← Chapters

အချိန်နှင့် အမျှ ကျင့်ကြံခြင်း။

Vol. 63 Ch. 878

အချိန်နှင့် အမျှ ကျင့်ကြံခြင်း။

Vol. 63 Ch. 878

ညရောက် သည်နှင့်၊ အနက်ရောင် မြူ များက ကောင်းကင်ကို နောက်တစ်ကြိမ် ဖုံးလွှမ်း လာပြန်သည်။

ထိုအချိန်တွင် ကောင်းကင်လမ်း တစ်လျှောက်၊ သားရဲ ဟောက်သံ များဖြင့် ပဲ့တင် ထပ်နေ၏။

ထို့အတွက်ကြောင့် လူတိုင်း နေ့ဘက် ၌သာ စွန့်စား ကြပြီး၊ ညဘက်တွင် မြို့ အတွင်း၊ ခိုလှုံ ကြခြင်း ဖြစ်သည်။

မြို့တော်နှင့် မိုင်ထောင်ချီ ဝေးသော အရပ်တွင်၊ ယုဟိုရှင်း တစ်ယောက် ကြောက်ရွံ့ တုန်လှုပ် နေခဲ့သည်။

“ အဟွတ် ဟွတ် ... ဝေါ့ ။ ”

ချောင်းဆိုး လိုက်တိုင်း သွေးများ အန်လျက် ရွံ့တွ နေပေ၏။ လမ်း တစ်လျှောက် နောက်ပါးမှ လင်းယွန် လိုက်ပါ လာခြင်း ရှိ-မရှိ၊ အကြိမ်ကြိမ် လှည့်ကြည့် မိသည်။

ဓားတာအို၌ ဤမျှ ခရီးရောက် နေသူ တစ်ဦးနှင့်၊ ကမ္ဘာ တစ်ခု ထဲမှ လာခဲ့ မိသည်ကို၊ မယုံကြည် နိုင်သေးချေ။

နတ်ဆိုး ဝိဉာဉ်ကို ဆင့်ခေါ် ပြီးနောက်၊ လင်းယွန်အား အနိုင် မယူ နိုင်သော်မှ၊ အလွယ် တကူ လွတ်မြောက် နိုင်မည်ဟု ယုံကြည် ခဲ့သည်။

သို့သော် မိစ္ဆာ တမန် တစ်ပါး ဖြစ်သော သူ့ဆရာမှ ကောင်းကင်လမ်း အတွက်၊ စီမံပေး လိုက်သော ခန္ဓာကိုယ် အတု ကိုပင်၊ အသုံးပြု ခဲ့ရ သည်။

သို့သော် လင်းယွန်အား ဒဏ်ရာ မပေးနိုင် ခဲ့ချေ။ ယင်းအစား သူ သာလျှင် သေဆုံး သွားရ သည်။

“ ဝေါ့ ... ။ ”

တုန်လှုပ် နေသောကြောင့်၊ ခန္ဓာကိုယ် အတွင်းမှ မူလ စွမ်းအင်များ ဖရိုဖရဲ ဖြစ်လာပြီး၊ သွေးများ ပိုထွက် လာသည်။

“ အဟဲ ... ကောင်လေး၊ မင်း ငါ့ကို ခေါ်ယူတုန်း ကတောင်၊ ဒီလောက် အထိ မတုန်လှုပ် ဖူးပါဘူး။ ”

နတ်ဆိုး ဝိညာဉ်၏ အသံကြောင့်၊ ယုဟိုရှင်း တစ်ယောက် ဝမ်းသာ သွားသည်။

“ စီနီယာ ... ၊ နိုးပြီလား။ ”

နတ်ဆိုး ဝိညာဉ်မှာ၊ သူ့ခန္ဓာ ကိုယ်ကို ထိန်းချုပ် ထွက်ပြေး ပြီးနောက်၊ တစ်ခွန်းမျှ မဆို တော့ဘဲ၊ တိတ်ဆိတ် သွားခဲ့ခြင်း ဖြစ်သည်။

“ ဒါက ခဏပဲ၊ ငါ မကြာခင် နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော် သွားလိမ့်မယ်၊ ဒါနဲ့ မင်း ဘာကို စိုးရိမ် နေတာလဲ ငါ သိတယ်၊ ... ”

“ ... ငါ့ဆီက အကူ အညီ မရရင်၊ ရလာဒ် မကောင်းတော့ မှာကို မင်းကြောက် နေတယ် မဟုတ်လား၊ ကောင်းပြီ ... ၊

“ ... ငါ အိပ်ပျော် သွားရင် ... ၊ မင်း ဒီနေရာမှာ ဆက်မနေ နဲ့တော့၊ ဘုန်းလမင်း ကုန်မြေ ကို သွားပါ ... ”

“ ... မင်းမှာ နယ်ပယ်တူ အချင်း ချင်းက၊ ပါရမီရှင် တွေနဲ့ တိုက်ခိုက်ဖို့၊ အရည် အချင်း မရှိ ဘူး၊ ဒါက တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေမှာ ... ”

“ ... မင်းရဲ့ ကန့်သတ် ချက်ကို မရောက်ခဲ့ လို့ပဲ၊ ဒါပေမယ့် ကိစ္စ မရှိ ပါဘူး၊ ကောင်းကင် ဝိညာဉ် ကပ်ဘေးကို မဖြတ် ကျော်ခင်၊ ... ”

“ ... ကန့်သတ်ချက် ရောက်အောင် လုပ်ဖို့ အခွင့် အရေး ရှိပါ သေးတယ်၊ ဒါဆို သာလွန်တဲ့ ကျင့်ကြံမှုနဲ့၊ မင်း သူ့ကို လွှမ်းမိုး နိုင်လိမ့်မယ်။ ”

နတ်ဆိုး ဝိဉာဉ် ပြောသည့် စကား များက၊ ယုဟိုရှင်း၏ မျက်လုံး များကို တောက်ပ စေခဲ့ သည်။ ထို့နောက် နတ်ဆိုး ဝိဉာဉ်က ဆက်ပြော လာ၏။

“ မင်းကို ... ၊ အုပ်စိုးရှင် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာ ငါ ပေးမယ်၊ အတုမဲ့ မိစ္ဆာ ကျင့်ကြံ မှု နည်းစနစ်က သတ္တမ အဆင့်ကို ရောက်တဲ့ အခါ၊ ... ”

“ ... ပထမ ကောင်းကင် ဝိညာဉ် နယ်မြေရဲ့ ကျွမ်းကျင်သူ တွေထက်၊ အများကြီး ပိုသန်မာ လာ လိမ့်မယ်။ ”

အုပ်စိုးရှင် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာဖြင့် ဆိုပါက၊ ဖြစ်နိုင်ချေ ရှိမှန်း တွက်ဆ နိုင်သဖြင့်၊ ယုဟိုရှင်း တစ်ယောက် ရွှင်မြူး လာသည်။

တစ်ချိန်က ၎င်းကို တောင်းဆို ရာတွင်၊ ကျင့်ကြံရန် လုံလောက်သော စွမ်းအား မရှိဟု ဆိုကာ၊ ငြင်းဆိုခြင်း ခံခဲ့ရ ဖူးသည်။

“ စီနီယာ မင်း ပြန်နိုး လာဖို့၊ အချိန် ဘယ်လောက် ကြာမလဲ ... ။ ”

“ မင်း ... ဘုန်းလမင်း ကုန်းမြေကို ဖြတ်ကျော်ပြီး၊ နဂါး တားမြစ် နယ်မြေကို မဝင် ခင်မှာ ငါနိုးလာ လိမ့်မယ်၊ လိုအပ်ရင် ... ”

“ ... ငါ့ကို နှိုးဖို့ လျှို့ဝှက် နည်းလမ်းကို သုံးနိုင် ပေမယ့်၊ အခွင့် အရေးက နှစ်ကြိမ်ပဲ ရလိမ့်မယ်၊ ဒါကြောင့် လိုအပ်မှ သုံးပါ။ ”

နတ်ဆိုး ဝိညာဉ် ပြောသော ထိုနယ်မြေ နှစ်ခုကို၊ တစ်ခါမျှ မကြားဖူး သောကြောင့် အံ့ဩ သွားသည်။

သူ သိသည်မှာ လက်ရှိ ဘုန်းနေမင်း နယ်မြေသာ ဖြစ်သည်။ ထို့ကြောင့် ၎င်းအား မေးမြန်း တော့မည့် အချိန်တွင် နတ်ဆိုး ဝိညာဉ်က၊

“ မမေးနဲ့ ... ၊ မင်း သန်မာ လာတဲ့ အချိန်မှာ အဲဒါကို သိရ လိမ့်မယ်၊ ဒီနေရာ ကနေ မြန်မြန် သွားဖို့သာ စဉ်းစားပါ၊ ... ”

“ ... ဒီကောင်က မင်းကို သတ်လိမ့်မယ်၊ အချိန် မတိုင်ခင် သူ့နဲ့ ဆုံရင် မင်း သေလိမ့်မယ်၊ အခု ငါအိပ် တော့မယ်၊ ... ”

“ ... ယုဟိုရှင် ဒီလောက်လည်း အားငယ် မနေနဲ့၊ မင်းလည်း ပါရမီရှင် တစ်ယောက်ပဲ၊ ငါ့ အကူ အညီ မပါဘဲ၊ ကောင်းကင် လမ်းမှာ တောက်ပ နေမှာ သေချာတယ်၊ ... ”

“ ... ကျန်တာ မကြည့်နဲ့ ငါ့ကို ဆင့်ခေါ် ခဲ့ဖူးတဲ့ လူ တစ်သောင်းမှာ၊ မင်း တစ်ယောက်ပဲ၊ အောင်မြင်တယ်၊ ပြီးတော့ ငါက ... ”

“ ... အသုံး မကျတဲ့ နတ်ဆိုး ဝိညာဉ် မဟုတ်ဘူး၊ မာကွင်းစ်လို့ ခေါ်တဲ့ နတ်မိစ္ဆာ မျိုးရိုးက၊ ဝိညာဉ် တစ်ကောင်ပဲ၊ ငါ့ကို စိတ်မပျက် စေနဲ့ …။ ”

( မာကွင်းစ် ဟူသည် အစဉ် အလာ ကြီးမားသော အထက် တန်းစား နတ်ဆိုး အမျိုး အစား ဖြစ်သည်။ )

ထို့နောက် မာကွင်းစ် ဝိညာဉ်၏ အသံမှာ တိုးတိတ် သွားသည်။ ယုဟိုရှင်းမှ မည်မျှပင် ခေါ်ဝေါ် နေကာမူ၊ တုန့်ပြန်ခြင်း မရှိ တော့ချေ။

သို့သော် ၎င်း၏ အားပေး စကားကြောင့်၊ ယုဟိုရှင်း၏ မျက်လုံးများ တောက်ပ လာပြီး၊ ယုံကြည်မှု ပြန်လည် ရရှိ လာသည်။

ဤသည်မှာ အမှန် တရား ပေပင်။ သူသည်လည်း ပါရမီရှင် တစ်ဦး ဖြစ်ပေ၏။

လေထု ထဲရှိ အနက်ရောင် မြူ များက၊ လူအများကို တိုက်စား နိုင်သော်လည်း၊ သူ့ အတွက် ချွင်းချက် ဖြစ်သည်။ ယင်းအစား ဒဏ်ရာ များပင်၊ တဖြည်းဖြည်း သက်သာ လာ၏။

“ အတုမဲ့ မိစ္ဆာ နည်းစနစ်က၊ တကယ်ကို အထင် ကြီးစရာပဲ၊ ဒါက တခြား မိစ္ဆာ ကျင့်ကြံမှု နည်းစနစ် တွေထက်၊ အများကြီး ပို အစွမ်း ထက်တယ် ။ ”

-ဟု ရေရွတ် နေစဉ်၊ ဘုန်းလမင်း ကုန်းမြေနှင့် နဂါး တားမြစ် နယ်မြေ ဟူသော အမည် များကို သတိရ လာသည်။

လင်းယွန် သည်လည်း ၎င်းနယ်မြေသို့ လာရ မည်ဟု သူ ယုံကြည်၏။ ထိုအချိန်၌ ရန်သူအား သတ်ပစ်ရန် ဆုံးဖြတ် ချက်ချ လိုက်သည်။

သည့်နောက် သတ်ဖြတ်ခြင်း ရောင်ဝါကို ရုတ်သိမ်းခြင်း မရှိ တော့ဘဲ၊ အမှောင်ထဲ တိုးဝင် လိုက်တော့သည်။ သူ့အတွက်၊ ညဘက် ခရီး သွားခြင်းမှာ၊ အလုံခြုံဆုံး ဖြစ်ချေပြီ။

နှစ်ရက် အကြာတွင် ကျောက်တုံးအိမ် အတွင်းရှိ လင်းယွန်မှာ မျက်လုံးများ ပွင့်လာပြီး၊ ဖြည်းညှင်းစွာ မတ်တတ် ထရပ် လိုက်သည်။

ခန္ဓာကိုယ် အတွင်း၌၊ အရှိန် အဟုန် ပြင်းလာသော မူလ စွမ်းအင်ကို ခံစား နိုင်သည်။ ထို့နောက် လက်ကို ဆန့်ထုတ် လိုက်ရာ၊ ‘မီး’ ဟူသော သတ်ပုံ ဖြစ်ပေါ် လာပြီး၊ လေထု ထဲရှိ ရွှေရောင် ဖျော့ဖျော့ စွမ်းအင် များကို စုပ်ယူ နေခဲ့သည်။

ဤသည်မှာ တိမ်မီးတောက် နယ်မြေ၏၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ ဖြစ်သော တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီး ဖြစ်သည်။

၎င်းကို အဖြူရောင်၊ အပြာရောင်၊ ခရမ်းရောင်နှင့် ရွှေရောင် ဟူ၍ တံဆိပ် လေးမျိုး သတ်မှတ် ပေးထား၏။

နန်းနောင်ဟဲမှာ အပြာရောင် တံဆိပ်ကို ပေါင်းစပ် နိုင်ရုံဖြင့်၊ လူတိုင်းအား ခြိမ်းခြောက် နိုင် ခဲ့သည်။

တစ်ဖက်တွင် ရွှေ အဆင့် တံဆိပ်ကို ဖွဲ့တည်ရန်၊ လင်းယွန်မှ နှစ်ရက်သာ အချိန်ပေး လိုက်ရသည်။

များ မကြာခင် လက်ဖဝါး ပေါ်၌၊ ရွှေရောင် အလင်းများ တောက်ပ နေသည့်၊ တံဆိပ် နှစ်ခု ထပ်မံ ဖြစ်ပေါ် လာ၏။

တစ်ချိန်တည်း မှာပင် လက်ဖဝါးမှ အပူလှိုင်းများ ပျံ့နှံ့ လာပြီး၊ ကမ္ဘာကြီး တစ်ခုလုံး လောင်မြိုက် ပစ်တော့မည့် အသွင်၊ အပူ ချိန်များ မြင့်တက် လာခဲ့သည်။

“ ကြောက်စရာ ကောင်းလိုက်တာ။ ”

လင်းယွန် တစ်ယောက် အံ့သြ သွားသည်။ နောက်ဆုံးတွင် လက်သီး တစ်ချက် တည်းဖြင့်၊ ပြိုင်ဘက်ကို မီးရှို့ သတ်နိုင်သော၊ တန်ယန် အပေါ် နားလည်လာ ခဲ့သည်။

တိမ်မီးတောက် လောင်းကျွမ်းခြင်း လက်သီးမှာ အဖျက် စွမ်းအား လွန်စွာ ပြင်းထန် ပေ၏။

အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာများ ထဲတွင်၊ အထွတ် အထိပ် အဆင့် အဖြစ်၊ သတ်မှတ် နိုင်ပေမည်။

မြင့်မားသော ကျွမ်းကျင်မှုသို့ ရောက်ရှိ လာပါက၊ အုပ်စိုးရှင် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာ ကိုပင်၊ ရင်ဆိုင် နိုင်သည်။

“ စမ်းကြည့်ဖို့ အချိန် တန်ပြီ ... ။ ”

လက်ဖဝါး ပေါ်ရှိ၊ မီးလျှံ ရူရ် သုံးလုံးအား အသက်သွင်း လိုက်သည်နှင့်၊ ကောင်းကင် အနှံ့ ရွှေရောင် တောက်ပ လာသည်။

တစ်ချိန်တည်း မှာပင် မြို့တော်အား တုန်လှုပ် စေသည့်၊ အဖျက် စွမ်းအားမျိုး ထုတ်လွှတ် လိုက်ကြ၏။

မီးလျှံ ရူရ် များ၏ အပူချိန်မှာ၊ မြို့ကို အရည်ဖျော်ရန် ကြိုးစား နေပေသည်။ ယင်းမှာ သူ့ မျှော်လင့် ချက်ထက်၊ ကျော်လွန်နေ သောကြောင့်၊ ရင် တလှပ်လှပ် ခုန်လာသည်။

ရူရ် သုံးလုံး ဖြင့်ပင် အလွန် ကြောက်စရာ ကောင်းနေပြီ ဖြစ်သည်။ ရူရ် ရှစ်လုံး ကိုသာ ထုတ်ဖော် နိုင်ပါက၊ ဆိုဖွယ် မရှိ နိုင်ချေ။

သည်မြင်ကွင်းကို သတိထားမိ လိုက်သော ဖန်ရှောင်ယုတို့ သုံးဦးမှာ မျက်နှာများ ပြောင်းလဲ သွားသည်။

လင်းယွန်၏ တိုက်တွန်း မှုကြောင့်၊ တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီးအား သူတို့လည်း လေ့ကျင့်ခဲ့ ကြသည်။

အောင်မြင် ခဲ့သော်၊ တိုက်ပွဲဝင် စွမ်းအား များစွာ တိုးလာ မည်ကို နားလည်၏။ နှစ်ရက် ကြာပြီးနောက်၊ အခြေခံ အုတ်မြစ် ခိုင်မာသော ဖန်းရှောင်ယု သည်ပင်၊ အပြာရောင် မီးလျှံ ရူရ် များကိုသာ ဖွဲ့တည် နိုင်သည်။

“ မယုံ နိုင်စရာပဲ ... ။ ”

ချောင်ချန်က ရေရွတ် လိုက်သည်။ ဖန်ရှောင်ယု သည်လည်း လင်းယွန်ကို ကြည့်ကာ၊ ခရမ်းရောင် တံဆိပ်မျိုး ဖွဲ့စည်း နိုင်ရန်၊ တိတ်ဆိတ်စွာ ဆုံးဖြတ်ချက် ချလိုက်သည်။

မဟုတ်သော် သူနှင့် လင်းယွန်ကြား ကွာဟချက် အရမ်း ကြီးသွား နိုင်၏။ ကောင်းကင်ရှိ ကြောက်စရာ ကောင်းသော ဖြစ်စဉ်များ ပျောက်ကွယ် သွားပြီး၊ ပြုံးလျက် လင်းယွန် အနား ရောက်ရှိ လာသည်။

“ မင်းတို့ အချိန်မီ လေးပဲ၊ ငါ စောင့်နေတာ နှစ်ရက် ရှိပြီ၊ ဒရာကိုဖီ တိုင်ကို စူးစမ်းဖို့ အချိန် ရောက်ပြီ၊ မင်းတို့ လိုက်ချင်လား။ ”

“ မြင့်မြတ်သော မဟာမိတ် အဖွဲ့က၊ ဒရာကိုဖီ ခေါင်းက တားမြစ် နယ်မြေလို့ ပြောခဲ့ တယ်။ ”

ဖန်ရှောင်ယုက လေးနက် စွာဖြင့်၊ သတိပေး လာသည်။

“ တားမြစ် နယ်မြေ ဖြစ်လို့၊ ငါလည်း ပေါ့ဆမှာ မဟုတ် ပါဘူး၊ နန်းနောင်ဟဲက ကျောက်တိုင် ပေါ်မှာ၊ ဘာ့ကြောင့် ကျင့်ကြံ နေတာလဲ ဆိုတာ သိချင် တာပါ။ ”

“ ဒါဆိုလည်း သွားကြည့် ရအောင်။ ”

လင်းယွန် စကားကြောင့်၊ လူတိုင်း စိတ်လှုပ်ရှား လာပြီး၊ ဒရာကိုဖီ ကျောက်တိုင်ထံ ဦးတည် လိုက်သည်။

အန္တရာယ် မရှိသော် နေ့ဘက်တွင်၊ သတင်း အချက်ရ ယူပြီး၊ ညဘက်၌ တိုင်ပေါ် တက်ကာ ကျင့်ကြံနိုင် ပေမည်။

ဤနည်းဖြင့် သူတို့၏၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ ကန့်သတ် ချက်အား၊ လျင်မြန်စွာ ရောက်ရှိ နိုင်မည် ဖြစ်သည်။

***

All Chapters