဒီအမှိုက်က၊ သူ့ကိုယ် သူတောင် မကာကွယ် နိုင်ပဲနဲ့၊ မင်းကို ကာကွယ် ပေးချင် နေပုံပဲ၊ မင်းသတ်ခဲ့ တာက ... ”

“ ... ငါ့ရဲ့ ခွေး တစ်ကောင်ပါ၊ ဒါပေမယ့် ငါကတော့ မင်းရဲ့ ညီအစ်ကို တစ်ယောက်ကို ပြန်ယူ လိုက်မိပြီ၊ ဘာလဲ အဆင် မပြေ ဖူးလား၊ ဘာဆက်လုပ် ချင်လဲ။ ”

တန်ယန် စကား များက၊ မောက်မာမှု အပြည့်ဖြင့် ခြိမ်းခြောက် ဟန်များ၊ ပေါင်းစပ် နေသော်လည်း၊ လင်းယွန်က တုန်လှုပ်ခြင်း မရှိချေ။

သူ့ အတွေး မှားခဲ့သည့် အပေါ်သာ စိတ်မကောင်း ဖြစ်မိသည်။ ဇိုချင်းရှန် အတွက် ကိုသာ၊ ဂရုစိုက် မိသော်လည်း၊ ဖန်ရှောင်ယု လုပ်ရပ်က သူ့ ရင်ကို ထိလေသည်။

( ငါ ... မှားသွားတယ်။ )

ဖန်ရှောင်ယုမှာ သူရဲ ဘောကြောင်ခြင်း မဟုတ်ချေ။ လူတိုင်း၏ အနာဂတ် အတွက် မျှော်လင့် ချက်များ ထားနေခြင်း ဖြစ်သည်။

အဖွဲ့သားများ အန္တရာယ် ကြုံချိန်၌ တွန့်ဆုတ် မနေပေ။ သူအား ပယင်း ကမ္ဘာ၏ ပါရမီရှင် တစ်ဦး အဖြစ်၊ အမှန်တကယ် အဆုံးထိ သွားစေ လိုပုံ ရသည်။

“ မင်းကသာ တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီးကို လွှဲပြောင်း ပေးဖို့ ဆန္ဒ ရှိခဲ့ရင်၊ ငါက အသက် ရှင်ခွင့် ပေးမယ်လို့ အစက ရည်ရွယ် နေခဲ့တာ၊ ... ”

“ ... အခုတော့ ခွေး တစ်ကောင်လို မင်းက လေးဘက်ထောက် တောင်းပန် ခဲ့ရင်တောင်၊ ငါ သတ်ရ လိမ့်မယ်။ ”

လင်းယွန်က ဒေါသကို ထုတ်ဖော်ရန် ဆုံးဖြတ် မိသည်။ သူ့ မိတ်ဆွေအား သတ်ပစ်လို သည့်နောက်၊ အကျိုး ဆက်အား မည်သူ မဆို လက်ခံ နိုင်ရမည် ဖြစ်၏။

မည်သို့ပင် ဆိုစေ ကာမူ၊ ကြားရ သူတိုင်း အတွက် ဟာသ တစ်ပုဒ် မျှသာ ဖြစ်လေသည်။ လင်းယွန် ရူး သွားပြီ ဟုပင် ထင်မြင် လာကြ၏။

“ ဟား ဟား ဟား ... ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်တဲ့ ဟာသ မျိုးလဲ ... ။ ”

လင်းယွန်၏ ကြိမ်းဝါး ခံရ မှုကြောင့်၊ တန်ယန် တစ်ယောက် ပို၍ ဒေါသ ထွက်လာပြီး၊

“ မင်းသာ ... ငါ့ ခွေးကို မသတ် ခဲ့ရင်၊ ငါ လွှတ်ပေး လို့ရတယ်၊ အခုတော့ မင်း အတွက် လမ်းမရှိ တော့ဘူး။ ”

စကားဆုံး သည်နှင့် ကောင်းကင်ပေါ် ခုန်တက်ကာ၊ လင်းယွန်ရှေ့ ရိပ်ခနဲ ရောက်ရှိ လာသည်။

“ ဝှစ် ... ။ ”

သူ့ အရှိန်မှာ အရမ်း မြန်လွန်း သဖြင့်၊ စက္ကန့်ပိုင်း အတွင်း လက်သီးပေါင်း (၄၉) ချက် ထုတ်ဖော် လိုက်သည်ကို၊ မည်သူမျှ မသိလိုက် ကြချေ။

“ ဝုန်း ... ။ ”

ကျယ်လောင်သော လေခွင်းသံ များနှင့် အတူ၊ တန်ယန် နောက်၌ မီးတောက် တစ်ခု ထွက်ပေါ် လာ၏။

“ မင်းက ငါ့ကို သတ်မို့လား၊ ငါ့ရဲ့ လက်သီး တစ်ချက် စာတောင် မယူ နိုင်တဲ့၊ အမှိုက် တစ်စ ကများ ... ။ ”

ဟုဆိုလျက်၊ အထင်သေးစွာ လင်းယွန်အား ငုံ့ကြည့် လိုက်သည်။

အသက် တစ်ရှိုက်စာ အတွင်း လက်သီးပေါင်း (၄၉) ချက် ထုတ်ဖော် လိုက်ရ သဖြင့်၊ တန်ယန် တစ်ယောက် အနည်းငယ် နွမ်းလျ သွားသည်။

“ မင်း ပြီးပြီလား၊ ဒါဆို ငါ တစ်လှည့် စမ်းကြည့် ပါရစေ။ ”

သို့သော် လက်သီး ရိပ်များ ကြားမှ လင်းယွန်၏ အေးစက်သော အသံ ထွက်ပေါ် လာလေရာ၊ တန်ယန် ခမျာ ထိတ်လန့် သွားမိ သည်။

ခန္ဓာကိုယ် အနှံ့ နဂါး ရူရ်များ လင်းလက်စေ လိုက်ပြီး၊ ရန်သူ့ လက်သီး များကို လင်းယွန်က ခံယူ လိုက်သည်။

တစ်ဖက် လူ၏ လက်သီး အမြန် နှုန်းမှာ၊ သူ့ အမြန်နှုန်း ဆယ်ပုံ တစ်ပုံ မျှပင် မရှိချေ။ သို့သော် ဖန်ရှောင်ယုအား စော်ကား မိသည့် နောက်၊ သူ့ကိုယ်သူ အပြစ် ပေးရန် ခံယူ လိုက်ခြင်း ဖြစ်သည်။

“ ဖုန်း ... ဖုန်း ဖုန်း ။ ”

ပြင်းထန်သော ဒဏ်ရာများ မရရှိ လိုက် သော်လည်း၊ နာကျင်မှုကို ခံစား ရဆဲ ဖြစ်သည်။ ဤဝေဒနာသည် သူ့ကိုယ်သူ သတိပေး ခြင်းလည်း ဖြစ်၏။

လင်းယွန်၏ မျက်လုံး များမှ ထွက်ပေါ် လာသော၊ သတ်ပစ် လိုသည့် ဆန္ဒများကို ခံစား လိုက်ရ သဖြင့်၊ တန်ယန် တစ်ယောက် လျင်မြန်စွာ နောက်ပြန် ဆုတ်မိသည်။

“ မိုးပြာ နဂါး နဝမ ပုံစံ။ ”

မြေပြင်ပေါ် အသာ ပုတ်လျက် နဂါး ရူရ်များ အားလုံးကို အသက်သွင်း လိုက်ပြီး၊ တန်ယန်၏ မျက်နှာထံ ရည်ရွယ်ကာ၊ ခုန်ကန်ပစ် လိုက်သည်။

“ ဖောင်း ... ။ ”

ရုတ်တရက် ဖြတ်ကန် ခံလိုက်ရ သဖြင့်၊ တန်ယန် တစ်ယောက် သွားများ ကျိုးကုန်ကာ၊ လွင့်စဉ် သွား၏။ ယင်းမှာ အဆုံးသတ် မဟုတ် သေးချေ။

အပြာရောင် နဂါးခေါင်း ကြီးနှင့် အတူ၊ လက်သီး တစ်လုံးက သူ့ ရင်ဘတ်ပေါ် ထပ်မံ ကျရောက် လာသည်။

“ အွတ် ... ။ ”

ရင်ဘတ်အား ထိမှန်လိုက် သည်နှင့်၊ မိုးကြိုးပစ် ခံလိုက်ရ သကဲ့သို့ အမြောက်ဆံ သဖွယ် လွင့်စဉ် သွားသည်။

လမ်းတစ်လျှောက် ကြောက်မက်ဖွယ် ကောင်းသော၊ လျှပ်စီး စွမ်းအင် များက ရင်ဘတ် ပေါ်၌၊ တဖြောင်းဖြောင်း ပေါက်ကွဲ နေခဲ့၏။

“ တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီး။ ”

သို့သော် တန်ယန်မှာ အလွယ် အကူ အနိုင်ယူ နိုင်သူ မဟုတ်ချေ။ လေထဲ ၌ပင် သူ၏ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာကို၊ ချက်ချင်း အကောင် အထည်ဖော် လိုက်သည်။

“ ဟိတ် ... ။ ”

အရာ အားလုံးကို လောင်ကျွမ်း ပစ်နိုင်သော လက်သီး များနှင့်၊ ချက်ချင်း ပြန်လည် ပစ်ခတ် လိုက်သည်။

“ သေ လိုက် စမ်း ... ။ ”

ထိုအချိန် မှာပင် တစ်ဖက်လူ ထံမှ၊ သိပ်သည်း လွန်းသော အပြာရောင် မူလ စွမ်းအင်ကို၊ အာရုံခံ မိလိုက်မိ သဖြင့်၊ တန်ယန် တစ်ယောက် အံ့အားသင့် သွားသည်။

တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ တစ်ဦးတွင်၊ ဤမျှသော မူလ စွမ်းအင်များ ရှိနေ သည်မှာ၊ ယုံနိုင်စရာ မရှိချေ။

သူ အံသြ နေစဉ်၊ လင်းယွန်က ကောင်းကင် ဓားသုတ္တန်အား၊ အဆုံးထိ ဖြန့်ကျက် ထုတ်ဖော် လိုက်၏။

“ မ ဟုတ် ဘူး … ။ ”

တန်ယန်က အပြာရောင် သစ်ပင်ကြီးကို ကြည့်ကာ၊ နောက်ပြန် ဆုတ်ချင် မိသော်လည်း၊ နောက်ကျ သွားသည်။

“ ဝှစ် ... ။ ”

လျှပ်စီး လက်သီးကြီး တစ်လုံးက ဓား တစ်လက် ကဲ့သို့၊ မီးတောက် လက်သီး များကို ထိုးဖောက် လာပြီး၊ အနား ရောက်ချိန်၌၊ သူ့ လက်ကောက် ဝတ်အား၊ ပြောင်းလဲ ဆုပ်ကိုင် လာလေသည်။

တစ်ဆက် တည်းမှာပင်၊ လက်ကောက် ဝတ်အား ချုပ်ကိုင်ခံ လိုက်ရပြီး၊ ဖွဲအိတ် တစ် အိတ် ကဲ့သို့၊ လွှဲရိုက်ခြင်း ခံလိုက် ရ၏။

“ ဖုန်း ... ဖုန်း ဖုန်း ။ ”

ကျယ်လောင်သော ပေါက်ကွဲ သံကြီး နှင့်အတူ၊ တန်ယန် တစ်ယောက် မြေကြီးထဲ နစ်မြုပ် သွားတော့သည်။

***

All Chapters