← Chapters

ငါ အလှည့်။

Vol. 63 Ch. 882

ငါ အလှည့်။

Vol. 63 Ch. 882

ယန်တျဲက လင်းယွန်၏ နှလုံး၊ နဖူး၊ လည်ချောင်းနှင့် ဒါန်တမ်ကို ဦးတည်သော လက်သီး များဖြင့်၊ ထိုးချ လိုက်သည်။

ကြောက်မက်ဖွယ် ကောင်းသော တုန်လှုပ် ချောက်ချားမှု လှိုင်းများ ပျံ့နှံ့ သွားကာ၊ မီတာ ထောင်ဂဏန်း အတွင်း၊ အဆောက် အအုံ အားလုံးကို ဖျက်ဆီး ပစ်သည်။

ထို့နောက် မီးတောက် များက၊ တဗျစ်ဗျစ် မြည်ကာ၊ ထိမှန် သွား ပါက၊ အသတ်ခံ ရမည်မှာ သေချာ၏။

လင်းယွန် အနေဖြင့်၊ ကောင်းကင် ဝိညာဉ် ကပ်ဘေးနှင့် ယှဉ်နိုင်သော မိုးကြိုး ပစ်ခြင်းကို ယခု လေးတင် ကြုံတွေ့ ခဲ့ရသည်။

အထွတ် အထိပ် ခွန်အားမျိုး ပြန်လည် ရရှိရန်၊ အချိန်ယူ နေစဉ်၊ ယန်တျဲအား ရင်ဆိုင် နေရခြင်း ဖြစ်၏။

“ ဘယ်လောက်တောင် အရှက်မဲ့ လိုက်လဲ ... ။ ”

ယန်တျဲ၏ လုပ်ရပ်မှာ၊ အရှက် မရှိလွန်း သောကြောင့်၊ ဖန်ရှောင်ယုတို့ သုံးဦးမှာ၊ ဒေါသ ထွက်သွားသည်။

“ ဘာလို့လဲ ... ၊ ဒါက ကောင်းကင်လမ်း မဟုတ်လား၊ ကျောက်တိုင် ကနေ ခုန်ချလိုက် ကတည်းက သေမယ် ဆိုတာ သိသင့်တယ်၊ စိတ် မပူနဲ့ မင်းတို့လည်း၊ သူ့နောက် လိုက်ရမယ်။ ”

ယန်တျဲနှင့် ပါလာသော လူငယ် နှစ်ဦးက၊ ဖန်ရှောင်ယု တို့အား ကြည့်ကာ၊ လှောင်ပြောင် လိုက်သည်။

“ ဘန်း ဘန်း ဘန်း ... ။ ”

သို့သော် ဖုန်မှုန့်များ လွင့်ပျယ် သွားချိန်၌၊ လင်းယွန်မှာ ရှိနေမြဲ ဖြစ်သည်။ အကြည့်များက၊ စူးရှ နေပြီး၊ နာကျင်ဟန် မပြဘဲ၊ လှောင်ရိပ် စွန်း နေခဲ့၏။

“ ဒါက လား၊ မင်ရဲ့ ခွန်အားက ... ။ ”

“ မဟုတ်ဘူး ... မဖြစ် နိုင်ဘူး။ ”

မတုန် မလှုပ် ရပ်နေသော၊ လင်းယွန်၏ အခြေ အနေကို မြင်သော အခါတွင်၊ ယန်တျဲ တစ်ယောက် မျက်နှာ ပြောင်းလဲ သွားသည်။

ခြေလှမ်း ပေါင်းများစွာ နောက်ပြန် ဆုတ်လိုက်ပြီး၊

“ မဖြစ် နိုင်ဘူး၊ မင်းရဲ့ အားနည်းချက် သုံးခုကို ငါ ရှာတွေ့ ခဲ့တယ်၊ ဘယ်လို ဖြစ်လို့ ဒဏ်ရာ မပေး နိုင်ရ တာလဲ။ ”

သူတင်မက လူတိုင်း မယုံကြည် နိုင်ကြချေ။

“ အားနည်းချက် ဟုတ်လား။ ”

လင်းယွန်က လှောင်ပြောင် ရှုံ့ချ ဟန်ဖြင့်၊

“ မင်း ဘယ်သူနဲ့၊ ကြုံနေ ရလဲ ဆိုတာကို မသိ သေးဖူး ထင်တယ်၊ ငါ့ရဲ့ အားနည်းချက် ရှာတွေ့နိုင် ရင်တောင် မင်း ဘာလုပ် နိုင်မှာလဲ၊ ပုရွက်ဆိတ်က ဆင်ကို သတ်နိုင် မှာလား ဟမ့်။ ”

ထိုစကားကြောင့် ဒရာကိုဖီ ခေါင်းပေါ်၌၊ လင်းယွန် မတ်တပ်ရပ် ခဲ့သည်ကို၊ ယန်တျဲက ရုတ်တရက် သတိရ သွားသည်။

ယင်းမှာ ရတနာ များကြောင့် မဟုတ်ဘဲ၊ စစ်မှန်သော ခွန်အား ဖြစ်ပေမည်။ ဤသို့ ဆိုသော် ... ။

ကျောရိုး တစ်လျှောက် တုန်ယင် သွားပြီး၊ ယန်တျဲ မျက်နှာမှာ၊ သိသိ သာသာ ပြောင်းလဲ သွားသည်။

မည်သို့သော မိစ္ဆာ တစ်ကောင်အား၊ ရန်စ မိခဲ့ သည်ကို၊ သူ မသိချေ။ နောင်တ တရားက ရင်ဘတ်ထဲ ဝင်ရောက် လာစဉ်၊ မရဏ အငွေ့ အသက် များကို ခံစား လိုက်ရသည်။

“ ချေးပဲ ... ။ ”

အသက်နှင့် သေခြင်း ဆိုင်ရာ အဖြစ် အပျက်များ စွာကို တွေ့ကြုံ ခဲ့ဖူး သောကြောင့်၊ နှလုံးသားက ပြင်းစွာ တုန်ခါ လာပြီး၊ အန္တရာယ် နီးကပ်လာ သည်ကို ခံစား နိုင်သည်။

မဆိုင်း မတွဘဲ၊ ဘဝ အတွက် လှည့်ပြေး လိုက် တော့၏။ ရွေ့လျားမှု နည်းစနစ်ကို ကန့်သတ်ချက် အထိ၊ တွန်းပို့ကာ ချက်ချင်း ပျောက်ကွယ် သွားသည်။

“ ဝှစ် ... ။ ”

ဤသို့ ထွက်ပြေး သွားလိမ့် မည်ဟု၊ မထင်ထား သောကြောင့်၊ အဖော် နှစ်ယောက် မှာ မှင်တက် သွားသည်။

“ မင်းက ငါ့ ဓားထက် ပိုမြန်တယ် ထင်နေလား။ ”

ဓားကို ဆွဲထုတ် လိုက်စဉ်၊ လင်းယွန်၏ အေးစက်သော အသံက ပဲ့တင်ထပ် သွားသည်။ ပန်းသင်္ချိုင်း ဓားထံမှ ကောင်းကင်သို့၊ ထိုးတက် လာသော အလင်းရောင် တစ်ခု၊ လင်းလက် သွားသည်။

ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်နှင့်၊ အပြာရောင် နဂါး အရှိန်အဝါမှာ၊ တစ်မြို့ လုံးကို လွှမ်းခြုံ လာသည်။

ထက်ရှသော ဓားများဖြင့်၊ နေရာ တိုင်းကို ပိတ်ဆို့ လိုက် သကဲ့သို့ ခံစား လာရပြီး၊ ယန်တျဲ တစ်ယောက် ပိတ်မိ သွားသည်။

“ သေ စမ်း ... ။ ”

ရွေးချယ် စရာ မရှိတော့ သဖြင့်၊ လင်းယွန်အား မျက်နှာချင်း ဆိုင်လိုက်သည်။ သို့သော် တောက်ပသော ဓားအလင်း သည်သာ၊ မြင်ကွင်းထဲ ဝင်ရောက် လာ၏။

ဤဓား အလင်းတွင်၊ ဝိညာဉ်ရေး ဓားနှင့် မိုးပြာ နဂါး ရောင်ဝါတို့၊ ပေါင်းစပ် ပါဝင် နေပေ သည်။ ယင်းကြောင့် ယန်တျဲ မျက်ဝန်း များတွင်၊ စိတ်ပျက် အားငယ်မှုများ ဖြစ်ပေါ် လာ၏။

“ လာ ခဲ့ ... ။ ”

သို့သော် ဓား အလင်း များက၊ တစ်ဖက် လူ၏ အသံနှင့် အတူ ရပ်တန့် သွားပြီး၊ ယန်တျဲ အား၊ စုပ်ယူ လေသည်။

အပြာရောင် သစ်ပင်တွင်၊ အကိုင်း အခက်များ ဝေဖြာ နေပြီး၊ ခရမ်းရောင် အရွက်များ တဖျပ်ဖျပ် ခတ်လာ၏။

ခရမ်းပြာရောင် အလင်းများ၊ တောက်ပစွာ ထွက်ပေါ် လာပြီး၊ အမည်မဲ့ စွမ်းအင် တစ်ခုက၊ ယန်တျဲကို ဆွဲငင် တော့သည်။

“ မင်းတို့ နှစ်ယောက် ပြေးကြ၊ စီနီယာ အစ်ကို ဖုန်းရွှမ်ကို ငါ့ အတွက် လက်စားချေ ခိုင်းပါ။ ”

သူတက် နိုင်သော အရာ မရှိ တော့မှန်း၊ သိသဖြင့်၊ ယန်တျဲက ကူကယ်ရာ မဲ့စွာ ဆိုသည်။ တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီးကို၊ ထုတ်ဖော်ရန် ကြိုးစား လိုက်သော်လည်း၊ ဓား ဆန္ဒ အောက်တွင်၊ သွေးများ အေးခဲ သွားသည်။

အိုင်းရစ် ပန်းနှင့် ကောင်းကင် သစ်ပင်တို့၊ ပေါင်းစပ် ပြီးနောက်၊ ဝိညာဉ်ရေး ဓား ရည်ရွယ် ချက်မှာ၊ ပြီးပြည့် စုံသော ကျွမ်းကျင်မှုသို့ ရောက်ရှိ သွားသည် ။

ဤဓားကြောင့် ကောင်းကင်ရှိ၊ အနက်ရောင် တိမ်တိုက် များ၌၊ အက်ကြောင်းများ ထင်ဟပ် လာ၏။

“ မင်း ... ၊ ငါ့ကို လေးဆယ့် ခြောက်ချက် တိတိ ထိုးခဲ့ ပေမယ့်၊ ငါ မင်းကို တစ်ချက်ပဲ ထိုးမယ်။ ”

ဓား ရည်ရွယ်ချက်နှင့်၊ ဓားသုတ္တန် နှစ်ခု စလုံးမှ မူလ စွမ်းအင် များကို သွန်းလောင်း လိုက်သည်။

တစ်ချိန်တည်း မှာပင်၊ အရေပြား ပေါ်၌၊ နဂါးရူရ် များ တောက်ပ လာပြီး၊ လေခွင်းသံများ ကျယ်လောင်စွာ ထွက်ပေါ် လာသည်။

လူတိုင်း ထိတ်လန့် တုန်လှုပ် နေစဉ်၊ ပန်းတစ်ပွင့် ပွင့် သကဲ့သို့၊ ယန်တျဲ ခန္ဓာ ကိုယ်မှ၊ သွေးများ ပေါက်ကွဲ ထွက်လာပြီး၊ ပျောက်ကွယ် သွားတော့၏။

ယန်တျဲကို သတ်ရန် အမှန်ပင်၊ လက်သီး တစ်ချက်သာ လိုပေသည်။ တစ်စုံ တစ်ယောက် အနေဖြင့်၊ ကောင်းကင် ဝိညာဉ် နယ်မြေသို့ မရောက်မီ ဝိညာဉ်ရေး ဓားအား၊ ဆုပ်ကိုင်ထား နိုင်ခြင်းမှာ၊ ထိတ်လန့် စရာ ပေပင်။

သို့သော် လင်းယွန်မှာ၊ ၎င်းကို ပြီးပြည့် စုံသော ကျွမ်းကျင် ပိုင်နိုင်မှု အထိပင်၊ ယူဆောင် နိုင်ခဲ့သည်။

တနည်း အားဖြင့် ဆိုသော်၊ တတိယတန်း ရည်ရွယ်ချက်ကို ရောက်ရှိရန်၊ ခြေ တစ်လှမ်း မျှသာ လိုပေ တော့၏။

နဂါး ရောင်ဝါနှင့်၊ ထာဝရ တည်မြဲခြင်း ရည်ရွယ်ချက်အား၊ ထည့်တွက် ရပါက၊ အမှန်ပင် ဘီလူး တစ်ကောင် ဖြစ်ပေသည်။

“ စီနီယာ ... ။ ”

ထွက်ပြေး နေသော တိမ်မီးတောက် နယ်မြေ၏ လူငယ် နှစ်ယောက်က၊ လှည့်ကြည့် လိုက်ရာ၊ သွေးမြူ အဖြစ်၊ ပြောင်းလဲ သွားသည့် ယန်တျဲကြောင့်၊ ကြောက်လန့် စိတ်ဖြင့်၊ မျက်နှာများ ဖြူဖျော့ သွားသည်။

“ လမ်း ခွဲ လိုက် ... ၊ စီနီယာ အစ်ကို ဖုန်းရွှမ်က လွဲပြီး၊ ဘယ်သူမှ သူ့ ပြိုင်ဘက် မဖြစ် နိုင်ဘူး။ ”

နှစ်ယောက်သား တစ်ချက်ပင်၊ မတုန့်ဆိုင်း ရဲတော့ချေ။ သို့သော် ဤအခိုက်တွင် သူတို့ နား ထဲ၌၊ အသံ တစ်သံ ထွက်ပေါ် လာသည်။၊

“ မင်းတို့ ... ရောက်လာပြီး မှတော့ ထွက်သွားဖို့ စိတ် မကူးနဲ့ ... ။ ”

ခံစားချက် မဲ့သော ထိုအသံက၊ သူတို့ နှလုံးသားကို ချက်ချင်း တုန်ယင်လာ စေသည်။ ပတ်ဝန်းကျင် တစ်ခုလုံး ပူလောင် လာသဖြင့်၊ ထိတ်လန့်စွာ ခေါင်းမော့ကြည့် လိုက်သည်။

ရွှေရောင် မီးလျှံ ရူရ် လေးလုံးဖြင့်၊ ဖွဲ့စည်း ထားသော လက်သီးကြီး တစ်လုံး ကောင်းကင်မှ ဆင်းသက် လာ၏။

နှစ်ယောက်သား ပါးစပ် မပိတ် နိုင်ခင် အသုံးပုံ အဖြစ် ပြောင်းလဲ ကုန်ကာ၊ လက်သီးက မြေပြင်ပေါ် ဆက်လက် ကျဆင်း သွားပြီး၊ တစ်မြို့လုံး တုန်လှုပ် လာ၏။

အရာ အားလုံး ငြိမ်သက် သွားသော အခါတွင်၊ ကြီးမားသည့် မီးလောင် ချိုင့်ဝှမ်းကြီး တစ်ခု၊ ဖြစ်ကျန် ရစ်ခဲ့သည်။

အံ့သြစရာ ကောင်းလောက် အောင်ပင်၊ လင်းယွန်မှာ တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီးအား၊ ရွှေတံဆိပ် လေးခု အထိ၊ ဖွဲ့စည်း ထားနိုင်ခဲ့ လေပြီ။

ခပ်လှမ်း လှမ်းမှ ရပ်ကြည့် နေမိသော ဖန်ရှောင်ယု၊ ဇိုချင်းရှန်နှင့် ချောင်ချန်မှာ၊ အသက် ပြင်းပြင်း ရှူလိုက် မိသည်။

တိမ်မီးတောက် နယ်မြေ၏၊ ပါရမီရှင် များအား တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီးနှင့်၊ တစ်ချက်တည်း သတ်ပစ်လိုက် လေသည်။

“ မင်းတို့တွေ အဆင်ပြေ ရဲ့လား။ ”

လင်းယွန် အသံကြောင့်၊ အကုန် လန့်နိုး လာကြ၏။

“ အဆင် ပြေတယ်၊ ငါတို့ အကုန် အဆင်ပြေ ပါတယ်။ ”

ဖန်ရှောင်ယုက ခါးသီးသော အပြုံးဖြင့်၊ တုန့်ပြန်လာ ခဲ့သည်။ ယန်တျဲသည် ရောင်ဝါဖြင့်၊ သူတို့ သုံးယောက်အား ကန့်သတ်ထား နိုင်ခဲ့ သည်။

ယင်းကို လင်းယွန်မှ လက်သီး တစ်ချက် တည်းနှင့်၊ ထိုးသတ် ခဲ့ခြင်း အပေါ်၊ မယုံကြည် နိုင်ချေ။ လွန်ခဲ့သော ဆယ်ရက်က၊ တိုက်ပွဲဝင် စွမ်းအားထက်၊ နှစ်ဆ တိုးလာ လေသည်။

“ မင်းရဲ့ ဓားရည်ရွယ်ချက် … ။ ”

အပြာရောင် သစ်ပင် ကြီး၌ ပွင့်ချပ်များ အရွက် အသွင် ဖြစ်တည် လာခြင်းသည်၊ ဝိညာဉ် ရေး ဓား အပေါ် သက်ရောက်မှု ရှိမည်မှာ၊ သေချာ၏။

ထို့ကြောင့် ဇိုချင်းရှန်က သတိတရ မေးမြန်း လာခဲ့သည်။

“ ဟုတ်တယ် ... ၊ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်က ပြီးပြည့်စုံ သွားပြီ၊ တတိယ တန်း သိုင်း ရည်ရွယ်ချက် အဆင့်ကို ရောက်ဖို့၊ ခြေလှမ်း တစ်ဝက် လောက်ပဲ လိုတော့တယ် ။ ”

သူတို့ သုံးယောက်၏၊ ထင်မြင် ယူဆချက် များအပေါ်၊ လင်းယွန် တစ်ယောက် အတည်ပြု ဝန်ခံ လိုက်၏။။

သိုင်း ရည်ရွယ်ချက်များ အားလုံးတွင် ဓားဆန္ဒမှာ၊ နားလည်ရ အခက်ဆုံး ဖြစ်ကြောင်း၊ သူတို့ သိရှိထား ပေသည်။

လူတိုင်းက ဒုတိယတန်း ရည်ရွယ် ချက်သို့၊ မြှင့်တင်ရန် အသည်း အသန် ရုန်းကန် နေရဆဲ ဖြစ်သော်လည်း၊ သူတို့၏ လင်းယွန်မှာ တတိယ တန်းနှင့် နီးစပ် နေလေပြီ။

ရုတ်တရက် နဂါးလေးက အိတ်သုံးလုံး နှင့်အတူ ရောက်ရှိ လာ၏။ ၎င်းအား လင်းယွန်မှ တစ်ချက်သာ ကြည့်ပြီး၊ ဖန်ရှောင်ယုတို့ သုံးဦးထံ ကမ်းပေး လိုက်သည်။

“ သွားရအောင် ... ။ ”

လင်းယွန်မှ ပတ်ဝန်း ကျင်အား၊ လှည့်ပတ်ကြည့် ပြီးနောက်၊ ရှေ့ တူရှု အရပ်သို့ မျှော်ကြည့်ကာ၊ ဆိုလိုက်သည်။

“ ဘယ် ကို လဲ ... ။ ”

“ မိုး ကြိုး မြို့ ... ။ ”

ထိုမြို့၌ ဖုန်းရွှမ် ရှိ၏။ ဤလူမှာ သူ့အား စိတ်အနှောက် အယှက် ဖြစ်စေသည်။ ယင်းက သည်းခံ နိုင်စွမ်းကို၊ ကျော်လွန် လာပြီ ဖြစ်၏။

***

All Chapters