← Chapters

ဘုန်းနေမင်း ကုန်းမြေ။

Vol. 63 Ch. 877

ဘုန်းနေမင်း ကုန်းမြေ။

Vol. 63 Ch. 877

ဦးခေါင်း မပါသော လူသေ အလောင်း (၃) လောင်းက မြေပြင် ပေါ်သို့ တအိအိ ပြိုကျ လာသည်။

ထို့ကြောင့် ကျန်းဖန်တို့ သုံးဦးကို ထောက်ခံ သူများမှာ၊ မျက်နှာများ ဖြူဖျော့ သွားတော့၏။

လင်းယွန် တစ်ယောက် တိုက်ပွဲ၌ အလွန် ပင်ပန်း နေပြီဟု သူတို့ ထင်ခဲ့၏။ သူတို့ မသိ သည်မှာ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ် မှုကို၊ ရှောင်ရှား လိုသောကြောင့်၊ လင်းယွန်မှ ငြိမ်သက် နေခြင်း ဖြစ်သည်။

“ နန်းနောင်ဟဲရဲ့ လက်ပါးစေ ဖြစ်ချင်တဲ့ သူတွေ အကုန် ထွက်သွား၊ ငါ့ ရှေ့မှာ ထပ်ပေါ် မလာနဲ့၊ တခြား သူတွေ ကြယ်ပုလဲ (၅၀၀) ယူပြီး ဆက်နေ နိုင်တယ် ... ။ ”

လင်းယွန်က အေးစက်စွာ ကြေငြာ လိုက်သည်။ မောင်းထုတ် ခံရသော လူ တစ်စုမှာ ကြောက်လန့် တကြားဖြင့်၊ ထွက်ပြေး လျက်မှ၊ တိမ်မီးတောက် နယ်မြေထံ အကြောင်း ကြားရန် ဆုံးဖြတ် လိုက်ကြသည်။

“ မသွား သေးဖူးလား ... ။ ”

လင်းယွန်က မျက်ခုံး ပင့်လျှက်၊ ဓားအလင်းအား လက်ညှိုးဖြင့် တောက်ထုတ် လိုက်ရာ၊ နန်းနောင်ဟဲကို ထောက်ခံသည့် လူ တစ်ဦး၊ ချက်ချင်း သေဆုံး သွား၏။

“ မြန်မြန် သွား ... ။ ”

ယင်းကြောင့် တုန့်ဆိုင်း နေဝံ့ခြင်း မရှိ တော့ဘဲ၊ အရှိန် မြှင့်တင် လိုက်ကြ၏။ ပြန်လှည့် ကြည့်ဖို့ ရန်ပင်၊ သတ္တိ မရှိ တော့ချေ။

“ ဒီလူတွေကို လွှတ်ပေး လိုက်ရင်၊ တိမ်မီးတောက် နယ်မြေ ဆီကို၊ သတင်း ရောင်စား ကြလိမ့်မယ်။ ”

ဖန်ရှောင်ယုက သတိ ပေးလာသည်။

“ လျှို့ဝှက်ချက် ဆိုတာ အမြဲ ဖုံးကွယ် ထားလို့ မရ ပါဘူး၊ နန်းနောင်ဟဲ အသတ်ခံ လိုက်ရတဲ့ သတင်းက၊ ဒီမြို့မှာ ရှိတဲ့ လူတိုင်းကို ငါ မသတ်ရင်၊ ပြန့်မှာပဲ မဟုတ်လား။ ”

လင်းယွန်မှ အရာ အားလုံးကို တွက်ဆ ထားပြီး ဖြစ်သဖြင့်၊ ဖန်ရှောင်ယု တစ်ယောက် ကျောရိုးများ အေးစိမ့် သွားသည် ။

“ တိမ်မီးတောက် နယ်မြေ ကိုတောင် မဖြေရှင်း နိုင်ရင်၊ ဒီလမ်း ဆုံးအောင်၊ ငါ ဘယ်လို လုပ် လျှောက်နိုင် မှာလဲ ... ။ ”

အဆိုပါ စကားကြောင့် ဖန်းရှောင်ယု စိတ်ထဲ၌ ကျယ်လောင်သော အချက်ပေး သံများ မြည်ဟည်း လာသည်။ သော့ တစ်ချောင်းဖြင့် တံခါး တစ်ချပ်အား ဖွင့်လိုက် ခြင်းနှင့် တူ၏။

ကျန်ရစ် ခဲ့သူ များကို၊ လင်းယွန်က ကြယ်ပုလဲများ ဝေငှပေး လိုက်သည်။ အလား အလာ ရှိသည်ဟု ယူဆ မိပါက၊ နောက်ထပ် တစ်ရာခန့် ပိုပေးရန် ဆုံးဖြတ် လိုက်သည်။

ဤသူများ ထဲတွင် အနာဂတ်၌ ထူးချွန် ထက်မြက်လာ နိုင်ခြင်း ရှိ-မရှိ၊ မည်သူမျှ မပြော နိုင်ချေ။

ဖြစ်နိုင်ခြေ မရှိ လျှင်ပင်၊ တိမ်မီးတောက် နယ်မြေ၏ ဖိနှိမ်မှု အောက်တွင်၊ ဂုဏ်သိက္ခာကို ဆက်ထိန်းထား နိုင်သည်မှာ၊ လေးစား ထိုက်သည်။

“ အများကြီး ပါလား ... ။ ”

“ ဒါက ရှစ်ရာ တောင် ... ။ ”

“ ငါက တစ်ထောင် ... ။ ”

ပိုပေး ခံရသည့် လူ အချို့က နားမလည် နိုင်ဟန်ဖြင့် လင်းယွန်ထံ ပြန်ကြည့် မိကြသည်။ ထို့ကြောင့် ဖန်ရှောင်ယုက ပြုံးပြီး၊

“ ညီလေး လင်းက မင်းတို့ရဲ့ ရပ်တည် ချက်ကို သဘော ကျတယ်၊ အနှေးနဲ့ အမြန် သန်မာ လာနိုင် မယ်လို့ ယူဆပြီး၊ မင်းတို့နဲ့ ဆက်ဆံရေး ကောင်းတွေ ရယူဖို့၊ ဆန္ဒ ရှိနေတယ် ... ။ ”

-ဟု ရှင်းပြ လိုက်သည်။

ထိုစကားကြောင့််၊ လူတိုင်း မျက်ရည်များ ဝိုင်းလာသည်။ သူတို့ အားလုံးမှာ သက်ဆိုင်ရာ နယ်မြေ၌၊ ပါရမီရှင်များ ဖြစ်ကြ သဖြင့်၊ မာန မရှိဟု ဆိုပါက၊ လိမ်ရာ ကျပေမည်။

ကောင်းကင် လမ်းသို့ ရောက်ပြီးနောက်၊ လူအချို့က ဦးညွှတ်ရန် ရွေးချယ် ကြသည်။ ထို အချိန်မှ စကာ၊ သူတို့၏ တိုက်ပွဲဝင် ဆန္ဒများကို၊ ထာဝစဉ် ဆုံးရှုံး သွားခဲ့သည်။

အံကြိတ်ကာ တောင့်ခံရန်၊ ရွေးချယ်လိုက် ကြသူများ အတွက်၊ ဦးမညွှတ် လိုသည့် အဆိုပါ နှလုံးသားမှာ၊ မည်မျှ တန်ဖိုး ရှိကြောင်း၊ ယခု သိရှိ လိုက်ရပြီ ဖြစ်သည်။

“ သခင်လေး လင်း၊ ဒီနေ့ ငါတို့ ... အရေး မပါ ပေမယ့်၊ နောင်မှာ အခွင့် အရေး ရှိရင် မင်းကို ပြန်ဆပ် ပါ့မယ် ... ။ ”

-ဟု ဆိုလျက်၊ လက်ဝှေ့ ယမ်းကာ အသိ အမှတ်ပြု လိုက်ကြပြီး၊ အနာဂါတ်တွင် နဂါး တစ်ကောင် ကဲ့သို့ ပျံသန်း နိုင်ရန်၊ ဆုံးဖြတ်ချက် ချလိုက် တော့သည်။

“ အဲ့ဒီ အတွက်၊ စိတ်ထဲ မထား ပါနဲ့ ... ။ ”

လင်းယွန်က ပြုံးကာ ဆိုလိုက်သည်။ အားလုံး ထွက်ခွာသွား ပြီးနောက်၊ ကြယ်ပုလဲ တစ်သိန်းအား ကောက်ယူလျက်၊ ကျန်အရာ များကို ဖန်ရှောင်ယု တို့ထံ၊ ခွဲဝေ ပေးသည်။

မကြာ သေးမီ ကပင်၊ ကြယ်ပုလဲ (၁၀၀၀) အတွက်၊ ပြဿနာတက် နေစဉ်၊ တစ်ယောက်ကို ကြယ်ပုလဲ (၁၀,၀၀၀)ခန့် ရရှိ လိုက်သဖြင့်၊ ဖန်ရှောင်ယု တို့မှာ အိမ်မက် ကဲ့သို့ ခံစား လာရသည်။

“ အစ်ကိုဖန် ... ၊ အရင် တုန်းက မင်း အပေါ် နားလည်မှု လွဲခဲ့ တာတွေ အတွက်၊ ငါ တောင်းပန် ပါတယ် ... ။ ”

“ ပြဿနာ မရှိ ပါဘူး၊ တကယ်ပဲ ငါက မင်းအပေါ် ပစ်မှတ်ထား နေခဲ့တာ မဟုတ်ဘူး၊ ယန်မိုကို သတ်လိုက်တဲ့ အတွက်၊ မြင့်မြတ်သော မဟာမိတ် အဖွဲ့က၊ ... ”

“ ... မင်းအပေါ် မျှော်လင့်ချက် ကြီးကြီး မားမား ရှိခဲ့တယ်၊ မင်းကို ကာကွယ်ဖို့ ညွှန်ကြား ခံခဲ့ ရတယ်၊ အချိန် အလုံ အလောက်သာ ရှိရင် ကောင်းကင် လမ်းမှာ၊ ... ”

“ ... မင်းက ငါတို့ရဲ့ ပယင်း ကမ္ဘာကို ကျော်ကြားစေ လိမ့်မယ်လို့၊ သူတို့ ယူဆထား ကြတယ်။ ”

ဖန်းရှောင်ယုက မဟာမိတ် တာဝန်ခံ ဂိုကျန်းရှန်၏ အမြင် များကို ပြန်လည် ပြောပြ လိုက်သည်။

အဆုံးတွင် ဖန်ရှောင်ယု တစ်ယောက် ခေါင်းဆောင် ဖြစ်ချင် ရသည့် အကြောင်း ရင်းကို၊ နားလည် သွား မိသည်။

သူ့အား ပယင်း ကမ္ဘာကို၊ ကိုယ်စားပြု သူ တစ်ဦး အဖြစ် ယူဆပြီး၊ ကာကွယ် လိုခဲ့ခြင်း ဖြစ်၏။

“ ဒါပေမယ့် ကောင်းကင် လမ်းမှာ၊ မင်း ဒီလောက် မြန်မြန် တိုးတက် လာလိမ့် မယ်လို့ မထင် မိခဲ့ဘူး၊ အကြီးအကဲ ဂိုက နည်းနည်း တော့ လျှော့တွက် မိသွား ပုံရတယ် ... ။ ”

-ဟု ဖန်ရှောင်ယုက လေးလေး နက်နက် ဆိုလိုက်သည်။

“ ယုဟိုရှင်း သေပြီလား ... ။ ”

ဇိုချင်းရှန်က ရုတ်တရက် သတိ တရ မေးလာသည်။ လင်းယွန်၊ ယုဟိုရှင်းနှင့် သူတို့ သုံးဦးမှာ၊ နယ်မြေ တစ်ခု တည်းမှ ဖြစ်သည်။

“ မသေဘူး ... ၊ အလင်း အမှောင် လမင်း ကမ္ဘာရဲ့ ... ၊ အခြေခံ အုတ်မြစ်က နက်ရှိုင်းလွန်း တယ်၊ သူ့ကိုယ် ကာကွယ်ဖို့ ရတနာတွေ ပေးခဲ့ ပုံပဲ။ ”

“ မင်းတို့ နောက်တစ်ကြိမ် တွေ့တဲ့ အခါ သတိ ထားပါ။ ”

ဇိုချင်းရှန်က အလေး အနက် သတိ ပေးလိုက်သည်။ ဖန်ရှောင်ယု သည်လည်း၊ ခေါင်းညိတ် ပြပြီး၊

“ အမှန်ပဲ၊ သူပေး ခဲ့တဲ့ ခံစားချက်က မကောင်းဘူး၊ သူ့ခန္ဓာကိုယ် ထဲမှာ နောက်ထပ် ရောင်ဝါ တစ်ခု ရှိနေ သလို ခံစား မိတယ်၊ ... ”

“ ... အလင်း အမှောင် လမင်း ကမ္ဘာရဲ့ မူလက လျှို့ဝှက် ဆန်းကြယ် လွန်းတယ်၊ မပေါ့ နဲ့ ... ၊ အဲ့ဒီ အချိန် တုန်းက ဓားဂိုဏ်း ပျက်စီး ရခြင်း နောက်ကွယ်မှာ သူတို့ ရှိတယ်။ ”

“ အင်း ... ငါ သိတယ်။ ”

လင်းယွန်က ခေါင်းညိတ် လိုက်ပြီး၊

“ အခု ကောင်းကင်လမ်း အကြောင်းကို ပြောကြ ရအောင်၊ ကြည့်ရတာ တခြား နယ်မြေ တွေက၊ ငါတို့ထက် အများကြီး စောရောက် နေခဲ့ ပုံပဲ။ ”

“ ဟုတ်တယ် စည်းမျဉ် တွေက မတူဘူး၊ ကောင်းကင်လမ်း အတွက် နဉ်မြေ တစ်သောင်း လောက် ပါဝင် ခဲ့ကြတယ်၊ ... ”

“ ... အဲ့ဒီထဲ ကမှ စစ်မက် နယ်မြေ ဆယ်ခု အပါ အဝင်၊ ပိုမို အားကောင်းတဲ့ နယ်မြေကြီး တွေက၊ သဘာဝ အတိုင်း ဦးစွာ ဝင်ခွင့် ရတယ်။ ”

ဖန်ရှောင်ယုက ကောင်းကင်လမ်း မြေပုံကို ထုတ်ယူ လိုက်ပြီး၊

“ အခု ငါတို့က ဘုန်းနေမင်း ကုန်းမြေမှာ ရှိနေတယ်၊ ဒီကုန်းမြေကို မြို့ပေါင်း တစ်ရာနဲ့ ဖွဲ့စည်း ထား၊ မြို့ တစ်မြို့ အတွက်၊ အနည်းဆုံး လူ တစ်သိန်းလောက် နေထိုင် နိုင်တယ်။ ”

“ အဲ့လောက်တောင် ကျယ်လား။ ”

ချောင်ချန်နှင့် ဇိုချင်းရှန်က အံ့အားသင့် သွားသည်။ မြို့ တစ်မြို့တည်း ၌ပင် ပါရမီရှင် သောင်းဂဏန်းခန့် ရှိနေ နိုင်သည်။

အချို့သော မြို့ကြီး များတွင် သည့်ထက် ပိုနိုင်၏။ ထို့အပြင် ဤသည်မှာ ဘုန်းနေမင်း ကုန်းမြေ မျှသာ ဖြစ်သည်။

ထို့ကြောင့် အနာဂတ်၌ တိုက်ပွဲများ မည်မျှ ပြင်းထန် လာမည်ကို သူတို့ တွေး၍ မရ နိုင်ချေ။ ဖန်ရှောင်ယုက ဆက်လက်ပြီး၊

“ နောက်ထပ် တွေ့ရမဲ့ မြို့ နာမည်ကို၊ မိုးကြိုး မြို့လို့ ခေါ်တယ်၊ အဲ့ဒီ မြို့ရဲ့ ဒရာကိုဖီ ထံမှာ၊ ဆုတောင်းမှု ပြုလုပ်ပြီး၊ ကိုယ်ပိုင် နဂါး ကမ္ပည်း ပြားကို ရယူ ရမယ်၊ ... ”

“ ... အဲ့ဒီ ကမ္ပည်း ပြားမှာ၊ ငါတို့ရဲ့ ကံကြမ္မာနဲ့ အောင်မြင်မှု မှတ်တမ်းတွေ ပါ၀င် လိမ့်မယ်၊ ဒါကို ချေမွ လိုက်ရင်၊ လာခဲ့တဲ့ နယ်မြေ အသီး သီးကို ပြန်ရောက် သွားနိုင် တယ်။ ”

ကမ္ပည်း ပြားသည် ပြန်လည် ဆုတ်ခွာရန်၊ အခွင့်အရေး တစ်ရပ် ဖြစ်၏။ မည်သူ မဆို ထိုသို့ အရှုံးပေး ထွက်ခွာ လိုမည် မဟုတ်ချေ။

“ ကောင်းကင် လမ်းမှာ၊ ရတနာ နယ်မြေ တွေရှိတယ်၊ အဲ့ဒီ နယ်မြေ တွေရဲ့ ကြွယ်ဝ မှုက၊ အမျိုး မျိုးသော အင်အားစု တွေကို ဆွဲဆောင် နိုင်တယ်၊ ... ”

“ ရှေးဦးခေတ် တုန်းက၊ ဂိုဏ်း ပေါင်းစုံ အတွက် လမ်းဖောက် ပေးထားတယ်၊ ယခုတော့ မြို့က အပျက်အစီး နယ်မြေ ဖြစ်သွားပြီ၊ ... ”

“ ... အစောပိုင်း အချိန် တုန်းက၊ ကောင်းကင် ဝိညာဉ် နယ်မြေကို ရောက်ပြီး မှသာ နဂါး တံဆိပ် ပြားကို ယူဖို့၊ ငါ့ စိတ်ကူး ထားတယ်၊ ယခုတော့ … ။ ”

ဖန်ရှောင်ယုက စကားဆက် မပြောမီ၊ လင်းယွန်ကို လှည့်ကြည့် လိုက်သည်။ မိုးကြိုး မြို့၌ တိမ်မီးတောက် နယ်မြေ၏ ပါရမီရှင်များ သေချာပေါက် ရှိနေမည် ဖြစ်သဖြင့်၊ သူတို့ အတွက် အန္တရာယ် ဖြစ်လာ နိုင်ပေမည်။

ထို့ကြောင့် လင်းယွန်ကို ကြည့်ပြီး၊ ငြိမ်ကျ သွားခြင်း ဖြစ်၏။ ယခု အချိန်၌ လင်းယွင်သည် ခေါင်းဆောင် ဖြစ်ချေပြီ။

လင်းယွန်က တုံ့ဆိုင်းခြင်း မရှိဘဲ၊ ခေါင်းညိတ် လိုက်ကာ၊

“ အလျင်လို နေစရာ မလို ပါဘူး၊ ငါတို့ ဒီနေရာကို ပိုင်ပြီ ဖြစ်တဲ့ အတွက်၊ အခွင့် အရေး တွေကို ကောင်းကောင်း အသုံး ချရအောင်၊ ... ”

“ ... နေ့ဘက်မှာ အချက် အလက်တွေ စုဆောင်း ကြပြီး၊ ညဘက်မှာ မင်းတို့ရဲ့ အကန့် အသတ် ရောက်တဲ့ အထိ၊ ကြယ်ပုလဲကို သန့်စင် ကြပါ။ ”

သုံးယောက် လုံးက ထိုအစီစဉ်ကို ကန့်ကွက်ခြင်း မရှိ ကြပေ။ လင်းယွန်၏ အကြည့် များက၊ မြို့လယ်ခေါင်ရှိ ဒရာကိုဖီ ကျောက်တိုင်ထံ ကျရောက် သွားသည်။

နန်းနောင်ဟဲ သည်ပင် ဤကျောက်တိုင် အဖျားသို့ မရောက် နိုင်ခဲ့ပေ။ သူ့ အကြည့်အား သတိပြု မိသွားသော ဖန်ရှောင်ယုက၊

“ ကောင်းကင်လမ်း ပေါ်က ဒရာကိုဖီ ကျောက်စာတိုင် တိုင်းက၊ အလွန် ဆန်းကြယ် တယ်၊ ကြောက်စရာ ကောင်းတဲ့ ပြဿနာတွေ ဖြစ်မလာ ရအောင် ခေါင်းပေါ် မတက် ပါနဲ့၊ … ”

-ဟု သတိပေး လိုက်တော့သည်။

***

All Chapters