နတ်နဂါး ရုပ်တု။
Vol. 64 Ch. 883
နေရောင်က တိမ် များကို ဖြတ်ကျော် လာချိန်တွင် မြို့ရိုးမှ လူ လေးယောက် ထွက်ခွာ သွားသည်။
ထိုသူ များမှာ မိုးကြိုး မြို့သို့၊ ဦးတည် နေသည့် လင်းယွန် တို့ပင် ဖြစ်၏။ ထိုမြို့၌ တိမ်မီးတောက် နယ်မြေ၏ အသန် မာဆုံး ပုဂ္ဂိုလ် ဖုန်းရွှမ် ရှိပေသည်။
နယ်မြေ တစ်ခုလုံး၏ ခေါင်းဆောင် ပီပီ၊ ကောင်းကင် ဝိညာဉ် နယ်မြေ ပထမ ဒုက္ခကို ခံနိုင်ရန်၊ အရည် အချင်း ပြည့်မီ နေပြီ ဖြစ်သည်။
ကောင်းကင် ဝိညာဉ် နယ်ပယ်တွင်၊ အဆင့် ခုနစ်ဆင့် ရှိပြီး၊ ပါရမီရှင် တိုင်းက ကောင်းကင် လမ်း၌ အကန့် အသတ်ထိ တွန်းထုတ်ကာ၊ ဒုက္ခ ကို ခံယူလို ကြသည်။
ထိုသို့ ပြုလုပ်ရန် သာမန် ပါရမီရှင် များပင်၊ မြောက်များ စွာသော အရင်း အမြစ်များ လိုအပ် ပေမည်။ ထို့အပြင် မြင့်မားသော ကျင့်ကြံမှု နည်းစနစ် ရှိရန်လည်း လို၏။
ကျင့်ကြံမှု နည်းစနစ် အရည် အသွေးပေါ် မူတည်ကာ၊ လိုအပ်သော အရင်း အမြစ် ပမာဏ ကွာခြား နိုင်သည်။
အနည်းဆုံး အလယ် အလတ် အဆင့်၊ ကံကြမ္မာ ကိုယ်ခံ ပညာမျိုး လိုအပ်၏။ အထူး သဖြင့် စွမ်းအင် ကျင့်ကြံမှု ပညာရပ် မျိုးပေပင်။
ကောင်းကင် ဝိညာဉ် ဒုက္ခကို ဖြတ်ကျော်ရန် အလွန် ခက်ခဲ သောကြောင့်၊ ၎င်းကို အောင်မြင် ထားသော လူ တစ်ယောက် အတွက်၊ မည်မျှ သန်မာ လာမည်ကို၊ မှန်းဆ နိုင်သည်။
ထွက်ခွာ သွားသော လင်းယွန် တို့ကို၊ နားမလည် နိုင်သည့် မျက်ဝန်း များဖြင့်၊ မြို့ရိုး ပေါ်ရှိ လူ တစ်စုက စိုက်ကြည့် နေ၏။
သေမင်းကို စစ်ခင်း ချင်သော ရူးမိုက်သည့် လူတစ်စု ပေပင်။ သို့သော် ယင်းမှာ အဓိပ္ပါယ်ရှိ နေ ပြန်သည်။
မိုးကြိုးမြို့ ကိုပင် မသွားရဲ သည့်နောက်၊ ကောင်းကင် လမ်းအား အဆုံးထိ သွား နိုင်စရာ နည်းလမ်း မရှိချေ။
ခုနစ်ရက် အကြာတွင် ကြယ်စွမ်းအင် များဖြင့်၊ လွှမ်းခြုံ နေသော စိမ်းညို့ နေသည့် တောင်တန်း တစ်နေရာ၌ လင်းယွန်တို့ အဖွဲ့၊ အနားယူ နေခဲ့သည်။
ဤနေရာမှ မိုးကြိုးမြို့သို့ မဝေး တော့ပေ။ ငါးရက် အတွင်း ရောက်ရှိ နိုင်သည်။ လွန်ခဲ့သည့် သုံးရက် ကပင် ဖန်ရှောင်ယုတို့ သုံးဦးမှာ၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၏ ကန့်သတ် ချက်သို့ ရောက်ရှိ နေပြီ ဖြစ်သဖြင့်၊ စိတ်လှုပ်ရှား လာခဲ့သည်။
သူတို့၏ အရှိန် အဝါမှာ ယန်တျဲနှင့် မယှဉ် နိုင်သော်လည်း နန်းနောင်ဟဲထက် အနည်းငယ် သာပေသည်။
တစ်ဖက်တွင် စွမ်းအင် ကျင့်ကြံမှု နည်းစနစ် များမှာ၊ အခြေခံ ကံကြမ္မာ ကိုယ်ခံ ပညာများ ဖြစ်သဖြင့်၊ ပထမ ကောင်းကင် ဝိညာဉ် ဒုက္ခကို ဖြတ်ကျော်ရန်၊ ခက်ခဲလာ နိုင်ပေမည်။
ထို့ကြောင့် မိုးကြိုးမြို့ပေါ် မျှော်လင့်ချက် များများ ထားခဲ့သည်။ ကံကောင်း ပါက မြို့တော် တဝိုက်ရှိ အပျက် အစီး နယ်မြေ များမှ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာကို ရယူနိုင် မည်ဟု ယုံကြည်သည်။
ဆင်းရဲ ဒုက္ခကို မကျော်ဖြတ် နိုင်သော်၊ လူတိုင်း၏ အောက်ခြေ၌ ထာဝစဉ် ရှိနေ ကြပြီး အရှိန်အဝါ သမုဒ္ဒရာကို ဖွင့်နိုင် တော့မည် မဟုတ်ချေ။
အရှိန် အဝါ သမုဒ္ဒရာကို ဖွင့်နိုင် ပါလျှင်၊ ကောင်းကင် ဝိညာဉ် ဒုက္ခ မဖြတ်သန်း ဖူးသော ကျွမ်းကျင်သူ ဆယ်ဦးအား၊ ရင်ဆိုင် နိုင်မည် ဖြစ်သည်။
ခုနစ်ရက် အတွင်း လင်းယွန်က၊ သူ့ အချိန် များကို မဖြုန်းတီး ခဲ့ချေ။ ကောင်းကင်ဓား (၁၃) ချက်ကို၊ နဝမ ပုံစံ အထိ၊ အောင်မြင်စွာ သင်ယူ နိုင်ခဲ့သည်။ သို့သော် လင်းယွန် အတွက် မပျော်ရွှင် နိုင်သေးချေ။
သခင့်ဓား၊ ဆည်းဆာ အလင်းဓား တို့နှင့်၊ နှိုင်းယှဉ် ပါက၊ ကောင်းကင် ဓားမှာ အဖျက် စွမ်းအား နည်းနေ ပေသည်။
မဟာကြီး စိုးခြင်းနှင့်၊ မြေကမ္ဘာ ပျက်စီးခြင်း တို့သည်၊ ထိုနဝမမြောက် ပုံစံထက် ပြင်းထန် ချေ၏။
အထူး သဖြင့် ဓားသုတ္တ နှစ်ခုအား အမှီ သဟဲပြု ထားသော၊ မြေကမ္ဘာ ပျက်စီးခြင်းအား မမှီနိုင် သေးချေ။
“ သေစေ နိုင်တဲ့ ပုံစံ တွေကို၊ နားလည်ဖို့ လိုပြီ။ ”
လင်းယွန်က ရေရွတ် လိုက်သည်။ ပုံစံ (၁၀)မှ (၁၂) အထိသည်၊ သေကွင်း သေကွက် များထံ၊ ဦးတည်သော ဓားများ ဖြစ်၏။
အဆိုပါ လှုပ်ရှားမှု သုံးခုသည်၊ ကောင်းကင်ဓား (၁၃) ချက်ကို အဆင့်သစ် တစ်ခုသို့၊ ယူဆောင် ပေးပေမည်။
ထိုလှုပ်ရှားမှု များကသာ၊ ဝိညာဉ်ရေး ဓား၏ ပြီးပြည့် စုံသော ကျွမ်းကျင် ပိုင်နိုင်မှု စွမ်းအားကို အပြည့် အဝ ထုတ်လွှတ် နိုင်မည် ဖြစ်၏။
တွေးတော နေစဉ် ဖန်ရှောင်ယုတို့ သုံးဦးမှာ စိတ်လှုပ်ရှား စွာဖြင့် နိုးထ လာပြီး၊ လင်းယွန်ထံ လေးလေး နက်နက် စိုက်ကြည့် လာကြသည် ။
တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၊ ကန့်သတ် ချက်သို့ ရောက်ရှိ လာရ ခြင်းမှာ၊ တိမ်မီးတောက် နယ်မြေမှ ရယူ နိုင်ခဲ့သော အရင်း အမြစ် များကြောင့်သာ ဖြစ်၏။
မဟုတ်သော် သည်မျှ ဝေးဝေး ရောက်ဖို့ရန်၊ အချိန် မည်မျှ ပေးဆပ်ရ မည်ကို မသိ နိုင်ချေ။
“ မိုးကြိုး မြို့တော်ကို နှစ်ရက် နေရင် ရောက်ပြီ၊ မင်းတို့ ဒီမြို့ အကြောင်း ဘာတွေ သိထား သေးလဲ။ ”
လင်းယွန်က စတင် မေးမြန်း လိုက်သည်။
“ နည်းနည်းတော့ ရှိတယ်။ ”
“ ဘုန်းနေမင်း ကုန်းမြေရဲ့ မြို့တွေ ထဲမှာမှ၊ မိုးကြိုး မြို့တော်ကို အကြီးစား နဂါး မြို့တော်လို့ ယူဆ ကြတယ်။ ”
“ တိမ်မီးတောက် နယ်မြေလို အင်အားကြီး နယ်မြေ တစ်ခုတောင်၊ အဲ့ဒီ မြို့မှာ ထင်ပေါ်ခြင်း မရှိဘူး၊ ဒါကြောင့် ဖုန်းရွှမ် ဆိုတာ လူ သိရုံပဲ ရှိတယ်၊ ခြိမ်းခြောက် နိုင်စွမ်း မရှိဘူး။ ”
ချောင်ချန်နှင့် ဇိုချင်းရှင်က သူတို့ သိထား သမျှကို ဝေမျှ လာသည်။ ထိုအချက် အလက် များမှာ မှန်ကန်ကြောင်း၊ ထောက်ခံ ဟန်ဖြင့်၊ ဖန်ရှောင်ယုမှ၊ ဝင်ရောက် ပြောဆို လာသည်။
“ ပထမ ကောင်းကင် ဝိညာဉ် ဒုက္ခကို ဖြတ်ကျော် ဖူးမှသာ ပါရမီရှင် ပုဂ္ဂိုလ် အဖြစ် မိုးကြိုး မြို့က သတ်မှတ်တယ်၊ ဒီလို ဖြစ်တည်မှု ကသာ လူတိုင်း အတွက်၊ အာရုံစိုက်ဖို့ ထိုက်တန် တာပဲ၊ ... ”
“ ကောင်းကင် ဝိညာဉ် ဒုက္ခ ဆိုတာက၊ အဆုံး မရှိတဲ့ အန္တရာယ် လမ်းပဲ၊ ဖုန်းရွှမ်တောင် ယုံကြည်မှု မရှိ သေးတဲ့ အတွက်၊ မခံယူ ဝံ့ သေးဖူးလို့ ကြားတယ်၊ ... ”
“ ... တကယ် လို့သာ ဖုန်းရွှမ်က ဒုက္ခကို ကျော်လွှား နိုင်ခဲ့ရင်၊ ပိုကြောက်စရာ ကောင်း လာမှာ ဖြစ်တဲ့ အတွက်၊ ဒါက သတင်းကောင်း ပါပဲ ... ။ ”
လင်းယွန်က စကား တစ်ခွန်းမျှ မပြော တော့ဘဲ၊ ငြိမ်သက် နေခဲ့သည်။ ဖုန်းရွှမ်သာ အသွင် ပြောင်း သွားပါက၊ တကယ်ပင် ခက်ခဲ သွား ပေမည်။ ယခုမူ မည်သည့် အတွက်မှ ကြောက်စရာ မရှိချေ။
“ မြင့်မြတ်သော နယ်မြေက ပါရမီရှင်တွေ ရှိနိုင်လား။ ”
“ မရှိဘူး။ ”
လင်းယွန် မေးခွန်းကို ဖန်ရှောင်ယုက ခေါင်းခါ လိုက်ပြီး၊
“ ဘုန်းနေမင်း ကုန်းမြေက သူတို့ ထွက်ပေါ် လာဖို့၊ မထိုက်တန် သေးဘူး။ ”
“ ဘယ်လို ... ။ ”
လင်းယွန် မျက်လုံး များ၌ အံ့သြ ရိပ်များ ဖြတ်ပြေး သွားသည်။ မြင့်မြတ်သော နယ်မြေမှ မည်သူ မဆို၊ တစ်မြို့ လုံးကို တစ်ဦး တည်းဖြင့်၊ ကိုယ်တိုင် နှိမ်နင်း နိုင်မည်ဟု၊ ကြားသိ ထား၏။
ထို့ကြောင့် ၎င်းတို့၏ ခွန်အားကို ခံစားလို ခဲ့သည်။ သို့သော် သူ့ဆန္ဒ မပြည့် နိုင်တော့ချေ။
“ ငါတို့ သိတာ ဒါ အကုန်ပဲ၊ မြို့ကို ရောက်တဲ့ အခါ၊ အခြေ အနေက ဘယ်လိုရှိ မလဲတော့ မသိ သေးဘူး၊ မြင့်မြတ်သော နယ်မြေရဲ့ ပါရမီရှင် တွေက ပုန်းကွယ်ကောင်း ပုန်းကွယ် နေနိုင်တယ်။ ”
ဖန်ရှောင်ယုက မတင် မကျ ဆိုသည်။
“ ဒါနဲ့ မိုးကြိုး မြို့တော်မှာ၊ ဒုက္ခကို ဖြတ်ကျော် ထားနိုင်တဲ့ သူတွေ ရှိလား။ ”
လင်းယွန်က သိလို သည်ကို ဆက်မေးသည်။
“ နည်းနည်းတော့ ရှိတယ်၊ ဒါပေမယ့် တော်တော့ကို နည်းလိမ့်မယ်၊ သူတို့ အားလုံးက မိုးကြိုး မြို့ရဲ့ မျက်နှာဖုံး တွေပဲ၊ ဖုန်းရွှမ်က သူတို့နဲ့ ယှဉ်ရင် ဘာမှ မဟုတ် တော့ဘူး။ ”
ထို့နောက် မိုးကြိုး မြို့တော်တွင်၊ ဖုန်းရွှမ် နေရာရ ရသည့် အကြောင်း ရင်းအား ထပ်မံ ရှင်းပြ လာသည်။
“ မြင့်မြတ်သော နယ်မြေက ပါရမီရှင် တွေက ဘုန်းနေမင်း ကုန်းမြေကို မလာရတဲ့၊ အကြောင်း ရင်းက ဘုန်းနေမင်း ဝိညာဉ် ကြောင့်ပဲ၊ ... ”
“ အဲဒါက ဘာလဲ ဆိုတာတော့ ငါလည်း သေချာ မသိဘူး၊ မိုးကြိုး မြို့တော်ကို ရောက်ပြီး မှသာ၊ ဒီအကြောင်းကို ပိုစုံစမ်း ပေးမယ်။ ”
ဘုန်းနေမင်း ဝိညာဉ်။ ကောင်းကင် လမ်းရှိ များပြား လွန်းသော လျှို့ဝှက်ချက် များကြောင့်၊ လင်းယွန် တစ်ယောက် ငေးငိုင် သွားသည်။
“ သွားရအောင် ... ၊ ငါ အခု မိုးကြိုး မြို့တော်ကို ပိုပြီး စိတ်ဝင် စားလာပြီ။ ”
မိုးကြိုး မြို့သည်သာ၊ ကောင်းကင် လမ်း၏ စစ်မှန်သော စင်မြင့် ဖြစ်ကြောင်း၊ နားလည်လာ သဖြင့်၊ လင်းယွန်၏ မျက်ဝန်းများ လင်းလက် သွားတော့သည်။
နှစ်ရက် အကြာတွင် ခမ်းနား ထည်ဝါသော ရှေးဟောင်း မြို့တော် ကြီး၏ အသွင် အပြင်ကို အဝေးမှ မြင်လိုက် ရ၏။
မြို့မှာ အလွန် ကြီးမား သောကြောင့်၊ မြေပြင်ပေါ်တွင် နဂါး တစ်ကောင် လဲလျောင်း နေ သကဲ့သို့၊ ထင်မြင် လာစေသည်။
ဤမြို့အား ဘုန်းနေမင်း ကုန်းမြေ၏ အကြီးစား နဂါး မြို့တော် အဖြစ်၊ သတ်မှတ် ထားသည်မှာ၊ အခြားသော အကြောင်း အရာများ ရှိနိုင် ပေမည်။
ဘုန်းနေမင်း ကုန်းမြေမှာ၊ မည်မျှ ကြီးမား နိုင်မည်ကို၊ မိုးကြိုး မြို့တော်အား ကြည့်ပြီး၊ ခန့်မှန်း နိုင်၏။ ထို့ပြင် ယင်းသည် ကောင်းကင် လမ်း၌၊ အစွန် အဖျား မျှသာ ဖြစ်လေသည်။
တစ်နာရီကြာ ပြီးနောက် မြို့တံခါးသို့ ရောက်ရှိ လာသည်။ မြို့ကြီး တစ်မြို့ လုံးက ကောင်ကင်းကို အချိန် မရွေး ခွဲထုတ် နိုင်သည့်၊ တိုက်တန်ကြီး တစ်ကောင်နှင့် တူ၏။
မြို့ရိုး ပေါ်မှ လျှံထွက် လာသော တိုက်ခိုက်ရေး စိတ်ဝိညာဉ် များကို ခံစား နိုင်သည်။ ဤမြိုသည် ရှေးဦးခေတ်၌ ခံတပ် တစ်ခု ဖြစ်ခဲ့ပုံ ရ၏။
နှစ်ပေါင်း များစွာ ကြာပြီး နောက်တွင်ပင်၊ တိုက်ပွဲဝင် ဆန္ဒ များကို မြို့ရိုးများက ထိန်းသိမ်း ထားနိုင် ပေသည်။
မြို့ရိုး နောက်ကွယ်မှ၊ အစွမ်းထက် လွန်းသော အရှိန် အဝါများ၊ မြို့ပြင် သို့တိုင် လျှံကျ လာသည်။
“ အရင် ဝင်ပြီး၊ နဂါး ကမ္ဗည်း ပြားကို ရယူ ရအောင် ... ။ ”
လင်းယွန်က အကြံပြု လိုက်သည်။ နောက်ဆုံးတွင် ခွန်လွန် နယ်မြေ၏ သန်မာသော အင်အားစု များကို ဆွဲဆောင်ရန်၊ နဂါး ကမ္ပည်း ပြားများ မရှိ မဖြစ် လိုအပ် လေသည်။
ဖုန်းရွှမ်မှာ ကောင်းကင် ဝိညာဉ် ကပ်ဘေးအား၊ ဖြတ်ကျော် ထားခြင်း၊ ရှိ-မရှိ မသေချာ သောကြောင့်၊ မြို့ထဲသို့ မဝင်ခင် မျက်နှာဖုံးများ တပ်ဆင် ကြသည်။
တစ်ဖက် လူမှာ ဆင်းရဲ ဒုက္ခကို ဖြတ်ကျော်ထား နိုင်လျှင်ပင်၊ လင်းယွန်က ဂရုစိုက် စရာ မရှိိချေ။ သို့သော် ဖန်ရှောင်ယု တို့အား ထည့်စဉ်းစား ရပေမည်။
ထို့ပြင် မြို့တော်၌ လူတိုင်း နီးပါး ခေါင်းစွပ်နှင့်၊ မျက်နှာ ဖုံးများ တပ်ဆင်ထား သဖြင့်၊ ထူးထွေ ဆန်းပြားခြင်း မရှိချေ။
နတ်နဂါး ရုပ်တု ရှေ့တွင် ဆုတောင်း ခြင်းဖြင့်၊ နဂါး ကမ္ပည်းပြား များကို လွယ်လွယ် ကူကူ ရယူ နိုင်ပေမည်။
ရုပ်တုမှာ မြို့လယ်တွင် တည်ရှိပြီး၊ ထိုပတ်ဝန်း ကျင်၌ ကမ္ပည်းပြား ရယူ သူများ အပြင်၊ ကြယ် စွမ်းအင်ကို သန့်စင် နေသည့် ကျွမ်းကျင် သူများ ရှိနေ၏။
လူစု လူဝေး ဖြစ်လာ သောကြောင့်၊ ခါတော်မီ စျေးတန်း တစ်ခု သည်လည်း၊ ဖြစ်ပေါ် နေတော့သည်။
လင်းယွန်နှင့် အဖွဲ့မှာ မြို့ထဲသို့ ဝင်ပြီး၊ မြို့လယ်ရှိ အဆိုပါ ရုပ်တု ကြီထံ၊ ဦးတည်လိုက် လေသည်။
***