← Chapters

စိတ်ပြောင်းခြင်း။

Vol. 64 Ch. 884

စိတ်ပြောင်းခြင်း။

Vol. 64 Ch. 884

ဧရာမ ရုပ်ထု ကြီးက ကောင်းကင်ပေါ်၊ ပျံတက် တော့မည့် နတ်နဂါး တစ်ကောင်နှင့် အသွင် တူ၏။

လင်းယွန်မှာ မိုးပြာ နဂါး ရောင်ဝါကို ထုတ်ဖော် နိုင်သော်လည်း၊ ဤရုပ်တုနှင့် ယှဉ်ရ ပါက၊ ပိုးစုန်းကြူး တစ်ကောင် ကဲ့သို့၊ မှိန်ဖျော့ နေပေမည်။

ထို့အပြင် ဝိညာဉ်ရေး ဓားမှာ၊ ဤရောင်ဝါ ရှေ့တွင်၊ ကလေးငယ် တစ်ယောက် ကဲ့သို့၊ ခန္ဓာ ကိုယ်ထဲ ပြန်ဆုတ် လာ၏။

ရုပ်တု ရှေ့၌ နယ်ပယ် အသီးသီး၏ ပါရမီ ရှင်များက ဆုတောင်း မှုများ ပြုနေ ကြသည်။ ယင်းမှာ ဦးညွှတ်ရုံ မျှသာ ဖြစ်ပြီး၊ ကြည်ညိုမှုကို ပြသရန် လက်ဝှေ့ယမ်း ရပေ၏။

ခေါင်းပြန် မော့ချိန်၌ အပြာရောင် နဂါး တံဆိပ်ပြားများ လွင့်ကျ လာမည် ဖြစ်သည်။ ဆုတောင်း နေစဉ် အတွင်း၊ ထိုသူ၏ အထောက် အထားကို အမှတ် အသား ပြုထား သဖြင့်၊ သွေးစက် ချကာ အမှတ် အသား ပြုရန် မလို တော့ချေ။

ယင်းမှာ ဆန်းကြယ် သည်ဟု ထင်ရပုံ ရှိသော်လည်း၊ ပွဲမစ မီတွင် မဟာမိတ် အဖွဲ့မှ လူတိုင်း၏ အချက် အလက် အသီး သီးကို စုဆောင်း ရေမှတ် ထားပြီး ဖြစ်သည်။

ထို့ကြောင့် အချိန်တို အတွင်း ကမ္ပည်းပြား များတွင်၊ သူတို့၏ အချက် အလက်များ ပါရှိနေ ခြင်းဖြစ်၏။

နတ်နဂါးရုပ်တု ပတ်ပတ်လည်၌ အားကောင်း သန်မာသော ရောင်ဝါ များစွာကို လင်းယွန်တို့ အဖွဲ့က ခံစား နိုင်သည်။

ထိုသူများမှာ ပထမ ကောင်းကင် ဝိညာဉ် ဒုက္ခ အတွက်၊ အရည် အချင်း ပြည့်မီသော ပါရမီ ရှင်များ ဖြစ်ပေ၏။

ဖန်ရှောင်ယု အပါ အဝင်၊ တံဆိပ်ပြားကို တောင်းခံ နေသူ အများ စုမှာ၊ ထိုသူ များအား ယှဉ်နိုင်စရာ အကြောင်း မရှိချေ။

ရုပ်တုနှင့် အနီး ဆုံးတွင် ကြယ်စွမ်းအင် အသိပ် သည်းဆုံး ဖြစ်ပြီး၊ ထိုနေရာကို သိမ်းပိုက် နိုင်သူ မည်သူ မဆို၊ အကျိုးထူး မည်မှာ သေချာ၏။

မြို့ပတ်ပတ် လည်ရှိ အပျက် အစီး နယ်မြေများမှ၊ တွေ့ရှိ ရသော ရတနာ မျိုးစုံကို၊ နတ်နဂါး ရုပ်တုကို အမီပြု ထားသော ပျံကျ စျေးတန်းတွင်၊ ရောင်းဝယ် ဖောက်ကား ကြသည်။

ရတနာ များသည် ကျင့်ကြံ သူတိုင်း အတွက်၊ ရှားပါး အဖိုးတန် လှသောကြောင့် စျေးတန်းမှာ အမြဲ စည်ကား နေတက်၏။

ဤအခြေ အနေ အောက်တွင် ရုပ်ထုနှင့် အနီးဆုံး နေရာမှာ၊ အထူးဧရိယာ ဖြစ်လာသည်။ သို့သော် ထိုသို့သော နေရာများ အားလုံးကို ကောင်းကင် ဝိညာဉ် ဒုက္ခကို ခံယူ နိုင်သော ထိုပါရမီရှင် များက သိမ်းပိုက် ထား၏။

၎င်းတို့ အတွင်း ထင်ပေါ် လွန်းသော ကောင်းကင် ဝိညာဉ် နယ်ပယ်မှ ပါရမီရှင် များကို၊ မျက်ဝန်းများ မှေးစင်းလျက် လင်းယွန်က ကြည့်ရှု မိသည်။

သူတို့ အားလုံးမှာ သက်ဆိုင်ရာ နယ်မြေ များ၌၊ အထွတ် အထိပ် တည်ရှိသော ပုဂ္ဂိုလ်များ ဖြစ်ပေ၏။

ထိုနယ်မြေ များ၌၊ ဒုက္ခကို ခံယူနိုင် သော်လည်း၊ ကောင်းကင်လမ်း ကိုသာ ရွေးချယ် ခဲ့ ကြသည်။

လူအုပ် ထဲ၌ ပထမ ကောင်းကင် ဝိညာဉ် ကျွမ်းကျင်သူ များမှာ၊ ထင်ပေါ် လွန်းနေသည်။ စုစုပေါင်း လေးဦး ရှိပြီး၊ ၎င်းတို့ ထံမှ လာသော ကြောက်စရာ ဖိအားကို ကောင်းကောင်း ခံစား နိုင်၏။

ကောင်းကင် ဝိညာဉ် နယ်ပယ်ရှိ ဝိညာဉ် ခုနစ်ပါးသည်၊ ရှန်ရှင်း နယ်ပယ်၏ ဒွါရ ခုနစ် ပါးနှင့်၊ ဆက်စပ် နေသည်။

ဝိညာဉ် တစ်ခု စီသည် တိုက်ပွဲဝင် စွမ်းရည် များကို တိုးမြင့် စေမည့်၊ အရှိန် အဝါ သမုဒ္ဒရာ တစ်ခုအား ဖွင့်နိုင်မည် ဖြစ်သည်။ ဤနည်းဖြင့် ကျင့်ကြံ ခွန်အားမှာ၊ ကြီးစွာ ပြောင်းလဲ သွားမည် ဖြစ်၏။

“ လင်းယွန် ဟိုမှာ ကြည့်စမ်း ... ။ ”

ဖန်ရှောင်ယုက တစ်စုံ တစ်ရာကို မြင်တွေ့သွား ဟန်ဖြင့်၊ မျက်နှာ ပြောင်းလဲ သွားသည်။

“ မကြည့်နဲ့ ... ။ ”

လင်းယွန်က ချက်ချင်း သတိပေး လိုက်၏။ တိမ်မီးတောက် နယ်မြေမှ ကျင့်ကြံ သူများကို၊ ဖန်ရှောင်ယုမှ မြင်ခဲ့ခြင်း ဖြစ်လေသည်။

အဖွဲ့ ခေါင်းဆောင်မှာ၊ ပထမ ဒုက္ခကို ခံယူနိုင်သည့် အဆင့်သို့ ရောက်ရှိ နေပြီး၊ လူအုပ် ကြားတွင် တောက်ပသော ရောင်ဝါများ ထုတ်လွှတ် ထား၏။ ဤသူမှာ ဖုန်းရွှမ် ဖြစ် မည်ကို သံသယ ဖြစ်စရာ မရှိပေ။

နတ်နဂါး ရုပ်တု ဝန်းကျင်၌၊ နေရာ တစ်ခု ရယူ ထားနိုင် သည်မှာ၊ တိမ်မီးတောက် နယ်မြေ တွင်၊ ကျွမ်းကျင်သူ အများ အပြား ရှိကြောင်း၊ ဖော်ပြရာ ရောက်ပေသည်။

ဖုန်းရွှမ်၌ ပထမ ကောင်းကင် ဝိညာဉ် နယ်မြေရောက် မိတ်ဆွေများ ရှိ-မရှိ မသေချာ သောကြောင့်၊ အလျင် စလို တိုက်ခိုက်ရန် ဆန္ဒ မရှိ သေးချေ။

သတိ ပေးသံကြောင့် ဖန်ရှောင်ယုတို့ သုံးဦးမှာ၊ ဟန်မပျက် စေရန် ပြင်ယူ လိုက်ပြီး၊ နဂါး ကမ္ပည်းပြား များကို ရယူ လိုက်သည်။

နဂါး တံဆိပ် ပြားကို သူ့ခန္ဓာ ကိုယ်နှင့် ပေါင်းစပ် ပြီးနောက်၊ အတွေး တစ်ခု တည်းဖြင့့်၊ ပြန်လည် ဆင့်ခေါ် နိုင်မည် ဖြစ်သည်။

ဖန်ရှောင်ယုမှ နဂါး ကမ္ပည်း ပြားကို ရယူပြီး ပြုံးကာ၊

“ လင်းယွန်၊ ဒီဈေးတန်း ထဲမှာ ကံကြမ္မာ ကိုယ်ခံ ပညာတွေ ရှိမယ် ထင်တယ်။ ”

-ဟု အဆိုပြု လိုက်သည်။

စျေးတန်းသို့ ဖြတ်လာစဉ် ကံကြမ္မာ ကိုယ်ခံ ပညာရပ် များကို ရောင်းချ နေသည်အား တွေ့ခဲ့ ရသည်။

ကံမကောင်း စွာဖြင့်၊ အများ စုမှာ လှုပ်ရှားမှု နည်းစနစ်များ ဖြစ်ပြီး၊ စွမ်းအင် ကျင့်ကြံမှု နည်းစနစ်များ မဟုတ်ချေ။

ကံကြမ္မာ ကိုယ်ခံပညာ တွင်ပင်၊ စွမ်းအင် ကျင့်ကြံမှု ပညာရပ်၊ ရွေ့လျားမှု ပညာ ရပ်နှင့်၊ လှုပ်ရှားမှု ပညာရပ် ဟူ၍ ခွဲခြား ထားသည်။

အဆင့်မြင့် ပညာရပ် မဆိုနှင့်၊ အလယ် အလတ် အဆင့် ပညာရပ် များပင်လျှင်၊ ရှားပါး လှသည်။ အဆုံးတွင် ထိုအဆင့် ပညာရပ် များကို လူတိုင်းက လိုအပ် ပေ၏။

သို့သော် ဖန်ရှောင်ယုတို့ သုံးဦးမှ၊ သင့်လျော်သော ကံကြမ္မာ ကိုယ်ခံ ပညာ များကို ရှာလို ပါက၊ အချိန်ကုန် သော်လည်း၊ ကိစ္စ မရှိချေ။

ထိုအခိုက် အတန့်တွင် မီးတောင်ကြီး ပေါက်ကွဲ လာ သကဲ့သို့ လူအုပ် ထဲမှ၊ အရှိန် အဝါ တစ်ခု ရုတ်တရက် ထွက်ပေါ် လာသည်။

“ ဝှစ် ... ။ ”

ထိုဖိအား အောက်တွင် ရင်ပြင်တစ်ခုလုံး ခဏ တာမျှ တိတ်ဆိတ် သွား၏။

“ ဒါ ဖုန်းရွှမ်ပဲ ... ။ ”

“ သူ ဘာလုပ်ဖို့ ကြိုးစား နေတာလဲ … ။ ”

ဖုန်းရွှမ်မှာ၊ မိုးကြိုး မြို့၌ ထိုက်သင့်သော ကျော်ကြားမှု ရှိချေ၏။ ထို့ကြောင့် ကောင်းကင် ပေါ် ခုန်တက် လာသည့် အခိုက်တွင်၊ လူ အများက အာရုံစိုက် မိသည်။

“ တိမ်မီးတောက် နယ်မြေက လူတွေကို သတ်ပြီး၊ ကြယ်ပုလဲ တစ်သိန်းကို လုယူ ခဲ့တဲ့ အောက်တန်း စားက၊ ငါ့ ရှေ့မှာ ပေါ်လာ ရဲတယ်လား ဟမ့် ... ။ ”

လေထု အလယ် ရပ်တန့်လျက်၊ ဆိုလိုက် သဖြင့်၊ ကျယ်လောင်ခြင်း မရှိ သော်လည်း၊ တိတ်ဆိတ် နေသောကြောင့်၊ ဖုန်းရွှမ် အသံကို လူတိုင်းကြား လာရသည်။

“ အိုး ဟုတ်သားပဲ၊ တိမ်မီးတောက် နယ်မြေက၊ သိမ်းယူ ထားတဲ့ မြို့ တစ်မြို့ကို၊ လက်လွှတ် လိုက်ရ တယ်လို့ ငါ ကြားတယ်။ ”

“ လုယူတဲ့ လူက ပယင်း နယ်မြေရဲ့၊ ဓားသမား တစ်ယောက်ပဲ၊ အဲဒီ လူရဲ့ နာမည်က လင်းယွန်တဲ့။ ”

“ စိတ်ဝင် စားစရာပဲ၊ ဖုန်းရွှမ် ဆီက မြို့ကို လုယူပြီး၊ မိုးကြိုး မြို့မှာ ပေါ် လာဝံ့ တယ်လား၊ ကြည့်ရတာ ဖုန်းရွှမ်ကို လုံးဝ မျက်လုံးထဲ ထားပုံ မရဘူး။ ”

“ မင်း ... သူ့ကို မြင်ဖူးလား၊ သူ ဘယ်မှာလဲ။ ”

အားလုံးက လူအုပ် အတွင်း၊ လင်းယွန်ကို လှည့်ပတ် ကြည့်လာ ကြ၏။ ထိုအချိန် မှာပင် ဖုန်းရွှမ် တစ်ယောက်၊ သူ့လက် ဖဝါးကို လူအုပ်ထဲ တွန်း ထုတ် လိုက်ပြီး၊ လမ်းကြောင်း တစ်ခု ဖန်တီး လာသည်။

အပူ လှိုင်းကြောင့် လူအုပ်မှာ၊ ဘေးဘီ ဝဲယာသို့ ရှဲသွား ကုန်၏။ အပူ လှိုင်းများ သူ့ထံ တည်လာ သဖြင့်၊ လင်းယွန်က မူလ စွမ်းအင်များ ထုတ်ဖော်ကာ၊ ရှေ့တစ်လှမ်း တိုးလိုက် ရသည်။

တိုက်ခိုက်မှုကို ခေါင်းချင်းဆိုင် ဖြေရှင်း ရာ၌၊ ယိုင်နဲ့ သွားခြင်း မရှိ သော်လည်း၊ မျက်နှာဖုံးမှာ လွင့်စဉ် သွား၏။

မျက်နှာဖုံး အောက်ရှိ နုပျို လွန်းသော ရုပ်သွင်မှာ၊ လူတိုင်း ထင်ထား သည်ထက် ပို၍ ငယ်ရွယ် နေပေသည်။

အလွန်ဆုံး ရှိလှ အသက် (၁၈)နှစ် မျှသာ ဖြစ်ပြီး၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ ဖြင့်၊ တိမ်မီးတောက် နယ်မြေကို လုယူရဲ သည်မှာ မယုံ နိုင်စရာ ပေပင်။

“ မျက်နှာဖုံး တပ်ရုံ လိုက်နဲ့ ... ၊ ငါ့ မျက်စိအောက် ကနေ လွတ်မယ်လို့ မင်း ထင် နေလား၊ ငါ့ရဲ့ လူတေွေက မင်းကို သတ်ပစ်ဖို့ သဲလွန် စတွေ တစ်ခုထက် မက ထားခဲ့ နိုင်တယ်။ ”

ဖုန်းရွှမ်က မောက်မာသော အသွင်ဖြင့်၊ လင်းယွန်အား ကြည့်ကာ ဆိုလိုက်သည်။

“ မင်း အတွေးလွန် နေပြီ၊ မင်းခေါင်းကို မဖြတ်ချင် သေးလို့၊ ငါ မျက်နှာဖုံး တပ်ထားတာ ... ၊ မင်းကို ကြောက်လိမ့်မယ် မထင်နဲ့။ ”

လင်းယွန်က ပြန်လည် လှောင်ပြောင် လိုက်သည်။ ဖုန်းရွှမ် သည်သာ ပထမ ဝိညာဉ်သို့ ရောက်ရှိ နေပါက၊ ကွဲပြား သွားမည် ဖြစ်သည်။

ယခုမူ ဤမျှ ခွန်အားဖြင့်၊ မောက်မာ ဝံ့သည်မှာ၊ သနား စရာ ပေပင်။ လင်းယွန်၏ မောက်မာ လွန်းသော စကား များကြောင့် လူတိုင်း အံ့သြ ကုန်သည်။

ကောင်းကင် ဝိညာဉ် နယ်မြေမှ ကျွမ်းကျင် သူများ ပင်လျှင်၊ စိတ်ဝင် တစား လှည့့်ကြည့် လာ ၏။

“ မင်းကို ချက်ချင်း သတ်ချင် လာအောင်၊ ငါ့ဒေါသကို ဆွနေ တာလား၊ စိတ်ချ ... မင်းကို လွယ်လွယ်နဲ့ သေခွင့် ပေးမှာ မဟုတ်ဘူး။ ”

ရုတ်တရက် ကြောက်မက် ဖွယ်ရာ မီးတောက် များဖြင့်၊ ဖုန်းရွှမ်က သူ့ကိုယ်သူ သိုင်းခြုံ လိုက်လေရာ၊ လေထု အပူချိန် မှာ မြင့်တက် လာတော့သည်။

“ ဘယ်လောက်တောင် ပြင်းပျ လိုက်တဲ့ မီး ရည်ရွယ်ချက်လဲ။ ”

“ ဒါက ဒုတိယတန်း မီး ရည်ရွယ်ချက်ရဲ့၊ အလယ် အလတ် ကျွမ်းကျင်မှုပဲ။ ”

“ ဒီကောင် လေးတော့ သွားပြီ၊ ဖုန်းရွှမ်က မသေခင် သူ့ကို နှိပ်စက်မှာ၊ သေချာတယ်။ ”

လူအုပ်ကြီးက အယူ အဆ မျိုးစုံနှင့်၊ ဝေဖန်လာ ကြသည်။ ထို့နောက်တွင် ဖုန်းရွှမ်မှာ လင်းယွန် ရှေ့၌ ပေါ်လာပြီး၊ တိုက်ခိုက်မှုကို စတင် လိုက်၏။

ချက်ချင်းပင် မီးလျှံ များနှင့် အပြာရောင် ဓားရောင်ခြည်များ ရောယှက် သွားကာ၊ လူများ စွာကို မှင်တက် စေကုန်သည်။

သည့်နောက် တိုက်ပွဲ အတွင်းမှ မီးကျည် ကဲ့သို့၊ လေထဲ လွင့်စဉ် သွားသော ပုံရိပ် တစ်ရိပ်၊ ထွက်ပေါ် လာသည်။

လက်သီး တစ်ချက် တည်းဖြင့်၊ လင်းယွန်အား ဒဏ်ရာ ရစေ နိုင်ခဲ့သော၊ ဖုန်းရွှမ် ခွန်အား အပေါ်၊ လူတိုင်း အသိ အမှတ်ပြု လာကြသည်။

ဖန်ရှောင်ယုတို့ သုံးဦး မှာမူ ဆိုဖွယ် မရှိချေ။ သို့သော် တစ်စုံတစ်ရာ လွဲမှား နေသည်ဟု ခံစား မိပြီး၊ မြေပြင်ပေါ် ပြုတ်ကျ လာသော လူရိပ်အား ပြန်ကြည့် လိုက်မိသည်။

“ ဖုန်း ရွှမ် ပဲ ... ။ ”

သူတို့ နည်းတူ ယင်းကို မြင်ပြီးနောက်၊ လူအုပ် ကြီးမှာ အံသြကုန် လေသည်။ ရလာဒ်က သူတို့၏ အမြင်အား ဆန့်ကျင် နေပေ၏။

“ ငါ စိတ်ပြောင်း သွားပြီ၊ မင်းက ငါ့ တံခါးဝကို ရောက်လာ မှတော့၊ အခုပဲ မင်း ခေါင်းကို ယူလိုက် တော့မယ်။ ”

စွမ်းအင် လှိုင်းနှင့်၊ မီးလျှံများ တဖြည်းဖြည်း ငြိမ်သက် သွားပြီး၊ အေးစက်သော အသံ တစ်သံ နှင့်အတူ၊ ဓားသေတ္တာ တစ်လုံးအား ထမ်းပိုး ထားသည့်၊ လူငယ် တစ်ဦး ရပ်လျက် ထွက်ပေါ် လာတော့သည်။

***

All Chapters