ကောင်းကင်ဘုံ သုံးပါး။
Vol. 64 Ch. 888
အန္တရာယ် ကင်းမဲ့စွာ ပြန်လာသည့် လင်းယွန်ကို မြင်မှသာ ဖန်ရှောင်ယု တို့က၊ စိတ် သက်သာရာ ရသွား ကုန်သည်။
ထိုအချိန်တွင် ကူဖေးက ပြုံးလျက် လှမ်းထွက် လာပြီး၊
“ မင်း ... ပြန်လာ ပြီလား၊ ဒီမြို့မှာ တည်းခိုဖို့ အတွက်၊ နေရာ နေရာ မရှာရ သေးဖူးလို့ ငါ ယုံတယ်၊ လူတိုင်းက ရုပ်တု အနား တစ်ဝိုက်မှာ နေချင် ကြပေမယ့် ... ”
“ ... မင်းမြင်တဲ့ အတိုင်းပဲ၊ နေရာလွတ် မရှိ တော့ဘူး၊ ဒါပေမယ့် စိတ်၀င်စား ရင်တော့ ငါ့ရဲ့ မီးမိစ္ဆာ နယ်မြေမှာ မင်း နေနိုင် ပါတယ်။ ”
-ဟု ဖိတ်ခေါ် လာသည်။
“ ဒါဆို ငါတို့က မင်းကို ကျေးဇူး တင်ရ မှာပေါ့။ ”
ကူဖေး၏ ကမ်းလှမ်း ချက်ကို မငြင်းဘဲ၊ ဖန်ရှောင်ယု တို့အား ဦးဆောင်ကာ၊ မီးမိစ္ဆာ နယ်မြေ ထဲသို့၊ လှမ်းဝင် လာခဲ့သည်။
လမ်း တစ်လျှောက်တွင် ချင်းဖုန်နှင့်၊ ယန်ခိုင်တို့ ပြောသည့်၊ စကား များကို ပြန်ပြော ပြမိသည်။
အကြောင်း အရာ အသစ်ကြောင့်၊ သုံးယောက်သား ငြိမ်ကျ သွား၏။ အချိန် အတော် ကြာ ပြီးနောက် ဇိုချင်းရှန်က၊
“ သူတို့ကို ယုံကြည်လို့ ရပါ့ မလား၊ ဖုန်းရွှမ်ကို အသုံး ချဖို့ ဖိတ်ခေါ် ခဲ့တာလို့၊ ငါမြင် မိတယ်။ ”
ဘုန်းနေမင်း ဝိညာဉ်တော် မွေးဖွားရာ အရပ်တွင်၊ သဘာဝ အတိုင်း အန္တရာယ် များနှင့် ပြည့်နှက် နေ နိုင်၏။
ထို့ကြောင့် ဖုန်းရွှမ် ကဲ့သို့သော လူများကို ရှေ့ပြေး ကင်းထောက်များ အဖြစ် အသုံးပြု ပါက၊ သေချာပေါက် ဘေးကင်းမည် ဖြစ်သည်။
“ အင်း ... ဖြစ်နိုင်တယ်။ ”
ဇိုချင်းရှန် စကားကို လင်းယွန်က လက်ခံသည်။ အထူး သဖြင့် ယန်ခိုင်မှာ သူ့ကို စမ်းသပ် ရာ၌၊ ငဲ့ညှာခြင်း မရှိသည့် အတွက်၊ ၎င်းတို့ အပေါ် ကောင်းမွန်သော သဘောထား မရှိချေ။
သူသာ အနည်း ငယ်သာ အားနည်း နေပါက ယခု အချိန်၌ သေပြီး ဖြစ်လေသည်။ ထို့ကြောင့် ယန်ခိုင်ကို ပေးခဲ့သော ဒဏ်ရာမှာ၊ သတိပေး ခြင်းလည်း မည်၏။
သူ့အပေါ် အမြောက်စာ အဖြစ်၊ ရည်ရွယ်ထား ပါက၊ နောက် တစ်ကြိမ်တွင် ပြတ်ရှ ရုံဖြင့်၊ ပြီးမည် မဟုတ်ချေ။
သို့သော် နှစ်ဖက် စလုံးမှာ၊ တစ်ယောက်ကို တစ်ယောက် အသုံးချ နေခဲ့မည် ဆိုပါလျှင်၊ အဆင် ပြေ နိုင်မည်။
“ ချင်းဖုန်က အရေး ကြီးတဲ့၊ အချက် အလက် အချို့ကို ဖုံးကွယ် ထားပုံ ရတယ်။ ”
အချိန် အတော် ကြာအောင် ငြိမ်သက် နေရာမှ၊ ဖန်ရှောင်ယု တစ်ယောက် ထင်ကြေး ပေး လာသည်။
“ လက်ရှိ အခြေ အနေ အရ ပထမ ကောင်းကင် ဝိညာဉ် နယ်မြေက ကျွမ်းကျင်သူ တွေသာ တည်နေရာကို သိခွင့် ရှိတယ်၊ ... ”
“ ပြီးတော့ ... ခုမှ စတွေ့တဲ့ လူ တစ်ယောက်ကို ပြောမပြ ချင်တာ သဘာဝ ပါပဲ၊ နောက်ပြီး ငါလည်း သူ့ကို မယုံ ပါဘူး။ ”
လင်းယွန်မှ တည်ငြိမ်စွာ ဆိုသည်။ ဘုန်းနေမင်း ကုန်းမြေတွင် အလယ် အလတ် နယ်မြေ ရာနှင့်ချီ ရှိ၏။
ဖုန်းရွှမ်သည် မိုးကြိုး မြို့တွင် အသုံး ဝင်ကောင်း အသုံးဝင် နိုင်သော်လည်း၊ အခြား နယ်မြေ များ၌၊ မဟုတ် နိုင်ချေ။
ပထမ ကောင်းကင် ဝိညာဉ် ဒုက္ခကို ဖြတ်သန်းဖူး သူများသာ၊ အရည် အချင်း ပြည့်မီ မည် ဖြစ်သည်။
သူ့ အတွက်မူ၊ ဘုန်းနေမင်း ဝိညာဉ်ထက်၊ ရွှေရောင် အလင်း မီးအိမ်ကို ပို၍ စိတ်ဝင်စား ချေပြီ။
သို့သော် လူ များစွာက ရွှေရောင် အလင်း မီးအိမ်ကို လိုချင် ကြမည် ဖြစ်ပြီး၊ ချင်းဖုန်နှင့် ယန်ခိုင် တို့ထက် အားကောင်း သူများလည်း ပါလာ နိုင်မည်။
လက်ရှိ သူ့ ဓားမှာ မမြန် သေးချေ။ ထို့ကြောင့် မျက်လုံးများ မှေးစင်းလျက်၊ အခြေ အနေ အရပ်ရပ်ကို သုံးသပ် နေမိသည်။
ဘုန်းနေမင်း ကုန်မြေရှိ ပြိုင်ဘက် များမှာ သန်မာ နိုင်သော်လည်း၊ မြင့်မြတ်သော နယ်မြေ မှ ပါရမီရှင် များကို၊ မယှဉ် နိုင်သေးချေ။
ကောင်းကင်လမ်း ဟူသည် အမြဲတမ်း အငိုက်ဖမ်း သတ်ဖြတ်ခြင်း ခံရ နိုင်သော နေရာ တစ်ခု ဖြစ်သည်။
ထို့အပြင် ကြံ့ခိုင်မှုသာ မရှိ ပါက၊ ယုဟိုရှင်းအား နောက်တစ်ကြိမ် ရင်ဆိုင်ရန် ခက်ခဲ ပေလိမ့်မည်။
ယင်းကို တွေးမိ လိုက်သည်နှင့်၊ ကောင်းကင်ဓား (၁၃) ချက်၏ သတ်ဖြတ်ခြင်း ဓား သုံးချက်အား၊ ခုနစ်ရက် အတွင်း ဆုပ်ကိုင် နိုင်ရန်၊ စိတ်ပိုင်းဖြတ် မိသည်။
နှစ်ရက် ကုန်လွန် သွားပြီးနောက်၊ မြို့တော်မှာ နတ်နဂါး ရုပ်တု၏ အကာ အကွယ် အောက်၌၊ တောက်ပစွာ ထွန်းလင်း နေခဲ့သည်။
မီးမိစ္ဆာ နယ်မြေမှ သိမ်းယူ ထားသော အိမ်များတွင် ဝိညာဉ် စွမ်းအင်များ သိပ်သည်း လှသည်။ ခြံ အနောက် ဘက်၌ ဝိညာဉ် ရေကန်ငယ် တစ်ခုပင် ရှိသည်။
ခြံဝင်း အတွင်း၌ အစီရင် များဖြင့်၊ ဖုံးကွယ် ထားသော ကျင့်ကြံရေး ခန်းမနှင့် လေ့ကျင့်ရေး ကွင်း တစ်ခုလည်း ပါရှိသည်။
ထိုကျင့်ကြံရေး ခန်းမ ထဲတွင် ထိုင်လျက်၊ ကြယ်စွမ်းအင် များကို လင်းယွန် တစ်ယောက်၊ သန့်စင် နေခဲ့သည်။
သူ့ပတ်ပတ် လည်၌ ရာနှင့် ချီသော ကြယ်ပုလဲ များက ပိုးစုန်းကြူးများ ကဲ့သို့၊ သက်ဝင် တောက်ပ နေ၏။
မျက်လုံးများ ဖွင့်လာပြီး၊ သက်ပြင်းရှည် ကြီးကို ချလိုက်သည်။ ကောင်းကင်ဓား (၁၃) ချက်ကို မလေ့ကျင့်ခင်၊ ဓားသုတ္တန် နှစ်ရပ်အား၊ တည်ငြိမ်အောင် လုပ်ယူ နေခြင်း ဖြစ်သည်။
ဓားသုတ္တန် နှစ်ခု ပေါင်းစည်း ပြီးနောက်၊ အဆိုပါ ကျင့်ကြံမှု နည်းစနစ်မှာ ပြီးပြည့် စုံသော ပညာရပ် တစ်ခု ဖြစ်လာသည်။
၎င်းသည် အုပ်စိုးရှင် အဆင့် နည်းစနစ် များကို ယှဉ်နိုင်ချေ ရှိသောကြောင့်၊ တုန်လှုပ် စရာ ပေပင်။
အလား အလာများ အရ၊ အနာဂါတ်တွင် သူ့ခွန်အား အပေါ်၊ များစွာ သက်ရောက် မှုများ ရှိစေမည်။
လက်ရှိ ခွန်အားဖြင့်၊ ဒုတိယ ကောင်းကင် ဝိညာဉ် နယ်ပယ်မှ ကျွမ်းကျင် သူများကို တိုက်ခိုက် နိုင်၏။
သို့သော် ဤမျှသော စွမ်းအားကို ထုတ်ဖော် မိပါလျှင်၊ များပြား လှသော စွမ်းအင်ကြောင့်၊ ခန္ဓာကိုယ် ပေါက်ကွဲ သွား နိုင်မည်။
“ ငါ့ရဲ့ ကျင့်ကြံ မှုက အရမ်း အားနည်း နေတယ်။ ”
ချင်းဖုန်နှင့် ယန်ခိုင်ကို အလွယ် တကူ ရင်ဆိုင်နိုင် သော်လည်း၊ ဒုတိယ ကောင်းကင် ဝိညာဉ် ကျွမ်းကျင် သူအား ရင်ဆိုင်ရန် သူ့ အတွက် ခက်ခဲ နေပေမည်။
ထို့ကြောင့် ကောင်းကင် ဝိညာဉ် နယ်မြေကို ရောက်ရန် လိုပေသည်။ ယင်းမှာ အရင်း အမြစ် အလုံ အလောက် ရှိပါက၊ ထည့်တွေး နေစရာ မလိုချေ။
အရေးကြီး သည်မှာ တိုက်ပွဲဝင် စွမ်းအား မြှင့်တင်ရန်၊ ကောင်းကင်ဓား (၁၃) ချက်အား တိုး၍ ဆုပ်ကိုင် နိုင်ရ ပေမည်။
ကျောက်စိမ်းတုံး တစ်တုံးကို ထုတ်ယူပြီး၊ နဖူးပေါ် တင်ကာ အချက် အလက် များအား၊ ထပ်မံ စစ်ဆေး လိုက်သည်။
ထိုအချိန်က ဂျင်ဝူရမှာ၊ ကောင်းကင် သစ်ပင်ကို လေ့လာ ခြင်းမှ ထိုးထွင်း သိမြင် လာပြီး၊ ကောင်းကင် ဓားသုတ္တန်ကို ဖန်တီး ခဲ့ခြင်း ဖြစ်သည်။
သို့သော် သစ်ပင် တစ်ပင် အနေဖြင့်၊ လွှမ်းမိုးချုပ်ကိုင် နိုင်သော သတ်ဖြတ်မှု များကို၊ မည်သို့ လုပ်ဆောင် နိုင်သည်အား သူမသိချေ။
ယင်းကို နားလည်မှ သာလျှင်၊ ရှေ့ဆက် နိုင်မည် ဖြစ်သည်။ မရေ ရာသော နည်းလမ်း အချို့ ကိုသာ တွေးဆ နိုင်ပြီး၊ သေချာမှု မရှိချေ။
ဓားသုတ္တန် နှစ်ခုကို ပေါင်းစပ် ပြီးနောက်၊ ကောင်းကင်ဓား (၁၃) ချက်၏ အဓိပ္ပါယ်မှာ ပြောင်းလဲ သွားခဲ့သည်။
အိုင်းရစ် ဓားသုတ္တန်၏၊ မတူ ကွဲပြားသော အကိုင်း အခက် များကြောင့်၊ ဂျင်ဝူရ ဖန်တီးယူ ခဲ့သည့် ဓားရေးမျိုး မဟုတ် တော့ချေ။
အလင်း ပိုးအိမ်၊ ကောင်းကင် ကြာပန်းနှင့် နေလဓား တို့ကို နားလည် လိုပါက၊ အိုင်းရစ်ဓား သုတ္တန်၏ သဘော သဘာဝကို၊ ထည့်သွင်းရ ပေမည်။ မဟုတ်သော် ပေါင်းစပ်မှု အဓိပ္ပါယ်မဲ့ သွားပေ လိမ့်မည်။
ထိုဓား များမှာ မရဏ ဓား သုံးချက်ဟု၊ ခေါ်ထိုက်အောင် ရက်စက် ကြမ်းကြုတ်လွန်း လှသည့် တိုက်ခိုက် မှုများ ဖြစ်သည်။
အလင်း ပိုးအိမ်သည်၊ မိုးကြိုး မုန်တိုင်း ဓားစွမ်းအင်ကို အခိုး အငွေ့နှင့်၊ ပိုးကြိုး မျှဉ် အဖြစ်သို့၊ ပြောင်းလဲ လိုက်ခြင်း ဖြစ်သည်။
( မိုးကြိုး မုန်တိုင်း ဓား စွမ်းအင် ဆိုသည်မှာ၊ လျှပ်စီး စွမ်းအင်၊ လေ စွမ်းအင်နှင့်၊ ဓား စွမ်းအင် ကို ရည်ရွယ် ပေသည်။ )
၎င်း ပိုးကြိုး မျှဉ်မှာ အလွန် ထက်မြက် လှသဖြင့်၊ ရန်သူအား သွေး တစ်စက်မှ မကျ စေဘဲ၊ ရုတ်ခြည်း သတ်နိုင်သည်။
ကောင်းကင် ကြာပန်းသည် အပြာရောင် ကြာပန်း တစ်ပွင့် ဖြစ်တည်ရန်၊ မိုးကြိုး မုန်တိုင်း ဓားစွမ်းအင်ကို၊ ရေကန် အဖြစ် ဖွဲ့စည်း ရသည်။
အထူး သဖြင့် လေနှင့် လျှပ်စီး ပါဝင် နေသော ရေကန် ဖြစ်ပေါ် လာသော အခါတွင်၊ ကောင်းကင် သစ်ပင်မှ အရွက် များက၊ ကြာပန်း တစ်ပွင့်ကို ထုတ်လွှတ် ပေးမည် ဖြစ်သည်။
ဒွါဒသမ ဓား အတွက်မူ၊ ကောင်းကင် သစ်ပင်၏ တိုက်ခိုက် မှုကို၊ လင်းယွန် ကိုယ်တိုင် ဖြတ်ကျော် ခဲ့ရ သောကြောင့်၊ ကြောက်စရာ မည်မျှ ကောင်းကြောင်း သူ သိသည်။
မိုးကြိုး မုန်တိုင်း ဓားစွမ်းအင်ကို၊ နေနှင့် လ အဖြစ် ဖွဲ့တည် ရပေမည်။ အတိ အကျ ဆိုရ ပါမူ၊ နေကို လေဖြင့် ဖွဲ့တည်ပြီး၊ လကို လျှပ်စီး စွမ်းအင်ဖြင့်၊ ဖန်တီးခြင်း ဖြစ်သည်။
ယင်းသည် မဟာ ကြီးစိုးမှုနှင့်၊ မြေကမ္ဘာ ပျက်စီးခြင်း ထက်ပင် ပို၍ အားကောင်း ပေ၏။ ယင်းမှာ အိုင်းရစ် ဓားသုတ္တန်ကို ဘေးချိတ် ထားရတော့ မည်ဟု အဓိပ္ပါယ်ရ သဖြင့်၊ မပျော်ရွှင် နိုင်တော့ချေ။
“ အပြာရောင် သစ်ပင် ပေါ်မှာ၊ ပွင့်နေတဲ့ ခရမ်းရောင် ပန်း ကလေးတွေ … ။ ”
ကျောက်စိမ်း တုံးကို တင်းတင်း ဆုပ်ကိုင်လျက် အထက်ပါ ကဗျာကို ရေရွတ် လိုက်သည်။
ဤနည်းဖြင့် အခန်း ထဲတွင် သုံးရက် ကြာအောင်၊ ရုပ်တု တစ်ခု ကဲ့သို့၊ တွေးတော နေခဲ့ လေသည်။
သုံးရက် ကုန်လွန် ပြီးနောက်၊ ရွှင်မြူး နေသော အပြုံးဖြင့်၊ လင်းယွန်က မျက်လုံးပွင့် လာခဲ့သည်။
“ ဟား ဟား ဟား ... ၊ ကောင်ကင် သစ်ပင်မှာ ပွင့်နေတဲ့ ခရမ်းရောင် ပန်းလေး တွေက၊ ... ”
“ ... ကမ္ဘာ ပေါ်မှာ ရှိတဲ့ အရာ အားလုံးကို ဖျက်ဆီး နိုင်ကြတယ်၊ ဒါ ... ငါ့ လမ်းပဲ၊ ငါ့လမ်း မှာ ရှိတဲ့၊ အတား အဆီး တွေကို ဖြတ်ကျော် ရမယ်။ ”
အိုင်းရစ် ဓားသုတ္တန်၏ စွမ်းအားကို ကောင်းကင် ဓားသုတ္တန်နှင့် ပေါင်းစပ်ကာ၊ မည်သို့ အသုံးချ ရမည်ကို ရှာဖွေ နိုင်ပြီ ဖြစ်သည်။
ထို့ကြောင့် အိုင်းရစ် ဓားသုတ္တန်ကို၊ ထားခဲ့စရာ မလို တော့ချေ။ ထာဝရ တည်မြဲခြင်း နှင့်၊ ဓား ရည်ရွယ်ချက် တို့ကို ထပ်မံ ပေါင်းထည့် နိုင်မည် ဖြစ်သည်။
စီနီယာ ဂျင်ဝူရမှ ဖန်တီး ထားသော ပုံစံ သုံးမျိုးသည် လုံလောက်သော စွမ်းအား ရှိပြီး ၎င်းတို့အား မွန်းမံရန် မလို အပ်ချေ။ သူ့ တာအို နှင့် နှလုံးသားကို ပေါင်းစပ် ရန်သာ ဖြစ်၏။
“ ဒါက အိုင်းရစ် ဓားသုတ္တန်ပါ၊ ပေါင်းစပ် ပါဝင် နေတဲ့ အတွက်၊ မရဏ ဓားသုံးချက် အစား၊ နာမည် အသစ် ပေးသင့်တယ်။ ”
တိုးညှင်းစွာ ရေရွတ် လိုက်ပြီးနောက်၊ မျက်ဝန်းများ လင်းလက် လာကာ၊
“ ဟုတ်ပြီ ... ၊ ဒါကို ကောင်းကင် သုံးပါး လို့ ခေါ်ရအောင်။ ”
ကောင်းကင် သုံးပါး၏ အမည်ကို ဘုန်းနေမင်း နယ်မြေ၌ စတင်ကာ၊ ကောင်းကင် လမ်း တစ်လျှောက် ပျံ့နှံ့သွား စေရန်၊ စိတ်ပိုင်း ဖြတ် လိုက်သည်။
ထိုအချိန်တွင် ကောင်းကင်ကြီး ကိုပင်၊ သုံးပိုင်း ခွဲဖြတ်နိုင် သည့်နောက်၊ သူ့ လက်၌ လူ မည်မျှ အသက် ပေးရ မည်ကို၊ မသိနိုင် တော့ချေ။
***