စိတ် အနှောင့် အယှက် ဖြစ်စရာ။
Vol. 63 Ch. 876
လင်းယွန်က မီးလောင် ချိုင့်ဝှမ်း အနား ရောက်သည်နှင့်၊ အတည်ပြု နိုင်ရန် ရပ်ကြည့် လိုက်သည်။
မီးလောင် ချိုင့်ဝှမ်း အတွင်း တက်ကြွမှု တစ်စုံ တစ်ရာကို မတွေ့ရ မှသာလျှင်၊ သွေးလမ်း အတိုင်း ဆက်၍ ယုဟိုရှင်းနောက် လိုက်လာ မိသည်။
ရရှိ ထားသော ဒဏ်ရာများ အရ၊ ဝေးဝေးပြေး နိုင်မည် မဟုတ်ချေ။ တခြားသူ တစ်ဦးသာ ဆိုပါလျှင်၊ အကြိမ်ရာ နှင့်ချီကာ၊ သေဆုံး သွားပြီ ဖြစ်သည်။
ထိုစဉ်က သူ့အား လွန်လွန် ကြူးကြူး ခြိမ်ခြောက်သည် သာမက၊ ယင်းသို့ ပြောသည့် အတိုင်း၊ အမှန် တကယ် လုပ်ဆောင် မည်ကို သူ သိသည်။
ဓားဂိုဏ်း၏ အကြွင်း အကျန်ဟု၊ ခေါ်ဝေါ်လိုက် ခြင်းမှာ၊ သူ့အား ပို၍ စိုးရိမ်ဖွယ် ဖြစ်လာ စေသည်။
သူတို့ နှစ်ဦးမှာ ကံကြမ္မာနှင့် ပတ်သတ် နေကြောင်း၊ ယုဟိုရှင်း မှလည်း သိရှိ ထားပုံ ရ၏။
တစ်နာရီကြာ ပြီးနောက် ယုဟိုရှင်းအား လိုက်မီသွားသည်။ ပြင်းထန် လွန်းသော ဒဏ်ရာ များကြောင့်၊ လွန်စွာ အားနည်း နေပြီး၊ အခြေခံ အုတ်မြစ်လည်း၊ ယိုင်နဲ့ သွားပုံ ရသည်။
သို့သော် နောက်မှ လိုက်လာသော သူ့ဓား အရှိန်အဝါကို ခံစား လိုက်ရသော ယုဟိုရှင်းက၊ အံကြိတ်လျက် လှည့်ကြည့် လာသည်။
“ ဟား ဟား ဟား ... ၊ လင်းယွန် မင်းက တကယ် အငြိုးကြီးနဲ့ ကောင်ပဲ၊ ဒီအခြေ အနေ ရောက်နေ တာတောင်မှ၊ မင်းက ငါ့ကို လွှတ်ထားဖို့ ရည်ရွယ်ချက် မရှိဘူး။ ”
ယုဟိုရှင်းတွင် မောက်မာသော အရှိန် အဝါများ ရှိတော့ဘဲ၊ အသက်နှင့် သေခြင်းပေါ်၊ လျှောက်လှမ်း နေရကြောင်း သိသာသည်။
သို့သော် လင်းယွန်က မျက်ဝန်းများ မှေးစင်းလျက်၊ ရုတ်တရက် ရပ်တန့် သွားသည်။
“ ဓားကျွန်၊ မင်း ငါ့ အသက်ကို မလိုချင် ဖူးလား၊ ဘာလို့ ရပ်လိုက် တာလဲ သတ္တိ ရှိရှိနဲ့ ငါ့ကို လာသတ် လိုက်ပါ။ ”
ယင်းကို မြင်သည်နှင့်၊ ယုဟိုရှင်းက ကောက်ကျစ်သော အပြုံးအား ထုတ်ဖော်ကာ၊ ဖိတ်ခေါ် လိုက်သည်။ လင်းယွန် မှာမူ သက်ပြင်း ချလိုက်ပြီး၊
“ မင်း ... လွတ်မြောက် နိုင်လိမ့် မယ်လို့၊ ငါယုံတောင် မယုံနိုင်ဖူး ယုဟိုရှင်း ... ၊ မင်းက ငါ့ အတွက် တကယ့် ဒုက္ခ အိုးပဲ၊ ... ”
“ ... ငါသာ နောက်တစ်လှမ်း တိုးမိရင်၊ မင်းခန္ဓာ အတုကို ဖောက်ခွဲပြီး၊ ငါကိုပါ ဆွဲခေါ် သွားမလို့ မဟုတ်လား။ ”
ထိုစကားကြောင့် ယုဟိုရှင်း အပြုံးမှာ၊ ပျောက်ကွယ် သွားပြီး၊
‘မင်း ဘယ်လို သိသွား တာလဲ။’ ဟု ပြန်မေး လိုက်၏။
“ မင်းမှာ အရင် ကလို ... ၊ ခရမ်းရောင် မြူတွေ မရှိ တော့ဘူး ... ။ ”
လင်းယွန်က သက်ပြင်း ချကာ၊ အပြန် ဖြေသည်။
“ ဟား ဟား ဟား ... ၊ တကယ့်ကို သတိကြီး ပါပေတယ်၊ မင်းက ငါ့ ရန်သူ ဆိုတာ တွေးမိ လိုက်ရုံနဲ့၊ ငါ့ ကျောရိုးကို တုန်လှုပ်မိ စေတယ်၊ ... ”
“ ... ဘာပဲ ဖြစ်ဖြစ် နောက်တစ်ကြိမ် ငါနဲ့ ပြန်တွေ့ရင် ... ၊ မင်းအတွက် အခွင့် အရေး မရှိ တော့ပါဘူး။ ”
ယုဟိုရှင်း၏ အရေပြား ပေါ်၌ ခရမ်းရောင် အက်ကွဲ ကြောင်းများ ပျံ့နှံ့လာ သဖြင့်၊ လျှပ်စီး လေဆင် နှာမောင်းကို ဆင့်ခေါ် လိုက်ရသည်။
“ ဝုန်း ... ။ ”
ပေါက်ကွဲမှုကြီး ငြိမ်သက် သွားသော အချိန် မှသာ၊ လေဆင် နှာမောင်းအား ရုတ်သိမ်းလျက်၊ ရှေး တူရှုသို့၊ လှမ်းကြည့် လိုက်သည်။
ယုဟိုရှင်း ရပ်နေသော နေရာ၌၊ ထိတ်လန့်ဖွယ် ကောင်းသော မီးလောင် ချိုင့်ဝှမ်းကြီး ဖြစ်ကျန် ခဲ့သည်။
ယင်းမှာ အလွန် ကြီးမားသော၊ ဥက္ကာခဲ တစ်ခဲ ပြုတ်ကျ ထားသည်နှင့် တူ၏။ ‘မြေကမ္ဘာ ပျက်စီးခြင်း သည် ယုဟိုရှင်းအား ထိမှန်ပုံ မရချေ။
တိုက်ခိုက်မှု မရောက်ခင်၊ သူ့ ခန္ဓာကိုယ် အတုအား ချန်ကာ ထွက်ပြေး နိုင်ခဲ့ပုံ ရသည်။ သို့သော် ထိုခန္ဓာတွင် ယုဟိုရှင်း၏ သွေး အနှစ် သာရနှင့်၊ စိတ် ဝိညာဉ်များ ပါဝင်၏။
ထို့ကြောင့် ခန္ဓာကိုယ် အတု ပေါက်ကွဲ ခြင်းဖြင့်၊ ဒဏ်ရာများ ရရှိ နိုင်ပေမည်။ အချိန်တို အတွင်း၊ ပြန်လည် ကောင်းမွန်လာ နိုင်မည် မဟုတ် သော်လည်း၊ ယင်းမှာ လင်းယွန် လိုချင်သော ရလဒ် မဟုတ်ပေ။
“ ငါ့ ဓားက မမြန်ဘူး ... ။ ”
လင်းယွန်က သက်ပြင်း ချကာ ညည်းတွား လိုက်သည်။ သူ့ဓား သည်သာ ယင်းထက် ပို၍ မြန်ပါက သတ်နိုင်မည် ဖြစ်သည်။
တစ်နာရီ နီးပါး ကြာပြီးနောက် ရင်ပြင်သို့၊ ပြန်လည် ရောက်ရှိ လာသည်။ ဖန်းရှောင်ယု၊ တို့မှာ၊ ဘေးကင်းစွာ ပြန်ရောက်လာ သည်ကို မြင်သော အခါတွင်၊ ဝမ်းသာ ကုန်သည်။
သို့သော် ပုံမှန် မဟုတ်သော မြင်ကွင်း ကြောင့်၊ လင်းယွန် တစ်ယောက် မျက်မှောင် ကြုတ် မိသည်။
နဂါးလေးက ထိတ်လန့်ဖွယ် ကောင်းသော အရှိန် အဝါကို ထုတ်ဖော်လျက်၊ ကြယ်ပုလဲများ ပေါ်တွင် တက်ထိုင် နေခဲ့သည်။ သူ့ ခြေရင်းတွင် သတိလစ် နေသော လူ အနည်းငယ် ရှိ၏။
“ ဘာ ဖြစ် တာလဲ ... ။ ”
လင်းယွန် မေးခွန်းကို၊ ကျန်းဖန် ဟူသော လူငယ်က၊ သူ့ နောက်တွင် ရပ်နေသည့် လူအုပ် ထံ လှည့်ကြည့်ပြီး၊ ပြန်ဖြေ လာသည်။
“ သခင်လေး လင်း၊ မင်း အချိန်မီ ပြန်လာ တာပဲ၊ ငါတို့က ငါတို့ ပိုင်တဲ့ ကြယ်ပုလဲ တွေကို ပြန်ယူဖို့ ကြိုးစား ခဲ့ပေမယ့်၊ မင်းရဲ့ သားရဲက တိုက်ခိုက် ခဲ့တယ်။ ”
ဤကျန်းဖန်မှာ နန်နောင်ဟဲကို သစ္စာ စောင့်သိရန်၊ ရှေ့ထွက် လာသော လူငယ် သုံးဦး အနက် တစ်ဦး ဖြစ်၏။
“ အိုး ဟုတ်လား ... ၊ ဒါဆို မင်းက ဘယ်လောက် ယူချင် လို့လဲ ... ။ ”
လင်းယွန်က မေးလာ သဖြင့်၊ ကျန်းဖန်၏ မျက်လုံးများ လောဘရောင် တောက်လာသည်။
“ တစ်သောင်း ... ၊ ငါတို့ သုံးယောက် အတွက် သုံးသောင်း ပေးပါ။ ”
“ လောဘ ကြီးတဲ့ ခြင်္သေ့တွေ မြင်ဖူး ပါတယ်၊ ဒါပေမယ့် လောဘ ကြီးတဲ့ ခွေးတော့ မမြင် ဖူးဘူး။ ”
လင်းယွန်မှ လူသိ ရှင်ကြား ခွေးဟု ရည်ညွှန်းလာ သောကြောင့်၊ ကျန်းဖန်တို့ သုံးယောက် မှာ၊ မျက်နှာများ ပြောင်းလဲ သွားသည်။
“ လင်းယွန် ... ၊ မင်းက ငါ တို့ရဲ့ ကြယ်ပုလဲကို ယူပြီး၊ အရှက်ခွဲ ရဲတယ်လား၊ တိမ်မီးတောက် နယ်မြေက ဓားမြ တွေနဲ့ ဘာများ ကွာခြား ဦးမှာလဲ။ ”
“ ငါ မှားလို့လား၊ မင်းတို့ သုံးယောက်က နန်းနောင်ဟဲရဲ့ ခွေး ဖြစ်ချင် နေတာ လူတိုင်း အသိပဲ။ ”
လင်းယွန်က ပြုံးလျက် ၎င်းတို့ သုံးယောက်ထံ ပြန်ကြည့် လိုက်သည်။
“ ဒီသတင်းကို တိမ်မီးတောက် နယ်မြေဆီ ငါပို့ နိုင်တယ်၊ နန်းနောင်ဟဲ ဆိုတာ သူတို့ ထဲမှာ အသန် မာဆုံး မဟုတ်ဘူး။ ”
“ သခင်လေး လင်း၊ မင်း လိမ်မာ ပါးနပ်မှု ရှိတာ ပိုကောင်းမယ် ... ။ ”
“ ငါတို့က ကြယ်ပုလဲ တစ်သောင်း စီပဲ ယူမှာ ပါတယ်။ ”
သုံးဦးသား တက်ညီ လက်ညီဖြင့် လင်းယွန်အား ခြိမ်းခြောက် လာခဲ့သည်။ တစ်ဖက် လူမှာ သန်မာသည် မှန်သော်လည်း၊ ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲ ထားသဖြင့်၊ အားအင် ကုန်ခမ်း နေပြီ ဖြစ်သည်။
ထို့ကြောင့် သူတို့ သုံးဦး အနက်၊ တစ်ဦး အသက်ရှင် နိုင်သမျှ၊ တိမ်မီးတောက် နယ်မြေထံ သတင်းရောင်း နိုင်မည် ဖြစ်သည်။
ထိုအချိန်၌ လင်းယွန် အတွက် ကပ်ဘေး ဖြစ်လာ ပေမည်။ ၎င်းကို ပို၍ တွေးမိ လာပြီး၊ ကျန်းဖန် မျက်နှာမှာ လေးနက် သွားသည်။
“ လင်းယွန်၊ မင်းရဲ့ တိုက်ပွဲက လွယ်တယ် ထင်ရ ပေမယ့်၊ မူလ စွမ်းအင် ကုန်ဆုံး နေပြီ ဆိုတာ ငြင်း မရ ပါဘူး၊ ... ”
“ ... ငါတို့ ကလည်း၊ သက်ဆိုင်ရာ နယ်မြေရဲ့ အသန် မာဆုံး သူ တွေမို့၊ မင်း မလွန် ဆန်တာ ပို ကောင်း ပါမယ်။ ”
ကျန်းဖန် စကားကြောင့် နန်းနောင်ဟဲ နောက်သို့ လိုက်ရန်၊ တောင်းဆိုခဲ့ ဖူးသော သူ များက၊ ချက်ချင်း ထောက်ခံ လိုက်ကြသည်။
“ ဟုတ်တယ် ... ။ ”
“ အမှန်ပဲ ... ။ ”
“ အစ်ကို ကျန်း ပြောတာ မှန်တယ်၊ မင်း လွန် မလာနဲ့ ...။ "
“ ငါတို့ ကြယ်ပုလဲ တွေကို ပြန်ပေးပါ။ ”
“ ..... ။ ”
လက်ရှိ အခြေ အနေအား၊ ကြည့်ပြီး၊ ကောင်းစွာ မပြီးဆုံး သေးသည်ကို ဖန်ရှောင်ယု တစ်ယောက် နားလည် လိုက်မိသည်။
တစ်ဖက်တွင် နန်းနောင်ဟဲထက် သန်မာသော၊ ယုဟိုရှင်းကို ထပ်မံ ရင်ဆိုင် လိုက် ရသဖြင့်၊ လင်းယွန် တစ်ယောက် မောပန်း နေနိုင် သည်။
“ ငါ စိတ်ပြောင်း သွားပြီ ... ၊ တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီး ကိုပါ လိုချင်တယ်။ ”
ထောက်ခံသူ များလာသည့် အတွက်၊ ကျန်းဖန်က ယုံကြည်မှု ပိုရှိ လာပြီး၊ တိုးကာ တောင်းဆို လိုက်၏။
“ မှန်တယ် ... ဒါမှ တရား မျှတ မှာ ... ။ ”
လူ တစ်စုမှ တစ်ယောက် တစ်ပေါက် တောင်းဆို နေခြင်း အပေါ်၊ လင်းယွန် ခမျာ ဒေါသ ထွက်လာသည်။ သူ့ အနေဖြင့် အစုလိုက် အပြုံလိုက် သတ်ခြင်းကို ရှောင်ရှား လိုခြင်း ဖြစ်သည်။
ရုတ်တရက် ပြင်းထန် လွန်းသော သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်ကြောင့်၊ ကျန်းဖန်တို့ သုံးဦးမှာ၊ နောက်ပြန်ဆုတ် လိုက်ပြီး၊
“ မင်းက သန်မာတယ် ဆိုပြီး၊ လွန်မလာ လင်းယွန် ... ၊ ဒါက ငါတို့ရဲ့ ကြယ်ပုလဲကို ငါတို့ ပြန်ယူ တာပဲ ။ ”
-ဟု ဆိုမိ လေသည်။
“ ပြောတာ ကောင်းတယ်၊ ဒါပေမယ့် ငါ လွန်တော့ မင်း ဘာလုပ် ချင်လဲ"
လင်းယွန်က ပြုံးပြီး၊ ဓားအား ဆွဲကာ၊ ရုတ်တရက် ခုတ်ပိုင်း ချလိုက်သည်။ မျက်ဝန်း များ ပြူလျက်၊ ခေါင်းပြတ် သုံးလုံး လေထုထဲ ပျံတက် လာတော့သည်။
***