ငါ့ ဓားနဲ့ ထိုက်တန်တယ်။
Vol. 63 Ch. 873
အားလုံးက လင်းယွန်ကို စိုက်ကြည့် နေကြသည်။ မည်သူ မဆို ဒုတိယ လမ်းအား ရွေးချယ်မည်၊ မဟုတ်ချေ။
ထို့ကြောင့် မည်မျှ ခက်ခဲ ကြောင်းကို၊ သူတို့ နားလည် နိုင်သည်။ သို့သော် လင်းယွန် မှာမူ၊ မျက်ဝန်းများ တောက်ပ လာပြီး၊
“ စိတ် မကောင်း ပါဘူး၊ မင်းက ခွေး တစ်ကောင် ဖြစ်ဖို့တောင်၊ အရည်အချင်း မရှိဘူး၊ ဒါပေမယ့် တိမ်မီးတောက် လောင်ကျွမ်းခြင်း နည်းစနစ်ကို လွှဲပြောင်း ပေးရင်၊ မင်း အသက်ကို ငါ စဉ်းစား ပေးနိုင်တယ်။ ”
နန်းနောင်ဟဲမှာ၊ နဂါးလေး၏ လက်ပါးစေ တစ်ယောက် ဖြစ်ရန်ပင်၊ အရည်အချင်း မမီချေ။ သို့သော် အမှန် တရားသည် ခါးပေ၏။
ဤမောက်မာ မှုကြောင့် နန်းနောင်ဟဲ တစ်ယောက် ဒေါသ ဖြစ်လာ မည်ကို၊ လူတိုင်း ခန်းမှန်း နိုင်သည်။
နန်းနောင်ဟဲ အပြုံးများ ပျောက်ကွယ် သွားပြီး၊ ကြောက်စရာ ကောင်းလောက်အောင် အေးစက် သွား၏။
“ လင်းယွန် ... ၊ အခြေ အနေကို မင်း သဘော မပေါက် သေးဖူး ထင်တယ်၊ လူတိုင်းက ငါ့ ခွေး ဖြစ်ဖို့တောင် ... ”
“ ... အရည် အချင်း ပြည့်မီ ကြတာ မဟုတ်ဘူး၊ ငါ့နောက် မလိုက်ပဲ၊ ကောင်းကင် လမ်း အဆုံးကို၊ လျှောက်လှမ်း နိုင်မယ်လို့၊ ထင်နေ တာလား၊ ဟမ့် ... ။ ”
တန်ယန်က အထင်သေးစွာဖြင့် လင်းယွန်ကို ကြည့်ပြီး၊
“ ငါ့ရဲ့ စီနီယာ အစ်ကိုက၊ သူ့ လက်ပါးစေ အဖြစ် မင်းကို တကယ် အလေးအနက် ထားနေ တာပဲ၊ ဒီလို အခွင့် အရေးမျိုး ... ”
“ ... လူတိုင်း ရနိုင်တာ မဟုတ်ဘူး၊ မင်းက ငါ့အစ်ကိုရဲ့ လက်ပါးစေ ဖြစ်လာရင်၊ ကြယ်ပုလဲ တွေ ပေးစရာ မလို တော့ဘူး။ ”
တန်ယန် ကပါ ဝင်ရောက် ကမ်းလှမ်း လာသဖြင့်၊ လူ အချို့ကို မနာလို ဖြစ်သွား စေသည်။
“ အစ်ကိုကြီး နန်းနောင်၊ လင်းယွန်မှာ ဒီလို ဆန္ဒမျိုး မရှိပေမယ့်၊ ငါ့ရဲ့ အပြာရောင် သိမ်းငှက် နယ်မြေက၊ ကျေကျေ နပ်နပ် ထမ်းဆောင်ချင် ပါတယ်။ ”
“ ကျောက်နဂါး နယ်မြေ ကလည်း လိုက်ပါ ချင်ပါတယ်။ ”
“ အရိပ် လက်သည်း နယ်မြေ ကလည်း၊ ဆန္ဒ ရှိပါတယ်။ ”
လူအုပ် ကြားမှ၊ ကျင့်ကြံသူ သုံးဦးက တိုးထွက် လာကာ ဒူးထောက် လိုက်ကြသည်။ ၎င်းတို့ သုံးဦးမှာ၊ အသီး သီးသော နယ်မြေ များ၌၊ ကျော်ကြားသော ပုဂိ္ဂုလ်များ ဖြစ်၏။
ထို့ကြောင့် ဆယ် ဂဏန်းခန့် ရှိသော လူငယ်များ ကပါ၊ လိုက်ပါ ဒူးထောက် လိုက်ကြ သည်။ ဤမြင်ကွင်းကို မြင်သော အခါ တန်ယန်က ပြုံးပြီး၊
“ လင်းယွန်၊ ငါ မင်းကို နောက်တစ်ကြိမ် အခွင့် အရေး ပေးမယ် ... ။ ”
“ မလို တော့ဘူး။ ”
သို့သော် သူ့ စကား မဆုံးခင်၊ နန်းနောင်ဟဲက လက်ကို ဝှေ့ယမ်းပြီး ပြုံးကာ၊ ဟန့်တား လိုက်၏။
“ လူတွေကို အတင်း အကျပ် စေခိုင်း ရတာမျိုး ငါ မကြိုက်ဘူး၊ မင်းမှာ ဦးညွှတ်ချင် စိတ် မရှိတဲ့ အတွက်၊ သေလို့ ရပြီ။ ”
ထို့နောက် နန်းနောင်ဟဲ တစ်ယောက်၊ ရပ်နေရာမှ ပျောက်သွားပြီး၊ ပြန်ပေါ်လာ ချိန်၌ လင်းယွန် အနား ရောက်နေ ခဲ့သည်။
မူလ စွမ်းအင်များ လှိုင်းထ လျက် ကောင်းကင် ကြီး၌၊ မီး ပင်လယ်ကြီး ဖြစ်ပေါ် လောင်ကျွမ်း လာသည်။
“ အဆုံး မရှိတဲ့ မီးပင်လယ် ... ။ ”
သို့သော် မီးပင်လယ် ကြီးအား၊ ဓား တစ်လက်ဖြင့် ဟန့်တားခြင်း ခံလိုက် ရသည်။
“ အရမ်း နှေးတယ်။ ”
နန်းနောင်ဟဲက ပြုံးကာ ဆို၏။ သည့်နောက် မီးပင်လယ်ကို ဟန့်တား လာသော လင်းယွန်ထံ လက်သီး ဖြင့်၊ ထိုးချ ပစ်လိုက်သည်။
ယင်းကို မျှော်လင့် ထားပြီး ဖြစ်ရာ၊ တိမ်ပေါ်တက် လှမ်းခြင်း နည်းစနစ်ကို၊ ချင်ချင်း ထုတ်ဖော် ရှောင်တိမ်း မိသည်။
“ နှေး သေး တယ် ... ။ ”
နန်းနောင်ဟဲက အဆိပ် ပြင်းသော မြွေဟောက် တစ်ကောင် ကဲ့သို့၊ ထပ်မံ လိုက်ပါ လာပြန်၏။
ကောင်းကင် ဝိညာဉ် နယ်မြေ ဖိအားကို အားပြုလျက်၊ လင်းယွမ်အား နောက်တစ်ကြိမ် ထိုးနှက် လိုက်သည်။
ထို့ကြောင့် လင်းယွန်မှာ ဆုတ်ခွာပြီး ဆုတ်ခွာပေး နေရသည်။ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ ကန့်သတ် ချက်သို့ ရောက်ရှိ ပြီးနောက်၊ နန်းနောင်ဟဲ ခွန်အားမှာ၊ အဆိုးကြီး မဟုတ်ချေ။
နှစ်ဦးသား တိုက်ခိုက် နေလျက်မှ၊ ထုတ်လွှတ် ထားသော အရှိန်အဝါ များသည်ပင်၊ လူအများ စုအား တုန်လှုပ် စေ၏။
တန်ယန်ကို လွယ်လွယ် ကူကူ အနိုင်ယူ နိုင်ခဲ့ သောကြောင့်၊ လင်းယွန် သည်လည်း၊ အား မနည်းချေ။ သို့သော် နန်းနောင်ဟဲနှင့် ရင်ဆိုင် ရချိန်၌၊ တစ်ချိန်လုံး နောက်ဆုတ် ပေးနေ ရသည်။
“ ဟား ဟား ဟား ... ၊ ဒါက အစပဲ ရှိသေးတယ်၊ ငါ့ အစ်ကို ကြီးက သူ့ရဲ့ ခွန်အား (၃၀) ရာခိုင် နှုန်းတောင် မသုံးရ သေးဘူး၊ မင်းတို့ သုံးယောက် ရွေးချယ်တာ မှန်တယ်။ ”
တန်ယန်က ရယ်မောကာ ဆိုလိုက်သည်။
“ ဒါပေါ့ ... ၊ ပယင်း နယ်မြေက အမှိုက် တစ်စနဲ့၊ အစ်ကို နန်နောင်းကို ဘယ်လိုလုပ် နှိုင်းယှဉ် နိုင်မှာလဲ။ ”
အပြာရောင် သိမ်းငှက် နယ်မြေမှ၊ ကျန်းဖန်က ဝမ်းသာ အားရ ပြုံးလျက်၊ တုန့်ပြန် လိုက်သည်။
တိမ်မီးတောက် နယ်မြေနှင့် ပူးပေါင်း နိုင်ခဲ့ သည်မှာ၊ ကြီးမားသော အခွင့် အရေး၊ တစ်ရပ် ပေပင်။ အခြား နှစ်ယောက် ကလည်း ပြုံးရယ် လျက်၊
“ နောင်မှာ ... ၊ ငါတို့ကို စောင့်ရှောက်ဖို့ ညီအစ်ကို တန် အပေါ်၊ အားကိုးရ လိမ့်မယ်။ ”
“ အစ်ကို တန်က လူတွေ ကြားက နဂါး တစ်ကောင်ပါ၊ အလစ် အငိုက် တိုက်ခိုက် လို့သာ ဒီကောင် အနိုင်ရ သွားတာ၊ အထင် ကြီးစရာ မရှိဘူး ... ။ ”
ချီးကျူး စကား များကြောင့်၊ တန်ယန် အပြုံးမှာ၊ ပို၍ အသက်ဝင် လာသည်။ သူက လင်းယွန်ထံ ကြည့်ပြီး၊
“ သူ့ကို သတ်ပစ် မိမှာ စိုးရတယ်၊ ဒီလို လွယ်လွယ်နဲ့ သေခွင့် မပေး နိုင်ဘူး၊ နှိပ်စက် ရမယ်။ ”
-ဟု ရေရွတ် လိုက်သည်။
ထိုစကား များကြောင့်၊ ဖန်ရှောင်ယု၊ ခေျာင်ချန်နှင့် ဇိုချင်းရှန်မှာ၊ တန်ယန်ကို ဒေါသ ထွက်လာသည်။
သို့သော် လင်းယွန် အပေါ်၊ စိုးရိမ်နေ သဖြင့်၊ သည်ထက် ပို၍၊ ဂရု မစိုက် အားပေ။
နန်းနောင်ဟဲ၏ ကောင်းကင် ဝိညာဉ် နယ်ပယ် မူလ စွမ်းအင်နှင့်၊ ဒုတိယတန်း မီး ရည်ရွယ်ချက်အား ကြည့်ကာ၊ လင်းယွန်က စိတ်ပျက် သွားသည်။ သူ ထင်ထား သလောက် မသန်မာ ချေ။
ထို့ကြောင့် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်ခွာကာ ပြန်လည် တိုက်ခိုက်ရန် အားယူနေ သဖြင့်၊ နန်းနောင်ဟဲမှာ အတွေးမှား သွားပြီး၊
“ ကောင်လေး ... ၊ မင်းက ငါ့ကို ဒီလောက် ကြာကြာ ခုခံ နိုင်လိမ့် မယ်လို့၊ မထင် ထားမိဘူး၊ ဒါပေမယ့် ဒါက အဆုံးပဲ။ ”
စကားဆုံး သည်နှင့်၊ နန်းနောင်ဟဲက လက်သီးကို တင်းတင်း ဆုပ်ကိုင် လိုက်ပြီး၊ မီး ပင်လယ် ကြီးအား တိုးမြှင့် လောင်ကျွမ်း စေ၏။
နောက်တစက္ကန့်တွင် အပူ ရှိန်များ တိုးလာပြီး၊ ကြောက်စရာ ကောင်းသော မီးလျှံများ၊ သူ့အား ဖုံးလွှမ်း သွားသည်။
“ သေ လိုက် တော့ ... ။ ”
“ ဟား ဟား ဟား ... ။ ”
လင်းယွန်က ဆက်လက် သည်းမခံ နိုင်တော့ဘဲ၊ ကျယ်လောင်စွာ အော်ဟစ် ရယ်မော လိုက်၏။ နန်းနောင်ဟဲမှာ အတွေးချော် နေပေသည်။
ဓားသုတ္တန် နှစ်ခုအား လှည့်ပတ်လျက်၊ မတူညီသော မူလ စွမ်းအင် နှစ်ခုကို ပေါင်းစပ် လိုက်၏။
ခန္ဓာ ကိုယ်မှ စူးရှသော ဓားသွား အော်မြည်သံ တစ်သံ၊ ထပ်မံ ထွက်ပေါ် လာကာ၊ ၎င်းဖြင့် ရောယှက် သွားသည်။
ထို့နောက် မူလ စွမ်းအင်များ ပေါက်ကွဲ ကုန်ပြီး၊ ကွဲပြားသော နဂါး နှစ်ကောင် ကဲ့သို့၊ သူ့ အနား တစ်ဝိုက်တွင်၊ ရစ်ပတ် ထွက်ပေါ် လာ၏။
စက္ကန့်ပိုင်း အတွင်း မှာပင်၊ နှစ်ဦးသား လှုပ်ရှားမှုပေါင်း တစ်ဒါဇင်ကျော်၊ အပြန် အလှန် ဖလှယ် လိုက် မိသည်။
များ မကြာခင် လင်းယွန် လက်သီးက နန်းနောင်ဟဲကို ထိမှန်ကာ၊ လွင့်စဉ် သွားစေ ခဲ့၏။
မြေပြင်ပေါ် ဆင်းသက် လိုက်ချိန်၌၊ နှုတ်ခမ်း ထောင့်စွန်းမှ သွေးများ စီးကျ လာသဖြင့်၊ နန်းနောင်ဟဲ တစ်ယောက် ထိတ်လန့် သွားသည်။
“ ဒါ ... ဒါက၊ မဖြစ် နိုင်တာ ... ။ ”
ထိုမြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့် သွားလေသည်။ တန်ယန် သည်ပင် ချွင်းချက် မရှိ ချေ။
“ ဒီကောင်က တကယ်ပဲ၊ အစ်ကို နန်းနောင် အပေါ် ဒဏ်ရာ ရအောင် လုပ်ရဲ တယ်လား၊ သွားပြီ အခု သူ သေပြီ။ ”
-ဟု ခေါင်းယမ်းကာ၊ ဆိုလိုက်သည်။
“ စိတ်ဝင်စားဖို့ ကောင်းလိုက်တာ … ။ ”
နန်းနောင်ဟဲ မျက်နှာမှာ ပို၍ လေးနက် လာပြီး၊ နှုတ်ခမ်းမှ သွေး များကို သုတ်ယူကြည့် လိုက်၏။
“ ကောင်းကင် လမ်းကို ရောက်လာ တည်းက၊ မင်းက ငါ့ကို ဒဏ်ရာ ရစေ ခဲ့တဲ့ ပထမဆုံး လူပဲ၊ ဒါပေမယ့် အခု နောက်ဆုံးလူ ဖြစ်သွားပြီ။ ”
စကားဆို ပြီးနောက်၊ တံဆိပ် သုံးခု လက်ဖဝါးတွင် ဖြစ်ပေါ် သဖြင့်၊ များပြား လွန်းသော မီးတောက် များက၊ သူ့ အနား စုစည်း လာ၏။
“ ဒါက ဘယ်လို သိုင်းနည်းစနစ် မျိုးလဲ၊ ဘာလို့ ဒီလောက် ကြောက်စရာ ကောင်းနေရ တာလဲ ... ။ ”
မီးတောက် များမှ ထွက်ပေါ် လာသော ရောင်ဝါကြောင့်၊ လူတိုင်း ထိတ်လန့် သွားကြ သည်။
“ တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီး ပါပဲ၊ ဒါက ငါနဲ့ မတူဘဲ၊ တကယ့်ကို လောင်ကျွမ်း နိုင်တဲ့ လက်သီး ကြီးပဲ၊ ... ”
“ ... အစ်ကို နန်းနောင်က၊ အနှစ် သာရကို ဆုပ်ကိုင် ထားပြီး၊ မီးတောက်ကို အပြာရောင် အဖြစ်၊ သန့်စင် နိုင်ခဲ့တယ်။ ”
လင်းယွန် သေတော့မည့် အချိန်ကို၊ စောင့်မျှော် နေစဉ်၊ တန်ယန်က ထိတ်လန့် နေသော လူ အချို့ကို၊ ရှင်းပြ လိုက်သည်။
“ နန်းနောင်ဟဲရဲ့ တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီးက၊ တန်ယန်ထက် ပိုကြောက်စရာ ကောင်းတယ်။ ”
“ အမှန်ပဲ၊ ဒါက တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီးရဲ့၊ အပြင်း ထန်ဆုံး တိုက်ခိုက်မှုပါ၊ နန်းနောင်ဟဲက ဒီပွဲကို အဆုံး သတ်ချင် နေပုံ ရတယ်။ ”
ထိုလက်သီးကို ကြည့်ပြီး လူတိုင်းက၊ လင်းယွန်ပေါ် အကောင်း မမြင် နိုင်တော့ချေ။
“ မင်းရဲ့ အခွင့် အရေး၊ ကုန်သွားပြီ ... ။ ”
နန်းနောင်ဟဲ အကြည့် များက၊ အေးစက် လာပြီး ဆိုလိုက်သည်။
“ တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီး။ ”
မီးပင်လယ် အတွင်းမှ၊ အပြာရောင် မီးညွှန့်များ ထတောက် လာကာ၊ လက်သီးကြီး အသွင် ဖြစ်ပေါ် လာသည်။
ထိုလက်သီးကြီး ထံမှ ဖိအားသည်၊ ရင်ပြင်တစ်ခု လုံးအား၊ ပျက်စီး လုနီးပါး ဖြစ်လာ စေ၏။ ပတ်ပတ် လည်ရှိ အဆောက်အဦး အချို့၊ ပြိုကျစ ပြုလာသည်။
လူတိုင်းက လွတ်ရာသို့၊ အလျင်အမြန် ပြေးလွှား ကုန်သည်။ သို့သော် သူတို့ သွေးသား လည်ပတ် မှုအား၊ ရုတ်တရက် ရပ်တန့်သွား စေသည့်၊ ဓား တစ်လက် ကောင်းကင်၌ ထွက်ပေါ် လာ၏။
အဆိုပါ ဓားထွက်ပေါ် လာချိန်တွင်၊ ကြောက်ရွံ့ တုန်လှုပ် စွာဖြင့်၊ လူတိုင်း လေထဲမှ၊ ပြုတ်ကျ လာကုန်သည်။
“ ဘယ်က ဓားလဲ။ ”
လူတိုင်းက ချက်ခြင်းပင် လှည့်ကြည့် လိုက်ရာ၊ လင်းယွန် တစ်ယောက် သူ့ ဓားအား ဖြည်းညှင်းစွာ ဆွဲထုတ် နေသည်ကို မြင်လိုက် ရသည်။
ထိုအချိန်တွင် နန်းနောင်ဟဲ လည်ပင်းမှ၊ စူးရှသော ဓား အလင်းများ ဖြာထွက် လာပြီး၊ ပေါက်ကွဲ သွား၏။
“ မင်း လက်သီးက ... ၊ ငါ ဓားဆွဲဖို့ ထိုက်တန်တယ်။ ”
လင်းယွန်က တည်ငြိမ်စွာ ဆိုလျက်၊ ပန်းသင်္ချိုင်း ဓားအား ပြန်ရုတ် လိုက်တော့ လေသည်။
***