← Chapters

မိုးကြိုး မြို့တော်သို့ အဝင်။

Vol. 64 Ch. 885

မိုးကြိုး မြို့တော်သို့ အဝင်။

Vol. 64 Ch. 885

အေးစက်သော အသံက လူတိုင်း၏ နားစည်ကို ရိုက်ခတ် လာသည်။ တိုက်ပွဲ မစခင် ထိုသို့ ဆိုခဲ့ ပါက၊ လူပြက် တစ်ယောက် အဖြစ်သာ ယူဆမိ ပေမည်။

ယခုမူ ၎င်းနှင့် ပတ်သက်ပြီး၊ မည်သူမျှ သံသယ မရှိ တော့ချေ။ မိုးကြိုး မြို့တော်တွင် ဝိညာဉ် ဒုက္ခကို ဖြတ်သန်း နိုင်မည့်သူ၊ များများ စားစား မရှိသည့် အနက်၊ ဖုန်းရွှမ်မှာ အသန်မာ ဆုံးလည်း ဖြစ်သည်။

ထို့ကြောင့် ပယင်း နယ်မြေ၏၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၌ ရှိသော၊ လူငယ် တစ်ဦးအား၊ ရှုံးနိမ့် လိမ့်မည်ဟု မထင်ထား သူများလည်း၊ ရှိနေ သေး၏။

ဆိုလို သည်မှာ အစော ပိုင်းတွင် ဖုန်းရွှမ်မှ၊ သူ့ခွန်အား (၃၀%) ကိုသာ အသုံးပြု ထားခြင်း ဖြစ်သည်။

သည်မြင်ကွင်းကို ကြည့်ပြီး၊ လူ အများက လှောင်ပြုံး ပြုံးလာ ကြသည်။ တိမ်မီးတောက် နယ်မြေ အနေဖြင့် သူတို့ အပေါ်၊ နေ့စဉ်နှင့် အမျှ စော်ကားခဲ့ ဖူးလေသည်။

ထို့ကြောင့် ဖုန်းရွှမ်ကို ရိုက်နှက် နိုင်သူ တစ်ဦး ပေါ်လာခြင်း အပေါ်၊ မကြေနပ် နိုင်စရာ မရှိချေ။

ထိုအချိန်တွင် ကောင်းကင် ဝိညာဉ် နယ်ပယ်မှ ကျွမ်းကျင်သူ အားလုံး၊ လင်းယွန်ထံ စိတ်ဝင် တစား ပြန်ကြည့် လာ၏။

မြေပြင်ပေါ် ပြုတ်ကျ လာသော ဖုန်းရွှမ်က ချက်ချင်း ထရပ် လိုက်ပြီး၊ ရန်သူအား ကိုက်စား မတက် မျက်ဝန်း များဖြင့် စိုက်ကြည့်ကာ၊

“ ယန်တျဲကို ... မင်း သတ်ပစ် လိုက်ပုံပဲ၊ ငါ တကယ့်ကို လျှော့တွက် မိသွားပြီ၊ ဘာပဲ ဖြစ်ဖြစ် မင်း အသက်ကို အခုယူ လိုက်ရင်၊ သူတို့ ကြေနပ် မှာပါ။ ”

“ မင်း ... ၊ လုပ်နိုင်မယ် မထင်ဘူး။ ”

ကောင်းကင်ဓား သုတ္တန်ကြောင့်၊ ဖြစ်ပေါ် နေသော အပြာရောင် သစ်ပင် ကြီးကို နောက်ခံ ပြုလျက်၊ လင်းယွန်က နှာခေါင်း ရှုံ့ သည်။

“ မင်း သေချင် နေတာပဲ ... ၊ ဒါက ငါ့ ခွန်အားရဲ့ (၃၀%) ပါ။ ”

အစောပိုင်း အခြေ အနေ၌၊ ကျူးလွန် မိသော အမှားသည် သူ့အား ရှက်ရွံ့စေ သဖြင့်၊ ချက်ချင်း မျက်နှာပျက် သွားသည်။

ထို့ကြောင့် သည်တိုက်ပွဲကို ခွန်အား အကုန် အစင် အသုံး ချကာ၊ အမြန် အဆုံးသတ် နိုင်ရန် စိတ် ပိုင်းဖြတ် မိသည်။

သို့မဟုတ် ပါက မိုးကြိုး မြို့တော်၌၊ သူ့ နေရက်များ ခက်ခဲ လာပေ လိမ့်မည်။ မီးလျှံ ရူရ် များက သူ့ လက်ဖဝါးတွင်၊ လာရောက် စုရုံးနေ လေသည်။

အရှိန်အဝါ အထွတ် အထိပ်သို့ ရောက်သည်နှင့်၊ လင်းယွန်ထံ မီးတောက် ကြီးကို တွန်းထုတ် လိုက်သည်။

နတ်နဂါး ရုပ်ထု၏ ဖိအားဖြင့်၊ ချုပ်နှောင် ထားခြင်း မရှိ ပါက၊ ရင်ပြင် တစ်ခုလုံး မီးလျှံများ ဖုံးလွှမ်း သွားမည် ဖြစ်သည်။

“ ဖုန်းရွှမ် လေးနက် လာပြီ။ ”

“ သူ့ရဲ့ မီးတောက် ထိန်းချုပ် နိုင်စွမ်းက၊ တကယ်ကို ထိတ်လန့် စရာ ပါပဲ။ ”

ဖုန်းရွှမ်မှ ခွန်အား အကုန် အစင်ကို ထုတ်ဖော် လိုက်သည်အား မြင်လိုက် ရချိန်တွင်၊ ဖန်ရှောင်ယုတို့ သုံးဦးမှာ စိုးရိမ် သွားသည်။

“ ပယင်း နယ်မြေ ဆိုတာ ... ၊ နိမ့်ကျတဲ့ နယ်မြေ တစ်ခုပဲ၊ ငါရဲ့ တိမ်မီးတောက် နယ်မြေ နဲ့၊ ယှဉ်နိုင် စရာ နည်းလမ်း မရှိဘူး၊ မင်း ဘယ်လောက် အထိ၊ အားနည်းတယ် ဆိုတာ ငါ ပြမယ်။ ”

ဖုန်းရွှမ်၏ စကား များကို လင်းယွန်က လက်သီး တစ်လုံးဖြင့်၊ တုန့်ပြန် လိုက်သည်။

ကြောက်မက်ဖွယ် ကောင်းသော ဓားနှင့်၊ မီးလျှံများ လှိုင်း သဏ္ဍာန် ပြန့်ကား လာသဖြင့်၊ လူတိုင်း မီတာ ရာဂဏန်း အကွာသို့ ဆုတ်ခွာ ပေးလိုက် ရသည်။

လင်းယွန် အနေနှင့် တစ်ဖက် လူ၏၊ မူလစွမ်းအင်ကို ချေဖျက် ပြီးနောက်၊ ခြေလှမ်း သုံးလှမ်း နောက်ပြန် ဆုတ်ပေး လိုက်ရသည်။

“ ဟား ဟား ဟား ... ၊ မင်း ကြောက်နေ ပြီလား၊ စိတ် မပူနဲ့ ဒါက အစပဲ ရှိသေးတယ်။ ”

ဖုန်းရွှမ်က ရယ်မော လိုက်ပြီး၊ မူလ စွမ်းအင်များကို ထပ်မံ တွန်းထုတ် လိုက်သည်။ အပူ ရှိန်ကြောင့်၊ ပတ်ဝန်း ကျင်၌ လေဟာနယ် ပုံပျက် လာ၏။

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ လှုပ်ရှားမှုပေါင်း များစွာကို ဖလှယ် လိုက်ကြ သည်။

“ ဝှစ် ... ။ ”

တစ်ဖက် လူ၏ စွမ်းအင် ကျင့်ကြံမှု နည်းစနစ်မှာ၊ ကောင်းကင် ဓားသုတ္တန်ထက် နိမ့်ကျခြင်း မရှိ သောကြောင့်၊ လင်းယွန် တစ်ယောက် အံ့သြ သွားသည်။

ရှန်ရှင်း ဓားမှာ မီး ရည်ရွယ်ချက် အောက်၌ အနားပင် မကပ် နိုင်ဘဲ၊ အရည်ပျော် သွားရ သည်။

ရှန်ရှင်း ဓားကို ကြိမ်ဖန် များစွာ အသုံးချ ခဲ့ဖူးသော်လည်း၊ မည်သူမျှ အရည် ပျော်အောင် ပြုလုပ် နိုင်ခြင်း မရှိချေ။

“ အိုး ... ၊ မင်းက ကောင်းကင် ဝိညာဉ် နယ်မြေ မရောက်ခင်၊ ရှန်ရှင်း ဓားကို ဆုပ်ကိုင် နိုင်ခဲ့ တာလား၊ ... ”

“ ... မင်းမှာ မောက်မာဖို့ တကယ် အရည်အချင်း ရှိပါတယ်၊ ဒါပေမယ့် မင်းက ငါ့ ထက်စာရင် အတွေ့ အကြုံ မရှိ သေးဘူး။ ”

ဖုန်းရွှမ်က မီး ရည်ရွယ်ချက်ကို လင်းယွန်ပေါ်၊ ဦးတည် လိုက်ပြီး၊ ရက်စက် ကြမ်းကြုတ်သော သားရဲ တစ်ကောင်အား ဆင့်ခေါ် လိုက်သည်။

ထိုသားရဲနှင့် လက်ဖဝါးတို့ ပေါင်းစပ် သွားပြီးနောက်၊ မီးလျှံများ တဟုန်းဟုန်း တောက်လောင် လာ၏။

သည့်နောက် ပြုံးပြီး၊ လင်းယွန် ခေါင်းကို လက်သီးဖြင့် ထိုးချ လိုက်သည်။ လင်းယွန် မှာမူ ထိတ်လန့်မှု မရှိဘဲ လှောင်ရယ်ကာ၊

“ ရှန်ရှင်း ဓား တဲ့လား၊ မင်းရဲ့ အပေါင်း အသင်းတွေ ဘယ်လို သေဆုံး သွားမှန်း၊ မင်း မသိ လိုက်ဖူး ထင်တယ်။ ”

-ဟု ဆိုလိုက်သည်။

“ ထာဝရ နဂါးဓား ရည်ရွယ်ချက်။ ”

မီတာ သုံးဆယ်ခန့် ရှည်လျားသော အပြာရောင် နဂါးကြီး တစ်ကောင် ဟောက်သံ ပြုလျက်၊ လေထုထဲ ထွက်ပေါ် လာသည်။

နဂါးကြီးက ရင်ပြင် အပြည့် ဖုံးလွှမ်း နေသော မီး ရည်ရွယ် ချက်ကို၊ စတင် ဖျက်ဆီး ပစ်တော့၏။

ထိုနဂါးတွင် ဝိညာဉ်ရေး ဓား၏၊ ကနဦး ကျွမ်းကျင်မှု ကိုသာ အသုံးပြု ထား၏။ သို့သော် ထာဝရ နဂါး အရှိန်အဝါ ပါဝင် နေသဖြင့်၊ မီး ရည်ရွယ်ချက်ကို ကောင်းစွာ ဖိနှိမ် နိုင်ခဲ့ လေသည်။

လက်သီး ချက်ကြောင့်၊ ဖုန်းရွှမ် နောက်ကျော၌ ဖြစ်ပေါ် နေသော သားရဲ ပုံရိပ် ကြီးမှာ၊ စက္ကန့်ပိုင်း အတွင်း ပြိုကျ တော့မည့် အရိပ် အယောင်များ ပြသ လာသည်။

“ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်။ ”

လွင့်စဉ် နေလျက်မှ၊ ဖုန်းရွှမ် တစ်ယောက် မျက်လုံးပြူး သွားသည်။ ပယင်း နယ်မြေမှ တစ်စုံ တစ်ယောက်သည်၊ ကောင်းကင် ဝိညာဉ် နယ်မြေသို့ မရောက်မီ၊ ဝိညာဉ်ရေး ဓားအား ဆုပ်ကိုင် နိုင်သည်မှာ၊ ယုံနိုင်စရာ မရှိချေ။

ထို့ကြောင့် လေထဲ၌ ကိုယ်ဟန် ပြင်ယူ လိုက်ပြီး၊ လျှင်မြန်စွာ ဆုတ်ခွာ လိုက်သည်။ သို့သော် စူးရှ လွန်းသော ဓား အလင်းများ မြင်ကွင်းထဲ ဝင်ရောက် လာ၏။

“ မင်း လွတ်မြောက် နိုင်မယ် ထင်လား၊ ဓား ... ။ ”

ဓားအလင်း များနှင့် အတူ၊ ပန်းသင်္ချိုင်း ဓားက ဓားသေတ္တာ ထဲမှ ပေါက်ကွဲ ထွက်ပေါ် လာ၏။

“ ဝှစ် ... ။ ”

ဓားသုတ္တန် နှစ်ခုကို ဖြန့်ကျက်ကာ၊ မူလ စွမ်းအင်များ သွန်းလောင်းလျက် လင်းယွန်မှ၊ ဖမ်းယူ လိုက်သည်။

ကောင်းကင် သစ်ပင်၏၊ အကိုင်း အခက် များပေါ်တွင်၊ ခရမ်းရောင် ပန်းများ ထွက်ပေါ် လာပြီး၊ လင်းယွန် ခန္ဓာမှ ခရမ်းပြာရောင် ဓား အလင်းများ ဖြာထွက် လာ၏။

ထိုအရှိန်တွင် သူ့ အရှိန် အဝါမှာ၊ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင် သူနှင့် ယှဉ်နိုင် ပေသည်။

“ ဝိညာဉ်ရေး ဓား အဆင့်မြင့် ကျွမ်းကျင်မှု။ ”

“ ဒါက မယုံ နိုင်စရာ ပါပဲ ... ၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ မှာတင်၊ ဝိညာဉ် ရေး ဓားကို မြင့်မြင့် မားမား ဆုပ်ကိုင်ထား နိုင်တယ်။ ”

“ ဒါတင် မကဘူး၊ သူ့ရဲ့ ကျင့်ကြံမှု နည်းစနစ်ကလည်း ထူးဆန်းတယ်၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ တွေထက်၊ လုံးဝ နိမ့်ကျ ပုံ မရဘူး။ ”

ဓား ရည်ရွယ်ချက်ကို ကြည့်ပြီး၊ လူ အများ ထိတ်လန့် တုန်လှုပ် သွားကာ၊ အာမေဋိတ် သံများ ညံလာသည်။

တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေရှိ၊ ဓားသမား တစ်ယောက် အနေဖြင့် ဤမျှ အစွမ်း ထက်နေ လိမ့်မည်ဟု၊ မထင်ထား ကြချေ။

“ ဝုန်း ... ။ ”

ထို့နောက် ပန်းသင်္ချိုင်း ဓားက၊ နဂါး အမြီးကြီး ကဲ့သို့၊ ဖုန်းရွှမ်ပေါ် ကျရောက် သွား လေသည်။

သွေးများ ပန်းထွက် လာပြီး၊ အရိုးများ မြင်လာ ရသည် အထိ၊ နက်ရှိုင်းသော ပြတ်ရှ ရာကြီး တစ်ခု ဖြစ်ပေါ် လာ၏။

ဖုန်းရွှမ်ကို နှစ်ခြမ်းခွဲ နိုင်လု နီးပါး အခြေ အနေနှင့် မြင်လိုက်ရ သဖြင့်၊ တိမ်မီးတောက် နယ်မြေ၏ အခြားသော ကျွမ်းကျင်သူ များမှာ၊ အံသြသွား ကြသည်။

ဖုန်းရွှမ် မှာမူ ဆိုဖွယ် မရှိချေ။ ကြောက်ရွံ့မှုကြောင့်၊ တုန်ယင် နေခဲ့သည်။ သို့သော် သူ့ကိုယ်သူ တည်ငြိမ်အောင် ပြင်ယူ လိုက်ပြီး၊ တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီးအား ထုတ်ဖော် လိုက်သည်။

လက်ဖဝါး ပေါ်၌ မီးလျှံ ရူရ် ခြောက်ခု ဖြစ်ပေါ် လာကာ၊ သူ့ နောက်တွင် ခရမ်းရောင် မီးတောက်များ အရှိန် အဟုန်ဖြင့်၊ လောင်ကျွမ်း သွားသည်။

ဒုတိယ အကြိမ်မြောက် မီးလက်သီး ကြီးမှာ၊ ပတ်ဝန်းကျင်ရှိ အဆောက် အဦး များကို စတင် အရည် ဖျော်လျက်၊ လင်းယွန် အပေါ် ကျဆင်း လာသည်။

တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီးသည် မိုးကြိုး မြို့၌၊ လွန်စွာ နာမည် ကြီး၏။

ထို့ကြောင့် ဖုန်းရွှမ်မှ တံဆိပ် ခြောက်ခုအား ထုတ်ဖော် နိုင်သော အခါတွင်၊ လူတိုင်း အံသြ မှင်တက် ကုန်သည်။

အခြား တစ်ဖက် တွင်မူ သူ့ဓား အောက်၌ အသက်ရှင် နိုင်ခဲ့သော တစ်စုံ တစ်ဦး ရှိလာ သဖြင့်၊ လင်းယွန်မှ မျက်မှောင်ကြုတ် မိသည်။ ဆိုလို သည်မှာ သူ့ဓား မမြန်ဟု ဆိုလိုခြင်း ဖြစ်၏။

“ တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီးလား၊ ဒီလက်သီးကို ဘယ်လို သုံးရမှန်း ငါ လည်း သိတယ်။ ”

ရွှေရောင် မီးလျှံ ရူရ် လေးခု ထွက်ပေါ် လာပြီး၊ အပြာရောင် ဓား ရောင်ခြည် များဖြင့်၊ ပေါင်းစပ် သွားသည်။

ရွှေရောင် ရူရ်များ ထွက်ပေါ် လာချိန်၌၊ တိမ်မီးတောက် နယ်မြေမှ လူငယ် များမှာ၊ လုံးဝ အံသြ ကုန်လေသည်။

သူတို့၏ နည်းစနစ်အား၊ အပြင်လူ တစ်ဦးမှ မြင့်မားသော အဆင့် သို့တိုင်၊ ကျင့်ကြံ နိုင်ခဲ့ သည်မှာ မယုံ နိုင်စရာ ပေပင်။

လင်းယွန်၏ ရွှေရောင် ရူရ်သည်၊ အလွန် သေးငယ် သော်လည်း၊ ခရမ်းရောင် ရူရ်များနှင့် တိုက်မိသော အခါ၊ ခရမ်းရောင် မီးလျှံ ရူရ်ကို ချက်ချင်း ကွဲအက် သွားစေ ခဲ့သည်။

ရွှေရောင် လက်သီး ငယ်က၊ ခရမ်းရောင် မီးလက်သီး ကြီးကို မီးရှူး မီးပန်းများ ကဲ့သို့၊ ပေါက်ကွဲ သွားစေ၏။

ထို့နောက် ရွှေရောင် လက်သီးမှာ၊ ဖုန်းရွှမ်ထံ ဆက်လက် တိုးဝင် သွားပြီး၊ အသားပုံ အဖြစ်သို့၊ ပြောင်းလဲ ပစ်လိုက် တော့သည်။

***

All Chapters