← Chapters

အတုမဲ့ နတ်ဆိုး ကျင့်ကြံမှု နည်းစနစ်။

Vol. 63 Ch. 875

အတုမဲ့ နတ်ဆိုး ကျင့်ကြံမှု နည်းစနစ်။

Vol. 63 Ch. 875

လင်းယွန်၏ စကားကြောင့်၊ ယုဟိုရှင်း တစ်ယောက် မျက်နှာ ပျက်သွားသည်။ သတ်ပစ် လိုသော ဆန္ဒများ ရုန်းကြွ လာသည်။

သို့သော် သူ ဟူသည် တစ်ချိန်က ယုဟိုရှင်း မဟုတ်တော့ သဖြင့်၊ ထိုခံစားချက်ကို ချက်ချင်း ထိန်းချုပ်ကာ ဖျစ်ညှစ် ပြုံးလိုက်ပြီး။

“ ညီအစ်ကို လင်းက ... ၊ ငါ အပေါ် အဆိုးမြင် စိတ်တွေ ရှိနေပုံ ရတယ်၊ ပယင်း ကမ္ဘာက ထွက်လာ ပြီးတဲ့နောက်၊ ... ”

“ ... ငါတို့ ကြားက ရန်ငြိုးတွေ မရှိတော့ ဖူးလို့ ထင်ထားခဲ့တာ၊ ငါက နုံအ လွန်းတာပဲ၊ ဒါကြောင့် ငါ အရင် သွားနှင့် ပါ့မယ်။ ”

-ဟုဆိုလျက် လှည့်ထွက် လာခဲ့သည်။

“ မင်းကို ဘယ်သူက ထွက်သွားခွင့် ပေးလို့လဲ။ ”

လင်းယွန်က ခြေနှစ်လှမ်း လှမ်းတက် လိုက်ပြီး၊ ဟုဟိုရှင်းအား အေးစက်စွာ ဟန့်တား တော့သည်။

သူ့အား အန္တရာယ် ပေးမည့် မြွေပွေး တစ်ကောင်ကို၊ လွှတ်ထားရ လောက်အောင် မမိုက်မဲ ချေ။

“ သည်း ခံ ထား ... ။ ”

ယုဟိုရှင်း တစ်ယောက် တုံ့ဆိုင်း သွားစဉ်၊ ခန္ဓာကိုယ် အတွင်းရှိ နတ်ဆိုး ဝိညာဉ်က သတိ ပေးလာသည်။ ထို့ကြောင့် ဆက်လက် ထွက်ခွာရန် ပြင်လိုက်၏။

သို့သော် လင်းယွန်က နဂါးဓား အရှိန် အဝါကို ထုတ်ဖော်လျက်၊ တစ်မြို့ လုံးကို လွှမ်းခြုံ ပစ်လိုက်သည်။

ကြယ်တစ်ပွင့် ကဲ့သို့ ကောင်းကင်၌ အလင်းများ တောက်ပ လာပြီး၊ အရာရာ နှေးကွေး သွား၏။

တစ်ဆက် တည်း မှာပင်၊ ခန္ဓာကိုယ် အတွင်း၌ သွေးများ အေးခဲလာ သည်ကို ခံစား လိုက်ရ သဖြင့်၊ ယုဟိုရှင်း မျက်နှာ ပြောင်းလဲ လာသည်။

အကြောက် တရားက နှလုံးသားကို ချက်ချင်း လွှမ်းခြုံ လာသည်။ ဤဓား၏ စွမ်းပ ကားမှာ၊ ခြိမ်းခြောက် နိုင်စွမ်း ပြင်းပေသည်။

“ တိမ်မီးတောက် နယ်မြေနဲ့၊ တိုက်ခိုက် နေတုန်းက မင်းရဲ့ သတ်ဖြတ် လိုတဲ့ ဆန္ဒကို သုံးကြိမ်ထက် မနည်း ထုတ်ဖော် ခဲ့တယ်၊ ... ”

“ ... ဒါကို ငါ သတိ မထား မိ ဖူးလို့၊ မင်းထင် နေလား ဟမ့်၊ အခု မင်းကို ဒီမှာ မြှုပ်နှံ့ ထားဖို့ ငါ ဆုံးဖြတ် လိုက်ပြီ။ ”

လင်းယွန် ထံမှ ပြတ်သားသော အသံကြောင့်၊ ယုဟိုရှင်း၏ အတွေးများ ရပ်တန့် သွားသည်။

ရုတ်တရက် အပြာရောင် နဂါးကြီး တစ်ကောင် ကဲ့သို့၊ တိုးဝင် လာသော လက်သီး ကို ခုခံရန်၊ အရှိန် အဝါအား ချက်ချင်း ထုတ်ဖော် လိုက်ရသည်။

ခန္ဓာကိုယ် အတွင်းမှ ခရမ်းရောင် မြူများ ထွက်လာပြီး၊ ထာဝရ နဂါး ဓား၏ ကန့်သတ် ခြင်းမှ ရုန်းထွက် လိုက်၏။

ကြုံးဝါးသံ နှင့်အတူ၊ မိစ္ဆာ စွမ်းအင် ကျင့်ကြံမှု နည်းစနစ်ကို အဆုံးထိ တွန်းထုတ်ပြီး၊ ပြန်လှည့် ကြည့်ကာ လက်သီးဖြင့် ထိုးချ လိုက်သည်။

“ သခင့် လက်သီး — ကောင်းကင်နဲ့ မြေကြီး တစ်သားတည်း။ ”

ခရမ်းရောင် မြူများ သူ့ လက်သီးထဲ စိမ့်ဝင် လာကာ၊ လမ်းကြောင်း ပေါ်ရှိ အရာ အားလုံးကို ဝါးမြို ပစ်တော့၏။

ယခင် သခင့် လက်သီး ဖြစ်သော်လည်း၊ စွမ်းအားမှာ လုံးဝ ကွဲပြားသွား ခဲ့သည်။ ခွန်အား အရာ၌ အဆင့် သစ်သို့ ရောက်ရှိ လာပေ၏။

“ ဒါ က ... ။ ”

“' ဘယ်လို ဖြစ်လို့ သူ့ အရှိန် အဝါက နန်းနောင်ဟဲထက် ပြင်းထန် နေရ တာလဲ၊ ပယင်း နယ်မြေက ဘီလူးတွေ ရှင်သန်ရာ နယ်မြေ များလား။ ”

“ မယုံနိုင် လောက်အောင် ပါပဲ၊ နန်းနောင်ဟဲထက် သန်မာတဲ့ လူက လင်းယွန် အပြင်၊ နောက် တစ်ယောက် ရှိနေသေး တာလား။ ”

ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့် သွားစေ ခဲ့သည်။ ဆယ်ကြိမ်ခန့် လှုပ်ရှားလိုက် ပြီးနောက်၊ သွေး အန်လျက် ယုဟိုရှင်း ခမျာ၊ နောက်ဆုတ် ပေးလိုက် ရသည်။

လင်းယွန်မှာ၊ လေးနက် သွား၏။ ကောင်းကင် ဓားသုတ္တန်၊ မိုးပြာ နဂါး မူလ ပုံစံနှင့်၊ သတ်ဖြတ်ခြင်း လက်သီး ခုနစ်ချက် သည်ပင်၊ ယုဟိုရှင်းကို မဖိနှိမ် နိုင်ချေ။

အဆုံးတွင် ထာဝရ နဂါးဓား အရှိန် အဝါကို ထုတ်ဖော် လိုက်ရသည်။ ဓားသုတ္တန် နှစ်ခုအား၊ တစ်ပြိုင် နက်တည်း ကျင့်ကြံထား သော်လည်း၊ ဓား ရည်ရွယ်ချက်ကို ထို့ထက် ပို၍ မဆုပ်ကိုင် နိုင်ပါက၊ အနိုင် ယူရန် မသေချာချေ။

“ ဟား ဟား ဟား ... လင်းယွန် မင်းမှာ ရှိတာ၊ ဒါ အကုန် ပဲလား။ ”

ယုဟိုရှင်းက သတ်ဖြတ် လိုသော ရည်ရွယ်ချက်အား ထုတ်ဖော်လျက်၊ ဒေါသ တကြီး ရယ်မော လိုက်တော့သည်။

“ မင်း သိချင်ရင် ငါ့ ဆီကို လာခဲ့ ...၊ ငါ ဒီမှာ ရပ်နေတယ်။ ”

“ ငါက ကြောက်နေမယ် ထင်လား၊ မင်းကို သေအောင် နှိပ်စက် ပစ်မယ်၊ ငါ့ရဲ့ ဂျူနီယာ ညီမ လေးက၊ မင်းရဲ့ ဓားနန်းတော်ကို ဖျက်ဆီး လိမ့်မယ်၊ ... ”

“ ... အဲ့ဒီ အချိန် မြင့်မြတ်သော မဟာမိတ် အဖွဲ့က၊ ကာကွယ် ပေးနိုင် မလား ဆိုတာ ကြည့်ရအောင်၊ ဟား ဟား ဟား ... ။ ”

မုန်းတီးမှုနှင့် ဒေါသ တရားမှာ၊ အတိုင်း အဆ မရှိချေ။ ထို့ကြောင့် လင်းယွန် တန်ဖိုး ထားသည့် လူတိုင်းကို သတ်ပစ်ရန် ရည်ရွယ် ထား၏။

“ ပြီးတော့ ယွဲ့ဝေဝေ အဲဒီ တိရစ္ဆာန်မ ... ၊ သူ့ကို ကောင်းကင် လမ်းမှာ သေချာပေါက် တွေ့ရ လိမ့်မယ်၊ မင်း စောင့်ကြည့်ပါ ... ။ ”

ယုဟိုရှင်း အပြုံးသည် ကောက်ကျစ် ယုတ်မာသော အပြုံး ဖြစ်သဖြင့်၊ ဖန်ရှောင်ယု ချောင်ချန်နှင့်၊ ဇိုချင်းရှန်ကို စိတ်မသက် မသာ ဖြစ်စေသည်။ ဤလူသည် သူတို့ သိသော ယုဟိုရှင်း ဖြစ်သည်ကို မယုံနိုင် တော့ပေ။

“ မင်းမှာ အခွင့် အရေး မရှိ ပါဘူး။ ”

လင်းယွန်က ပန်းသင်္ချိုင်း ဓားအား ဆွဲထုတ်ပြီး၊ ခုတ်ချ လိုက်တော့သည်။ ဤမျှ ကြောက်စရာကောင်း လောက်အောင်၊ လျင်မြန် လွန်းသော ဓားကို၊ ယုဟိုရှင်း တစ်ယောက် မမျှော်လင့် ထားချေ။

ဓား ရောင်ဝါက သူ့ လှုပ်ရှားမှု များကိုပင်၊ ကန်သတ် လာပြီး၊ ကြောက်မက်ဖွယ် ခံစားချက် များအား၊ ပေးစွမ်း လာလေသည်။

( ဒီဓား ... ။ )

မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ သွားပြီး၊ ယခင်က ကဲ့သို့ မောက်မာစွာ မနေဝံ တော့ဘဲ၊ အမြန် လှည့်ကာ ထွက်ပြေး တော့သည်။

“ မြန်မြန် သွား ... ဒီဓား ရည်ရွယ်ချက်က၊ တတိယ အဆင့် သိုင်း ရည်ရွယ်ချက်နဲ့ ယှဉ်နိုင် တယ်၊ ဒီကောင်က ဓားဘီလူးပဲ၊ သူ့ ဓားက ပယင်း ကမ္ဘာရဲ့ ... ”

“ ... ကန့်သတ်ချက် ဥပဒေသ တွေကို ဖြတ်ကျော် နေပြီ၊ ကောင်းကင် လမ်းက သူ့အိမ် ပြန်လမ်းပဲ၊ ပင်လယ်ကို ပြန်ရောက်တဲ့ နဂါး တစ်ကောင်လို၊ အသွင်ပြောင်း သွားလိမ့်မယ်။ ”

ခန္ဓာကိုယ် အတွင်းမှ နတ်ဆိုး ဝိညာဉ်က ထိတ်လန့် တကြား၊ သတိပေး လာသည်။

“ သေစမ်း ... ၊ ငါက သန်မာ နေတာတောင် သူ့ကို အနိုင် မယူနိုင် သေးဖူးလား၊ ဘယ်တော့ များမှ နှိပ်စက်နိုင် မှာလဲ။ ”

ညည်းတွားလျက် မြို့ပြင်သို့ ဦတည် လိုက်တော့သည်။ သို့သော် လင်းယွန် ဓားထံမှ မလွတ်မြောက် နိုင်ခဲ့ချေ။ နာကျင်စွာ အော်ဟစ် လိုက်ရသည်။

လင်းယွန်က သက်တောင့် သက်သာ အမူ အရာဖြင့် ဓားကို ရုတ်သိမ်း လိုက်သည်။ သူ့ဓား ရောင်ဝါဖြင့် ရန်သူကို ပိတ်ဆို့ထား ပြီးမို့၊ အနိုင် ယူရန် မခက်ခဲ နိုင်တော့ချေ။

“ ငါ လုပ်ပါ ရစေ။ ”

နတ်ဆိုး ဝိညာဉ်က အခြေအနေ အပေါ် နားလည် လိုက်ပြီး၊ ယုဟိုရှင်း ခန္ဓာ ကိုယ်အား ထိန်းချုပ်ကာ၊ ‘အတုမဲ့ မိစ္ဆာ စွမ်းအား’ကို ထုတ်ဖော်လျက် ဓားနယ်မြေမှ ထွက်ရန် ကြိုးစား လိုက်သည်။

သူ့တွင် ရွေးချယ် စရာ ရှိပါက၊ ဤလမ်းကို မလျှောက် လိုချေ။ ယင်းသို့ ပြုလုပ်ရန် ခွန်အား အကုန် အစင် အသုံးပြု လိုက်ရ သဖြင့်၊ အချိန် အတော်ကြာ ငိုက်မျဉ်း သွားစေမည် ဖြစ်သည်။

“ စီနီယာ မြန်မြန် ... ၊ ငါ့ကို ကယ်ပါ။ ”

ယုဟိုရှင်း အတွက်မူ ဆိုဖွယ် မရှိချေ။ ထို့နောက်တွင် ခရမ်းရောင် မီးတောက်များ တောက်လောင် လာပြီး၊ ဓားရောင်ဝါမှ ရုန်းထွက် လိုက်သည်။

ဓား ရောင်ဝါမှ လွတ်လျှင် လွတ်ခြင်း၊ စိတ်လှုပ်ရှား မှုများဖြင့် ပြည့်နှက် နေသည့် မျက်ဝန်း များနှင့်၊ ပြန်လှည့် ကြည့်ပြီး၊

“ ပယင်း ကမ္ဘာက၊ ဓားဂိုဏ်းရဲ့ အကြွင်း အကျန် ကောင်လေး၊ ငါတို့ ပြန်ဆုံ ကြမယ် ... ။ ”

-ဟု ဆိုလျက် ပြုံးကာ ထွက်သွား တော့၏။

ယုဟိုရှင်း၏ အရှိန် အဝါနှင့် စိတ်နေ စိတ်ထားမှာ၊ ရုတ်တရက် ပြောင်းလဲ သွားပြီး၊ ဓား ရောင်ဝါ အတွင်းမှ ရုန်းထွက် သွားသဖြင့်၊ လင်းယွန် တစ်ယောက် အံ့အားသင့် သွားသည်။

“ သွား ... ။ ”

သို့သော် ချက်ချင်းပင် လျှပ်စီး လေဆင် နှာမောင်းအား ဆင့်ခေါ်ကာ၊ ပန်းသင်္ချိုင်း ဓားကို ရှေ့သို့ ဆန့်တန်းလျက်၊ ရွေ့လျားပစ် လိုက်၏။

ယုဟိုရှင်းက လှည့်ကြည့်ပြီး၊ လက်သီး တစ်ချက်ဖြင့်၊ ဟန့်တား လိုက်သော်လည်း၊ သွေးအန် သွားရသည်။

“ ဝေါ့ ... ။ ”

ဤတစ်ကြိမ်တွင် နတ်ဆိုး ဝိညာဉ် ဖြစ်သော်မှ၊ ဆက်မနေ ရဲတော့ချေ။ ရွေ့လျားမှု နည်းစနစ်အား၊ အစွမ်းကုန် ထုတ်ဖော်လျက် မြို့ရိုးပေါ် ခုန်တက် လိုက်သည်။

သို့သော် လင်းယွန်က လေထဲ ခြေလှမ်း ကိုးလှမ်း လှမ်းတက်ပြီး၊ ဓားဖြင့် ထပ်မံ ခုတ်ပိုင်း လာသည်။

“ ဝှစ် ... ။ ”

သဘာဝ ဖြစ်စဉ် ကိုးခု နှင့်အတူ၊ ကြောက်စရာ ကောင်းသော ဓား တစ်လက်က၊ ယုဟိုရှင်း အပေါ်၊ ထိမှန် ပေါက်ကွဲ သွား၏။

“ ဝုန်း ... ။ ”

ပေါက်ကွဲမှု အတွင်းမှ ပုံရိပ် တစ်ရိပ် ပြေးထွက် သွားသောကြောင့်၊ လင်းယွန်မှ မျက်မှောင်ကြုတ် လိုက်သည်။

“ ဒါက ... ၊ ယုဟိုရှင်းရော ဟုတ်ရဲ့လား။ ”

မြေပြင်၌ ကျန်ရစ် ခဲ့သော၊ မီးလောင် ချိုင့်ဝှမ်းကို ကြည့်ပြီး၊ သေချာအောင် ယုဟိုရှင်း အလောင်းအား ရှာဖွေ လိုက်မိသည်။

မီးခိုး လုံးများ အတွင်း မည်သည့် တစ်စုံ တစ်ရာ ကိုမျှ ရှာ မတွေ့ သဖြင့်၊ လွတ်မြောက် သွားသည့် ပုံရိပ်မှာ၊ ယုဟိုရှင်း အမှန် ဧကန် ဖြစ်နေ လေပြီ။

***

All Chapters