← Chapters

သံသယ။

Vol. 64 Ch. 890

သံသယ။

Vol. 64 Ch. 890

ဗဟို ဒေသရှိ အဆောက် အဦးများ အားလုံး ပြိုကျ ကုန်သည်။ တုန်လှုပ်ဖွယ် လှိုင်းမှာ၊ စက္ကန့် ပိုင်း မျှသာ ကြာသော်လည်း၊ ရုတ်ရုတ် သဲသဲ ဖြစ်ရန် လုံလောက် ပေ၏။

အဓိက တရားခံ ဖြစ်သော လင်းယွန် အတွက်မူ၊ ပင်ပန်း နွမ်းနယ်မှုမှာ၊ နှိုင်းဆ မရ သဖြင့်၊ တုန်လှုပ် သွားခဲ့သည်။

နှလုံးခုန် နှုန်းများ ငြိမ်သက် သွားချိန်၌ သူ့ရှေ့ရှိ အရှုပ် အထွေး များကို ကြည့်ပြီး၊

“ ဒီဓားရဲ့ နောက်ကွယ်က၊ စွမ်းအားကို ဖိနှိပ် ထားဖို့ မေ့သွားတယ် ...။ ”

-ဟု ဆိုလိုက် တော့သည်။

၎င်းအတွက် သူ့ အပေါ် အပြစ် တင်၍ မရချေ။ ကောင်းကင် ကြာပန်းမှာ၊ အလင်း ပိုးအိမ် ကဲ့သို့ မဟုတ်ဘဲ၊ ခွန်အားကို အပြည့် အဝ သုံးရန် လိုပေသည်။

အနည်းငယ် အားနည်း နေပါက၊ ဓားကို လွှဲခွင့် ရှိတော့မည် မဟုတ်ချေ။ အပျက် အစီး များထံ တစ်ချက် ကြည့်မိသည်။

မြေပြင်တွင် မီးလောင် ချိုင့်ဝှမ်းများ ပြည့်နှက် နေ၏။ နတ်နဂါး အစီရင်သာ မရှိပါက၊ တစ်မြို့လုံး ဘုန်းဘုန်းလဲ သွားနိုင် ပေမည်။

အဖျက် စွမ်းအားမှာ၊ ထင်ထား သည်ထက် များစွာ ပြင်းထန်၏။ သူ့ လမ်းကြောင်း ပေါ်ရှိ အရာရာ တိုင်းကို ဖြတ်ကျော် နိုင်ပေသည်။

မူလ စွမ်းအင်များ ပြန်လည် ရရှိ လာပြီးနောက်၊ တတိယ ပုံစံသို့ ဆက်သွား မိသည်။

တတိယ ပုံစံကို ‘နေလဓား’ ဟု အမည်ပေး ထားပြီး၊ နေနှင့် လ ကဲ့သို့ တောက်ပသော ဓား အလင်းကို ထုတ်လွှတ် ရမည် ဖြစ်သည်။

အိုင်းရစ် ဓားသုတ္တန်နှင့်၊ လမင်းကို ဖွဲ့တည်ကာ၊ ကောင်းကင် ဓားသုတ္တန်သည် နေမင်းအား ဖန်တီးမည် ဖြစ်သည်။ ယင်းမှာ မူကွဲ ကောင်းကင်ဓား (၁၃)ချက် ဖြစ်ရသည့် အကြောင်း ရင်းလည်း ဖြစ်၏။

စီနီယာ ဂျင်ဝူရ သည်သာ ဓားသုတ္တန် နှစ်ခုကို တစ်ပြိုင် နက်တည်း၊ ကျင့်ကြံထား ပါက၊ သူနှင့် တူညီသော အတွေး အမြင်များ ရှိနိုင် ပေမည်။

အပျက်အစီး များ၌ ထိုင်ချပြီး၊ ဓားသုတ္တန် နှစ်ခုကို ဖြန့်ကျက် လိုက်သည်နှင့်၊ အပြာရောင် သစ်ပင်ကြီး ထွက်ပေါ် လာ၏။

ခရမ်းရောင် ပန်းပွင့် များက အေးမြသော အငွေ့ အသက်များ ထုတ်လွှတ်လျက်၊ ပုံသဏ္ဍန် တစ်ခု အသွင်၊ စတင် ဖွဲ့စည်း လာသည်။

ယင်းမှာ ဝိုင်းစက် နေသော လမင်းကြီး ဖြစ်ပြီး၊ တစ်ဖက်တွင် ပြင်းရှသော အပူ စွမ်းအင် များကို၊ ကောင်းကင် သစ်ပင်မှ ထုတ်လွှတ်ပေး နေ၏။

ထိုစဉ် အာရုံ ထဲ၌၊ နေနှင့်လ တပြိုင် နက်တည်း၊ ထွန်းလင်း နေသော ကမ္ဘာ တစ်ခု ရုတ်တရက် ထွက်ပေါ် လာသည်။

ထိုကမ္ဘာကြီး ထဲတွင်၊ ဓားသမား တစ်ယောက်၊ ငြိမ်သက်စွာ မတ်တပ် ရပ်နေ၏။ သူ့ခေါင်း ပေါ်၌ ဧရာမ ရေဝဲကြီး နှစ်စင်း ဖြစ်ပေါ် လှည့်ပတ် နေသည်။

ထိုဖြစ်စဉ်ကို အလေး အနက်ထား စောင့်ကြည့် နေမိသည်။ သို့မဟုတ် ပါက စစ်မှန်သော ရည်ရွယ်ချက်ကို လက်လွှတ်သွား နိုင်၏။

ဓားသမားက သူ့ဓားကို လွှဲလိုက်သော အခါတွင်၊ အရာ အားလုံး ဆီးနှင်းများ ကဲ့သို့ အရည် ပျော်ကျ သွားသည်။

သည့်နောက် ဓားသမား ရုပ်သွင်မှာ၊ ချက်ချင်း မှုန်ဝါး သွားသည်။ တစ်ဖက် လူ၏ ဓားသည်၊ ထိတ်လန့် ဖွယ် ကောင်းလွန်း နေသည်။

ထို့နောက် မှုန်ဝါး နေသော အသွင် ဖြင့်ပင်၊

“ အထက် ကောင်းကင် ဘုံမှာ၊ လျှပ်စီး နဲ့လေ တကယ် ရှိပါတယ်။ ”

-ဟု ဆိုလျက်၊ ကမ္ဘာကြီး တစ်ခုလုံး၊ အပိုင်းပိုင်း ကွဲအက် ပျောက်ကွယ် သွားသည်။

ဖြစ်စဉ် တစ်ရပ်လုံး ပျောက်ကွယ်သွား သော်မှ၊ အထက်ပါ စကား သံသည် လင်းယွန် အာရုံ ထဲ၌၊ ပဲ့တင်ထပ် နေဆဲ ဖြစ်သည်။

မိုးကြိုး မုန်တိုင်း စွမ်းအင်ကို၊ လက်လွှတ် မခံ သင့်ကြောင်း၊ နားလည် လိုက်မိသည်။ သို့ မဟုတ်သော် နေနှင့် လကို ဖန်တီး နိုင်မည် မဟုတ် တော့ချေ။

နေ့ရော ညပါ အကြိမ်ကြိမ် သုံးသပ် ပြီးနောက်၊ မျက်လုံးများ ပြန်ပွင့် လာခဲ့သည်။ နဂါး ရူရ် များကို အသက် သွင်းကာ၊ မိုးပြာ နဂါး မူလ ပုံကို ထုတ်ဖော် မိ၏။

“ ရွှပ် ... ။ ”

မိုးကြိုး မုန်တိုင်း စွမ်းအင်များ၊ ပြည့်ဝ လာချိန်၌၊ ကောင်းကင်ပေါ် ခုန်တက် လိုက်ပြီး၊ ဓားဖြင့် ခုတ်ချ လိုက်သည်။

ခန္ဓာကိုယ် ထဲရှိ၊ မိုးကြိုး မုန်တိုင်း၊ ဓား စွမ်းအင် များက၊ နေနှင့်လ အသွင် ဖွဲ့တည်ရန် လေထုထဲ ပြေးထွက် သွားသည်။

ဓား ရည်ရွယ်ချက်ဖြင့်၊ ၎င်းတို့ကို ပေါင်းစပ် လိုက်ချိန်၌၊ ဝိညာဉ်ရေး အစီရင်၌ အပေါက်ကြီး တစ်ပေါက်၊ ရုတ်တရက် ဖြစ်ပေါ် လာ၏။

အရာ ဝတ္တု တစ်ခုကို ရုတ်တရက် ကောက်ယူ လိုက်သကဲ့သို့၊ ဦးတည်ရာ အရပ်ရှိ အရာ အားလုံး ပြောက်ကွယ် သွားခြင်း ဖြစ်သည်။

ယင်းကို ကြည့်ပြီး သက်ပြင်းချ မိ၏။ ကောင်းကင်ဘုံ သုံးပါးသည် ခြောက်ခြား စရာ ကောင်းလွန်း ပေသည်။

ဓားတာအို၌ သူ့အား တံခါး တစ်ချပ် ဖွင့်လှစ်ပေးခြင်း ဖြစ်၏။ ပြိုင်ဘက် အနေဖြင့်၊ လုံလောက်အောင် မြန်ဆန်ခြင်း မရှိ ပါက၊ မည်သို့ ဖြစ်သွား သည်ကို၊ တစ်သက်လုံး သိလိုက် တော့မည် မဟုတ်ချေ။

ကောင်းကင်ဘုံ သုံးပါးသည် တည်နေရာ ရွေ့ပြောင်း လိုက် သကဲ့သို့၊ ထွက်ပေါ် လာကာ၊ အငိုက်ဖမ်း နိုင်ပေမည်။

“ ကောင်းကင် ကြာပန်းက၊ အက်ကြောင်း နည်းနည်း ဖန်တီး နိုင်တယ်၊ နေလဓား ကတော့ တကယ့်ကို အရာ အားလုံး ပျောက်ကွယ် သွားစေ နိုင်တာပဲ။ ”

ဤဓား သုံးချက်ကို၊ သူကိုယ်တိုင် ဖန်တီးထားသော ဓားများ အဖြစ်၊ သတ်မှတ် နိုင်ပေမည်။

တစ်စုံ တစ်ယောက်တွင် ကောင်းကင် ဓားသုတ္တန် ရှိသော်မှ၊ ၎င်းနည်းတူ ဖန်တီးရန် မဖြစ် နိုင်ချေ။

ခုနစ်ရက် ပြည့်သွားပြီ ဖြစ်သဖြင့်၊ ကျင့်ကြံရာမှ ထွက်လာ ချိန်တွင်၊ ပြိုကျ နေသော အဆောက် အဦး များကို ကြည့်ပြီး၊ ထိတ်လန့် သွားသည်။

“ ဒါက ငါ့ကြောင့်တော့ မဟုတ်ဖူး မဟုတ်လား။ ”

ကူကယ်ရာ မဲ့စွာဖြင့် လင်းယွန်မှ၊ ရေရွတ်လိုက် မိသည်။ ဤသည်မှာ ကောင်းကင် ကြာပန်းကြောင့် ဖြစ်မှန်း သူ သိ၏။

“ လင်း ယွန် ... ။ ”

ဖန်ရှောင်ယုတို့ သုံးဦးက သူ့အား မြင်သည်နှင့်၊ စိတ် သက်သာရာ ရသွားသည်။ မနေ့ ညက ငလျှင် လှုပ်ကာ မြေပြင်မှ အလင်း တန်းများ၊ ရုတ်တရက် ထွက်ပေါ် လာသဖြင့်၊ စိုးရိမ် နေမိခြင်း ဖြစ်သည်။

လူ အများ အပြားမှာ အဆောက် အဦးများ အတွင်း ပိတ်မိ နေခဲ့ပြီး၊ အချို့က ရတနာ ပေါ်ပေါက် လာသည်ဟု ထင်ကာ၊ တစ်မြို့လုံးကို ပိုက်စိပ်တိုက် ရှာဖွေ နေကြသည်။

ထို့အပြင် ဘုန်းနေမင်း ဝိညာဉ်မှာ၊ မကြာမီ ပေါ်ထွန်းလာ မည်ကို လူတိုင်း သိရှိ ကုန်သည်။ သို့သော် ရက်အတိ အကျ ကိုမူ မည်သူမျှ မသိပေ။ ချင်းဖုန်မှ ရည်ရွယ်ချက် ရှိရှိ ဖုံးကွယ် ထားပုံ ရသည်။

ဖန်ရှောင်ယုက လေးနက်သော အမူ အရာဖြင့် လင်းယွန်ကို ပြန်ကြည့်ကာ၊

“ သူတို့နဲ့ အတူတူ ... ၊ အလုပ် လုပ်တဲ့ အခါ မင်းသတိ ထားရမယ်။ ” -ဟု သတိ ပေးသည်။

လင်းယွန်မှ ခေါင်းညိတ် ပြသည်။ သူ သည်လည်း၊ ထိုလူ များနှင့် ပတ်သတ်ပြီး ဖိအား အချို့ကို ခံစား ခဲ့ရသည်။

ယခုမူ ကျင့်ကြံမှု တည်ငြိမ် သွားပြီး၊ ကောင်းကင်ဘုံ သုံးပါးကို ဆုပ်ကိုင် နိုင်ပြီ ဖြစ်သဖြင့်၊ ပထမ ကောင်းကင် ဝိညာဉ်မှာ ခြိမ်းခြောက် နိုင်သည့်၊ အဆင့်၌ မရှိ တော့ချေ။

တစ်ဖက်တွင် ဝိညာဉ်ရေး ဓား အပေါ်၊ အချိန်မရ လိုက်သောကြောင့်၊ အနည်းငယ် နှမျော မိသည်။ သို့မဟုတ်သော် မြင့်မြတ်သော နယ်မြေ၏ ပါရမီရှင် များကိုပင်၊ ကြောက်စရာ မလို နိုင်ချေ။

“ လင်းယွန်... ၊ ငါတို့က အားနည်းတဲ့ အတွက်၊ မင်းကို ကူညီ နိုင်တော့မှာ မဟုတ်ဘူး၊ ဒါကြောင့် မိုးကြိုး မြို့ မှာပဲ၊ နေခဲ့ဖို့ ဆုံးဖြတ် ထားတယ်၊ ... ”

“ ... ဒီနားက အပျက် အစီး နယ်မြေတွေ ထဲမှာ၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာတွေ ရှာပြီး၊ ကောင်းကင် ဒုက္ခကို ကျော်လွှား နိုင်မယ် ဆိုရင်တော့ ... ၊ နဂါး တားမြစ် နယ်မြေမှာ ငါတို့ ပြန်ဆုံ နိုင်မှာပါ။ ”

ဖန်ရှောင်ယုမှ လေးလေး နက်နက် ပြောကြား လာခဲ့သည်။ သူတို့ လမ်းခွဲရန် အချိန် တန်ပြီ ဖြစ်၏။

ဖုန်းရွှမ်အား သတ်ပစ် လိုက်သည့် အခိုက်တွင်၊ လင်းယွန် ခွန်အားမှာ သူတို့ထက် များစွာ သာလွန် နေကြောင်း၊ သိလိုက် ရသည်။

သို့သော် ဤသည်မှာ ကောင်းကင်လမ်း ဖြစ်သည်။ သတ္တိသာ လုံလုံ လောက်လောက် ရှိပါက၊ အနာဂတ်တွင် သေချာပေါက် ပြန်ဆုံ ကြပေ လိမ့်မည်။

လင်းယွန်က ခေါင်းညိတ် လိုက်ပြီး၊

“ ဒီထက် ပိုကောင်းတဲ့ နည်းစနစ် တွေကို ရှာတွေ့ဖို့က သိပ် မခက် ပါဘူး၊ ကိုယ့်ကိုကိုယ် ဂရုစိုက် ကြပါ၊ နဂါး တားမြစ် နယ်မြေမှာ ငါ စောင့် နေမယ်။ ”

“ မင်းလည်း ဂရုစိုက်ပါ ... ၊ ငါတို့ နဂါး တားမြစ် နယ်မြေကို လာခဲ့မယ်။ ”

ကောင်းကင် လမ်းတွင်၊ သူ ယုံကြည် နိုင်သော လူ များမှာ၊ ဤသုံးယောက်သာ ရှိချေ သည်။

ရက်စက် ကြမ်းကြုတ်သော ပြိုင်ဆိုင်မှု များကြောင့်၊ ၎င်းတို့နှင့် ထပ်မံ တွေ့ဆုံ နိုင်ခြင်း ရှိ-မရှိ မသိ နိုင်တော့ချေ။

မိုးကြိုး မြို့ရိုး ပေါ်တွင်၊ ချင်းဖုန်နှင့် ယန်ခိုင်က၊ သူ့အား စောင့်နေသည်။ ၎င်းတို့ ဘေး၌၊ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင် သူများ ရှိနေ၏။

သို့သော် ဤစုဖွဲ့မှုသည်၊ အခြားသော မြို့များထက် အားနည်း နေဖွယ် ရှိသည်။

“ မင်းသာ ပေါ်မလာ တော့ဖူး ဆိုရင်၊ မြေအောက်မှာ ပိတ်မိ နေပြီလို့ ငါတို့ ယူဆ မိမှာ အမှန်ပဲ။ ”

လင်းယွန်ကို မြင်သည်နှင့် ချင်းဖုန်က နောက်ပြောင် လိုက်သည်။

“ သူက ဖုန်းရွှမ်ကို သတ်တဲ့ လူလား ... ။ ”

ကနဉီး ကောင်းကင် ဝိညာဉ် နယ်မြေ၌၊ ရှိသော လူငယ် တစ်ဦးက သံသယ မျက်ဝန်း များဖြင့် မေးလာသည်။

ထိုလူငယ်နှင့် တူညီသော ဝတ်ရုံကို ဆင်မြန်း ထားသည့်၊ လူ အချို့က လင်းယွန်ထံ စိုက်ကြည့် လာသည်။ ၎င်းတို့မှာ နယ်မြေ တစ်ခု တည်းမှ ဖြစ်ကြောင်း ခန့်မှန်း နိုင်သည်။

ထိုလူငယ် အပြင် ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ တစ်ဦး၊ ရှိနေ သောကြောင့်၊ ယင်းနယ်မြေမှာ၊ ချင်းဖုန်နှင့် ယန်ခိုင်၏ နယ်မြေထက် ပိုမို အားကောင်း နိုင်ပေမည်။

မေးမြန်း လာသော လူငယ်မှာ၊ ကောင်းကင် ဒုက္ခကို မခံယူရ သေး သော်လည်း၊ အရှိန် အဝါ ဖိအားသည် ချင်းဖုန်ကို မီချေပြီ။

“ မင်းကို မိတ်ဆက် ပေးရ ဦးမယ်၊ သူတို့ နှစ်ယောက်က တိမ်ယံ နယ်မြေရဲ့ ချန်ရွှမ်နဲ့၊ လျူယွင်ပဲ။ ”

ထို့နောက် ချင်းဖုန်က ထိုလူငယ် နှစ်ဦးဘက် ပြန်လှည့်ကာ၊

“ သူ ကတော့ မင်းတို့လို ဓားသမား တစ်ယောက်ပဲ၊ နာမည်က လင်းယွန်၊ ဝိညာဉ် ရေး ဓားကို နားလည် ထားတဲ့ အတွက်၊ သူ့ ခွန်အားက မင်းထက် အားနည်း နေမှာတော့ မဟုတ် ပါဘူး။ ”

ချင်းဖုန်က လျူယွင် ဆိုသော လူငယ်ကို ဦးတည်ပြော လိုက်သဖြင့်၊ သူ့အား မည်သည့် အတွက် အာရုံစိုက် နေသည်ကို၊ နောက်ဆုံး၌ လင်းယွန် တစ်ယောက် နားလည် လာသည်။

ဤလျူယွင်မှာ၊ ကောင်းကင် ဝိညာဉ် နယ်မြေသို့ မရောက်မီ၊ ဝိညာဉ်ရေး ဓားကို ဆုပ်ကိုင် ထားနိုင်သော၊ သူ့ကဲ့သို့ ပါရမီ ရှင် တစ်ဦး ဖြစ်နေ လေပြီ။

***

All Chapters