← Chapters

စိတ်လျှော့ပါ။

Vol. 63 Ch. 880

စိတ်လျှော့ပါ။

Vol. 63 Ch. 880

သုတ္တန်ဓား နှစ်ခုအား တပြိုက် နက်တည်း၊ အောင်မြင်မှု ရရှိနိုင် သဖြင့်၊ ထွက်ပေါ် လာသော ဖြစ်စဉ်မှာ၊ လူ အများကို တုန်လှုပ် သွားစေ သည်။

ကောင်းကင် ဓားသုတ္တန်သည်၊ အိုင်းရစ် ဓားသုတ္တန်၏ ချို့ယွင်းချက် အပေါ်၊ အားဖြည့် ပေးထား၏။

ကြီးမားသော သစ်ပင် ပေါ်တွင်၊ အကိုင်း အခက် များက၊ ထာဝရ တည်မြဲ နေသော ဓား များနှင့် သဏ္ဍာန် တူပြီး၊ ပွင့်ချပ် များ၌၊ ဓား အလင်းများ ပါဝင် နေပေသည်။

ဤအခိုက် အတန့်တွင်၊ ရေခဲ ဖီးနစ် တစ်ကောင် လှည့်လည် ပျံသန်းလျက် အော်ဟစ် လာတော့သည်။

ကြည့်နေစဉ် မှာပင် ရေခဲ ဖီးနစ်က သစ်ပင်ကြီးအား မီးဖြင့် မှုတ်လိုက် သဖြင့်၊ မီးလျှံများ ထတောက် လာသည်။

အိုင်ရစ် ဓားသုတ္တန်၊ အဆင့် (၁၃)သို့ ရောက်ရှိ ပြီးနောက်၊ ဓား အစီရင်မှ ဆင့်ခေါ် ထားသော ခရမ်းရောင် ရေခဲ စာကလေး ဖြစ်သည်။

မျက်စိ တစ်မှိတ် အတွင်း၊ အပြာရောင် သစ်ပင်ကြီးမှာ၊ မီတာ (၃၀၀) နီးပါး ကြီးထွား လာ၏။

အိုင်းရစ် ဓားသုတ္တန်သည် ယခု အချိန်၌၊ လင်းယွန်မှ နားမလည် နိုင်သော အရာ ဖြစ်နေ သည်။

အဆုံးတွင် မြင့်မြတ်သော ခရမ်းရောင် မီးတောက်ကို သန့်စင် နိုင်ပြီး၊ ဓား သေတ္တာအား ပြုပြင်ကာ၊ ဓား သူတော်စင်၏ အမွေ ရယူနိုင် ပေမည်။

“ အဲဒါ ဘာလဲ ... ။ ”

“ လင်းယွန်ရဲ့ စွမ်းအင် ကျင့်ကြံမှု နည်းစနစ်က၊ အောင်မြင်မှု ရသွားပြီ ထင်တယ်။ ”

“ ကျင့်ကြံမှု နည်းစနစ်က၊ ဒီဖြစ်စဉ်ကို ဖန်တီးခဲ့ တာလား၊ စိတ်ဝင်စား စရာပဲ၊ ဒါက ဘယ် နှစ်ဆင့်မြောက် ဖြစ်မယ် ထင်လဲ။ ”

ဖြစ်စဉ်မှ ကြောက်မက်ဖွယ် ကောင်းသော ဖိအားများ ထုတ်လွှတ် နေသဖြင့်၊ မြို့ အတွင်းရှိ လူတိုင်း တုန်လှုပ် လာကုန်၏။

“ ငါ့ဓား ရည်ရွယ် ချက်က၊ တိုးတက် လာပုံ ရတယ် ... ။ ”

လင်းယွန်က အံ့သြခြင်း မရှိပေ။ ဓား ရည်ရွယ်ချက်သည် ဓားသုတ္တနနှင့်၊ ဓားရေး နည်းစနစ် များကို၊ နားလည် သဘောပေါက်မှု အပေါ်၊ တိုက်ရိုက် မှီခို လေသည်။

ထို့အပြင် ဓားသုတ္တန် နှစ်ခု ပေါင်းစပ် ခြင်းသည် အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ ထက်ပင်၊ ပို၍ ကြောက်စရာ ကောင်းသည်။

“ စမ်းကြည့် ချိန် ရောက်ပြီ ... ။ ”

မျက်လုံးများ မှေးစင်းလျက် ဒရာကိုဖီ ဦးခေါင်းကို မော့ကြည့်ကာ၊ ထို အတွေးများ ဝင်ရောက် လာခဲ့သည်။

ယခင်က မချိုးဖြတ် နိုင်ခဲ့သော အတား အဆီး အလွှာကို၊ ယခု အချိန်၌ ချိုးဖြတ် နိုင်လိမ့် မည်ဟု ယုံကြည် မိ၏။

“ ငါ့ရဲ့ ဝိညာဉ်ရေး ဓားက၊ အလယ် အလတ် ကျွမ်းကျင်မှု၊ အထွတ် အထိပ်ကို ရောက်နေပြီ၊ ဓားသုတ္တန် အပေါ်၊ အားကိုး နေရုံ နဲ့တော့ အောင်မြင်မှု ထပ်ရ တော့မှာ မဟုတ်ဘူး။ ”

ပယင်း ကမ္ဘာတွင် ဝိညာဉ်ရေး ဓားကို ဆုပ်ကိုင် နိုင်ရ ခြင်းမှာ၊ အိုင်းရစ် ဓားသုတ္တန် သက်သက်ကြောင့် မဟုတ်ချေ။

နောက်ဆုံးတွင် ၎င်းအား စမ်းကြည့်ရန် အတွေးပေါက် လာပြီး၊ ဒရာကိုဖီ ခေါင်းပေါ်သို့ ခုန်တက် ပစ်လိုက်သည်။

“ မကောင်း တော့ဘူး ... ။ ”

သူ့ အကြံ ညာဏ်ကို ဆန့်ကျင်ကာ၊ ဦးခေါင်းပေါ် တရွေ့ရွေ့ တက်ရောက် နေသော လင်းယွန်ကြောင့်၊ ဖန်ရှောင်ယု မျက်နှာ ပြောင်းလဲ သွားသည်။

တစ်ချိန်တည်း မှာပင်၊ မြို့ကို ဖုံးအုပ် ကာကွယ်ပေး ထားသော၊ အတား အဆီး အလွှာ ပျောက်ကွယ် သွား သည်ကို၊ တွေ့လိုက်ရ သဖြင့်၊ လူတိုင်း ထိတ်လန့် သွား၏။

လင်းယွန် တစ်ယောက် ဦးခေါင်းထံ ခြေချလိုက် ချိန်တွင်၊ အကာကွယ် အလွှာမှာ လုံးလုံး ပျောက်ကွယ် သွားပြီး၊ နေရာ အနှံ့မှ၊ အနက်ရောင် မြူများ၊ တိုးဝင် လာသည်။

ကောင်းကင်ရှိ အနက်ရောင် တိမ်တိုက် အချို့ပင် နိမ့်ဆင်း လာ၏။ စက္ကန့်ပိုင်း အတွင်း အနက်ရောင် လျှပ်စီးများ လင်းလက် လာပြီး၊ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက် တစ်ခု၊ လင်းယွန်ထံ ဦးတည် လာသည်။

“ ဒါ … ။ ”

ဖန်ရှောင်ယု မျက်နှာပျက် သွားသည်။ ဦးခေါင်းပေါ် ဆင်းသက်သူ များမှာ အနက်ရောင် မြူ များ၏ တိုက်စားမှုကို၊ ခံရမည် ဖြစ်ကြောင်း နားလည် လာမိ၏။

ထို့အပြင် ဒရာကိုဖီ ဦးခေါင်းမှာ၊ ဓား ရည်ရွယ်ချက်အား ကန့်သတ် ထားလေသည်။ တနည်း အားဖြင့် မိုးကြိုး ပစ်ခြင်းကို၊ တိုက်ရိုက် ခံယူ ရမည် ဖြစ်၏။

အနက်ရောင် မြူ များဖြင့်၊ ကန့်သတ်ကာ၊ မိုးကြိုး ပစ်ခံ ရခြင်းကြောင့်၊ လင်းယွန် သေဆုံး လိမ့်မည်ဟု၊ ထင်မှတ် နေစဉ်၊ စူးရှသော အလင်းများ ထွက်ပေါ် လာခဲ့သည်။

“ ဂျိန်း ... ။ ”

ကောင်းကင် သစ်ပင် ကြီးက၊ လေထဲ၌ လည်ပတ် လာပြီး၊ ဓား ရည်ရွယ်ချက် များကို ထုတ်လွှတ်လျက်၊ မိုးကြိုးအား ပိတ်ဆို့ လေသည်။

“ ဂျိန်း ... ။ ”

ထွက်ပေါ် လာသော လှိုင်း များမှာ၊ မြို့အား ပျက်စီး လုနီး ဖြစ်စေ၏။ မကြာခဏ ဆိုသလို ပင်၊ အနက်ရောင် လျှပ်စီးကြောင့်၊ ကောင်းကင် သစ်ပင် ထံမှ၊ ထုတ်လွှတ်သော ဓားရည်ရွယ် ချက်မှာ၊ ပျောက်ကွယ် သွားသည်။

သို့သော် ထိုသို့ ဖြစ်ပွား ပြီးနောက်၊ သစ်ရွက်များမှ ဓား ရောင်ခြည်များ တစ်ဖန် တောက်ပ လာပြီး၊ လျှပ်စီး များကို ထ၍ တားဆီး ပြန်၏။

“ ဂျိန်း ... ။ ”

ဦးခေါင်း ပေါ်၌ ရပ်နေသော လင်းယွန် မျက်နှာအား၊ မမြင်နိုင် သော်လည်း၊ မည်မျှ ဖြူဖျော့ နေမည်ကို၊ စိတ်ကူး ကြည့်နိုင်သည်။

“ ဒါက ကောင်းကင် ဝိညာဉ် နယ်မြေရဲ့၊ ပထမ ကပ်ဘေးနဲ့ တူလိုက်တာ။ ”

ဖန်ရှောင်ယုတို့ သုံးဦးမှာ၊ ထိတ်လန့် နေသော်လည်း၊ ရပ်ကြည့် ရုံသာ တက်နိုင် ပေသည်။

“ ဂျိန်း ... ဒလိန်း လိန်း။ ”

အခြားသော ကျင့်ကြံ သူများ သည်လည်း၊ စိတ်လှုပ်ရှား စွာဖြင့် စောင့်ကြည့် လာကြသည်။ တစ်ည ကုန်လွန်ပြီး နောက်မှသာ၊ ကြောက်စရာ ကောင်းသော ဤဖြစ်စဉ်များ၊ ပျောက်ကွယ် သွားတော့၏။

ထိုအချိန်တွင် တစ်မြို့ လုံးကို ဖုံးအုပ် ထားသော ဓား ရည်ရွယ်ချက်မှာ၊ ပျောက်ကွယ် သွားပြီ ဖြစ်သည်။

လင်းယွန်၏ အရှိန် အဝါများ၊ ပေျာက်ကွယ်လု နီးပါး ‘ပါးလျ’ လာသဖြင့်၊ ဖန်ရှောင်ယုတို့ သုံးဦးက စိုးရိမ် သွားသည်။

ကောင်းကင်၌ နေမင်းကြီး တရွေ့ရွေ့ မြင့်တက်လာ သော်မှ၊ လင်းယွန် တစ်ယောက် မလှုပ် သေးချေ။

ထိုအချိန်တွင် မြို့ရိုး ပေါ်သို့၊ ပုံရိပ် သုံးရိပ် ကောင်းကင်မှ ဆင်းသက် လာ၏။ ကောင်းကင် ဝိညာဉ် နယ်မြေ ရောင်ဝါဖြင့်၊ မြို့အား ချက်ချင်း ဖုံးလွှမ်း ပစ်သည်။

“ ဘာလဲဟ ... ၊ ကြောက်စရာ ကောင်းလိုက်တဲ့ အရှိန် အဝါတွေ ... ။ ”

“ သူတို့ ရောက်လာပြီ၊ ဒါက တိမ်မီးတောက် နယ်မြေက ကျွမ်းကျင်သူ တွေပဲ၊ မြန်လိုက်တာ ... ။ ”

“ ဘာများ ဆန်းလို့လဲ ... ၊ သူတို့ မလာ ရင်သာ တိမ်မီးတောက် နယ်မြေ မပီသ တော့မှာ မဟုတ်လား။ ”

အရှိန် အဝါဖြင့်၊ ဖိအားပေး လာသော၊ မြို့ရိုးပေါ်ရှိ လူ သုံးယောက်ကို ကြည့်ကာ၊ လင်းယွန်အား စောင့်ကြည့် နေသော လူအုပ် ကြီးက၊ တီးတိုး ဆိုလာ ကြသည်။

“ ဒီကောင် တိုင်ပေါ်မှာ ပုန်းနေတယ်၊ တိမ်မီးတောက် နယ်မြေရဲ့ လက်ကနေ၊ မြို့ကို သိမ်းယူဖို့၊ တော်တော် ရဲရင့် တာပဲ ။ ”

မြို့ရိုး ပေါ်ရှိ ခေါင်းဆောင် လူငယ်က သတ်ဖြတ် လိုသော အကြည့်ဖြင့်၊ ကျောက်တိုင် ပေါ် မျှော်ကြည့်ကာ ဆိုလိုက်သည်။

“ သူတို့ပဲ ... ။ ”

ဖန်ရှောင်ယု၏ မျက်နှာမှာ၊ ပြောင်းလဲ သွားသည်။

“ သူတို့ သုံးယောက်က တိမ်မီးတောက် နယ်မြေရဲ့ အထက် တန်းစားတွေ၊ သူတို့သာ အတူတူ လုပ်ဆောင်ရင်၊ ဖုန်းရွှမ်ထက် သာလွန်တယ်၊ နန်းနောင်ဟဲက သူတို့ကို ယှဉ်နိုင်စရာ မရှိဘူး။ ”

ခေါင်းဆောင် လူငယ်မှာ ယန်တျဲ ဖြစ်ပြီး၊ တိမ်မီးတာက် နယ်မြေ၏ ဒုတိယ အသန်မာဆုံး ဖြစ်သည်။

တိမ်မီးတောက် လောင်ကျွမ်းခြင်း၊ လက်သီးကို မြင့်မားသော အဆင့်သို့ ရောက်ရှိ ထားပြီး၊ မီးလျှံ ရူရ် (တံဆိပ်) ငါးခုအား၊ အသုံးပြု နိုင်သည်။

“ တိုင်ပေါ်မှာ အစွမ်း ထက်တဲ့၊ ဓား တစ်လက် ရှိနေတယ် ဆိုတာ သေချာတယ်၊ ဒါပေမယ့် ဘာလို့ ... ”

“ ... အသက်ဓာတ်ကို ငါ မခံစား မိရ တာလဲ၊ မင်းတို့ နှစ်ယောက် သေ-မသေ သွားစစ် ဆေးခဲ့၊ သူ သေရင် အလောင်းကို လိုချင်တယ်။ ”

ယန်တျဲက ကျောက်တိုင်ထံ ကြည့်ပြီး၊ မျက်မှောင်ကြုတ်ကာ၊ အမိန့်ပေး လိုက်သည်။

“ ဒီလောက် လွယ်လွယ်နဲ့၊ သူ သေဦးမှာ မဟုတ်ဘူး၊ ငါတို့ကို ခိုးကြောင် ခိုးဝှက် တိုက်ခိုက်ဖို့ ကြံစည် နေတာ နေမယ်။ ”

“ ပယင်း နယ်မြေရဲ့ အမှိုက် တစ်စက၊ ဒီလို သနား စရာ လှည့်ကွက်လေး သုံးပြီး၊ ငါတို့ကို အနိုင်ယူ နိုင်မယ်လို့ ထင်ထားရင်၊ တကယ့် နုံအ တာပဲ။ ”

ယန်တျဲ ဘေးတွင် ရပ်နေသော နှစ်ယောက်က၊ အထင် အမြင် သေးစွာဖြင့် ဆိုလိုက်သည်။

လင်းယွန်ကို လျှော့တွက် မိသော ကြောင့်သာ၊ နန်းနောင်ဟဲ သေဆုံး သွားရခြင်း ဖြစ်သည်ဟု၊ သူတို့ ယူဆ ထားသည်။

“ ညီအစ်ကို လင်းက ကျင့်ကြံ နေတုန်းပါ၊ မင်းတို့ သူ့ကို မနှောက် ယှက်တာ ကောင်းမယ်။ ”

ချောင်ချန်နှင့် ဇိုချင်းရှန်ကို မျက်ရိပ် ပြကာ၊ ဖန်ရှောင်ယုက ရှေ့လှမ်းတက် လိုက်၏။ သူတို့ သုံးဦးမှာ၊ ကန့်သတ်ချက် အသီးသီးသို့ ရောက်ရှိ နေပြီ ဖြစ်သောကြောင့်၊ တိမ်မီးတောက် နယ်မြေအား အနည်းငယ် အချိန် ဆွဲထား နိုင်မည်ဟု၊ ယုံကြည်သည်။

ယခု ချိန်၌ လင်းယွန်မှာ၊ အခြေနေ နှစ်ရပ်နှင့် ကြုံနေ ရလေသည်။ မနိုးသော အိပ်စက်ခြင်းမျိုး ဖြစ်နိုင် သကဲ့သို့၊ နိုးထပြီး အသွင် ပြောင်းခြင်း မျိုးလည်း၊ ဖြစ်နိုင် ပေမည်။

ဒုတိယ အခြေ အနေမှာ၊ ဖြစ်နိုင်ခြေ များသည့် အတွက်၊ သူတို့ သုံးယောက်မှ အချိန် ဝယ်ယူရန် ဆုံးဖြတ် လိုက်ကြခြင်း ဖြစ်၏။

“ ဒီကောင် တစ်ခုခု ဖြစ်သွား ပုံပဲ၊ မင်းတို့ နှစ်ယောက် ဆက်လုပ်ပါ၊ သူတို့ သုံးယောက်ကို ငါ ဖြေရှင်း လိုက်မယ်။ ”

ယန်တျဲ၏ မြေပွေး တစ်ကောင် ကဲ့သို့၊ အဆိပ် ပြင်းသော အကြည့် များက၊ ဖန်ရှောင်ယု တို့ထံ၊ ကျရောက် သွားသည်။

ထိုစကားကြောင့် ဖန်ရှောင်ယု အကြည့်များ စူးရှ အေးစက် လာပြီး၊ မူလ စွမ်းအင်ကို ဖြန့်ဝေ ထားလိုက်သည်။ မည်သို့ပင် ဆိုစေ ကာမူ၊ ယန်တျဲ တို့အား ရပ်တန့် ရပေမည်။

“ မင်းတို့ ... ၊ ရပ်လိုက် စမ်း ... ။ ”

“ အစ်ကိုဖန် ... စိတ်လျှော့ပါ၊ ဒီက ဧည့်သည် တွေကို၊ ငါပဲ ကြိုဆို လိုက်ပါမယ်။ ”

ရုတ်တရက် အေးစက်သော အသံ တစ်သံ၊ ကျောက်တိုင် ပေါ်မှ ထွက်ပေါ် လာလေသည်။

“ ဒီကောင် မသေ ဖူးလား၊ ဒါလည်း အဆင်ပြေ ပါတယ်၊ စီနီယာ အစ်ကို ဖုန်းရွှမ်က မင်းကို အသက် ရှင်လျက် လိုချင် နေတာ။ ”

ယန်တျဲနှင့် သူ၏ အပေါင်း အဖော် နှစ်ယောက်က၊ ပြုံးကာ ဆိုလိုက် ကြပြီး၊ အသံ ထွက်ပေါ် လာရာသို့၊ မော့ကြည့် လိုက်သည်။

ဒရာကိုဖီ ဦးခေါင်း ထက်၌၊ လူငယ် တစ်ယောက်မတ် တပ်ရပ် နေပြီး၊ သူတို့အား အေးစက်စွာ စိုက်ကြည့် နေလေပြီ။

ယင်းက သူတို့၏ အပြုံး များကို၊ အေးခဲ သွားစေ၏။ တစ်စုံ တစ်ယောက်သည် ဒရာကိုဖီ ခေါင်းပေါ်၌၊ ရပ်နေ နိုင်သည် ဟူသော အသိ တရားမျိုး၊ သူတို့ ခေါင်းထဲ၌ မရှိခဲ့ ဖူးချေ။

***

All Chapters