ဘုန်းနေမင်း ဝိညာဉ်။
Vol. 64 Ch. 887
နားစည် အတွင်း၊ လေ လှိုင်းများ တဟုန်းဟုန်း ရိုက်ခတ် လာပြီး၊ ဆံပင်များ တဖျပ်ဖျပ် လွင့်ပျံ သွားသည်။
လက်ဖဝါးမှ လာသော ဖိအားသည် သူ့ ခန္ဓာကိုယ် အတွင်းရှိ၊ မူလ စွမ်းအင်ကို ချက်ခြင်း ဖိနှိမ် ပစ်၏။
ဓားသုတ္တန် နှစ်ပါးကို လှည့်ပတ် လိုပါက၊ အသက် တစ်ရှိုက်စာ အချိန် လိုအပ် လေသည်။ သို့သော် ထိုအချိန်၌၊ လက်ဖဝါးက သူ့အား သတ်ပစ် နိုင်၏။
ဤသည်မှာ ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ၊ စွမ်းအားပင် ဖြစ်သည်။ ကောင်းကင် ဒုက္ခကို ဖြတ်သန်း ဖူးသူ တစ်ဦး အနေဖြင့်၊ အမှန် တကယ် ကြောက်စရာ ကောင်းပေ၏။
ထိုစက္ကန့်ပိုင်း အတွင်း မှာပင်၊ လင်းယွန်က ပန်းသင်္ချိုင်း ဓားကို တစ်လက်မခန့် ဆွဲထုတ် ပစ် လိုက်သည်။
“ ဝှစ် ... ။ ”
စူးရှသော ဓား အလင်း ပြေးထွက် လာပြီး၊ အလစ်ဝင် တိုက်သူ၏ လက်ဖဝါးမှ လာသော ဖိအားကို ဆုတ်ဖြဲ ပစ်လိုက်သည်။
သည့်နောက် ဓားသုတ္တန် နှစ်ခု လုံးကို၊ တစ်ပြိုင် နက်တည်း ဖြန့်ဝေ လိုက်တော့၏။ အစောပိုင်း ဓားရောင်ဝါ သည်သာ ရန်သူ၏ ဖိအားကို မခွဲထုတ် နိုင်ပါက၊ သူ သေရ ပေလိမ့်မည်။
ဤသည်မှာ အန္တရာယ် ရှိသော လောင်းကြေး တစ်ရပ် ဖြစ်သော်လည်း၊ အောင်မြင် ခဲ့သည်။
“ ချွင် ... ။ ”
ပန်းသင်္ချိုင်း ဓားအား အဆုံးထိ၊ ဆွဲလိုက် ပြီးနောက်၊ မူလ စွမ်းအင်များ သွန်းလောင်းကာ၊ ကျဆင်း လာသော လက်ဖဝါးထံ ပြန်လည် ခုတ်ပိုင်း ချ လိုက်သည်။
“ ရွှပ် ... ။ ”
ယင်းကြောင့် ရန်သူမှာ၊ ချက်ချင်း ပြန်လည် ဆုတ်ခွာ လိုက်ရ သဖြင့်၊ ထိုသူအား လင်းယွန်မှ မြင်ခွင့် ရလာ၏။
ထိုသူမှာ အနက်ရောင် ဝတ်ရုံကို၊ ဆင်မြန်း ထားသော လူငယ် တစ်ဦး ဖြစ်ပြီး၊ ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ၌ ရှိလေသည်။
“ အစ်ကိုယန်၊ ငါ ပြောတယ် မဟုတ်လား၊ လင်းယွန်က မင်းရဲ့ လက်ဖဝါးကို လွယ်လွယ် ကူကူ လက်ခံ နိုင်ပါ တယ်လို့ ... ။ ”
ချင်းဖုန်က ချက်ချင်း ရပ်လိုက်ကာ၊ အံ့ဩခြင်း မရှိဘဲ၊ အနက်ဝတ် လူငယ်ကို အပြုံးဖြင့် ဆိုလိုက်သည်။
ဤလူငယ်မှာ သူ့ ခွန်အား အပေါ်၊ စမ်းသပ်လာ ခဲ့မှန်း လင်းယွန် သိလိုက်သည်။ ထို့ကြောင့် ပန်းသင်္ချိုင်း ဓားအား သိမ်းဆည်း လျက်၊ စောင့်ကြည့် နေမိ၏။
အနက်ဝတ် လူငယ်၏ မျက်လုံး များက၊ အေးစက်စွာ တောက်ပ လာပြီး၊
“ သူ တကယ်ပဲ ဖုန်းရွှမ်ကို သတ်နိုင်စွမ်း ရှိတာ ငါ ယုံပြီ၊ ငါ့ စကားတွေ အတွက် ပြန်ရုတ် သိမ်းပါတယ်။ ”
ထို့နောက် ပူနွေး လာသော လက်ဖဝါးကို နောက်ပို့ကာ၊ လင်းယွန်ထံ လှည့်ကြည့်လိုက် လေသည်။
လင်းယွန် အပေါ်၊ စမ်းသပ်ခြင်း မျှသာ ဖြစ်သော်လည်း၊ သူ့ ခွန်အားကို ထိန်းချုပ် ခဲ့ခြင်း မရှိချေ။
“ ညီအစ်ကို လင်း ... ၊ တောင်းပန် ပါတယ်၊ ဒါက မျှော်လင့်ခြင်း နယ်မြေရဲ့ ယန်ခိုင်ပဲ၊ သူက မင်းရဲ့ ခွန်အားကို စမ်းသပ်ချင် ရုံပါ၊ စိတ်ထဲ မထား ပါနဲ့။ ”
“ ငါ အဆင်ပြေ ပါတယ်။ ”
တစ်ကြိမ် လဲလှယ်မှု အတွင်း ရှုံးနိမ့်သော လူမှာ၊ သူ မဟုတ် သဖြင့်၊ လင်းယွန်မှ ပေါ့ပေါ့ ပါးပါး ပြန်ဖြေ လိုက်သည်။
“ ညီအစ်ကို လင်းက၊ မိုးကြိုး မြို့ကို အခုမှ ရောက်ဖူးတာ ဆိုတော့၊ ဘုန်းနေမင်း ဝိညာဉ် ဆိုတာကို ကြားဖူးမယ် မထင်ဘူး။ ”
ဖန်ရှောင်ယု ထံမှ ၎င်းအမည်ကို ကြားထားဖူး သောကြောင့်၊ လင်းယွန် တစ်ယောက် စိတ်ဝင်စား သွားသည်။
တိမ်မီးတောက် နယ်မြေအား ဖြေရှင်း ပြီးနောက်၊ အဆိုပါ အချက် အလက် များကို၊ ရှာဖွေရန် မိုးကြိုး မြို့သို့ ရောက်လာ ရခြင်းလည်း ဖြစ်သည်။
“ ဟုတ်တယ်၊ ငါ သိပ် မသိ ပါဘူး။ ”
ထို့ကြောင့် ချင်းဖုန် စကားကို၊ လင်းယွန်မှ ရိုးရှင်းစွာ ဝင်ခံ လိုက်သည်။ ချင်းဖုန်နှင့် ယန်ခိုင် တို့က၊ ပြုံးလျက် အကြည့်ချင်း ဖလှယ်ကာ၊
“ ဒါက ဇာတ်လမ်း အရှည် ကြီးပဲ၊ အကျဉ်းချုံး ပြောရရင် ကောင်းကင် လမ်းကို နဂါး၊ မီးငှက်၊ လိပ်နက်နှင့် ကျားဖြူ ဆိုပြီး၊ ပြည်နယ်ကြီး လေးခု ခွဲခြား ထားတယ်၊ ... ”
“ ... ပြည်နယ် တစ်ခု စီမှာ၊ တားမြစ် နယ်မြေ အဖြစ် ခေါ်ဆို နိုင်တဲ့၊ ရှေးဟောင်း ရတနာ နယ်မြေ တစ်ခုစီ ရှိတယ်၊ ... ”
“ ... အဲ့ဒီ နယ်မြေကို ဖွင့်ချင်ရင်၊ ကြယ်ဝိညာဉ် လေးပါး စုဝေးဖို့ လိုတယ်၊ ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး၊ နေနဲ့ လ တစ်ခု ခုပေါ့၊ ... ”
“ ဒါဆို ဘုန်းနေမင်း ကုန်းမြေမှာ၊ ဘုန်း နေမင်း ဝိညာဉ် ရှိသလို၊ ဘုန်းမီးလျှံ ကုန်းမြေ ကြီးမှာ ဘုန်းမီးလျှံ ဝိညာဉ် ရှိတယ်၊ ဒီလိုလား … ။ ”
-ဟု လင်းယွန်က ပြန်မေး လိုက်သည်။
“ မှန်တယ် ... ၊ ရှုပ်ထွေး တယ်လို့ ထင်ရ ပေမယ့်၊ တကယ်က ရိုးရှင်း ပါတယ်၊ ငါတို့က နဂါး ပြည်နယ်၊ ဘုန်းနေမင်း ကုန်းမြေရဲ့၊ မိုးကြိုး မြို့မှာ ရှိနေတယ်၊ ... ”
“ ဒါဆို ... မင်းတို့ နှစ်ယောက်က ... ၊ ဘုန်းနေမင်း ဝိညာဉ် ဘယ်မှာ ရှိလဲ ဆိုတာ သိလား။ ”
လင်းယွန် စကားကို ချင်းဖုန်မှ ခေါင်းငြိမ့် ပြပြီး၊
“ လွန်ခဲ့တဲ့ သုံးရက် ကတည်းက၊ ဘုန်းနေမင်း ကုန်းမြေမှာ ရှိတဲ့ အလယ် အလတ် နယ်မြေ တွေရဲ့၊ ... ”
“ ... ပါရမီရှင် တွေကို စုဆောင်း ကြတယ်၊ ဖုန်းရွှမ် ကတော့ ငါတို့ ရည်ရွယ် ထားတဲ့ သူတွေ ထဲက တစ်ယောက်ပဲ။ ”
အဆုံးတွင် ယန်ခိုင် စစ်ဆေး ရသည့် အကြောင်းရင်းကို လင်းယွန်မှ နားလည် လာ လေပြီ။
“ ဒါပေမယ့် ဖုန်းရွှမ် အသတ်ခံ ရလိမ့် မယ်လို့၊ ငါတို့ မထင်ထား တာတော့ အမှန်ပဲ။ ”
“ ဒါဆို မင်းတို့ နှစ်ယောက်က လက်စား ချေချင် တာလား။ ”
လင်းယွန်က ရယ်မော လိုသော အပြုံးဖြင့်၊ မျက်ခုံး ပင့်ကာ မေးလိုက်သည်။
“ မဟုတ်တာ ... ၊ မင်းက ဟာသတွေ ပြောတက် သားပဲ၊ ဖုန်းရွှမ် ဆိုတာ မြို့တွေကို သိမ်းပြီး၊ အားနည်းတဲ့ လူတွေ အပေါ်၊ အခွင့်ရေး ယူနေတဲ့ သူပါ၊ ... ”
“ ... ဒီမြို့မှာ နာမည် ကောင်း မရှိဘူး၊ ဒါပေမယ့် မိုးကြိုး မြို့ရဲ့၊ ပထမ ကောင်းကင် ဒုက္ခကို ကျော်လွှား နိုင်မဲ့၊ လူစာရင်း အရ ဆိုရင်တော့၊ သူက ထိပ်ဆုံးမှာ ရပ်တည် နေတယ်။ ”
ချင်းဖုန်နှင့် ယန်ခိုင်မှာ လိမ်ညာ နေပုံ မရချေ။ ဖုန်းရွှမ် ကိုသာ အမှန် အလေးထားမည် ဆိုပါက၊ သူ့ လက်မှ ကယ်တင် နိုင်သည်။
ထို့အပြင် လက်ရှိ အချိန်၌ ပထမ ကောင်းကင် ဝိညာဉ် နယ်မြေမှ၊ ကျွန်းကျင်သူ တစ်ဦးအား ရန်မီး မပွား ချင်ချေ။
မီးလျှံ မိုးကြိုး ကြာပွတ်ဖြင့်၊ သူတို့အား မကြောက်ရွံ့ သော်လည်း၊ ဝှက်ဖဲများ ဟူသည် ဝှက်ထား မှသာ၊ ဝှက်ဖဲမည် ပေမည်။
“ ဘုန်းနေမင်း ဝိညာဉ် မွေးဖွား လာမဲ့ နေရာမှာ၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ၊ မှော်ဆေးလုံး၊ ရှေးဟောင်း ပစ္စည်းနဲ့၊ နတ်ဘုရား ရူရ် တွေတောင် ရှိတယ်၊ ... ”
“ ... ပြီးတော့ ကြယ် ဝိညာဉ် မွေးဖွားတဲ့ နေရာ တိုင်းမှာ၊ ရှားပါး ပန်းတွေ ရှိတယ်၊ အထူး သဖြင့် ရွှေရောင် အလင်း မီးအိမ်ပဲ … ။ ”
“ ရွှေရောင် အလင်း မီးအိမ် ... ။ ”
ယင်းမှာ အလွန် ရှားပါးသော ပန်းမျိုးစိတ် ဖြစ်သည်။ ထို့ကြောင့် ပယင်း ကမ္ဘာ၌ ဒဏ္ဍာရီ ပန်း တစ်ပွင့် အဖြစ် သတ်မှတ် ကြပေ၏။
ထိုပန်း တစ်ပွင့်အား သန့်စင် ခြင်းဖြင့်၊ ကျင့်ကြံမှု လမ်းရှိ ပိတ်ဆို့မှု များကို ဖြေရှင်းနိုင် ပေမည်။
သက်တမ်း ပြည့်မီ ပါက၊ ကောင်းကင် ဝိညာဉ် နယ်မြေ ကိုပင် ချိုးဖြတ် ပေးနိုင်သည်။ ထို့အပြင် ၎င်းမှာ မီး သဘာဝကို ကျင့်ကြံသူ များ အတွက်၊ သင့်လျော်သော အရင်း အမြစ် ဖြစ်သည်။
ပန်းသင်္ချိုင်း ဓားကို ကျွေးမွေးရန် ပန်းများအား အရေး တကြီး လိုအပ် နေသည်။ ဤပန်းဖြင့် တာအို ပစ္စ္စည်း အဖြစ်သို့၊ မြှင့်တင် နိုင်မည်ဟု၊ ထင်၏။
ဤအခိုက် အတန့်တွင် လင်းယွန်၏ နှလုံးသားမှာ၊ ပြင်းထန်စွာ တုန်လှုပ် သွားပြီး၊ စိတ်ဝင်စား ကြောင်း ပြသ လာသည်။
ယခု အချိန်၌ ပန်းသင်္ချိုင်း ဓားမှာ၊ သူ့ နှလုံးသားဖြင့်၊ ကောင်းစွာ ဆက်သွယ် နိုင်ပြီ ဖြစ်၏။
ထို့ကြောင့် ရွှေရောင် အလင်း မီးအိမ် ပန်းပွင့်၏ အမည်ကို ကြား ပြီးနောက်၊ စိတ်ဝင် စားကြောင်း ပြသ လာခြင်း ဖြစ်သည်။
ပုံမှန် အားဖြင့် ငြိမ်သက် နေသော လင်းယွန်မှာ၊ စိတ်လှုပ်ရှား လာကြောင်း သတိ ထားမိ လာသဖြင့်၊ ချင်းဖုန် တစ်ယောက် အံ့သြ သွားသည်။
သို့သော် တိမ်မီးတောက် လက်သီးကို၊ ကျင့်ကြံ ထားမှန်း သတိရ သွားကာ၊ လင်းယွန် အပေါ်၊ နားလည် လာသည်။
လင်းယွန် အရည် အချင်းမှာ၊ ဖုန်းရွှမ်ထက် သာလွန် သဖြင့်၊ ရွှေရောင် အလင်း မီးအိမ်ကို သန့်စင် နိုင်ပါက၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ်ကို သရုပ်ဖော် အဆင့်ထိ၊ ကျွမ်းကျင် လာမည် ဖြစ်သည်။
“ တကယ်တော့ ... ရွှေရောင် အလင်း မီးအိမ်က၊ ငါတို့ အတွက် အသုံး မဝင် ပါဘူး၊ ဒါပေမယ့် ... နယ်ပယ် အသီး သီးက ပါရမီ ရှင်တွေ စုဝေး လာမှာ ဖြစ်လို့၊ ရဖို့ ဆိုတာ လွယ်မယ် မထင်ဘူး။ ”
ချင်းဖုန်က ပြုံးကာ ပြောလာသည်။ သူ့ကိုယ်သူ တည်ငြိမ်မှု ရစေရန်၊ လင်းယွန်မှ အသက် ပြင်းပြင်း ရှူ လိုက်၏။
ရွှေရောင် အလင်း မီးအိမ်ကြောင့်၊ သူ၏ စိတ်ခံစားချက် များကို၊ ထိန်းချုပ် နိုင်စွမ်း မရှိ တော့ချေ။
စကား အနည်းငယ် ထပ်မံ ပြောဆို ပြီးနောက် ချင်းဖုန်နှင့်၊ ယန်ခိုင်က လင်းယွန်ကို၊ တရားဝင် ဖိတ်ခေါ် ခဲ့သည်။
“ ညီအစ်ကို လင်း ... ၊ ခုနစ်ရက် နေရင် ငါတို့သွား ကြမှာ၊ မင်းသာ ဆန္ဒ ရှိရင် ငါတို့နဲ့ လိုက်လာ နိုင်ပါတယ်။ ”
“ မင်းတို့ နှစ်ယောက်က ငါ့ကို ခေါ်ဖို့ ဆန္ဒ ရှိတဲ့ အတွက်၊ ငြင်းစရာ အကြောင်း မရှိ ပါဘူး။ ”
လင်းယွန်က ပြုံးလျက် ပြန်ဖြေပြီး၊ နှုတ်ဆက် ပြန်သွားသည်။ လင်းယွန် ပုံရိပ် ပျောက်ကွယ် သွားချိန်၌၊ ချင်းဖုန်၏ အပြုံးမှာ၊ တဖြည်းဖြည်း မှိန်ဖျော့ သွားသည်။
ယန်ခိုင် မျက်ဝန်း များက အေးစက် လာပြီးနောက်၊
“ ဒီလူက စိတ်ဝင်စား စရာပဲ၊ သူ ငါတို့နဲ့ အတူ လိုက်လာ ဖို့ကို၊ တောင်းဆို လိုက်ရတယ်၊ ဖုန်းရွှမ် ကတော့ ခွေး တစ်ကောင် လိုပဲ၊ ငါတို့ ရှေ့မှာ မောက်မာမှု တွေကို မပြ ဝံ့ဘူး။ ”
-ဟု ဆို လိုက်လေသည်။
“ အဟား ကြည့်ရတာ မင်းက ... ၊ မင်းနဲ့ မတူတော့ သလိုပဲ၊ ငါ သိတဲ့ ယန်ခိုင် ဆိုတာ မကျေနပ်ချက် ရှိရင်၊ ချက်ချင်း တုန့်ပြန် တက်တဲ့ လူ တစ်ယောက်ပါ။ ”
ချင်းဖုန်မှ ပြုံးလျက် သုံးသပ်လာ သဖြင့်၊ မည်သည့် စကားမျှ ထပ်မဆို တော့ဘဲ၊ ယန်ခိုင် တစ်ယောက် သူ့ လက်ဖဝါးအား ထုတ်ယူ ဖြန့်ကြည့် လိုက်သည်။
“ မင်း ဒဏ်ရာ ရသွား တာလား ... ။ ”
လင်းယွန်ကြောင့်၊ ယန်ခိုင် ဒဏ်ရာ ရရှိသွား သည်ကို မြင်လိုက် ရသဖြင့်၊ ချင်းဖုန် မျက်နှာမှာ ပြောင်းလဲ သွားသည်။
ဤသို့ ဆိုပါက လင်းယွန်မှာ၊ သတိထား စရာ ပေပင်။ ပထမ ဒုက္ခကို အောင်မြင်သူ တစ်ဦး၏ ရုပ်ခန္ဓာသည်၊ အလွယ် တကူ ဒဏ်ရာ ရတက်သော အရာမျိုး မဟုတ်ချေ။
ယန်ခိုင်မှာ ခွန်အားကို အပြည့် အဝ အသုံး မပြု ထားဟု ဆိုနိုင် သော်လည်း၊ တစ်ဖက်လူမှာ တစ်ပိုင်း ကောင်းကင် ဝိညာဉ် ၌သာ ရှိလေ သည်။
“ သူ့ကို ငါတို့ ရန်သူ မဖြစ်အောင် သတိ ထားပါ၊ သူသာ ကောင်းကင် ဝိညာဉ် နယ်မြေ ရောက်ခဲ့ရင်၊ ပိုတောင် ကြောက်စရာ ကောင်းလာ လိမ့်မယ်။ ”
ချင်းဖုန်က ဒဏ်ရာမှ မျက်နှာ လွှဲပြီး သတိပေး လိုက်သည်။ တစ်ဖက်တွင် ယန်ခိုင်မှ ၎င်းကို အလွန် အမင်း စိတ်၀င်ပုံ မပြချေ။
“ သူက ... အခု ကောင်းကင် ဝိညာဉ် နယ်မြေ မှာတောင် မရှိသေး ပါဘူး၊ ကောင်းကင် ဒုက္ခကို ဖြတ်ကျော်ဖို့ ဆိုတာ ... ”
“ ... ပိုတောင် ဝေးပါ သေးတယ်၊ ဒီလမ်းမှာ ငါ တို့ကို သူ အားကိုး ရလိမ့်မယ်၊ သူ့လို လူမျိုး ကသာ ထိန်းချုပ်ဖို့၊ အသင့်တော် ဆုံး ပါပဲ။ ”
သွေးများဖြင့် ခြောက်ကပ် နေသည့်၊ လက်ဖဝါး ပြင်ကို ဆုပ်လိုက်ကာ၊ လျှို့ဝှက်သော အပြုံးဖြင့်၊ ယန်ခိုင်က ဆိုလိုက် လေသည်။
***