← Chapters

ကောင်းကင် သစ်ပင် ပေါ်တွင်၊ အိုင်းရစ် ပန်းပွင့်ခြင်း ။

Vol. 63 Ch. 879

ကောင်းကင် သစ်ပင် ပေါ်တွင်၊ အိုင်းရစ် ပန်းပွင့်ခြင်း ။

Vol. 63 Ch. 879

အဝေးမှ ကြည့်ရ သည်မှာ၊ ဒရာကိုဖီ ကျောက်တိုင် အမြင့်သည်၊ မီတာ (၃၀၀) ခန့် ရှိမည်ဟု ထင်မိ သော်လည်း၊ အနီး ရောက်ချိန်၌ ထို့ထက် များစွာ မြင့်မားကြောင်း၊ သိလိုက် ရသည်။

ထို့အပြင် တိုင်ကို ရစ်ပတ် ထားသော ဒရာကိုဖီ၏ ရောင်ဝါမှာ၊ ပို၍ ခမ်းနား ထည်ဝါ ပေသည်။

ဆယ်မီတာ အကွာသို့ တိုးကပ် မိချိန်၌၊ လင်းယွန်မှ လွဲပြီး၊ မည်သူမျှ ခေါင်း မမော့နိုင် တော့ချေ။

မော့ကြည့်ရန် ကြိုးစား လိုက်တိုင်း၊ အကြောက် တရားက နှလုံးသား အတွင်း၊ တိုးဝင် လာခဲ့သည်။

“ ဒါက မယုံနိုင် စရာ ပါပဲ ... ။ ”

ဇိုချင်းရှန် နဖူးမှ ချွေးများ စီးကျ လာပြီး၊ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ သွား၏။ ဖန်ရှောင်ယုက လင်းယွန်ကို တစ်ချက် ကြည့်ကာ၊

“ တစ်ခု ခုတော့ မူ မမှန်ဘူး၊ ဖိအားက အရမ်းများ နေသလိုပဲ၊ ငါတို့ရဲ့ ခွန်အားက နန်းနောင်ဟဲနဲ့၊ ကွာလှတာ မဟုတ်ဘူး … ။ ”

-ဟု ဆိုလိုက် သဖြင့်၊ ဇိုချင်းရှန်တို့ နှစ်ဦး ကပါ၊ လှည့်ကြည့် လာသည်။

ယင်းမှာ လင်းယွန်ကြောင့်၊ ဖိအားများ တိုးလာခြင်း ဖြစ်ပေမည်။ ခဏ အကြာတွင် သုံးယောက်သား တူညီစွာ ဆုံးဖြတ်ချက် ချလိုက် ကြ၏။

“ လင်းယွန် ... ၊ ငါတို့ နေခဲ့မယ်။ ”

“ ကောင်းပြီ ... ။ ”

လင်းယွန်က ခေါင်းညိတ် လိုက်သည်။

“ သတိ ထားပါ။ ”

ထို့နောက် နန်းနောင်ဟဲ ကျင့်ကြံရာ၊ နဂါး လက်သည်း ပေါ်သို့၊ လင်းယွန် တစ်ယောက် ခုန်တက် လိုက်မိသည်။

လက်သည်း ၌ပင် ဖိအားများ မြင့်မားကြောင်း၊ သူ ခံစား နိုင်သည်။ ဦးခေါင်းထံ မော့ကြည့်လိုက် ချိန်တွင်၊ အတား အဆီး တစ်ခုအား၊ ခံစား လာမိ၏။

“ တကယ်ပဲ ... ။ ”

လင်းယွန်က အဖြစ် အပျက်ကို ချက်ချင်း နားလည် လိုက်သည်။ ဒရာ ကိုဖီတွင် အတား အဆီး၊ သုံးခု ရှိသည်။

နန်းနောင်ဟဲ အနေဖြင့်၊ ခွန်အား မလုံလောက် သောကြောင့်၊ ဒုတိယ အလွှာကို ဖြတ်ကျော် နိုင်ခြင်း မရှိ ခဲ့ချေ။

အသက် ပြင်းပြင်း ရှူ လိုက်ရာ၊ သိပ်သည်းသော ကြယ်စွမ်းအင်များ စိမ့်ဝင်လာ သည်ကို၊ ခံစားလိုက် ရသည်။ ခရမ်းရောင် နန်းတော်ရှိ မူလ စွမ်းအင် ပင်လျှင်၊ ပို၍ သန့်စင် လာခဲ့သည်။

အသက်ရှူ ရုံဖြင့် ကျင့်ကြံမှု၊ တိုးပွား လာသည် ဖြစ်ရာ၊ ဤကျောက်တိုင်မှာ အဖိုးတန် ရတနာ တစ်ပါး ဖြစ်ကြောင်း၊ အသိ အမှတ် ပြုမိ လေသည်။

ဖန်ရှောင်ယုတို့ သုံးဦး အတွက်၊ အနားကပ် ရန်ပင် ခက်ခဲ နေစဉ်၊ လင်းယွန်မှာ ကျောက်တိုင် ၏ သုံးပုံ တစ်ပုံ အမြင့်အား၊ လွယ်လွယ် ကူကူ တက်ရောက် နိုင်ခဲ့သည်။

သူတို့နှင့် လင်းယွန်ကြား ကွာခြား ချက်မှာ၊ ပို၍ ကြီးမား လာသည်ကို၊ ဖန်ရှောင်ယု တစ်ယောက် သဘောပေါက် လာသည်။

“ ဝှစ် ... ။ ”

ကြည့်နေစဉ် မှာပင်၊ လင်းယွန်က ခန္ဓာ ကိုယ်အား ဓားအလင်း များဖြင့်၊ သိုင်းခြုံလျက် ထပ်မံ ခုန်တက် သွားပြန်၏။

သို့သော် အတား အဆီး ထံမှ၊ သတ္တု သံများ ထွက်ပေါ် လာပြီး၊ ဟန့်တား ထားသဖြင့်၊ လိုရာ မရောက် ခဲ့ချေ။

ထို့ကြောင့် ထာဝရ နဂါးဓား ရောင်ဝါကို၊ ထုတ်ဖော်လျက် အတား အဆီး လွှာအား ရိုက်ချ လိုက်သည်။

“ ဂျိန်း ... ။ ”

သို့သော် အတားဆီး အလွှာ ထံမှ၊ မိုးကြိုးများ သက်ဆင်း လာသဖြင့်၊ မီတာ (၁၀၀) အကွာသို့ ပြန်လည် ခုန်ဆင်းပေး လိုက် ရသည်။

စွန့်စားရန် မလိုအပ် သေးသော ကြောင့်၊ ဦးခေါင်းထံ မော့ကြည့်ကာ၊ ‘ မေ့ လိုက်ပါ၊ ’ ဟု တီးတိုး ရေရွတ် လိုက်မိ၏။

လေထု အတွင်းရှိ အနက်ရောင် အငွေ့ အသက် များကို၊ သန့်စင် နိုင်သော ဤအကာ အကွယ် အလွှာတွင်၊ လျှို့ဝှက်ချက် တစ်ခု ရှိရ ပေမည်။

ယခု အချိန်၌ အဆိုပါ ဦးခေါင်းနှင့်၊ ပတ်သက်သည့် အကျိုး ကျေးဇူး တစ်စုံ တစ်ရာ ရှိ-မရှိ မသေချာချေ။ ထို့ကြောင့် ပေါ့ပေါ့ ဆဆ မလုပ် ဆောင်ရန် ဆုံးဖြတ် လိုက်သည်။

“ ကြယ်စွမ်းအင်က ဒီနေရာ မှာလည်း၊ သိပ်သည်း ပါတယ်။ ”

ထို့နောက် ကောင်းကင် ဓားသုတ္တန်ကို ဖြန့်ကျက်ကာ၊ ကြယ် စွမ်းအင်အား စတင် စုပ်ယူ လိုက်တော့သည်။

ဤအခိုက် အတန့်တွင် လေထု ထဲ၌၊ အပြာရောင် သစ်ပင်ကြီး တစ်ပင် ဖြစ်ပေါ် လာပြီး၊ ပတ်ဝန်းကျင်ရှိ ကြယ်စွမ်းအင် များကို အလော တကြီး စုပ်ယူ လေသည်။

လင်းယွန် တစ်ယောက် ဦးခေါင်းပေါ် တက်ရန်၊ ဆက်လက် မကြိုးစား တော့ သဖြင့်၊ ဖန်ရှောင်ယုနှင့် အဖွဲ့မှာ၊ သက်သာရာ ရသွား၏။

သို့သော် ဤအဆင့် သည်ပင်၊ ထိတ်လန့် စရာ ကောင်းနေ ပေ၏။ အခြားသူ တစ်ဦးသာ ဆိုပါက၊ တစ်နာရီ အကြာ၌ ခန္ဓာကိုယ် ပေါက်ကွဲသွား နိုင်ပေသည်။

များမကြာခင် အိုင်းရစ် ဓားသုတ္တန်မှ၊ အောင်မြင်မှု တစ်ခု ပြုလုပ် တော့မည့် အရိပ် အယောင်များ ပြသ လာသည်။

အိုင်းရစ် ဓားသုတ္တန်သည်၊ ကောင်းကင်ဓား သုတ္တန်၌ ကပ်တွယ် ရှင်သန် နေခဲ့ သောကြောင့်၊ နားမလည် နိုင်စွမ်းများ ပေးစွမ်း လာသည်။

ကောင်းကင် ဓားသုတ္တန်မှာ၊ အဋ္ဌမ အဆင့်သို့ လျင်မြန်စွာ ရောက်ရှိသွား သော်လည်း၊ အိုင်းရစ် ဓားသုတ္တန် မှာမူ၊ ဒွါဒသမ အဆင့်၌၊ ပိတ်မိ နေဆဲ ဖြစ်၏။

ဆိုလို သည်မှာ ကောင်းကင် ဓားသုတ္တန်၏၊ ဒသမမြောက် အဆင့်သည်၊ အိုင်းရစ် ဓားသုတ္တန် (၁၆) ဆင့်နှင့်၊ ညီမျှ ချေေ၏။

မပြည့်စုံ သော်လည်း၊ အိုင်းရစ် ဓားသုတ္တန် အဆင့်မှာ၊ ကောင်းကင်ဓား သုတ္တန်ထက် ပို၍ မြင့်မားကြောင်း၊ ထင်ရှား နေသည်။

ထို့ကြောင့် ဓားသုတ္တန် နှစ်ခု ပေါင်းစပ် ခြင်းဖြင့်၊ အုပ်စိုးရှင် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာ များကို ယှဉ်နိုင် မည်မှာ သေချာသည်။

ယွဲ့ဝေဝေ၏ စကားများ အရ၊ ခွန်လွန် နယ်မြေကြီး ၌ပင်၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာမှာ၊ ရှားပါး လှချေသည်။

ပညာရပ် တိုင်းတွင်၊ တင်းကြပ်သော စည်းမျဉ်းများ ရှိ၏။ ဥပမာ အားဖြင့်၊ အုပ်စိုးရှင် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာကို၊ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင် သူများ ကသာ၊ ကျင့်ကြံ နိုင်မည်။

လင်းယွန် မှာမူ ကောင်းကင် ဝိညာဉ် နယ်မြေ၌ မရှိ သော်လည်း၊ ဓားသုတ္တန် နှစ်ခု၊ တစ်ပြိုင် နက်တည်း ကျင့်ကြံထား သဖြင့်၊ ၎င်းကို စွမ်းဆောင် နိုင်ခဲ့သည်။

ဝိညာဉ်ရေး ဓားဖြင့် ထပ်မံ ပေါင်းစပ် လိုက်သော်၊ သူ့ ခွန်အားမှာ အုပ်စိုးရှင် အဆင့် ကံကြမ္မာ ကိုယ်ပညာ များ အပေါ်၊ ကောင်းစွာ ဖြေရှင်း နိုင်ပြီ ဖြစ်၏။

အချိန် ကုန်လွန် လာသည်နှင့် အမျှ၊ ဓားသုတ္တန် နှစ်ခုမှ အဆင့် (၉)နှင့်၊ အဆင့် (၁၃) သို့ တက်ရောက်ရန် ပြသ လာသည်။

ဓားသုတ္တန် နှစ်ခု စလုံးသာ၊ အောင်မြင်မှု ရရှိသွား ပါက၊ အသွင်ပြောင်း နိုင်မည် လားဟု သိချင် လာ၏။

အသက်ရှူ ရုံဖြင့်၊ ကြယ်စွမ်းအင်များ ရရှိနေသော အရပ် ဒေသတွင်၊ သူ၏ ကျင့်ကြံမှု အဟုန်မှာ၊ မယုံနိုင် လောက်အောင် မြန်ဆန် လာသည်။ ခရမ်းပြာရောင် ဓား အလင်း များမှာ၊ ပို၍ သန့်စင် လာပြီး၊ မူလ စွမ်းအင်များ ပွက်ပွက်ဆူ လာသည်။

ဤအခေြအနေ အရ၊ ဓားသုတ္တန် နှစ်ခု စလုံးကို၊ တစ်ပြိုင် နက်တည်း အောင်မြင်နိုင်ခြေ မြင့်မားသည်။ မျက်စိ တစ်မှိတ် အတွင်း ဆယ်ရက် ကုန်လွန် သွား၏။

ဖန်ရှောင်ယုတို့ သည်လည်း၊ ကျင့်ကြံ ရာ၌ လုံးလကို လျော့ မချချေ။ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၊ အကန့် အသတ်သို့၊ မြန်မြန် ရောက်ရှိရန် အရှိန် မြှင့်တင် ခဲ့ကြသည်။

နေ့ဘက်တွင် နဂါးလေး နှင့်အတူ၊ လှည့်လည် ကြပြီး၊ ညဘက်တွင် ကြယ်ပုလဲ များဖြင့်၊ ကျင့်ကြံသည်။

သူတို့ အဖွဲ့မှာ၊ မြို့ပြင် ဘက်ရှိ စွမ်းအား ကြီးသော နတ်ဆိုး သားရဲ အချို့ကို ကိုင်တွယ် ဖြေရှင်းရန်၊ လုံလောက် သည်ထက် ပိုနေသည်။

ကောင်းကင်လမ်း ပေါ်ရှိ နတ်ဆိုး သားရဲ များမှာ မွေးစဉ် ကပင်၊ ကြယ်စွမ်းအင် များကို စုပ်ယူ ရသဖြင့်၊ သန့်စင်သော သားရဲ အမြုတေ များအား၊ ဖွဲ့စည်း နိုင်သည်။

သားရဲ အမြုတေ တစ်လုံးသည် ကြယ်ပုလဲ တစ်ရာ နီးပါးနှင့် ညီမျှပြီး၊ ရှေးဟောင်း မျိုးဆက် သွေးများ ပါဝင်၏။

ဖန်ရှောင်ယု တို့ အတွက် အသုံး မဝင် သော်လည်း၊ နဂါးလေး အတွက်၊ ရတနာများ ဖြစ်သည်။ နဂါး သွေးကို သန့်စင် နိုးထ စေ၏။

“ လင်းယွန်ရဲ့ ကျင့်ကြံမှုက၊ ဘယ်တော့ အောင်မြင်မှု ရနိုင် မလဲလို့ တွေးမိတယ်၊ ငါတို့မှာ လုံလောက်တဲ့ အချက် အလက်တွေ ရထား ပြီးပြီ။ ”

အဓိက စုဆောင်း ထားသော သတင်းမှာ၊ တိမ်မီးတောက် နယ်မြေ ဖြစ်ရှိ၊ အသန်မာဆုံး လူငယ်၊ ဖုန်းရွှမ် အကြောင်း ဖြစ်၏။

ဖုန်းရွှမ်သည် ကောင်းကင် ဝိညာဉ် နယ်မြေ၏၊ အထွတ် အထိပ်သို့ ရောက်နေ ရှိပြီ ဖြစ်ပြီး၊ ကပ်ဘေးကို အချိန် မရွေး ဖြတ်ကျော် နိုင်သည့်၊ အခြေ အနေ၌ ရှိ၏။

အောင်မြင်ခဲ့ ပါက၊ ခရမ်းရောင် နန်းတော် တစ်ခု ထပ်မံ ဖွဲ့တည် လာခြင်းနှင့် ညီမျှသော အသွင် ကူးပြောင်း မှုကို၊ ရရှိ ပေလိမ့်မည်။

တိမ်မီးတောက် နယ်မြေ၌ ဖုန်းရွှမ် အပြင်၊ နန်းနောင်ဟဲထက် ပို၍ သန်မာသော လူငယ် သုံးဦး ရှိသည်။

သူတို့ အားလုံးမှာ တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီးကို၊ မြင့်မားသော အဆင့် အထိ ကျင့်ကြံ ထားနိုင်၏။

၎င်းတို့၏ မြို့ကို လုယူ ခဲ့သော၊ လင်းယွန် အမည်မှာ၊ ပျံ့နှံ့ နေပြီ ဖြစ်ပြီး၊ တိမ်မီးတောက် နယ်မြေအား၊ ဒေါသထွက် စေခဲ့သည်။

မကြာမီ ဤမြို့သို့၊ ၎င်းတို့ ရောက်ရှိ လာမည်ကို၊ ခန့်မှန်း နိုင်သည်။ သတင်း ဟူသည် ကောင်းကင် လမ်း၌၊ အမြန်ဆုံး ပျံ့နှံ့ နိုင်စွမ်း ရှိ၏။

နယ်မြေ တစ်ခု၏ ဂုဏ်သိက္ခာ ပျက်စီး သွားပါက၊ လူတိုင်းမှ ၎င်းတို့အား အစား ထိုးရန် ကြိုးပမ်း လာကြမည် ဖြစ်သည်။

လင်းယွန် သိမ်းပိုက် ထားသော မြို့မှာ၊ ဝင်ကြေး တစ်စုံ တစ်ရာ မရှိ သောကြောင့်၊ ရေပန်းစား လှချေပြီ။

မြို့ထဲ ဝင်ရောက်လာ သူတိုင်း၊ ကျောက်တိုင် ပေါ်တွင်၊ ကျင့်ကြံ နေသော လူငယ် တစ်ဦးကို တွေ့မြင် ရမည် ဖြစ်၏။

တိမ်မီးတောက် နယ်မြေကို နှိမ်နှင်း လိုက်သည့် တိုက်ပွဲ အကြောင်း ကြားပြီးနောက်၊ ထိုလူငယ်ထံ လေးစားစွာ ပြန်မော့ ကြည့်မိ ကြသည်။

ဖန်ရှောင်ယုတို့ သုံးဦးက၊ ပေါ့ပေါ့ ပါးပါး စကား စမြည် ပြောဆို နေကြစဉ်၊ ကျောက်တိုင် ကြီးမှ တောက်ပသော အပြာရောင် အလင်းများ၊ ရုတ်တရက် ထွက်ပေါ် လာသည်။

ထိုအလင်း များမှာ တစ်မြို့ လုံးကို လွှမ်းခြုံလျက်၊ ကြောက်မက်ဖွယ် ကောင်းသော ခံစား ချက်အား၊ ပေးစွမ်း လေသည်။

“ ဒါ ဘာလဲ … ။ ”

ဖန်ရှောင်ယုက အိမ်ခေါင် မိုးပေါ် ချက်ချင်း ခုန်တက်ကာ၊ ကျောက်တိုင်ထံ လှမ်းမျှော်ကြည့် လိုက်သည်။

ကေျာက်တိုင် ထိပ်၌၊ အပြာရောင် သမ်းနေသည့်၊ သစ်ပင်ကြီး တစ်ပင်အား တွေ့လိုက် ရ၏။

သစ်ပင်တွင် အရွက်များ ကင်းမဲ့ပြီး၊ အကိုင်း အခက် များက၊ ထက်ရှသော ဓားရှည်များ ကဲ့သို့ ပြန့်ကား နေလေသည်။

“ ညီအစ်ကို လင်းရဲ့၊ ကျင့်ကြံမှု နည်းစနစ်က၊ အောင်မြင်မှု ရရှိ သွားပုံပဲ ... ။ ”

ဖန်းရှောင်ယုက သူ့ဘေး ရောက်ရှိ လာသည့်၊ ဇိုချင်းရှန်နှင့် ချောင်ချန် တို့ကို လှည့် မကြည့်ဘဲ၊ ဆိုလိုက် တော့သည်။

သူတို့ ဝမ်းမြောက် နေစဉ်၊ ခရမ်းရောင် ဓားရောင်ခြည်များ တိုင်ပတ်ပတ် လည်၌ ထပ်မံ ထွက်ပေါ် လာပြီး၊ ပန်းပွင့် ချပ်များ လေထဲ ပျံတက် သွားသည်။

ထို့နောက် အဆိုပါ ပန်းပွင့် ချပ်များက၊ သစ်ရွက် မရှိသော အကိုင်း အခက်များ ဆီသို့၊ တိုးဝင် တွယ်ကပ် ကုန်၏။

ဤဖြစ်စဉ်မှာ လွန်စွာ လှပ လွန်းသောကြောင့်၊ သုံးယောက်သား ပါးစပ် ဟောင်းလောင်း ဖြစ်ကုန် လေသည်။

***

All Chapters