← Chapters

လှုပ်ရှားမှု သုံးကြိမ်။

Vol. 63 Ch. 881

လှုပ်ရှားမှု သုံးကြိမ်။

Vol. 63 Ch. 881

ကောင်းကင် လမ်းရှိ အမာခံ စခန်း တစ်ခု စီတွင်၊ မြို့တွင်းရှိ လူတိုင်းကို ကာကွယ်ပေးမည့် ဒရာကိုဖီ အကာ အကွယ် ပါရှိ၏။

ဒရာကိုဖီ ကေျာက်တိုင်မှာ၊ ဆန်းကြယ်မှု များနှင့် ပြည့်နှက် နေပြီး၊ ၎င်းတွင် ကျင့်ကြံရန် ကောင်းမွန် လေသည်။

သို့သော် ဒရာကိုဖီ ဦးခေါင်းသည် တားမြစ် နေရာ တစ်ရပ် ဖြစ်ချေ၏။ တစ်စုံ တစ်ယောက် အနေဖြင့်၊ ထိုခေါင်း ပေါ်၌ မတ်တပ် ရပ်ရန် ကြိုးပမ်း ပါက၊ ဆိုးရွားသော အချင်း အရာများ ဖြစ်လာ နိုင်ပေမည်။

တိမ်မီးတောက် နယ်မြေမှာ၊ ကောင်းကင် လမ်းသို့ စောလျင်စွာ ရောက်ရှိ ရသဖြင့်၊ မည်မျှ ကြောက်စရာ ကောင်းသည်ကို၊ သဘာဝ ကျကျ သိရှိ ထားသည်။

ထိုကောလဟလကို မယုံသော မာန ကြီးသည့် ပါရမီရှင် များသည် ဦးခေါင်း ထက်၌၊ သေပွဲဝင် ခဲ့ရ၏။

ထို့ကြောင့် ဦးခေါင်း ထက်တွင်၊ ပေါ့ပေါ့ ပါးပါး ရပ်နေနိုင် သည်မှာ၊ နားမလည် နိုင်စရာ ပေပင်။

ယန်တျဲက တဖြည်းဖြည်း စိတ်လှုပ်ရှား လာသည်။ လင်းယွန်မှာ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ ၌သာ ရှိသောကြောင့်၊ ဦးခေါင်း ပေါ်တွင် ရပ်တည် နိုင်သည့်၊ ရတနာ တစ်ခု ရှိရ ပေမည်။

မျက်ဝန်း များက လောဘဖြင့် မှေးစင်း သွားသည်။ ထိုရတနာကို ရယူ နိုင်ခဲ့ ပါက၊ သူ၏ ခရီးစဉ်သည်၊ အချည်း အနှီး ဖြစ်တော့မည် မဟုတ်ပေ။

“ ပယင်း နယ်မြေရဲ့ အမှိုက်၊ မင်းရဲ့ သေခြင်းကို ခံယူဖို့၊ ဘာလို့ ဆင်းမလာ သေးတာ လဲ၊ မင်း မလာဖူး ဆိုရင် မင်းရဲ့ သူငယ်ချင်းတွေ ဘေးကင်းမှာ မဟုတ်ဘူး။ ”

ယန်တျဲက ရောင်ဝါကို ထုတ်လွှတ်လျက် ပြုံးလိုက်သည်။ ကောင်းကင် ဝိညာဉ် နယ်မြေ အရှိန် အဝါမှာ၊ မီး ရည်ရွယ်ချက်ဖြင့် တွဲဖက်ပြီး၊ လေထဲ ပြန့်နှံ့ လာတော့၏။

ထို့နောက် ဖန်ရှောင်ယုတို့ သုံးဦးအား၊ ရိုက်ခတ် လွင့်စဉ် သွားစေ ခဲ့သည်။ မြေပြင် ပေါ်သို့ လဲကျ ပြီးနောက်၊ မျက်နှာများ ဖြူဖျော့ လာကာ၊ ပြန်မထ နိုင်တော့ပေ။

သူတို့အား နှိမ်နှင်းရန်၊ အရှိန် အဝါ တစ်ခု တည်း ကိုသာ အသုံးပြု ခဲ့သောကြောင့်၊ ယန်တျဲ မည်မျှ ကြောက်စရာ ကောင်းမည်ကို ခန့်မှန်း နိုင်သည်။

“ ယန်တျဲရဲ့ ခွန်အားက၊ ကြောက်စရာ ကောင်းလိုက်တာ၊ တိမ်မီးတောက် နယ်မြေရဲ့ ဒုတိယ အသန်မာဆုံး ဖြစ်တာ အံ့ဩစရာ မရှိ ပါဘူး။ ”

“ သူနဲ့ ဖုန်းရွှမ်ရဲ့ ... အကန့် အသတ်က၊ နန်းနောင်ဟဲထက် ပိုမြင့်တယ်၊ တိမ်မီးတောက် နယ်မြေမှာ၊ သူ့ကို သံလက်သီး မိစ္ဆာ အဖြစ်၊ လူသိ များတယ်။ ”

“ အမှန်ပဲ ... ၊ ကောင်းကင် လမ်းပေါ် ရောက်တည်းက၊ သူ့ ရန်သူ တိုင်းကို သတ်ပစ် ခဲ့တာ။ ”

“ သူ့ရဲ့ အသွင်ကို ကြည့်ပြီး အထင် မသေးနဲ့၊ နယ်မြေ ဆယ်ခုက ပါရမီရှင် အယောက် တစ်ရာ ကျော်ကို သတ်ခဲ့ ဖူးတယ်။ ”

ခေါင်မိုး ပေါ်မှ စောင့်ကြည့် နေသော ကျင့်ကြံသူ များက၊ အချင်းချင်း မျှဝေလျက် စိတ်လှုပ်ရှား လာသည်။

“ အမှိုက် တွေပဲ၊ ငါ့လက် ကိုတောင် လှုပ်စရာ မလိုဘူး။ ”

အရှိန် အဝါအား ထပ်မံ တိုးမြှင့်ကာ၊ ယန်တျဲက ဆိုသည်။ ချက်ချင်းဆို သလိုပင်၊ အရိုး အက်ကွဲ သံများ ကြားလိုက် ရ၏။

ထိုမြင်ကွင်းကြောင့် လင်းယွန်က လက်နှစ်ဖက်ကို ဆန့်လိုက်ကာ မြေပြင်ပေါ်၊ ခုန်ဆင်း လာခဲ့သည်။

သူ ဆင်းလာ သည်ကို မြင်သည်နှင့်၊ ယန်တျဲ ဘေးတွင် ရပ်နေသော လူငယ် နှစ်ယောက်က၊ ဖမ်းဆီးရန် ကြိုးစား လာကြသည်။

သို့သော် မြန်လွန်း သဖြင့်၊ သူတို့ မလှုပ်ရှား နိုင်မီ၊ လင်းယွန် တစ်ယောက် မြေပြင်ပေါ် ခြေချ နိုင် ခဲ့သည်။

ဓား ရည်ရွယ်ချက်အား ဖြန့်ကျက် လိုက်သော အခါတွင်၊ ဖန်းရှောင်ယု တို့ အပေါ်၊ ကျရောက် နေသော ဖိအားမှာ၊ ပျောက်ကွယ် သွားခဲ့သည်။

“ မင်းက ... ၊ နန်းနောင်ဟဲကို သတ်နိုင် ခဲ့တာ အံ့သြစရာ မရှိတော့ ပါဘူး၊ ငါ ထင်ထား တာထက် နည်းနည်း လေး ပိုသန်မာတယ်။ ”

ယန်တျဲက လက်ပိုက် လိုက်ပြီး၊ ပြုံးကာ ဆိုသည်။

လင်းယွန် အပေါ်၊ မည်သူမျှ အကောင်း မြင်ခြင်း မရှိ ခဲ့ပေ။ သူတို့၏ အမြင်အရ အခွင့် အရေး ရှိနေစဉ်၊ ထွက်ပြေး သင့်ချေပြီ။

“ လင်းယွန် ... ၊ အဲဒီ လူက တိမ်မီးတောက် နယ်မြေရဲ့၊ သံလက်သီး မိစ္ဆာ ယန်တျဲပဲ၊ ဖုန်းရွှမ် ပြီးရင် အသန်မာ ဆုံးပါ။ ”

ဖန်ရှောင်ယုက မတ်တပ် ထရပ် နိုင်သည်နှင့်၊၊ လင်းယွန်အား သတိပေး လိုက်သည်။

“ မင်းတို့ နှစ်ယောက် နောက်ပြန်ဆုတ်၊ ဒီလူက လွယ်မှာ မဟုတ်ဘူး၊ သူနဲ့ ခဏလောက် ကစား ပါရစေ၊ သွေးပူလေး မလုပ် ရတာ ကြာပြီ။ ”

လင်းယွန်မှာ သူ့လူ နှစ်ယောက်၏ ပြိုင်ဘက် မဟုတ်ချေ။ အနည်းငယ် ပေါ့ဆမိ ရုံဖြင့်၊ အသတ်ခံ ရနိုင်သည်။ ထိုသို့ ဖြစ်ခဲ့ ပါက တိမ်မီးတောက် နယ်မြေ၏ ဂုဏ် သတင်းမှာ၊ ပျက်ပြားသွား ပေမည်။

ထို့ကြောင့် သူကိုယ်တိုင် ရင်ဆိုင်ကာ၊ တိမ်မီးတောက် နယ်မြေ၏၊ အခြေခံအုတ်မြစ်ကို လူတိုင်းအား ပြသမည် ဖြစ်သည်။

“ ဟဲ ဟဲ ... ၊ စီနီယာ ယန် ... ၊ သူ့ကို လွယ်လွယ် သေခွင့် မပေး ပါနဲ့၊ ဒါမှ မဟုတ်ရင် စီနီယာ အစ်ကို ဖုန်းရွှမ်ရဲ့ ဒေါသက ပြေမှာ၊ မဟုတ်ဘူး။ ”

“ ဟုတ်တယ် ၊ ဟား ဟား ဟား ... ။ ”

နှစ်ယောက်သား နောက်ပြန် ဆုတ်ကာ၊ အော်ဟစ် ရယ်မော လိုက်ကြသည်။ ယန်တျဲကို ကြည့်ပြီး လင်းယွန်က ပြုံးလိုက်၏။

သတ်ရန် ဆုံးဖြတ် ထားပြီး ဖြစ်သဖြင့်၊ ဤလူသည် မကြာခင် အသက်ပေး ရတော့ မည်ကို၊ သိပုံ မရချေ။

“ တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီးကို၊ ငါက ပဉ္စမ အဆင့်ထိ ရောက်နေပြီ၊ ငါသာ အသုံးပြု လိုက်ရင်၊ မင်းအတွက် အရှုံးပေး ချိန်တောင် ရှိတော့မှာ မဟုတ်ဘူး၊ ... ”

“ ... ဒါပေမယ့် ငါ မင်းကို အနိုင် မကျင့် ပါဘူး၊ ငါ့ရဲ့ လှုပ်ရှားမှု သုံးခုကို ခုခံ နိုင်ရင်၊ မင်း အသက်ကို ချမ်းသာ ပေးလိုက်မယ်။ ”

စကား မဆုံးမီ၊ ယန်တျဲ၏ မျက်ဝန်းများ တောက်ပ လာပြီး၊ လင်းယွန် ရင်ဘတ်အား လက်သီးဖြင့် ထိုးချ လိုက်သည်။

လက်သီး အရှိန်မှာ၊ အလွန် လျင်မြန် သောကြောင့်၊ လူတိုင်းကို အံ့အားသင့် သွားစေ သည်။

လင်းယွန်အား စကားပြော နေစဉ်၊ ဤသို့ ရုတ်တရက် တိုက်ခိုက် လိမ့်မည်ဟု၊ မည်သူမျှ မထင် ခဲ့ပေ။

ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ တစ်ဦးပင် ထိုလက်သီး ထိမှန်သွား ပါက၊ ကြေမွ သွားမည် ဖြစ်သည်။

သို့သော် လင်းယွန်အား မျက်တောင် တစ်ချက်၊ ခတ်သွားအောင် စွမ်းဆောင် နိုင်ခြင်း၊ မရှိ ခဲ့ချေ။

တောင်တစ်လုံး ကိုပင် ချေမွပစ် နိုင်သော သူ၏ လက်သီးမှာ၊ တစ်ဖက်လူ အပေါ် သက်ရောက်မှု မရှိ သဖြင့်၊ ယန်တျဲ တစ်ယောက် အံ့ဩ သွားသည်။

ကိုယ်ခံ ပညာကို အသုံး မပြုထား သော်လည်း၊ လက်သီး၌ သူ့ခွန်အား (၃၀%) ပါဝင် လေသည်။

ထို့ကြောင့် မသတ်နိုင် လျှင်ပင်၊ လင်းယွန်အား ဒဏ်ရာ ပေးနိုင် မည်ဟု ယုံကြည် သည်။ သို့သော် ယင်းအစား သူ့လက် များသာ ထုံကျင် သွားသည်။

“ ဒါက ငါ့ရဲ့ ခွန်အား အပြည့် မဟုတ်ဘူး၊ နောက်ထပ် လက်သီး နှက်ချက် လာဦးမယ်။ ”

သူ၏ တိုက်ခိုက်မှုကို တားဆီးရန်၊ ရှေးဟောင်း ရတနာ တစ်ခု ခုအား၊ အသုံးပြု ခဲ့ခြင်း ဖြစ်မည်ဟု ယူဆ လိုက်သည်။

ထို့နောက် မူလ စွမ်းအင်အား လက်သီး အတွင်း လောင်းထည့် လိုက်ရာ၊ ချော်ရည် များဖြင့် ဖွဲ့တည် ထားသော လက်တစ်ဖက် ကဲ့သို့၊ အနီရောင် ပြောင်းသွားသည်။

လင်းယွန်၏ ပုခုံးအား ဆုပ်ကိုင်ကာ၊ မြှောက်တင် လိုက်သော်လည်း၊ တစ်ဖက် လူမှာ၊ ကြွမလာ ခဲ့ချေ။

ကောင်းကင်လမ်း တစ်လျှောက်တွင်၊ ပါရမီရှင် အသီးသီးနှင့် ရင်ဆိုင် ဖူးကာ၊ ဤမျှ အစွမ်း ထက်သော တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၊ ပါရမီရှင်ကို တစ်ကြိမ်မျှ မတွေ့ဖူး သေးချေ။

ရန်သူ၏ ခွန်အားမှာ၊ သူ့ တွေးခေါ် နိုင်စွမ်းထက်၊ ကျော်လွန် နေသည်။ ပယင်း နယ်မြေသည်၊ အလယ် အလတ် နယ်မြေ မျှသာ ဖြစ်ပြီး၊ တိမ်မီးတောက် နယ်မြေနှင့် ယှဉ်နိုင် စရာ၊ နည်းလမ်း မရှိချေ။

ထို့ကြောင့် ဤလင်းယွန်သည်၊ ကောင်းကင်လမ်း အတွက်၊ မြတ်မြတ်သော နယ်မြေ များမှ ဆင်းသက် လာသည့် ပါရမီရှင် တစ်ပါး၊ ဖြစ်နိုင် မည်ဟု ထင်မိ လာ၏။

သို့သော် ထိုအတွေးကို ချက်ချင်း စွန့်ပစ် လိုက်မိသည်။ မြင့်မြတ်သော နယ်မြေမှ တစ်စုံ တစ်ဦးသည် တိမ်မီးတောက် နယ်မြေ တစ်ခု လုံးကို၊ အလွယ် တကူ ချေမှုန်း နိုင်မည်။

ထို့ကြောင့် မြတ့်မြတ်သော နယ်မြေ များမှသာ ဆိုပါက၊ စုတ်ပြတ် နေသော ဤမြို့၌ ဆက်နေရန် အကြောင်း မရှိချေ။

နောက်ချန် နေခဲ့သော တိမ်မီးတောက် နယ်မြေ၏ လူငယ် နှစ်ဦး သည်လည်း၊ စိတ်ရှုပ် သွားသည်။

ယန်တျဲမှာ ပထမ တိုက်ခိုက်မှုတွင်၊ သတိ လက်လွတ် ဖြစ်ခဲ့ သည်ဟု ဆိုရသော်၊ ဒုတိယ အကြိမ် ထပ်မံ ကြူးလွန် နိုင်စရာ မရှိချေ။

ထို့ကြောင့် ရန်သူ၏ ရုပ်ခန္ဓာမှာ၊ သူတို့ ခွန်အားထက် သာလွန် နေရ မည်ကို နားလည် သဘောပေါက် လာသည်။

“ နောက်ဆုံး တစ်ချက် ... ။ ”

ယန်တျဲက ကြုံးဝါး လိုက်ပြီး၊ မူလ စွမ်းအင်ကို ကန့်သတ် ချက်သို့ တွန်းထုတ်ကာ၊ သေစေ နိုင်သော အစိတ် အပိုင်း များထံသို့၊ လက်သီး များဖြင့် တရစပ် ထိုးချ လိုက်သည်။

“ ဝှစ် ... ။ ”

ကြောက်မက်ဖွယ် ကောင်းသော မီးတောက်များ ပျံ့နှံ့ လာပြီး၊ မီတာ (၁၀၀၀) အတွင်းရှိ၊ အဆောက် အအုံများ လောင်ကျွမ်း ပြာကျ ကုန်သည်။

အံ့အား သင့်စွာ အငိုက်မိ နေသော ကျင့်ကြံသူ အချို့၊ လွင့်စဉ်လျက် သွေးအန် သွားကြသည်။

တိမ်မီးတောက် နယ်မြေမှ လူငယ် နှစ်ဦး ကိုပင်၊ မီတာ ရာဂဏန်း အကွာသို့ တွန်းထုတ် ပစ်ခဲ့၏။

ဤတစ်ကြိမ် တိုက်ခိုက်မှုသည်၊ မည်မျှ ပြင်းထန် လှကြောင်းကို၊ လူတိုင်း နားလည် လိုက်တော့သည်။

***

All Chapters