ရွေးချယ် စရာ နှစ်ခု။
Vol. 63 Ch. 872
မြေပြင်နှင့် လွှဲရိုက် လိုက်သည့် အခိုက်တွင်၊ လူအုပ် ကြီးမှာ၊ ဦးရေပြားများ ကြိမ်းတွ ကုန်ကြ သည်။
တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီး အောက်တွင်၊ မည်သူမျှ အသက် မရှင် နိုင်ခဲ့ချေ။ သို့သော် ယင်းမှာ ဤအချိန် မတိုင်မီ၊ အတိတ်သာ ဖြစ်ချေပြီ။
ထို့ကြောင့် တန်ယန် နစ်မြုပ် နေသော ချိုင့်ဝှမ်း အစပ်တွင်၊ ရပ်နေသည့် လင်းယွန်ကို တိတ်ဆိတ်စွာ ခိုးကြည့် လိုက်ကြသည်။
မျက်မြင် ဖြစ်သော်လည်း မယုံ ချင်ချေ။ ထို့ကြောင့် အာမေဋိတ် သံများ ထွက်ပေါ်လာ တော့သည်။
“ ဒါက ဘယ်လို ဖြစ်သွား ရတာလဲ။ ”
“ တန်ယန် ရှုံးသွား ပြီလား။ ”
“ သူက ဘယ်သူလဲ။ ”
တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီးဖြင့် ဒဏ်ရာ တစ်ချက် မျှပင်၊ မရရှိ ခဲ့သည့် အချက် အပေါ် လက်မခံ နိုင်ချေ။ သို့သော် လက်ခံသည် ဖြစ်စေ၊ လက် မခံသည် ဖြစ်စေ ရလာဒ်က သက်သေ ပြေနေသည်။
အဆိုပါ ကံကြမ္မာ ကိုယ်ခံပညာမှာ ကျော်ကြား လှပြီး၊ တိမ်မီးတောက် နယ်မြေမှ မြို့များကို သိမ်းပိုက်ထား နိုင်သော အကြောင်း ရင်းလည်း ဖြစ်သည်။
တန်ယန်က လင်းယွန်ကို ထိုးနှက် လိုက်ချိန်၌၊ ယုဟိုရှင်မှာ သူ၏ သတ်ဖြတ် လိုသော ဆန္ဓကို ထုတ်လွှတ် လိုက်မိသည်။
သို့သော် တန်ယန်မှာ၊ အမှိုက် တစ်စ ဖြစ်မှန်း၊ သိလိုက်ရ သဖြင့်၊ ကျိန်ဆဲလျက် ၎င်းအား ချက်ချင်း ရုတ်သိမ်း လိုက်ရသည်။
( ဒီကောင်က ဘယ်လိုတောင် ... ၊ သန်မာ နေရ တာလဲ။ )
တန်ယန်ကြောင့် သေလု မျောပါး ဖြစ်နေသော ဖန်ရှောင်ယုက ထိုမြင်ကွင်းကို ကြည့်ကာ၊ အိမ်မက် တစ်ခုလား ထင်မြင် မိသည်။
သူ့ အနေဖြင့် တန်ယန်၏ အငိုက်ဖမ်း ကန်ကျောက်ခြင်း ကြောင့်သာ ခံလိုက် ရသည် မှန်သော်လည်း၊ နောက်ကွယ်ရှိ ခွန်အားမှာ၊ ပြင်းထန် လှကြောင်း ဝန်ခံ ရပေမည်။
သို့သော် ယင်းသည် လင်းယွန် အပေါ် လုံလောက်ပုံ မရချေ။ အံ့ဩ မှင်တက် နေစဉ် မှာပင်၊ လင်းယွန်က မြေပုံ ထဲမှ တန်ယန်ကို လေထဲ မြှောက်ယူ လိုက်ပြီး၊ ဖွဲအိတ် တစ်လုံး ကဲ့သို့ ထပ်မံ ထိုးချ လိုက်သည်။
“ ဖုန်း ... ။ ”
ထိုလက်သီးတွင် ခွန်အားကို ထိန်းချုပ်ထား သောကြောင့်၊ ကောက်ယူလိုက် ထိုးနှက်လိုက် လုပ်ပြီး နောက်တွင်ပင်၊ တန်ယန် တစ်ယောက် မသေနိုင် သေးချေ။
“ ဖုန်း ... ဖုန်း ဖုန်း။ ”
သည်မြင်ကွင်းမှာ တိုက်ရိုက် သတ်ခြင်း ထက်ပို၍၊ ကြောက်စရာ ကောင်းနေ ပေသည်။ ခွေတစ်ကောင် ကဲ့သို့ စိမ်ပြေနပြေ ရိုက်နှက်နေ ခြင်းအား မည်သူ မဆို ကျေနပ် နိုင်မည် မဟုတ်ချေ။
“ မင်း ... အခု နောင်တ ရပြီလား။ ”
ထိုးနှက် ခြင်းကို ရပ်တန့်ကာ လင်းယွန်က မေးလိုက်သည်။ ယခု အချိန်၌ အသက် မသေခဲ့ လျှင်ပင် တန်ယန်မှာ၊ ဒုက္ခိတ တစ်ယောက် အဖြစ် ရှင်သန် ရပေ တော့မည်။
“ အစ်ကို လင်း၊ ငါ မှားသွား ပါတယ်၊ ငါ သူ့ကို မကန် သင့်ပါဘူး၊ ငါ့မှာ သူ့ကို ကယ်တင် နိုင်မဲ့ ဆဋ္ဌမတန်း မှော်ဆေးလုံး တစ်လုံး ရှိပါ တယ်၊ ငါ့ အသက်ကို ချမ်းသာ ပေးပါ။ ”
ရှင်သန်ရန် အတွက် ဆဌမတန်း မှော်ဆေးလုံးကို ကမ်းလှမ်းကာ၊ တောင်းပန် လိုက်သည်။
လူအုပ်ကြီးက အံ့သြ နေဆဲ မှာပင်၊ ဆေးလုံးကို ယူပြီး၊ ဇိုချင်းရှန်ထံ လှမ်းပစ်ပေး လိုက်၏။
“ မြေကမ္ဘာ မူလ ဆေးလုံး ”
ဆေးလုံးကို ဖမ်းယူပြီး၊ ဇိုချင်းယန် တစ်ယောက် စိတ်လှုပ်ရှား သွားသည်။ အဆိုပါ ဆေးလုံးသည်၊ ပယင်း ကမ္ဘာ၌ တန်ဖိုး မဖြတ် နိုင်သော ရတနာ တစ်ပါး ဖြစ်၏။ ၎င်းကို အင်ပါ ရီယာန်များ မှသာ သန့်စင် နိုင်သည်။
ထို့ပြင် ဝယ်လိုအား များလွန်း သဖြင့်၊ စျေးကွက်တွင် ရှာ မရချေ။ အသက် ဓာတ်ကို ပြန်လည် ပြည့်ဝစေ နိုင်ရုံ သာမက၊ ကျင့်ကြံမှု အပေါ် တွင်လည်း၊ အထောက် အကူ ရစေ၏။
ထို့ကြောင့် ဖန်ရှောင်ယု တစ်ယောက် ဆေးလုံးကို မျိုချလိုက် သည်နှင့်၊ မြင်သာသော အရှိန် အဟုန်ဖြင့၊ ပြန်လည် ကောင်းမွန် လာသည်။
“ ဒါ အမှန်ပဲ ... ။ ”
ဇိုချင်းရှန်က ဝမ်းသာ အားရ ခေါင်းညိတ် ပြလိုက်သည်။ တစ်ဖက်တွင် တိမ်မီးတောက် နယ်မြေ ၌ပင်၊ ဤဆေးလုံးမျိုး ငါးလုံးသာ ရှိသဖြင့်၊ တန်ယန် မျက်နှာမှာ၊ ဖြေဆည် မရ နိုင်အောင် နှမျော နေခဲ့သည်။
မြောက်များ စွာသော ပံ့ပိုး ကူညီမှုများ ကြောင့်သာ၊ ကောင်းကင် လမ်းသို့ မဝင်မီ ရရှိ ခဲ့ခြင်း ဖြစ်သည်။
ဤမြင်ကွင်းကို ငြိမ်သက်စွာ ကြည့်နေစဉ် ဒရာကိုဖီ ကျောက်စာတိုင်မှ ကြောက်မက်ဖွယ် ကောင်းသော မီးတောက်များ လျှံထွက်လာ တော့သည်။
မီးတောက် များက ကောင်းကင်ကို မီးပင်လယ်ကြီး သဖွယ် ချက်ချင်း ပြောင်းလဲ ပစ်လိုက်၏။
“ ဟား ဟား ဟား ... လင်းယွန်၊ မင်းတော့ သေပြီ၊ ငါ့ရဲ့ စီနီယာ အစ်ကို ထွက်လာပြီ၊ မင်းတင် မကဖူး၊ ပယင်း နယ်မြေက လူတိုင်း သေရ လိမ့်မယ်။ ”
ဤသည်မှာ နန်းနောင်ဟဲ၏ ရောင်ဝါ ဖြစ်သဖြင့်၊ တန်ယန် တစ်ယောက် ဝမ်းသာ သွားသည်။
တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ ဖြင့်ပင်၊ နယ်မြေ ဆယ်ခုမှ ကျွမ်းကျင်သူ များကို၊ သတ်ပစ် ခဲ့ဖူးသည်။
ထို့ကြောင့် ကောင်းကင် ဝိညာဉ် နယ်မြေသို့ ရောက်ရှိ လာသော အခါတွင်၊ သူ မည်မျှ သန်မာ မည်ကို စိတ်ကူး မယဉ် နိုင်ပေ။
အစောပိုင်း အချိန်၌ပင် နန်းနောင်ဟဲကို မေ့ပြီး၊ တန်ယန် ရှုံးသည်နှင့် မြို့မှ လွတ်မြောက် တော့မည်ဟု ထင်လိုက် သူများက၊ ခေါင်းယမ်း မိကုန်သည်။ သူတို့တွင် အခွင့် အရေး မရှိ တော့ချေ။
ယုဟိုရှင်းက ပြုံးလိုက်သည်။ လင်းယွန် တစ်ယောက် သည်နေ့ သေမည်မှာ သေချာ၏။ သူ့ လက်ဖြင့် မသတ်ရ လျှင်ပင်၊ အရေး မကြီး တော့ချေ။
“ အစ်ကိုကြီး၊ ငါ့ကို ကယ်ပါဦး ... ။ ”
တန်ယန်က ကျောက်စာ တိုင်ကို လှည့်ကြည့်ကာ၊ အော်ဟစ် လိုက်သည်။
တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၏ ကန့်သတ် ချက်သို့ ရောက်ပြီးနောက်၊ နန်းနောင်ဟဲ အနေဖြင့်၊ အောင်မြင်မှု တစ်ခုရ ယူရန်၊ ခက်ခဲခြင်း မရှိတော့ချေ။
တစ်ဖက်တွင် နန်းနောင်ဟဲ အကြောင်းကို ကြားချိန် မှစ၍၊ ကန့်သတ်ချက် ပြည့်ပြီးနောက် မည်မျှ သန်မာ မည်ကို၊ လင်းယွန်က သိချင် ခဲ့သည်။ ထို့ကြောင့် တန်ယန်ကို မနှောင့် ယှက်ဘဲ လွှတ်ပေး လိုက်ခြင်း ဖြစ်၏။
မီးနဂါးကြီး တစ်ကောင် ကဲ့သို့၊ ပုံရိပ် တစ်ရိပ် ကျောက်စာတိုင်မှ ကောင်းကင်ပေါ် ထိုးတက် သွားပြီး၊ တန်ယန် အနား ချက်ချင်း ဆင်းသက် လာသည်။
နန်းနောင်ဟဲသည် ကောင်းကင် ဝိညာဉ် နယ်မြေသို့၊ ထိုးဖောက် ဝင်ရောက် နိုင်ရုံသာ မက၊ မီး ရည်ရွယ်ချက် ကိုလည်း ဒုတိယ အဆင့် ထိအောင်၊ ဆုပ်ကိုင် နိုင်ခဲ့သည်။
ဆိုလို သည်မှာ နယ်မြေ ဆယ်ခု၏ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ ဆယ်ယောက်နှင့်၊ တိုက်ခိုက်သော အချိန်ထက် ပို၍ အားကောင်း လာပေသည်။
ဖျင်အင်္ကျီကို ၀တ်ဆင် ထားပြီး လင်းယွန်ထက် တစ်နှစ်ခန့် ကြီးပုံ ရ၏။ ပုံပန်း သဏ္ဍာန်မှာ သာမန် မျှသာ ဖြစ်သော်လည်း၊ မာနကြီး မည်ကို ခံစား နိုင်သည်။
သူ့နောက်တွင် ဟိန်းဟောက် နေသော နဂါးကြီး တစ်ကောင်အား၊ ယောင်ဝါးဝါး မြင်နိုင် ပေ၏။
“ ဘာဖြစ် နေတာလဲ။ ”
နန်းနောင်ဟဲက မေးလာ သဖြင့် တန်ယန် တစ်ယောက် ဖြစ်ပျက်ခဲ့ သမျှကို အမြန် ရှင်းပြ လိုက်သည်။
“ စိတ်ဝင်စား စရာပဲ ... ၊ အောင်မြင်မှု တစ်ခုကို ရယူနိုင် ခဲ့တဲ့ အတွက်၊ ငါ့ ခွန်အားကို စမ်းသပ် ကြည့်ချင် နေတာ ၊ ... ”
နန်းနောင်ဟဲက ဒေါသ မထွက် ခဲ့ဘဲ ပြုံးလျက်၊ လင်းယွန်အား ပြန်လှည့်ကြည့် လိုက်သည်။ ထို့နောက် မျက်လုံးများ ကို မှေးစင်းလျက်၊
“ ... အခုတော့ မင်း ရောက်လာ တာနဲ့ အတော်ပဲ။ ”
-ဟု လေးနက်စွာ ဆို၏။
လင်းယွန်၏ လုပ်ရပ်များ အပေါ် ဒေါသ ထွက်သည့် လက္ခဏာ မပြချေ။ ယုံကြည် မှုမှာ၊ ခွန်အား တစ်ခု တည်းမှ လာခြင်း မဟုတ် သောကြောင့်၊ သည်အရာက သူ့ကို ပို၍ ကြောက်စရာ ကောင်းစေ ခဲ့သည်။
“ သူတို့ နှစ်ယောက်ကြား ... ၊ ကွာဟ ချက်က ကြီးတယ်။ ”
“ နန်းနောင်ဟဲက မရိုး ရှင်းဘူး ... ။ ”
ဆွေးနွေးသံ များနှင့် အတူ၊ လူအများ အပြားက ပတ်သက် ဆက်နွယ်နေ မည်ကို စိုးရိမ် သဖြင့်၊ လွတ်ရာသို့ ထပ်မံ ဆုတ်ခွာ လိုက်ကြသည်။
“ လင်းယွန် ... ၊ မင်း နာမည်က လင်းယွန် ဟုတ်တယ် မဟုတ်လား။ ”
နန်းနောင်ဟဲက လင်းယွန်ကို ကြည့်ပြီး ပြုံးကာ၊
“ မင်းမှာ ရွေးချယ် စရာ နှစ်ခု ရှိတယ်၊ မင်းကိုယ့်မင်း သတ်သေ နိုင်သလို၊ ငါ့ ထံမှာ ဒူးထောက်ပြီး ခွေး အဖြစ် ဆက်နေ နိုင်တယ်။ ”
တန်ယန်ထက် သာလွန် ကြီးစိုးမှုကို ပြသလျက် ဆိုလာ သဖြင့်၊ လင်းယွန်မှ မည်သို့ တုန့်ပြန် မည်အား၊ လူတိုင်းက စိတ်ဝင်စား လာတော့သည်။
***