အလင်း ပိုးအိမ်၊ ကောင်းကင် ကြာပန်း။
Vol. 64 Ch. 889
အလင်း ပိုးအိမ်၊ ကောင်းကင် ကြာပန်းနှင့် နေလဓား တို့သည် ဓားသုတ္တန် နှစ်ခုနှင့်၊ ပနံသင့် သွားကာ၊ ကောင်းကင် သုံးပါး အဖြစ် တင်စား ထိုက်ပေသည်။
ဓားချက် တိုင်းမှာ အုပ်စိုးရှင် အဆင့်၊ ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ်နှင့်၊ ယှဉ်နိုင်ပြီး ဓား ရည်ရွယ် ချက်အား အဆင့် အသစ်သို့ ရောက်စေမည် ဖြစ်သည်။
ခွန်လွန် နယ်မြေကြီး ၌ပင် အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ်မှာ ရှားပါးလှ ပေသည်။
နောက်ဆုံးတွင် မျိုးနွယ်ကြီး တစ်စု သန်မာလာ စေရန်၊ ကြွယ်ဝမှု၊ အရင်း အမြစ်နှင့် အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာရပ် များစွာကို လိုအပ် လေသည်။
ကောင်းကင် လမ်း၌၊ အင်အားကြီး နယ်မြေ၏ ပါရမီရှင် များသာ၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာရပ် များကို ပိုင်ဆိုင် ပေသည်။
သူသာ အမှတ် မမှား ပါက၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ များကို ကျင့်ကြံရန်၊ ပထမ ကောင်းကင် ဝိညာဉ်၌ အနည်းဆုံး ရှိရ ပေမည်။
သို့မဟုတ်သော် ခွန်အားကို မထိန်းချုပ် နိုင်သဖြင့်၊ နှလုံး ကွဲကြေကာ သေဆုံး နိုင်ချေ မြင့်မား၏။
ဥပမာ အားဖြင့်၊ ကောင်းကင် သစ်ပင်ဖြင့်၊ ပေါင်းစပ် နေသော ခရမ်းရောင် ပန်း များတွင် စွမ်းအင် များစွာ ရှိသော်လည်း၊ လင်းယွန်မှ အကုန် အစင် ထုတ်ယူ ဝံ့ခြင်း မရှိပေ။
ဆင်ခြင်တုံ တရား ကင်းမဲ့ မိပါက၊ ခန္ဓာ ကိုယ်၏ ခံနိုင် ဝန်ကို ကျော်လွန် သွားသဖြင့်၊ ဒဏ်ရာ ရရှိ ပေလိမ့်မည်။
“ နှစ်ရက်ပဲ အချိန် ရမယ် ... ။ ”
ကျောက်စိမ်း တုံးကို ပြန်လည် သိမ်းဆည်း လျက်မှ၊ ရေရွတ် လိုက်သည်။ နှစ်ရက် အတွင်း၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ်ကို သင်ယူရန် မဖြစ် နိုင်ပေ။
အရည် အချင်း နည်းသူများ အတွက်၊ နှစ်ဝက်ခန့် ကြာနိုင်သည်။ လင်းယွန် မှာမူ၊ ကနဦး ကျွမ်းကျင်မှုကို အလွယ် တကူ ရယူ နိုင်သည်။
သို့သော် အနှစ် သာရကို ဆုပ်ကိုင် မိရန်၊ ဝေးလွန်း နေသေးသည်။ အချိန် မဆွဲ တော့ဘဲ၊ မိုးကြိုး မုန်တိုင်း ဓား စွမ်းအင်ကို အခိုး အငွေ့ အဖြစ် မွမ်းမံကာ၊ ကြိုးမျှဉ် သဖွယ်၊ ပေါင်းစပ် လိုက်သည်။
၎င်းကို လုပ်ဆောင် ရာ၌၊ ဓား ရည်ရွယ်ချက်၏ ထိန်းကွပ် နိုင်မှုမှာ၊ အရေးကြီး ပေ၏။
ဝိညာဉ်ရေး ဓား အပေါ်၊ အပြည့် အ၀ ကျွမ်းကျင် ထားသဖြင့်၊ ထိုဖြစ်စဉ်အား သဘာဝ အတိုင်း လွယ်လွယ် ကူကူ ဖြတ်သန်း နိုင်သည်။
အချိန် အနည်းငယ် ကြာပြီးနောက်၊ သူ၏ မျက်ဝန်း တစ်စုံမှာ၊ ကြယ်တာရာ နှစ်စင်း ကဲ့သို့ စူးရှ လာပြီး၊
“ ဓား ... ”
-ဟု လက် ဝှေ့ယမ်းကာ၊ ခေါ်ငင် လိုက်သည်။
တစ်ချိန်တည်း မှာပင် ကောင်းကင် သစ်ပင်ရှိ၊ အကိုင်း အခက် သုံးပုံ တစ်ပုံ ကျိုးသွားကာ၊ မိုးကြိုး မုန်တိုင်း ဓားစွမ်းအင် အဖြစ်သို့ ပြောင်းလဲ ပေးလာသည်။
၎င်းကို ဓားထဲသို့ လောင်းထည့် လိုက်သော အခါတွင်၊ ရုတ်ခြည်း လင်းလက် တောက်ပလာ တော့၏။
ထို့နောက် ‘လေ’ အား ခွဲထုတ် လိုက်၏။ မိုးကြိုး မုန်းတိုင်း ဓား စွမ်းအင်မှ လေပြင်းများ ပေါက်ကွဲ ထွက်လာပြီး၊ လျှပ်စီး စွမ်းအင် များနှင့်၊ သီးခြား ဖြစ်ပေါ် လာသည်။
သို့သော် ထာဝရ ဓားရည်ရွယ် ချက်မှ ချုပ်နှောင် ထားပြီး ဖြစ်သဖြင့်၊ လျှပ်စီး စွမ်းအင် များမှာ၊ ကစဉ့်ကလျား ပြန့်ကျဲ သွားခြင်း မရှိ တော့ချေ။
ဓားကို ဖြည်းညှင်းစွာ လွှဲလိုက်သော အခါတွင်၊ လေနှင့် လျှပ်စီး စွမ်းအင် များမှာ မြူခိုး များအဖြစ်၊ ပြောင်းလဲ သွားသည်။
“ ဓား ရည်ရွယ်ချက် ... ။ ”
ထို့နောက် လက်ညိုး အရွယ် အစားခန့် ရှိသော လေနှင့် လျှပ်စီး စွမ်းအင် အစိုင် အခဲ အဖြစ်၊ ဖြစ်ပေါ် လာ၏။
( ၎င်းသည် မိုးကြိုး မုန်တိုင်း ဓား စွမ်းအင်၏၊ သိပ်သည်း ဆကို၊ ထပ်မံ တိုးမြှင့် ပေးလိုက်ခြင်း မည်၏။ )
ဓား ရည်ရွယ်ချက်အား အဆင့်မြင့် ကျွမ်းကျင်မှု အထိ၊ တိုးမြှင့် လိုက်သော အခါ၊ အဆိုပါ လေလျှပ်စီးသည်၊ မီတာ ရာဂဏန်းမျှ ရှည်လျားသော ကြိုးမျှဉ် အဖြစ်သို့၊ ရှည်ထွက် သွားသည်။
ဓား စွမ်းအင်ဖြင့် ထိန်းကွပ် ထားသော လေလျှပ်စီး ကြိုးမျှဉ်မှာ၊ ပိုးသားမျှဉ် တစ်ချောင်း ကဲ့သို့၊ နူးညံ့ လွန်းပြီး၊ ဖောက်ထွင်း မြင်နေ ရ၏။
ရွေ့လျား သွားရာ လမ်းတစ်လျှောက်၊ လေဟာနယ် အတွင်း အသေးစား ပေါက်ကွဲမှု လေးများ ဖြစ်ပွား လာစေ၏။
လေလျှပ်စီး ပိုးကြိုးမျှဉ်ကို ကြည့်ကာ၊ ကျောရိုး တစ်လျှောက် အေးစက် လာသည်။ ပြိုင်ဘက်မှ ဓားဆွဲ နေစဉ်၊ ပေါက်ကွဲ သွားမည် ဖြစ်သည်။
လေလျှပ်စီး ပိုးကြိုး မျှဉ်က၊ ဦးတည် ရာသို့ ရောက်ချိန်၌၊ လက်သည်းခွံ သဏ္ဍာန် ဖွဲ့တည် လာသည်။
အဆိုပါ လေလျှပ်စီး ပိုးအိမ်သည် ခရမ်းရောင် အဆင်း ရှိပြီး၊ အနည်းငယ် လူးလွန့် နေ၏။ ၎င်းကို ကြည့်ကာ၊ သူ အောင်မြင် သွားကြောင်း၊ သိလိုက် ရသည်။
ထိုတဒဂ် အတွင်း မှာပင်၊ လေလျှပ်စီး ပိုးအိမ်က ဓား ရည်ရွယ်ချက်မှ ရုန်းထွက်ကာ၊ ပေါက်ကွဲ သွားတော့သည်။
“ ဘန်း ... ။ ”
ရှောင်တိမ်းရန် အချိန် မရတော့ သဖြင့်၊ နှုတ်ခမ်းမှ သွေးများ စီးကျကာ၊ လွင့်စဉ် သွားရ သည်။
မတ်တပ် ပြန်ရပ် လိုက်ချိန်၌၊ နံရိုးများ နာကျင် ကိုက်ခဲ လာပြီး၊ နှလုံး ခုန်သံများ တဒိန်းဒိန်း မြည်ဟီး နေလေပြီ။
“ ဘယ်လိုတောင် ကြောက်စရာ ကောင်းလိုက်လဲ။ ”
သူ့ အနေဖြင့် ဓားရေး လေ့ကျင့် ရာတွင်၊ အခြားသူ များ၏ လမ်းကြောင်း အတိုင်း လိုက်ရန်၊ မကြိုးစား မိချေ။
နောက်ကွယ်ရှိ ရည်ရွယ် ချက်ကို ဖမ်းဆုပ်ကာ၊ သူ့ လမ်းပေါ် ရွေ့ယူ ပစ်ခြင်း ဖြစ်သည်။
သို့သော် ထိုသို့ ဆန်းသစ် မှုမှာ မည်မျှ အန္တရာယ် များကြောင်း၊ လက်ရှိ ပေါက်ကွဲမှုက၊ သက်သေ ပြနေသည်။
သန်မာသော ရုပ်ခန္ဓာအား ကျင့်ကြံ ထားခြင်းမျိုး မရှိ ပါက၊ အဆိုပါ ပေါက်ကွဲမှု အတွင်း၊ သေဆုံးသွား နိုင်ချေ များသည်။
“ အလင်း ပိုးအိမ် …၊ အလင်း ပိုးအိမ် ... ၊ ငါ သိပြီ … ။ ”
ဓားအား မည်သို့ ရွေ့လျား ရမည်ကို၊ သိရှိ လိုက်ရ သောကြောင့်၊ လင်းယွန်၏ မျက်လုံးများ တောက်ပ လာသည်။
လေလျှပ်စီး ဓား ကြိုးမျှဉ်သည်၊ ဆံခြည် တစ်မျှဉ် ထက်ပင် ပို၍ သေးငယ် ထက်ရှ ပေ၏။ ၎င်းအား ရန်သူ ခန္ဓာကိုယ် ထဲသို့၊ ပစ်သွင်းနိုင် ပါက၊ ပိုးအိမ် အသွင် ဖွဲ့တည်ကာ၊ ပေါက်ကွဲ သွားမည် ဖြစ်သည်။
ထိုအချိန်၌ နတ်ဘုရား များပင်၊ ကယ်တင် နိုင်တော့မည် မဟုတ်ချေ။
“ ဒါက ငါ့ ခွန်အားရဲ့ (၃၀) ရာခိုင် နှုန်းကို သုံးခဲ့ တာပဲ၊ ခွန်အား အပြည့် အဝသာ အသုံးချ လိုက်ရင်၊ မီတာ ကိုးရာ ကျော်လောက် ရှိတဲ့ လေလျှပ်စီး ဓားပိုးမျှဉ် လေး-ငါး ချောင်းကို ထုတ်ဖော် နိုင်လိမ့်မယ်။ ”
အတွေး များဖြင့် ပို၍ တက်ကြွ လာတော့သည်။ ဆိုလို သည်မှာ မီတာ ကိုးရာမှ မီတာ တစ်ထောင် အတွင်း၌ ရှိသော၊ မည်သူ မဆို အလင်း ပိုးအိမ်ဖြင့် သတ်ပစ် နိုင်မည် ဖြစ်သည်။
ထိုပိုးအိမ်၏ ပေါက်ကွဲ စွမ်းအားသည် ကောင်းကင် ဝိညာဉ် နယ်ပယ်မှ ကျွမ်းကျင်သူ တစ်ဦး ကိုပင်၊ ချက်ချင်း သေစေ နိုင်၏။
ပြိုင်ဘက်မှာ အနည်းငယ် သန်မာနေ ပါက၊ ဓားပိုးအိမ် ငါးခုဖြင့် သတ်ပစ် နိုင်သည်။ ယင်းကို ရှောင်ရှား လိုသော်၊ ပြိုင်ဘက်မှာ သူ့ ဓားထက် ပို၍ မြန်ရမည် ဖြစ်၏။
နောက်ဆုံးတွင် အလင်း ပိုးအိမ် ဟူသည်မှာ၊ လေလျှပ်စီး စွမ်းအင်ကို ပို၍ သိပ်သည်း စေကာ၊ ဓား ရည်ရွယ်ချက် နှင့်အတူ၊ ရန်သူ့ ခန္ဓာကိုယ် အတွင်း၊ ရိုက်သွင်း ပစ်ချင်း ဖြစ်လေသည်။
ရန်သူမှာ သူ့ ခန္ဓာကိုယ် အတွင်း မရောက်မီ၊ ဖျက်ဆီးရန် မှတပါး အခြား နည်းလမ်း မရှိချေ။ ပိုးအိမ် ဖွဲ့တည်ပြီး ပါက အဆုံးသတ်မှာ ပေါက်ကွဲ ခြင်းသာ ဖြစ်သည်။
အဆိုပါ ပေါက်ကွဲမှုကို အတင်း အကြပ် တားဆီး လိုသော်၊ ဒုတိယ ကောင်းကင်၌ ရှိနေ ရမည် ဖြစ်ပြီး၊ အရှိန် အဝါ သမုဒ္ဒရာ နှစ်ခုလုံး တစ်ပြိုင် နက်တည်း၊ အသုံးပြု ရမည် ဖြစ်သည်။
ထိုအချိန်၌ သူ့ထံမှ ဒုတိယ ဓားကို ဖြေရှင်းရန် ခက်ခဲ သွားပေမည်။ သို့သော် ဤသည်မှာ ပါရမီရှင်များ ရှင်သန်ရာ၊ ကောင်းကင်လမ်း ဖြစ်သည်။
ကောင်းကင်ကို အမှန် တကယ် အံတု နိုင်သော ဘီလူးများ ရှိကောင်း ရှိနိုင် ပေ၏။
“ အကောင်းဆုံး ကတော့ ဓား သုံးချက် လုံးကို၊ မြန်မြန် သင်ယူ လိုက်တာပဲ ... ။ ”
အတွေးများ ရပ်ကာ၊ ဒုတိယ ပုံစံသို့ ဆက်သွား မိသည်။ အလင်း ပိုးအိမ်ကို ထိန်းချုပ် နေချိန်၌၊ ကောင်းကင် ကြာပန်းမှာ၊ ထည်ဝါစွာ ထွက်ပေါ် လာမည် ဖြစ်သည်။
“ စီနီယာ ဂျင်ဝူရက ဘယ်လောက်ထိ ထက်မြက် မလဲ ဆိုတာ ငါ သိချင် လာပြီ ... ။ ”
ဤသို့ ကြောက်စရာ ကောင်းသော ဓားရေးကို ဖန်တီး နိုင်ခဲ့သော ထိုစီနီယာနှင့် ယှဉ်ရ ပါလျှင်၊ သူ့ကိုယ်သူ ပုရွက်ဆိတ် တစ်ကောင် မျှသာ ထင်မြင် လိုက်မိသည်။
ပုံစံ နှစ်ခုမှာ ရွေ့လျားခြင်း အပေါ်၊ အခြေခံထား သဖြင့်၊ အလင်း ပိုးအိမ်ကို သင်ယူ ပြီးနောက်၊ ကောင်းကင် ကြာပန်း အတွက် ချောမွေ့ နိုင်ပေမည်။
နေ့တစ်ဝက် ကြာပြီးနောက်၊ ရုတ်တရက် မိုးများ တဖွဲဖွဲ ရွာကျ လာ၏။
မိုးရေစက် တစ်စက်ချင်း စီတွင်၊ မိုးကြိုး မုန်တိုင်း ဓား စွမ်းအင်များ ပါ၀င်ပြီး၊ မီတာ သုံးရာခန့် ကျယ်သော ရေကန်ကြီး တစ်ကန် အဖြစ် ဖွဲ့တည် လာသည်။
“ မီတာ သုံးရာ … ၊ ဒါက ငါ့ရဲ့ ကန့်သတ်ချက် ဖြစ်နေပြီ၊ ဒီဓားက မူလစွမ်းအင် အရမ်း ကုန်စေတယ်၊ ... ”
“ ... ပြီးတော့ ဒီရေကန်ကို မှန် တစ်ချပ်လို မဖွဲ့စည်း နိုင်ရင်၊ ရေကန် ထဲက ဓား စွမ်းအင်က ငါ့ကို အရင် သတ်မှာ သေချာတယ် ။ ”
ဖြည်းညှင်းစွာ မတ်တပ် ထရပ် နေစဉ်၊ ရေကန်မှာ ပျောက်ကွယ် သွားသည်။ စက္ကန့်ပိုင်း မျှဖြင့် မူလ စွမ်းအင်များ ခမ်းခြောက် ကုန်၏။။
ဆိုလို သည်မှာ ဓားကို လွှဲရန်၊ အသက် တစ်ရှိုက် စာသာ အချိန်ရှိ ပေမည်။ ထို့ကြောင့် စိုးရိမ် စိတ်ဖြင့် လုပ်ဆောင် မိပါက၊ ကြာပန်း တစ်ပွင့် ဖြစ်လာမည် မဟုတ်ချေ။
လေလျှပ်စီး ရေကန်ကို စက္ကန့် ပိုင်းထက် ပို၍၊ တည်မြဲ နေအောင် ထိန်းသိမ်း ထားရန် လိုပေသည်။ သို့မှသာ စိတ်ကို တည်ငြိမ်အောင် ပြင်ယူ နိုင်မည် ဖြစ်သည်။
စီနီယာ ဂျင်ဝူရမှာ၊ မီတာ (၃၀၀,၀၀၀) ကျယ်သော ရေကန်မျိုး ဖန်တီးခဲ့ သည်ကို သူ မြင်ဖူးသည်။
ဓား အလင်းဖြင့် ကြာပန်းကို ပုံဖော် လိုက်သော အခါ၊ ကောင်းကင်ရှိ ကြယ်များ ထက်ပင် ပို၍ တောက်ပ နေခဲ့သည်။
“ စီနီယာ ... ၊ ဒါက ငါ့ အတွက် တကယ့်ကို ခက်ခဲ ပါတယ် ... ။ ”
လင်းယွန်က အောင့်သက် သက်ဖြင့် ရေရွတ် လိုက်သည်။ သို့သော် စိန်ခေါ်မှု များကို နှစ်သက် သောကြောင့် စိတ်ပျက်မှု မရှိချေ။ လုပ်နိုင် မည်ဟု ယုံကြည်သည်။
မျက်လုံးများ မှိတ်လိုက်ရာ၊ ခရမ်းရောင် ပန်းများ ပွင့်နေသော အပြာရောင် သစ်ပင်ကြီး ထွက်ပေါ် လာသည်။
ကောင်းကင် ကြာပန်းတွင်၊ ကောင်းကင် သစ်ပင်၏ ဂုဏ်သတ္တိမျိုး မရှိ တော့ဘဲ၊ ခရမ်း ရောင် ပန်းများက အစားထိုး သွားသည်။
ထို့နောက်တွင် ငြိမ်သက် နေသည့် မီတာ (၃၀၀၀) ခန့် ရှိသော ရေကန်ကြီး တစ်ကန် ခြေ ဖဝါး အောက်၌ ဖြစ်တည် လာသည်။
ရေကန် ပေါ်၌ ခရမ်းရောင် ပန်းများက၊ မှော်ဆန်သော အသွင်ကို ထုတ်လွှတ်လျှက် အေးစက်စွာ တောက်ပ နေလေသည်။
သစ်ပင် အောက်တွင်၊ သူ့ ဆံပင်များ လွင့်မျော လာပြီး၊ မျက်လုံးများ မှိတ်လျက် သားဖြင့် ရပ်နေ ခဲ့သည်။
သည်အချိန်၌ သတ်ဖြတ် လိုသော ရည်ရွယ်ချက် မရှိချေ။ လူသေ တစ်ဦး ကဲ့သို့ ဓားရိုးကို ဆုပ်ကိုင် ထားသည်။
မျက်လုံး ပြန်ဖွင့်လိုက် ချိန်၌ ကောင်းကင် သစ်ပင်မှ၊ မိုးကြိုး မုန်တိုင်း ဓားစွမ်းအင် များက၊ ကြာပန်း အဖြစ် ကြွေ ကျလာပြီး၊ ကန်ရေကို လှိုင်းထ လာစေသည်။
“ ..... ။ ”
လှပ ခမ်းနား လွန်းသော ဖြစ်စဉ် အောက်တွင်၊ ဓားကို တွန်းထုတ် ပစ်လိုက်သည်။ ပတ်ဝန်းကျင် နံရံများ ပေါ်၌၊ အက်ကွဲကြောင်း အချို့ ပျံ့နှံ့ သွားပြီး၊ မြေပြင် တစ်ခုလုံး ပြင်းစွာ တုန်ခါ လာ၏။
နတ်နဂါး ရုပ်တုမှာ လှုပ်ခတ် လာပြီး၊ လှိုင်းလုံး များအား စုပ်ယူကာ၊ အဘက် ဘက်သို့ လွှဲထုတ် ပစ် တော့သည်။
မိုးကြိုး မြို့၏ နေရာ တိုင်း၌၊ နတ်နဂါး ရုပ်တုနှင့်၊ ဆက်စပ် နေသော ဝိညာဉ် ရေးရာ အစီရင်များ ရှိချေပြီ။
မည်သည့် အရပ် မှပင် ဖြစ်စေ၊ ထိုအစီရင် အပေါ်၊ ‘အား’ တစ်ခု သက်ရောက် လာပါက ၎င်းမှ စုပ်ယူ ချေဖြတ် ပေးမည် ဖြစ်သည်။
“ ဝုန်း ... ။ ”
စွမ်းအင် လှိုင်း များကို ထို့သို့ လွှဲပြောင်း ပေးနေစဉ်၊ ပြင်းထန် လွန်းသဖြင့်၊ ကျောက်သား မဏ္ဍပ်များ တစ်ခုပြီး၊ တစ်ခု ပြိုကျ လာ၏။
“ ဝုန်း ... ။ ”
ဤအခိုက် အတန့်တွင်၊ ရှေးဟောင်း နတ်ဘုရား ရူရ် တစ်လုံး၊ မြေပြင်မှ ထွက်ပေါ် လာပြီး၊ ထိုလှိုင်း များကို ပိတ်ဆို့ ပစ်လိုက်ရ တော့သည်။
တစ်ချိန်တည်း မှာပင် ရုပ်တု ထံမှ အလင်းများ တောက်ပ လာပြီး၊ မိုးကြိုး မြို့တော် တစ်ခု လုံးအား လွှမ်းခြုံ ပစ်၏။
“ ဘာဖြစ် တာလဲ ... ။ ”
“ နတ်နဂါး ရုပ်တုကြီး ... ၊ အသက် ဝင်လာ တာလား ... ။ ”
“ မြန်မြန် ဒီမြို့တော်မှာ၊ ရတနာ တစ်ခုခု ပေါ်ထွက် လာတာ ဖြစ်မယ်။ ”
တစ်မြို့လုံး လှုပ်လှုပ် ရှားရှား ဖြစ်လာကာ၊ မရေ မတွက် နိုင်သော လူရိပ် များက၊ ၎င်းအား စူးစမ်းရန် ကောင်းကင်ပေါ် ခုန်တက် ကုန်တော့ သည်။
***