မင်းက အရည်းအချင်း ပြည့်မီ လို့လား။
Vol. 63 Ch. 874
ဓား တစ်ချက် တည်းနှင့်၊ နန်းနောင်ဟဲကို ခေါင်းဖြတ် ပစ်လိုက်ရာ၊ ထိတ်လန့် တုန်လှုပ် မှုမှာ၊ ဆိုဖွယ် မရှိချေ။
လင်းယွန်ကို ကြည့်ပြီး၊ ဘီလူး တစ်ကောင် အဖြစ် ထင်မြင် လာ၏။ မဟုတ်သော် သည်မျှ အစွမ်းထက် နိုင်မည် မဟုတ်ချေ။
နန်းနောင်ဟဲမှာ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ ဖြင့်ပင်၊ ကောင်းကင် ဝိညာဉ် ကျွမ်းကျင်သူ ဆယ်ဦးကို သတ်ပစ် နိုင်ခဲ့သည်။
ထို့ကြောင့် ကောင်းကင် ဝိညာဉ် နယ်မြေ ရောက်ရှိ ပြီးနောက်၊ သူ မည်မျှ အစွမ်းထက် နိုင် မည်ကို တွေးဆ၍ မရပေ။
သို့သော် ၎င်းကို သတ်ရန်၊ လင်းယွန်မှ ဓား တစ်ချက်သာ အသုံးပြု ခဲ့သည်။ နန်းနောင်ဟဲ သေဆုံးခြင်း နှင့်အတူ၊ မြို့ တစ်ဝက်ကို လွှမ်းခြုံ ထားသည့် ဖြစ်စဉ်မှာ၊ တဖြည်းဖြည်း ကွယ်ပျောက် သွားသည်။
ကြမ်းပြင်ပေါ် လဲကျ လာသည့် နန်းနောင်ဟဲ၏ အလောင်း သည်သာ၊ တစ်ခု တည်းသော လှုပ်ရှားမှု ဖြစ်လာ၏။
“ ဒါ ... ။ ”
“ ဘာ ဖြစ်သွား တာလဲ ... ။ ”
“ သေပြီလား ... ။ ”
ရုတ်တရက် ကြောက်ရွံ့ နေသည့်၊ မျက်ဝန်း များဖြင့် တိုညှင်းသော အသံများ ထွက်ပေါ်လာ ကြသည်။
မကြာသေး မီကပင် နန်းနောင်ဟဲ တစ်ယောက် မောက်မာသော စကားများ ဆိုနေ ခဲ့၏။ သူ့ ရယ်သံများ မဆုံးခင် မှာပင်၊ ဦးခေါင်း မရှိသော အလောင်း ဖြစ်လာသည်။
“ သေ စမ်း ... ။ ”
ယုဟိုရှင်း၏ မျက်ဝန်း များတွင်၊ မယုံနိုင် လောက်အောင် ဒေါသနှင့် ပြည့်နှက် နေခဲ့သည်။
နန်းနောင်ဟဲမှ တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီးကို အသုံး ပြုသော အခါတွင်၊ လင်းယွန်အား သတ်နိုင် လိမ့်မည်ဟု သူ ထင်မိ၏။
ယခုမူ လင်းယွန်၏ သတ်ခြင်းကို ခံရ သောကြောင့်၊ သတ်ဖြတ် လိုခြင်း ရည်ရွယ်ချက် များအား၊ နောက်တစ်ကြိမ် ရုတ်သိမ်း လိုက်ရ ပြန်သည်။ ဒေါသကို ချက်ချင်း ငြိမ်းသတ် လိုက်ရ သဖြင့်၊ လက်များပင် တုန်ရီ လာခဲ့သည်။
ဖန်ရှောင်ယုနှင့် ကျန်သူ များမှာ၊ မှင်တက် နေရာမှ ရွှင်မြူးလာ ကြသည်။ နန်းနောင်ဟဲထံ သစ္စာခံ ခဲ့သော လူအုပ် အတွက်မူ၊ မျက်နှာများ ဖြူဖျော့ ကုန်ပြီး၊ အမြန် ပြန်ဆုတ် သွား၏။
တန်ယန် တစ်ယောက် သည်သာ၊ ပါးစပ် ဟောင်လောင်းနှင့်၊ ဖြစ်ကျန်ရစ် ခဲ့သည်။ အထူး သဖြင့် နန်းနောင်ဟဲ အပေါ်၊ ယုံကြည် မိသော သူ့ မျက်ဝန်း များ၌၊ အဆင် မပြေသည့် အရိပ် အယောင်များ ထင်ဟပ် လာ၏။
နှုတ်ခမ်းများ ခရမ်းရောင် သမ်းလာပြီး၊ ဒူးထောက် လျက်ဖြင့်၊ လင်းယွန်အား မော့ကြည့် လိုက် တော့သည်။
“ လင်း … အစ်ကိုလင်း ... ၊ ငါ့ကို ခွင့်လွှတ်ပါ၊ ငါ ... မင်းရဲ့ လက်ပါးစေ ဖြစ်လို ပါတယ်၊ သစ္စာ ရှိပါ့မယ် ... မဟုတ်ဘူး၊ ငါ့လို အမှိုက် တစ်စက ... ”
“ ... မင်းရဲ့ လက်ပါးစေ ဖြစ်ဖို့၊ မထိုက်တန် ပါဘူး၊ မင်း ငါ့ကို နှိပ်စက်ပြီး ထားခဲ့ နိုင်ပါတယ်၊ ငါ့ တိမ်မီးတောက် နယ်မြေရဲ့ လျှို့ဝှက်ချက် တွေကို၊ ပြောပြနိုင် ပါတယ် … ။ ”
အသက် ရှင်သန် လိုသော မျှော်လင့် ချက်ဖြင့်၊ တန်ယန်က ပြုမူ လိုက်သည်။ သို့သော် စကား မဆုံးခင်၊ နဖူးအား ဓားအလင်း တစ်စ ထိုးဖောက် ဝင်ရောက် လာသည်။
ခန္ဓာကိုယ် တစ်ခုလုံး တဆက်ဆက် တုန်ယင်လျက်၊ မြေပြင် ပေါ်သို့ လဲကျ သေဆုံး သွား တော့၏။
“ လင်းယွန် ... ၊ မင်း လွန် မလာနဲ့၊ ဒါက ငါတို့ တိမ်မီးတောက် နယ်မြေရဲ့၊ ထိန်းချုပ်ထား နိုင်တဲ့ မြို့တွေ ထဲမှ တစ်ခုပဲ၊ နန်းနောင်ဟဲက ငါတို့ရဲ့ အသန် မာဆုံး သူ မဟုတ် သေးဘူး။ ”
နန်းနောင်ဟဲနှင့် တန်ယန် အသတ် ခံရ ပြီးနောက် ကျန်သူ များက၊ တွန့်ဆုတ် စွာဖြင့် ခြိမ်းခြောက် လာတော့သည်။
“ ဟား ဟား ဟား ... ၊ မင်းတို့ ထဲက ဘယ်သူ ကများ၊ ငါ့ အသက်ကို မလိုချင် တဲ့လူ ရှိခဲ့ဖူး လို့လဲ။ ”
လင်းယွန်၏ မျက်ဝန်း၌ သတ်ပစ် လိုသည့် ဆန္ဒများ ပို၍ ထူထပ် လာကာ၊ ထိုလူ အုပ်ထံ စိုက်ကြည့် လိုက်သည်။
တိမ်မီးတောက် နယ်မြေနှင့်၊ ရန်မီးကို ပျိုးမိနေပြီ ဖြစ်သဖြင့်၊ သနား ကြင်နာ နေစရာ အကြောင်း မရှိချေ။
ဓားကို နောက်တစ်ကြိမ် ဆွဲပြီး၊ ကြောက်မက်ဖွယ် ကောင်းသော ဖိအားကို ထုတ်လွှတ် လိုက်သည်။
အဆိုပါ ဖိအားကြောင့် တိမ်မီးတောက် နယ်မြေ၏၊ ကျန်ရစ် ခဲ့သော လူငယ် ခြောက်ဦး က၊ အံကြိတ်ကာ မူလ စွမ်းအင် များကို လှည့်ပတ် လိုက်ရသည်။
ထာဝရ နဂါး အရှိန် အဝါဖြင့်၊ ပေါင်းစပ် ထားသော ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်မှာ၊ တစ်မြို့ လုံးအား အလင်းများ သဖွယ် ဖုံးလွှမ်း သွားသည်။
“ ဝှစ် ... ။ ”
သည့်နောက် ဓားကို လွှဲခုတ် လိုက်ရာ၊ ခေါင်းပြတ် ခြောက်လုံး လေထဲ မြှောက်တက် လာတော့၏။
“ ဝိညာဉ်ရေး ဓား ... ။ ”
“ ငါ့ ကောင်းကင်၊ ကောင်းကင် ဝိညာဉ် နယ်မြေတောင် မရောက် သေးဘဲနဲ့၊ ဝိညာဉ်ရေး ဓားကို ဆုပ်ကိုင်ထား နိုင်တာလား။ ”
“ နန်းနောင်ဟဲကို တစ်ချက် တည်းနဲ့ သတ်နိုင်တာ အံ့သြစရာ မရှိတော့ ပါဘူး၊ သူ့ ဓား ရည်ရွယ်ချက်က မယုံနိုင် စရာပဲ၊ ... ”
“ ... ကြောက်စရာ ကောင်းလိုက်တာ၊ မိုးပြာ နဂါးရဲ့ အရှိန် အဝါကို ထပ်ပြီး ပေါင်းထည့်လိုက် မှတော့ ပြောစရာ မရှိ တော့ဘူး။ ”
နန်းနောင်ဟဲအား လွယ်ကူစွာ သတ်နိုင် ရသည့် အကြောင်းရင်း အပေါ်၊ လူတိုင်း ရှင်းရှင်း လင်းလင်း မြင်နိုင်ပြီ ဖြစ်သည်။
ထို့ကြောင့် ကြောက်ရွံ့မှု အပြည့်နှင့် လင်းယွန်အား ပြန်ကြည့် မိသည်။ ဖန်ရှောင်ယု၊ ချောက်ချန်နှင့် ဇိုချင်းရှန် တို့၏ မျက်နှာ များပင်၊ အားကောင်း လာသော ဓား ရည်ရွယ်ချက်ကို ကြည့်ကာ၊ ပြောင်းလဲ သွားသည်။
ဓားကို ပြန်လည် ရုတ်သိမ်း လိုက်ချိန်၌၊ နဂါလေးက သိုလှောင်အိတ် များကို သိမ်းကာ၊ ပြန်လည် ရောက်ရှိ လာသည်။
စတင် ကျင့်ကြံ နိုင်ချိန်မှ စ၍၊ နဂါးလေး၏ လှုပ်ရှားမှုမှာ ပို၍ မြန်ဆန် လာသည်။ လင်းယွန် က ခေါင်းညိတ် ပြပြီး သိုလှောင်အိတ် များကို သွန်ချ လိုက်၏။
သိုလှောင် အိတ် အတွင်းမှ၊ ထောင်ပေါင်း များစွာသော ကြယ်ပုလဲ များနှင့် အတူ၊ ရတနာ များစွာ ထွက်ကျ လာခဲ့သည်။
“ နောက်ထပ် နှစ်လုံး ကျန်ဦးမယ်။ ”
တန်ယန်နှင့် နန်းနောင်ဟဲကို ရည်ညွှန်း နေမှန်း သိသဖြင့်၊ နဂါးလေးက တန်ယန်၏ အိတ်အား ဦးစွာ၊ သွန်ချ လိုက်သည်။
“ ချွင် ... ။ ”
မြောက်များ စွာသော ကြယ်ပုလဲ များကို ကြည့်ပြီး၊ လူအုပ် ကြီးမှာ မနာလို စိတ်များ ဝင်ရောက် လာခဲ့ သည်။ ခန့်မှန်းခြေ အရ အလုံးရေ (၂၀,၀၀၀) ခန့် ရှိ၏။
“ ချွင် ... ။ ”
လူအုပ်ကြီးက လောဘကြောင့် မှင်တက် နေကြစဉ်၊ နန်းနောင်ဟဲ အိတ်ကို နဂါးလေးက ထပ်သွန်ချ လိုက်သည်။
အရေ အတွက် (၁၀၀,၀၀၀) ခန့် ရှိသော ကြယ်ပုလဲ များက၊ တောင်ငယ် တစ်လုံး အသွင် ထွက်ပေါ် လာ၏။
“ အိုး ... ။ ”
“ ဒီနန်းနောင်ဟဲမှာ ကြယ်ပုလဲတွေ အများကြီး ရှိနေတာပဲ၊ ဒါတောင် သူက ငါတို့ ဆီကနေ ထပ်လိုချင် နေသေးတယ်။ ”
မြောက်များ လှသော ကြယ်ပုလဲ များကြောင့်၊ လူတိုင်း မျက်မှောင်ကြုတ် ကုန်သည်။
နဂါးလေးက သဘောကျ စွာဖြင့်၊ ရယ်မော လှည့်ပတ် နေရာမှ၊ ကျောက်စိမ်းတုံး တစ်တုံးကို ကောက်ယူ ကြည့်ကာ၊ လင်းယွန်ထံ ပစ်ပေး လာသည်။
“ ဝှစ် ... ။ ”
ယင်းမှာ တိမ်မီးတောက် နယ်မြေ၏၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ ဖြစ်သော ‘တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီး’ ဖြစ်သည်။
ဤကံကြမ္မာ ကိုယ်ခံ ပညာကို အဆင့် ရှစ်ဆင့် ခွဲခြား ထားပြီး၊ ရှေးဟောင်း နတ်ဘုရား မီးလျှံ ရူရ် များဖြင့်၊ ဖွဲ့စည်း ရလေသည်။
မီးလျှံ ရူရ်အား အဖြူရောင်၊ အပြာရောင်၊ ခရမ်းရောင်နှင့်၊ ရွှေရောင် ဟူသော အဆင့်များ ထပ်မံ ခွဲခြား ထား၏။ အဆင့် တစ်ခု စီသည် မီးလျှံ ရူရ်၏ စွမ်းအားကို၊ ပို၍ အားကောင်း လာစေမည်။
ရူရ် လေးခုကို ပေါင်းစပ် နိုင်ပါက၊ တိမ်မီးတောက် လက်သီးသည်၊ တောင်နှင့် မြစ်အား ဖျက်ဆီး ပစ်နိုင် ပေမည်။
၎င်းမှာ နတ်ဘုရား ပုံရိပ်ယောင် ဓား ကဲ့သို့ လျှို့ဝှက် နည်းစနစ် တစ်ရပ် ဖြစ်သော ကြောင့်၊ အတိုင်း မသိ ဝမ်းသာ သွားသည်။
တန်ယန်သည် ကျွမ်းကျင်မှု နည်းသဖြင့်၊ နန်းနောင်ဟဲကို မမီ သည်မှာ သဘာဝ ပေပင်။ နန်းနောင်ဟဲ၏ လက်သီး သည်သာ ထိမှန် ပါက၊ များစွာ နာကျင် ရပေမည်။
ထို့ကြောင့် ဓားဖြင့် လျင်မြန်စွာ အဆုံးသတ် လိုက်ရခြင်း ဖြစ်၏။ နန်းနောင်ဟဲ၏ ကန့်သတ် ချက်မှာ အစွမ်း ထက်သည် မှန်သော်လည်း၊ သူ့ အတွက် ဘာမှ မဟုတ် ခဲ့ပေ။
နန်းနောင်ဟဲ၌ ကန့်သတ်ချက်က (၁၀) ဆိုပါက၊ ဓားသုတ္တန် နှစ်ခုကြောင့် သူ့ကန့်သတ် ချက်မှာ၊ အနည်းဆုံး (၅၀) ဖြစ်နိုင်မည်။
ထို့နောက် ထာဝရ နဂါး ရောင်ဝါနှင့်၊ ဓားရည်ရွယ်ချက် အောက်တွင် နန်းနောင်ဟဲ အတွက် ရှင်သန်ရန် နေရာ မရှိ ခဲ့ချေ။
ဝိညာဉ်ရေး ဓားမှာ၊ တတိယ အဆင့် သိုင်းရည်ရွယ် ချက်နှင့်၊ ယှဉ်နိုင် နေပြီ ဖြစ်လေ သည်။ ထို့ကြောင့် သူ့ ကန့်သတ်ချက်၊ မည်မျှ ဖြစ်မည်ကို၊ သိချင် လာသည်။
“ ဒါက တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီးလား။ ”
ဖန်ရှောင်ယုက အခြား သူများ နှင့်အတူ လျှောက်လှမ်း လာလျက်မှ မေးသည်။
“ ဟုတ်တယ် ... ၊ မင်း လိုချင်ရင် ယူလိုက်။ ”
“ ဝှစ် ... ။ ”
လင်းယွန်က ခေါင်းညိတ်ပြီး၊ ကျောက်စိမ်း တုံးကို ပစ်ပေး လိုက်သည်။ အားလုံးက အချိန် အတော်ကြာ တုံ့ဆိုင်း သွားကြပြီး၊ ခေါင်းယမ်း ကုန်သည်။
ဤနည်းစနစ်မှာ ၎င်းနှင့် တွဲဖက် နိုင်သော စွမ်းအင် ကျင့်ကြံမှု နည်းစနစ် မရှိသည့် အပြင်၊ နားလည်မှု မြင့်မားရန် လိုအပ် ပေသည်။
နားလည် နိုင်စွမ်း မရှိ ပါက၊ အချိန်ဖြုန်း ခြင်းသာ မည်ပေ၏။ ထို့အပြင် တိမ်မီးတောက် နယ်မြေ မှသာ သိရှိ သွားသော်၊ ဒုက္ခပေး နိုင်သည်။
ထို့ကြောင့် လင်းယွန်က အတင်း အကြပ် မတိုက်တွန်း တော့ဘဲ၊ ကျောက်စိမ်း တုံးအား ပြန်ယူ လိုက်သည်။
“ ဟား ဟား ဟား ... ၊ ညီအစ်ကို လင်း အဲဒါ ဘာလဲ၊ ငါလည်း တစ်ချက်လောက် ကြည့်ပါ ရစေ ။ ”
ကျောက်စိမ်း တုံးအား ဖန်ရှောင်ယု တို့ထံ၊ သဘော ကောင်းစွာ ပေးအပ် သည်ကို မြင်ချိန်၌၊ ယုဟိုရှင်း တစ်ယောက် စိတ်လှုပ်ရှား လာသည်။
ဤဓားကျွန်မှာ ထင်ထား သည်ထက်၊ ပို၍ ရက်ရော နေသဖြင့်၊ သူ့ သည်လည်း စမ်းကြည့် ချင် လာမိ၏။
အားလုံးမှာ ပယင်း ကမ္ဘာမှ ဖြစ်ပြီး၊ ပဋိပက္ခ များကို ဘေးချိတ် ထားနိုင် မည်ဟု ထင်ခဲ့သည်။ သို့သော် သူ မှားယွင်း သွားလေသည်။
ထုံးစံ အတိုင်း လင်းယွန်က၊ သူ့ကို ပေးရန် ရည်ရွယ်ချက် မရှိချေ။ ထို့ကြောင့် အေးစက်စွာ ပြန်လှည့် ကြည့် လာပြီး၊
“ မင်းကိုယ်မင်း ... ၊ အရည် အချင်း ပြည့်မီတယ်လို့ ထင်နေ တာလား။ ”
-ဟု မေးမြန် လိုက်တော့သည်။
***