← Chapters

မီးမိစ္ဆာ နယ်မြေမှ ချင်းဖုန်။

Vol. 64 Ch. 886

မီးမိစ္ဆာ နယ်မြေမှ ချင်းဖုန်။

Vol. 64 Ch. 886

ရင်ပြင် တစ်ခုလုံး မီးတောက် လောင် နေသံမှ လွှဲ၍၊ ဘာသံမှ မကြားရ တော့ချေ။ မျက်ဝန်း ပေါင်း များစွာက ထိတ်လန့်စွာ ကြည့်နေ ကြ၏။

ဝိညာဉ်ရေး ဓားမှာ၊ အဆင့်မြင့် ကျွမ်းကျင်မှုသို့ ရောက်ရှိ နေမှန်း သိထား သော်လည်း၊ ဖုန်းရွှမ်အား အလွယ် တကူ သတ်နိုင် လိမ့်မည်ဟု၊ သူတို့ မမျှော်လင့် ထားခဲ့ ကြပေ။

တစ်စုံ တစ်ဦးကို အနိုင်ယူ ခြင်းနှင့်၊ သတ်ဖြတ် ခြင်းမှာ လုံးဝ ကွဲပြား ခြားနားသော ကိစ္စ နှစ်ရပ် ဖြစ်သည်။

ထို့ပြင် ထိတ်လန့်ဖွယ် အကောင်း ဆုံးမှာ၊ တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီးဖြင့်၊ အသတ်ခံ ရခြင်း ဖြစ်၏။

ဤအဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ ရပ်သည် မိုးကြိုး မြို့၌ပင်၊ နာမည် ဆိုးဖြင့် ကျော်ကြား လှပြီး၊ ၎င်းကြောင့် လူ များစွာ ဒဏ်ရာရ ခဲ့ဖူးသည်။

ဖုန်းရွှမ် မဟုတ်သော လူ တစ်ဦးသည် တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီးကို၊ ဤမျှ ကြောက်စရာ ကောင်းသည့် အမြင့် အထိ ကျင့်ကြံ နိုင်ကြောင်းအား၊ သူတို့ မယုံနိုင် သေးပေ။

သို့သော် ဤပွဲ အတွက် အရေး အကြီး ဆုံးမှာ၊ မီး ရည်ရွယ်ချက်ကို ဖြိုခွဲ နိုင်သော ဓား ဖြစ်သည်။

ဝိညာဉ်ရေး ဓားကြောင့်၊ ဒဏ်ရာ ရရှိခြင်း မရှိ ပါက၊ တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီး အနေြဖင့်၊ ဖုန်းရွှမ်အား လွယ်ကူစွာ သတ်နိုင်မည် မဟုတ်ချေ။

ဖုန်းရွှမ် လက်သီးမှာ၊ ခရမ်းရောင် အဆင့်တွင်သာ ရှိသော်လည်း၊ ဒုတိယတန်း မီး ရည်ရွယ်ချက်၊ ပါဝင် လေသည်။

တစ်ဖက်တွင် တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေဖြင့်၊ သူ့၌ ဝိညာဉ်ရေး ဓား ရှိနေလိမ့် မည်ဟု၊ ဖုန်းရွှန်မှ မထင် ထားကြောင်း လင်းယွန် သိသည်။

သို့သော် ဝိညာဉ်ရေး ဓား၏၊ အဆင့်မြင့် ကျွမ်းကျင်မှုသည်၊ သူ့ အကန့်အသတ် မဟုတ် သေးကြောင်း သိပါလျှင်၊ လူတိုင်း မည်သို့ ဖြစ် သွားမည် မသိချေ။

ဤအရာ တစ်ခု တည်း ဖြင့်ပင်၊ မြင့်မြတ်သော နယ်မြေ၏၊ ကောင်းကင် ဝိညာဉ် နယ်မြေ၊ ကျွမ်းကျင်သူ များနှင့်၊ ကောင်းစွာ ယှဉ်နိုင် ပေမည်။

ပွင့်ပွင့် လင်းလင်း ဝန်ခံရ ပါမူ၊ သူ့ဓားမှာ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်ကို ကျော်လွန်ပြီး၊ ကောင်းကင်ဓား ရည်ရွယ်ချက် သို့တိုင်၊ ခြေ တစ်လှမ်း ဝင်ရောက် ထားနိုင်ပြီ ဖြစ်သည်။

ဖုန်းရွှမ် ကဲ့သို့သော၊ ပထမ ကောင်းကင် ဝိညာဉ် ဒုက္ခကို ခံယူမည့် သူများက ထိတ်လန့် စွာဖြင့်၊ ကြည့်လာ ကြသည်။

ဤဓားသမားသည် ဖုန်းရွှမ်အား သတ်နိုင် သောကြောင့်၊ သူတို့ ကိုလည်း သတ်နိုင် စွမ်းရှိ လေ၏။

တိမ်မီးတောက် နယ်မြေ၏ ကျန်ရစ် သူများက၊ တုန်လှုပ် ချောက်ချား ရာမှ ပြန်လည် သတိ ဝင်လာပြီး၊ မျက်နှာများ ဖြူဖျော့ ကုန်သည်။

ဖုန်းရွှမ် အားကိုးဖြင့်၊ လူ အများစု အပေါ် စော်ကား ထားဖူး၏။ ထို့ကြောင့် ရန်လိုသော အကြည့် များကို၊ ချက်ချင်း ခံစား လာမိသည်။

“ ဝှစ် ... ။ ”

ဖုန်းရွှမ် သေဆုံး ပြီးနောက်၊ အခြေ အနေ မကောင်း နိုင်တော့ လေရာ၊ မဆိုင်း မတွဘဲ ခြေကုန် သုတ်လိုက် ကြသည်။

လင်းယွန်က သူတို့ကို စိတ်မဝင်စား တော့ချေ။ ဖုန်းရွှမ် ထံမှ နဂါးလေး ယူဆောင် လာသော သိုလှောင်အိတ်ကို၊ မကြည့်အား သေးဘဲ၊

“ အားလုံးပဲ မင်္ဂလာပါ ... ၊ ငါက ပယင်း ကမ္ဘာရဲ့ ပန်းသင်္ချိုင်း ဓားသမား လင်းယွန်ပါ၊ ဒီမြို့မှာ ငါက လူသစ် ပါပဲ။ ”

-ပတ်ဝန်းကျင်အား ဝေ့ဝဲ ကြည့်ကာ၊ သူ့ကိုယ်သူ မိတ်ဆက် လိုက်သည်။ ထို့ကြောင့် လူအုပ်မှာ အံ့ဩ သွားသည်။

ဤဓားသမားသည် မည်သို့ ဆုတ်ခွာ ရမည်ကို၊ ကောင်းစွာ သိပုံ ရ၏။ ဖုန်းရွှမ်အား သတ်နိုင် ရုံဖြင့်၊ လူတိုင်း အပေါ်၊ အထင် သေးခြင်း မရှိ ခဲ့ချေ။

သူ့ကိုသူ ‘လူသစ်’ အဖြစ်၊ မိတ်ဆက် လာသောကြောင့်၊ လူ အချို့က ကူကယ်ရာ မဲ့စွာ ပြုံးလိုက် ကြ၏။

လူသစ် တစ်ဦး အနေဖြင့်၊ မိုးကြိုး မြို့သို့ ရောက်လျှင် ရောက်ချင်း ဖုန်းရွှမ်ကို သတ်ကာ၊ အလယ် အလတ် နယ်မြေ တစ်ခုအား ဖျက်ဆီး ပစ်လိုက်သည်။

သို့သော် မောက်မာခြင်း မရှိသည့် အပေါ်၊ လူတိုင်းက သဘာဝ အတိုင်း ပြန်လည် အသိ အမှတ် ပြုလာ ကြသည်။

လူအုပ် ကြီးက တပြိုင် နက်တည်း ပြုံးပြ လာပြီး၊ လက်ဝေ့ ရမ်းကာ ပြန်လည် နှုတ်ဆက် ပေး၏။

ကောင်းကင် လမ်းသည် ရက်စက် ကြမ်းကြုတ် လှကာ၊ အားနည်းသူ များကို လုယူ တက်သော နေရာ ဖြစ်သည်။

မကြာ သေးမီ ကပင်၊ လင်းယွန် အသတ်ခံ ရမည်ဟု မြင်မိ ကြသည်။ သို့သော် ဖုန်းရွှမ်းအား လင်းယွန်မှ သတ်လိုက်သော အခါတွင်၊ လေးစားမှု အပြည့်ရှိ လာတော့၏။

ထိုအချိန်တွင် ဖန်ရှောင်ယု၊ ချောင်ချန်နှင့် ဇိုချင်းရှန်မှာ၊ အရာ အားလုံး အိမ်မက်ဆန် လွန်း သောကြောင့်၊ မှင်တက်မိ နေဆဲ ပေပင်။

သို့လှောင် အိတ်အား ကောက်ယူ ကြည့်လိုက်ရာ၊ ကြယ်ပုလဲ (၃) သိန်း ကျော်ကို တွေ့လိုက် ရ၏။

၎င်းမှာ တိမ်မီးတောက် နယ်မြေမှ ထိန်းချုပ် ထားသော မြို့များ ထံမှ လာသည့်၊ ဆက်ကြေး ဖြစ်သည်။

ယင်းကို ဖုန်းရွှမ်မှ ပထမ ကောင်းကင် ဝိညာဉ် ဒုက္ခ အတွက်၊ ကြိုတင် ပြင်ဆင် ထားပုံ ရ၏။ ယခု မူကား၊ လင်းယွန် အပိုင် ဖြစ်လာ ချေပြီ။

တိမ်မီးတောက် နယ်မြေကို ဖြေရှင်း ပြီးနောက် စိတ်အခြေ အနေမှာ၊ ကောင်းမွန် လာသည်။

ဖန်ရှောင်ယု တို့အား ခေါ်ဆောင်လျက် စျေးတန်း အတွင်း၊ တရွေ့ရွေ့ လျှောက်လှမ်း လာမိ၏။

အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာကို ဝယ်ယူရန် အတွက်၊ ကြယ်ပုလဲများ အပေါ်၊ စိတ်ပူ နေစရာ မရှိ တော့ခေျ။

တစ်နာရီခန့် ကုန်လွန် လာသော်လည်း၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာကို ရှာမတွေ့ သောကြောင့်၊ သုံးယောက်သား စိတ်ပျက် မိသည်။

ထို့အပြင် တွေ့ရှိ ခဲ့သော အလယ် အလတ် ကံကြမ္မာ ကိုယ်ခံ ပညာရပ် များသည်၊ မယုံနိုင် လောက်အောင် ဈေးကြီး ပေ၏။

“ မင်း တို့တွေ အခု လောလောဆယ် အလယ် အလတ် ကံကြမ္မာ ကိုယ်ခံ ပညာကို ဘာလို့ မရွေးချယ် ရတာလဲ။ ”

လင်းယွန်က မေးလိုက်သည်။ ကောင်းကင်ဓား သုတ္တန်မှာ ထိပ်တန်း အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ် ဖြစ်သဖြင့်၊ ၎င်းတို့မှ ကျင့်ကြံ၍ မရချေ။

သူတို့ သုံးဦးကို တစ်စုံ တစ်ဦးသာ ဖမ်းမိ သွားပါက၊ ၎င်းပညာ ရပ်အား၊ ပြိုင်ဘက် များမှ ရယူသွား နိုင်သည်။

ဤသို့ ဆိုသော် ဓားသုတ္တန် နှစ်ခုအား တပြိုင် နက်တည်း ကျင့်ကြံ ထားသည့်၊ သူ၏ လျှို့ဝှက်ချက် ထွက်ပေါ် သွားမည် ဖြစ်သည်။

တစ်ချိန် ချိန်တွင် အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာရပ် တစ်ခု ခုကို၊ ဖန်ရှောင်ယုတို့ တွေ့ရှိ နိုင်ပေမည်။

၎င်း မတိုင်မီ အလယ် အလတ် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ်မှ၊ ခွန်အားကို သဘာဝ အတိုင်း မြှင့်တင်ပေး နိုင်ပေမည်။

ယင်းကို လင်းယွန်မှ တန်ကြေး ပေးဆောင်မည် ဖြစ်သဖြင့်၊ ခံစား ချက် များမှာ၊ အတိုင်း အဆ မရှိ ဝင်ရောက် လာသည်။

“ သွား ရအောင်၊ ကြယ်ပုလဲ အတွက် စိတ်မပူနဲ့၊ အစတည်းက ဒါက ငါပိုင်တဲ့ အရာ မဟုတ်လို့၊ မင်းတို့ အားနာ နေစရာ မလိုဘူး။ ”

လင်းယွန်က ပြုံးကာ ဆိုလိုက်သည်။ သုံးယောက်သား ပြန်လည် မတုံ့ပြန် နိုင်မီ စျေးဆိုင် အတွင်းသို့ လှမ်းဝင် လိုက်၏။

ဆိုင်ပိုင် ရှင်မှာ၊ တိမ်မီးတောက် နယ်မြေ ထက် ပို၍ အားကောင်းသော မီးမိစ္ဆာ နယ်မြေမှ၊ ဖြစ်လေသည်။

၎င်းနယ်မြေသည် မိုးကြိုး မြို့တော်တွင်၊ ကျော်ကြား လှပြီး၊ သူတို့ ရောင်းချ ပေးသည့် ပညာရပ် များနှင့် ရတနာ များမှာ၊ အပျက် အစီး နယ်မြေ မျိုးစုံမှ၊ ရယူ ထားခြင်း ဖြစ်၏။

“ ဒီ သွေးငါးမန်း ပညာရပ်က၊ ကြယ်ပုလဲ တစ်သိန် သုံးသောင်းလား၊ ဒါကို ငါ ... ယူမယ်။ ”

လင်းယွန်က ဆိုသည်။ မီးခိုးရောင် ဝတ်ထားသော ဆိုင်ရှင် လူငယ်က ဖော်ရွေစွာ ပြုံးရယ် လိုက်ပြီး၊ ကြယ်ပုလဲ များကို လက်ခံ ယူသည်။

ထို့နောက် ကျောက်စိမ်းတုံး တစ်တုံးအား ထုတ်ပေးကာ၊

“ ဟား ဟား ဟား ... ၊ သခင်လေး ပန်းသင်္ချိုင်းက တကယ့်ကို ရိုးသား ပါပေတယ်။ ”

-ဟု ချီးကျူး လာလေသည်။

စျေးတန်းတွင် အခြားသော အလယ် အလတ် အဆင့် ပညာရပ်များ ရှိသော်လည်း၊ အများ စုမှာ ဖန်ရှောင်ယု တို့နှင့် မကိုက် ညီချေ။

ထို့ကြောင့် ၎င်း၏ တန်ကြေးမှာ သေလောက်အောင် မြင့်မား နေသော်လည်း၊ လင်းယွန်မှ ဝယ်ယူ ပေးခဲ့သည်။

“ ကူဖေး ... ၊ ပြန်ပေး လိုက်ပါ။ ”

ထိုအချိန်တွင် မီးမိစ္ဆာ နယ်မြေ အတွင်းမှ၊ ချောမော လှပ လွန်းသော လူငယ် တစ်ယောက် လှမ်းထွက် လာသည်။

ထိုလူငယ်ကို ကြည့်ပြီး၊ လင်းယွန်မှ အံ့သြ သွား၏။ ယင်းမှာ မီးမိစ္ဆာ နယ်မြေ ခေါင်းဆောင် ချင်းဖုန် ဖြစ်လေသည်။

သူသည် ပထမ ကောင်းကင် ဝိညာဉ် နယ်မြေရောက်၊ ကျွမ်းကျင်သူ လေးဦး အနက်မှ တစ်ဦး ဖြစ်၏။

၎င်းတို့ လေးဦး၏ ကျင့်ကြံမှု ကြောင့်သာ မဟုတ် ပါက၊ ဖုန်းရွှမ်အား သတ်ရန် အချိန်ပေး ရမည် မဟုတ်ချေ။

ဝိညာဉ်ရေး ဓားကို အပြည့် အ၀ ထုတ်ဖော်ကာ၊ သုံးကြိမ် အတွင်း သတ်နိုင်မည် ဖြစ်သည်။

“ အလယ် အလတ် ပညာရပ် တစ်ခုကို၊ အလကား ပေးနေ တာလား၊ ဒီလက်ဆောင်က ဈေးကြီး လွန်းပါတယ်။ ”

လင်းယွန်က ကြယ်ပုလဲ များကို ပြန်ယူကာ၊ မျက်ခုံး ပင့်လျက် ချင်းဖုန်ထံ ကြည့်လိုက်သည်။

“ ဒါကို မိတ်ဖွဲ့ဖို့ အတွက်၊ လက်ဆောင် ပေးခြင်းလို့ မင်း မှတ်ယူ နိုင်ပါတယ်၊ ဖုန်းရွှမ်ကို သတ်နိုင် ခဲ့မှတော့၊ မင်းက ... ”

“ ... ငါတို့ လေးယောက်ထက် အားနည်း နေမှာ မဟုတ်ဘူး၊ မင်းရဲ့ အလား အလာက အကန့် အသတ် မဲ့ လိမ့်မယ်၊ ... ”

“ ... ဒီလို လူ တစ်ယောက်ကို၊ အလယ် အလတ် ကံကြမ္မာ ကိုယ်ခံ ပညာရပ် တစ်ခုနဲ့၊ မိတ်ဖွဲ့ ရတာ အရမ်း တန်ပါတယ်။ ”

“ မဆိုးဘူး၊ အကြောင်း ပြချက် ကောင်းတယ်၊ ဒါပေမယ့် ငါ့မှာ ကြယ်ပုလဲတွေ ရှိနေတာ စိတ် မကောင်း စရာ ပါပဲ။ ”

လင်းယွန်က ပြုံးလိုက်သည်။ အကြောင်း ပြချက် မရှိဘဲ၊ အခြားသူ တစ်ဦး ထံမှ ကျေးဇူး ကြွေး မတင် ချင်ချေ။

ထို့အပြင် ဤကိစ္စ သည်လောက် မရိုးရှင်း မည်ကို၊ သူ သိ၏။ သူ့ စကားကြောင့် ချင်းဖုန် မျက်နှာမှာ၊ ပြုံးရွှင် လာပြီး၊

“ မင်းမှာ ကြယ်ပုလဲတွေ ရှိတယ်လို့၊ ပြောနိုင်တဲ့ အနေ အထား ရောက်နေ ပြီလား၊ ဒါဆို အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာရပ် ဆိုရင်ရော၊ ... ”

“ ... ဆဋ္ဌမတန်း မှော်ဆေးလုံး၊ နေဦး ... တာအို စည်းချက် ပါတဲ့ ရှေးဟောင်း လက်နက် တစ်ခု၊ ဒါလည်း မဟုတ် သေးဘူး၊ ... ”

“ ... သိုင်း ရည်ရွယ်ချက်ကို မြှင့်တင် ပေးနိုင်တဲ့ ရတနာ၊ ဒါမှ မဟုတ် အုပ်စိုးရှင်၊ ဧကရာဇ်၊ ဘုရင် အဆင့်၊ ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ခုခု၊ ဘယ်လိုလဲ။ ”

ချင်းဖုန် ပါးစပ်မှ ထွက်လာသော ရည်ညွှန်း စကားလုံး တိုင်းမှာ၊ တန်ဖိုး မဖြတ် နိုင်သည့်၊ ရှားပါး ရတနာများ ဖြစ်ချေပြီ။

တဆက်ဆက် ခုန်လာသော နှလုံးသားကို ထိန်းချုပ် လိုက်ကာ၊ မျက်နှာ အပြောင်း အလဲ မရှိ စေဘဲ၊

“ ယောကျ်ားတွေ ဝေ့လည် ကြောင်ပတ် လုပ်တာကို ငါ မကြိုက်ဘူး၊ ပြီးတော့ အဲဒါတွေ အားလုံး၊ မင်းမှာ မရှိတာ သေချာတယ်။ ”

“ သူတို့ အားလုံး ရှိဖို့လည်း မလို ပါဘူး၊ မင်းကို သွေးဆောင် နိုင်ဖို့ ဒါတွေ ဘယ်မှာ ရှိလဲ၊ ငါ သိထားရင် လုံလောက် ပါပြီ၊ ... ”

“ ... ဒီနေရာက စကား ပြောလို့ မကောင်းဘူး၊ မင်း သတ္တိ ရှိရင် ငါ့နောက် လိုက်ခဲ့ ... ။ ”

ချင်းဖုန်က ပြုံးကာ ဆိုလိုက်သည်။

“ လင်း ယွန် ... ။ ”

ဖန်ရှောင်ယု တို့က စိုးရိမ် စိတ်ဖြင့် လင်းယွန်အား ခေါ်လိုက် ကြသည်။ ချင်းဖုန်မှာ ဖုန်းရွှမ် ကဲ့သို့ မဟုတ်ချေ။

၎င်း ထံမှ ဘဝနှင့် သေခြင်း အပေါ်၊ အကြိမ်ကြိမ် ဖြတ်သန်း ခဲ့ဖူးသော ခံစား ချက်မျိုး ပေးစွမ်း နေသည်။

“ ဖုန်းရွှမ် ကိုတောင် သတ်ဖို့၊ သတ္တိ ရှိတဲ့ လူက၊ ဒီလောက်ထိ သွေးကြောင် မယ်လို့ မထင် ပါဘူး။ ”

ချင်းဖုန်က ပျက်ချော်ခေျာ် အမူ အရာဖြင့်၊ လှုံ့ဆော် လိုက်သည်။

“ အစ်ကိုဖန် ငါ့ကို ဒီမှာ စောင့်ပါ ... ။ ”

မီးလျှံ မိုးကြိုး ကြာပွတ်ကို ကိုင်ဆွဲ ခြင်းဖြင့်၊ ချင်းဖုန် အပေါ်၊ ကြောက်နေစရာ မကြောင်း မရှိ ချေ။

“ ဟား ဟား ဟား ၊ ဒါဆို ငါ့နောက် လိုက်ခဲ့ ... ။ ”

ထို့နောက် ချင်းဖုန်မှာ လင်းယွန် ရှေ့မှ ပျောက်ကွယ် သွားပြီး၊ ကောင်းကင် အထက်၌ ပြန်လည် ထွက်ပေါ် လာ၏။

ထူးခြားသော ရွေ့လျားမှု နည်းစနစ် ဖြစ်သဖြင့်၊ လင်းယွန်က မျက်ခုံး ပင့်လိုက်ကာ၊ တိမ်ပေါ် တက်လှမ်းခြင်းကို ထုတ်ဖော် လိုက်ရသည်။

ခြေသုံး လှမ်းဖြင့် သူ့အား အမီ လိုက်လာသော လင်းယွန်ကြောင့်၊ ချင်းဖုန် တစ်ယောက် အနည်းငယ် အံ့အားသင့် သွား၏။

လင်းယွန်၏ ပုံရိပ် ပျောက်ကွယ် သွားချိန်၌၊ ဖန်ရှောင်ယုက နီးစပ်ရာ အိမ်ခေါင်မိုး တစ်ခုပေါ် ခုန်တက်ကာ၊ ရပ်စောင့် နေလိုက် လေသည်။

တစ်ဖက်တွင် မိနစ် သုံးဆယ် အကြာ၌၊ ချင်းဖုန်နောက် လိုက်နေ လျှက်မှ၊ သတ်ဖြတ် လိုခြင်း၊ ရောင်ဝါ တစ်ခုက လင်းယွန်ပေါ် ဆင်းသက် လာသည်။

ဤတိုက်ခိုက်မှုသည် ချင်းဖုန် ထံမှ မဟုတ်ဘဲ၊ အခြားသော ပထမ ကောင်းကင် ဝိညာဉ် ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည်။

သူ့အား အလစ် အငိုက် တိုက်ခိုက်ရန်၊ ကြိုတင် ပြင်ဆင် ထားပုံ ရ၏။ သတိ မထား မိပါက၊ ချက်ချင်း သေဆုံး နိုင်ချေ ရှိသည်။

***

All Chapters