← Chapters

ငှက်မွှေး မီးလျှံ တောင်တန်း။

Vol. 64 Ch. 891

ငှက်မွှေး မီးလျှံ တောင်တန်း။

Vol. 64 Ch. 891

အောက်တန်း နယ်မြေမှ ဓားသမား တစ်ဦးသည်၊ ကောင်းကင် ဝိညာဉ် နယ်မြေသို့ မရောက် ရှိမီ၊ ဝိညာဉ်ရေး ဓားကို ဆုပ်ကိုင်ထား နိုင်ခြင်းမှာ၊ အံ့သြဖွယ် ကောင်းပေသည်။

ဝိညာဉ်ရေး ဓား မည်မျှ ထက်ရှ သည်ကို၊ သိရှိ သောကြောင့်၊ လျူယွင်က ချင်းဖုန် အပေါ် မောက်မာ ဝံ့ခြင်း ဖြစ်သည်။

သို့သော် သူ့ အနေဖြင့်၊ လွန်ခဲ့သည့် လဝက် မှသာ ၎င်းကို ဆုပ်ကိုင် နိုင်ခဲ့ပြီး၊ လင်းယွန်အား ယှဉ်နိုင်စရာ မရှိ တော့ချေ။

“ သူက ဖုန်းရွှမ်ကို ဆယ်ကြိမ် အတွင်း သတ်ဖြတ် နိုင်ခဲ့တဲ့ လင်းယွန်ပဲ၊ မင်းတို့ အားလုံး သူ့ အကြောင်းကို အခုမှ ကြားဖူးကြ မယ်လို့ ထင်ပါတယ်။ ”

လင်းယွန် အပေါ်၊ လူတိုင်းက မထီမဲ့မြင် ပြုချင် နေ သောကြောင့်၊ ချင်းဖုန်မှ ပြုံးကာ မိတ်ဆက် ပေးလိုက်သည်။

လင်းယွန်ကို သူကိုယ်တိုင် ဖိတ်ခေါ် ထားခြင်း ဖြစ်ပြီး၊ တိမ်ယံ နယ်မြေ နှင့်ပင် ရင်ပေါင်တန်း နိုင်မည်ဟု ယူဆ ခဲ့သည်။

တိမ်ယံ နယ်မြေမှ ခေါင်းဆောင် လူငယ် နှစ်ဦးမှာ၊ ဝိညာဉ်ရေး ဓားကို ဆုပ်ကိုင် ထားနိုင် သဖြင့်၊ မိုးကြိုး မြို့၌ အသန် မာဆုံး နယ်မြေ ဖြစ်လာသည်။

“ ဖုန်းရွှမ်လို အမှိုက်ကို သတ်ဖို့၊ မင်းက ဆယ်ကြိမ်တောင် လိုတာလား၊ ဒီလောက်လည်း အထင်ကြီး စရာ မရှိ ပါဘူး။ ”

လျူယွင်က နှာခေါင်း ရှုံ့ကာ ဆိုလာ သဖြင့်၊ လင်းယွန်မှ ပြုံးလိုက် မိသည်။ ဤလျူယွင်သည် ရင့်ကျက်ပုံ မရ သေးချေ။ ၎င်းနှင့် ဆန့်ကျင်စွာ သူ့ ဘေးရှိ၊ လူငယ်က စိတ်ဝင်စား ဟန်ဖြင့် ပြန်ကြည့် လာသည်။

“ လျူယွင် ... ဖုန်းရွှမ်ကို သတ်ဖို့ ဆိုတာ၊ မင်း ထင်သလောက် မလွယ်ဘူး။ ”

ထိုလူငယ်က လျူယွင်ကို လှမ်း ပြော လိုက်သည်။ အဆိုပါ လူငယ်၏ အမည်မှာ ချန်ရွှမ် ဖြစ်ပြီး၊ ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ အထွတ် အထိပ်၌ ရှိလေသည်။

သူ ထုတ်ဖော် ထားသော ရောင်ဝါ အရ၊ ချင်းဖုန်ထက် သိပ်သည်း ပေ၏။ ဒုတိယ ဒုက္ခကို အချိန် မရွေး ခံယူ နိုင်မည့်၊ အရိပ် အယောင်များ ပြသ နေသည်။

“ လင်းယွန်ရဲ့ ခွန်အားကို၊ သံသယ မဖြစ် ပါနဲ့၊ သူ့မှာ ငါတို့နဲ့ လိုက်ဖို့ အရည် အချင်းရှိ ပါတယ်၊ ဒီခရီး စဉ်က အန္တရာယ် များပြီး၊ တက်နိုင် သမျှ အတူတူ လက်တွဲဖို လိုတယ်။ ”

ချင်းဖုန် စကားကို မယုံကြည် သော်လည်း၊ ချန်ရွှမ်မှ ဟန့်တား လာပြီး ဖြစ်သဖြင့်၊ လျူယွင် တစ်ယောက် စကား မဆို တော့ချေ။

“ အစ်ကို ချင်း၊ အခု ဘုန်းနေမင်း ဝိညာဉ် ဘယ်မှာ၊ မွေးဖွားမယ် ဆိုတာ မင်း ပြောပြနိုင် မလား။ ”

လင်းယွန်က စကားလွှဲ လိုက်သည်။ လျူယွင်၏ ခံစားချက် အပေါ် သူ စိတ်မ၀င် စားချေ။ အထက်ပါ မေးခွန်းက လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲငင် သွားသည်။

“ ဒါကို ... ၊ လျှို့ဝှက်ထား စရာ မလို တော့ ပါဘူး။ ”

ချင်းဖုန်က ခေါင်းညိတ်ပြီး။

“ ငှက်မွှေး မီးလျှံ တောင်တန်းကြီး တစ်နေရာမှာ၊ မီးလျှံ မြို့ဆိုတာ ရှိတယ်၊ မြို့ကို အကာ အကွယ် ပေးထားတဲ့ ရုပ်တု ကြီးက ပြိုကျ သွားတဲ့ အတွက်၊ ... ”

“ ... အစွန့် ပစ်ခံမြို့ တစ်မြို့ ဖြစ်နေပြီ၊ အဲ့ဒီမှာ ဘုန်းနေမင်း ဝိညာဉ် ပေါ်ထွက်လာ လိမ့်မယ်၊ တောင်တန်းတွေ ပတ်လည် ဝိုင်း နေတဲ့ အတွက်၊ အန္တရာယ် ရှိတဲ့ ခရီးစဉ် ဖြစ်လာမှာ အသေ အချာ ပါပဲ၊ ... ”

“ မီးလျှံ မြို့က၊ မြို့တော် သခင်ရဲ့ အိမ်တော်မှာ၊ နေ့ဘက်ဆို ကြယ် စွမ်းအင် အသိပ်သည်း ဆုံးပဲ၊ ... ”

“ ... ဘုန်းနေမင်း ဝိညာဉ်ကို သူ့ အိမ်တော်မှာ တွေ့နိုင်တယ်၊ အိမ်တော်ရဲ့ အကျယ် အဝန်း အတိုင်း အတာက၊ ... ”

“ ... မိုးကြိုး မြို့ အဝန်း အဝိုင်းထက် ဆယ်ဆနီးပါး ပိုကျယ်ပြီး၊ နေရာ တိုင်းမှာ မိစ္ဆာ အငွေ့ အသက်တွေ ရှိတယ်၊ ဒါကြောင့် ... ”

“ ... အိမ်တော် အနှံ့ တစ်ခုခု ရှာဖို့ ဆိုတာ မလွယ်ဘူး၊ တစ်ချိန် တုန်းက အဲ့ဒီ မြို့တော်ကို အလယ် အလတ် နယ်မြေ တစ်ခုက တွေ့ရှိပြီး၊ ဘုန်းနေမင်း ဝိညာဉ် ရှာဖွေ ခဲ့တယ်၊ ... ”

“ ... ဒါပေမယ့် သူတို့ အားလုံး သေဆုံး ကုန်တယ်၊ ကောင်းကင် ဝိညာဉ် နယ်ပယ်က ကျွမ်းကျင်သူ တစ်ဦး တည်းသာ လွတ်မြောက် နိုင်ခဲ့တယ်၊ သူလည်း မကြာဖူး မီး အဆိပ် သင့်မှုနဲ့ သေဆုံး သွားတယ်။ ”

ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင် သူပင်၊ အဆိပ်သင့် သေဆုံး ရသည် အထိ၊ မီးလျှံ ငှက်မွှေး မြို့မှာ၊ ကြောက်စရာ ကောင်းနေသည်။

ချင်းဖုန်က လေးနက်သော အမူ အရာဖြင့်၊ ဆက်ရှင်းပြ သည်။

“ မင်းတို့ကို သတိ ပေးစရာ တစ်ခု ရှိတယ်၊ အနည်းဆုံး ဆယ့်ငါးရက် ကနေ တစ်လ အထိပဲ၊ အဲဒီမှာ နေပါ၊ မဟုတ်ရင် ဒုတိယ ကောင်းကင် ဝိညာဉ်တောင် အဆိပ်သင့် သေရ လိမ့်မယ်၊ ... ”

“ မြို့ကြီး ကိုယ်တိုင် ကိုက၊ အန္တရာယ် ကောင် ကြီးပဲ၊ ဘုန်းနေမင်း ဝိညာဉ်ကြောင့် အလယ် အလတ် နယ်မြေပေါင်း များစွာ၊ ချီတက် လာလိမ့်မယ်၊ ... ”

“ ... ပြိုင်ဆိုင်မှု ပြင်းထန် လှတဲ့ အတွက်၊ မီးလျှံ မြို့က စစ်တလင်း ဖြစ်လာမှာ အမှန်ပဲ၊ အဲဒီ အတွက် ပြင်ဆင် ထားဖို့ လိုမယ်။ ”

အပျက် အစီး နယ်မြေ အချို့တွင်၊ ရတနာများ ရှာဖွေ ရာ၌၊ အခြားသော နဂါး မြို့တော် များနှင့် ပဋိ ပက္ခ အချို့ ရှိခဲ့ သော်လည်း၊ ၎င်းမှာ ခရီးသွား ဟန်လွှဲ မျှသာ ဖြစ်သည်။

လာမည့် တိုက်ပွဲ မှာမူ၊ ချင်းဖုန် ပြောသည်ထက်၊ ပို၍ ရက်စက် လာနိုင် မည်ကို လူတိုင်း သိသည်။

သူတို့ အဖွဲ့တွင် ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ လေးဦးနှင့်၊ ပထမ ဒုက္ခ ကို ဖြတ်သန်း နိုင်သည့်၊ ပါရမီရှင် ဆယ်ဦး ရှိသည်။

၎င်းအင်အားမှာ မိုးကြိုး မြို့တော်၏ အသန်မာ ဆုံးသော အထွတ် အထိပ် တည်ရှိ မှုများ ဖြစ်ပေသည်။

တစ်ဦး တစ်ယောက်တည်း ဆိုပါက၊ အခြားသော နဂါး မြို့တော် များနှင့် ဆုံတွေ့ ရသော်၊ ဒုက္ခရောက် မည်မှာ သေချာ၏။ ထို့ကြောင့်၊ လူတိုင်းက အဖွဲ့လိုက် ခရီး သွားရန် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ကောင်းကင် လမ်း၌၊ အားနည်းသူ များကို၊ လိုက်လံ သတ်ဖြတ် လုယူ တက်သော၊ ကျင့်ကြံသူ များလည်း ရှိပေသည်။

ဘုန်းနေမင်း ဝိညာဉ် ပေါ်ထွန်း လာမှန်း၊ သိရှိသွား ပါက၊ ၎င်းတို့ သည်လည်း ရောက်လာ နိုင်ခြေ ရှိ၏။

မြို့တံခါးမှ ထွက်ခွာ လိုက်စဉ်၊ လူအုပ် ကြီးက မြို့ရိုးပေါ် ခုန်တက်ကာ၊ သူတို့ အဖွဲ့ကို ကြည့်ရှု လာ ကြသည်။

“ သူတို့က ဘုန်းနေမင်း ဝိညာဉ်တော် အတွက် သွားတာ နေမယ်။ ”

“ ဟိုမှာ ဖုန်းရွှမ်ကို သတ်တဲ့ လင်းယွန် မဟုတ်လား။ ”

“ ဟုတ်တယ် သူပဲ၊ မိုးကြိုး မြို့ကို ရောက်ရောက်ချင်း လူသတ် ရဲတယ် ဆိုတာ နည်းတဲ့ သတ္တိ မဟုတ်ဘူး။ ”

“ သူတို့ နောက်ကို လိုက်ပြီး၊ သူတို့ ဘာတွေ လုပ်မလဲ ကြည့်ချင် လိုက်တာ ... ။ ”

“ သေချင် နေတာလား၊ မင်းကိုယ်မင်း ဖုန်းရွှမ်ထက် သန်မာ နိုင်တယ်လို့ ထင်လား၊ မင်းက အမြောက်စာ ဖြစ်ဖို့တောင် အရည် အချင်း မရှိ ပါဘူး။ ”

ချင်းဖုန်တို့ အဖွဲ့သည် လူတိုင်း၏ အာရုံကို သဘာဝ အတိုင်း ဆွဲဆောင် နိုင်ခဲ့ပြီး အများစုမှာ လင်းယွန် အပေါ်၊ ပိုစိတ်ဝင်စား လေသည်။

အလယ် အလတ် နယ်မြေ တစ်ခုကို တစ်ဦတည်း ခွန်အားနှင့် ဖျက်ဆီး လိုက်ခြင်း ဖြင့်၊ သူ့ နာမည်မှာ ကျော်ကြား နေပြီ ဖြစ်သည်။

ထိုသတင်းက လျူယွင်ကို မနာလို စိတ်များ ပေါက်ပွား လာစေသည်။ လွန်ခဲ့သော လဝက်၌ ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ မရောက် ခင်၊ ဝိညာဉ်ရေး ဓားကို ဆုပ်ကိုင် နိုင်ခဲ့သည့် အတွက်၊ သူ့ အမည်မှာ မိုးကြိုး မြို့တွင် ကျော်ကြား နေခဲ့သည်။

သို့သော် တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်ပယ်နှင့်၊ ဝိညာဉ်ရေး ဓားကို ဆုပ်ကိုင်ထား နိုင်သော လင်းယွန်ကြောင့်၊ မှိန်ဖျော့ သွားပြီ ဖြစ်သည်။

“ ညီလေးလျူ အဲဒါကို စိတ်ထဲ မထား ပါနဲ့၊ သူက တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ မှာပဲ၊ ရှိပါ သေးတယ်၊ သူ့ရဲ့ အုတ်မြစ် ကလည်း နိမ့်ကျ လွန်းတယ်၊ ... ”

“ ... သေချာတာ ကတော့ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံပညာ မရှိတဲ့ အတွက်၊ သူက မင်းကို ယှဉ်နိုင်တဲ့ နည်းလမ်း မရှိ ပါဘူး။ ”

“ မှန်တယ် ... ၊ မင်းက ဒုက္ခကို ဖြတ်ကျော် ပြီးတဲ့ အခါ၊ သူ့ကို ချန်ထား နိုင်လိမ့်မယ်၊ ငါတို့ တိမ်ယံ နယ်မြေက ဒီခရီးမှာ တောက်ပမှာ သေချာတယ်။ ”

“ ပယင်း ကမ္ဘာရဲ့ အခြေခံ အုတ်မြစ်က၊ ငါတို့ တိမ်ယံ နယ်မြေကို ဘယ်လိုလုပ် ယှဉ်နိုင် မှာလဲ၊ ဂျူညီယာ ညီလေး ... ၊ မင်းကိုယ်မင်း သူနဲ့ နှိုင်းကြည့် နေစရာ မလို ပါဘူး။ ”

တိမ်ယံ နယ်မြေမှ လူငယ် များက လျူယွင်အား နှစ်သိမ့် ပေးလိုက် ကြသည်။ ဤမြင်ကွင်းကို မြင်သော အခါ ချင်းဖုန်က လှောင်ပြုံး ပြုံးမိသည်။

လင်းယွန်၏ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်မှာ၊ အဆင့်မြင့် ကျွမ်းကျင်မှု ၌ ရှိကြောင်း၊ သည်လူငယ်များ မသိ ကြပေ။

ဖုန်းရွှမ်ကို သတ်လိုက် ချိန်၌ သူပင်၊ ကျောရိုးများ စိမ့်တက် လာဖူးသည်။ ထို့ကြောင့် မျက်လုံး ထောင့်ကပ်ကာ၊ လင်းယွန်ထံ ခိုးကြည့် မိသည်။

သို့သော် တစ်ဖက် လူမှာ လျူယွင် တို့ကို စိတ်ဝင်စားပုံ မပြသည့် အတွက်၊ အနည်းငယ် စိတ်သက် သာရာ ရသွား သည်။

ဒေါသ ထွက်လာ ပါက၊ တိမ်ယံ နယ်မြေ ဖြစ်လျှင်ပင်၊ လင်းယွန် တစ်ယောက် ဂရုစိုက် နေမည် မဟုတ်ချေ။

တစ်ရက်ခွဲ ကုန်လွန် ပြီးနောက်၊ ငှက်မွှေး မီးလျှံ တောင်ခြေသို့ စိုက်ရောက် လာသည်။ တောင်တန်းများ အနက် ဘုန်းနေမင်း ဝိညာဉ် မွေးဖွား နိုင်မည့် အရပ်မှာ၊ အကြီးဆုံး တောင်တန်း၌ ဖြစ်၏။

အဆိုပါ တောင်ခြေ၌ စောလျင်စွာ ရောက်ရှိ နေသည့် ကျင့်ကြံသူ များနှင့် ပြည့်နှက်ပြီး၊ အမဲလိုက် နေကြသည်။

တောင်တန်း နယ်နိမိတ် အစပ် တွင်သာ ဖြစ်သဖြင့် သားရဲ များမှာ၊ ခြိမ်းခြောက် နိုင်စွမ်း မရှိပေ။

လျူယွင် ဦးဆောင်သော ကနဦး ကောင်းကင် ဝိညာဉ် ကျွမ်းကျင် သူများ ဖြင့်ပင်၊ ဖြေရှင်းရန် လုံလောက်သည်။

အထူး သဖြင့် ၎င်းတို့၏ သားရဲ အမြုတေ များမှာ တန်ဖိုး ရှိလှ သောကြောင့်၊ စိတ်လှုပ်ရှား နေကြသည်။

လင်းယွန် ကမူ စိတ်မဝင်စား ခဲ့ပေ။ သူ စိတ်ဝင်စား သည်မှာ၊ ‘ရွှေရောင် အလင်း မီးအိမ်’ ဖြစ်သည်။

ပန်းသင်္ချိုင်း ဓားကို တာအို အဆင့်သို့ ရောက်စေ လိုသည်။ မိုးကြိုး မီးလျှံ ကြာပွတ် သည်၊ ထိပ်တန်း တာအို အဆင့် ရှေးဟောင်း ပစ္စည်း ဖြစ်နေ သဖြင့်၊ ဆန္ဒ ရှိသလို မထိန်းချုပ် နိုင်သေးချေ။

ထို့အပြင် ၎င်းအား ထုတ်ယူလိုက် ပါက၊ ချင်းဖုန်ပင် ကျိန်းသေပေါက် လောဘ တက်လာ မည် ဖြစ်သည်။

တောင်တန်း အတွင်း၊ နက်ရှိုင်းစွာ တိုးဝင်လာ သည်နှင့် အမျှ၊ နတ်ဆိုး သားရဲ များက၊ ပို၍ အားကောင်း လာသည်။

ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ များပင်၊ အနည်းငယ် ကူညီ လာရ သည်။

ယင်းက လင်းယွန်ကို အမြင်ကျယ် လာစေသည်။ အဘယ့်ကြောင့် ဆိုသော်၊ ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ၊ ကျွမ်းကျင်သူ များ၏ တိုက်ပွဲဝင် စွမ်းရည်ကို၊ တွေ့လိုက်ရ သောကြောင့် ဖြစ်သည်။

ဤလူ များသည် ကောင်းကင် ဒုက္ခကို ဖြတ်သန်း ခဲ့ရသဖြင့်၊ မိုးပြာ နဂါး မူလ ပုံစံထက် အားနည်း နိုင်မည် မဟုတ်ပေ။

ခရမ်းရောင် နန်းတော်ရှိ၊ မူလ စွမ်းအင် များနှင့် ရောင်ဝါ သမုဒ္ဒရာ တို့ကို ပေါင်းစပ်ပြီး၊ သန်မာသော နတ်ဆိုး သားရဲ များစွာကို ချက်ချင်း သတ်ပစ် လာကြသည်။

၎င်းအား ကြည့်ပြီး၊ ဓားသုတ္တန် နှစ်ခုကို တစ်ပြိုင် နက်တည်း ထုတ်ဖော် စရာ မလိုဘဲ၊ ထာဝရ နဂါး ဓားဖြင့်၊ အနိုင်ယူ နိုင်မည်ဟု ယုံကြည်သည်။

ကံကောင်း ထောက်မ စွာဖြင့်၊ ကောင်းကင်ဘုံ သုံးပါးကို ဆုပ်ကိုင် ထားနိုင်ပြီ ဖြစ်သည်။

ထို့အပြင် ဓား ရည်ရွယ်ချက် သည်လည်း၊ ကောင်းကင် အဆင့်သို့၊ အချိန် မရွေး ထိုးဖောက် ဝင်ရောက် နိုင်မည့်၊ လက္ခဏာများ ပြသ နေသည်။

ငါးရက် ကုန်လွန် ပြီးနောက်၊ ပတ်ဝန်း ကျင်တွင် အနက်ရောင် မြူများ ပိုများ လာပြီး၊ နတ်ဆိုး သားရဲ များမှာ၊ သာ၍ သန်မာ လာ၏။

ပထမ ကောင်းကင် ဝိညာဉ် နယ်ပယ်မှ ကျွမ်းကျင်သူ များက၊ မကြာ ခဏ ဆိုသလို အကူ အညီ ပေး လာရသည်။

“ ငါတို့ မီးလျှံ မြို့နဲ့၊ မဝေး တော့ဘူး၊ လောလောဆယ် အနားယူ ကြရအောင်။ ”

မနားတမ်း ခရီးဆက် ခဲ့ရ သဖြင့်၊ ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ များပင်၊ ခရီးပန်း နေပြီ ဖြစ်သည်။

တစ်နာရီ ခန့် အနားယူ ပြီးနောက်၊ လျူယွင် ဦးဆောင်သော ကနဦး ကောင်းကင် ဝိညာဉ် နယ်မြေ အဖွဲ့မှာ၊ နတ်ဆိုး သားရဲ များကို အမဲလိုက် တော့သည်။

လမ်းခရီးတွင် နတ်ဆိုး သားရဲ များကို သတ်ခြင်းဖြင့်၊ ချိုမြိန်မှုအား မြည်းစမ်း မိသည်။ များမကြာခင် မီးလျှံ မြို့သို့ ရောက်ရှိ တော့မည် ဖြစ်ရာ၊ အမဲ လိုက်ရန် အခွင့် အရေး မရှိ နိုင်ချေ။

သို့သော် တောင်တန်း အတွင်း ပိုင်းသည် အန္တရာယ် များလွန်း၏။ ထို့ကြောင့် လူတိုင်းကို အဝေးသို့ မသွားရန် ချန်ရွှမ်မှ သတိ ပေးသည်။

“ ညီအစ်ကို လင်း၊ မင်းက အမဲလိုက် ရတာ ဝါသနာ မပါဖူး ထင်တယ်၊ ဒီနေရာက နတ်ဆိုး သားရဲ တွေမှာ၊ အစွမ်း ထက်တဲ့ မျိုးဆက် သွေး ပါရှိတယ်။ ”

လျူယွင်တို့ လူအုပ် ပျောက်ကွယ် သွားသည်နှင့်၊ ချန်ရွှမ်က လင်းယွန်ထံ ကြည့်ပြီး၊ စကား စ လာသည်။

နဂါး လေးဖြင့် စော့ကစား နေသော လင်းယွန်က၊ လှည့် မကြည့်ဘဲ၊

“ ဟုတ်တယ်၊ စိတ်မဝင် စားဘူး။ ” -ဟု ပြန်ဖြေ လိုက်သည်။

အမဲလိုက် ခြင်းသည် သင့်လျော်သော အခွင့် အရေး ဖြစ်နိုင် သော်လည်း၊ ဤနေရာရှိ နတ်ဆိုး သားရဲ များမှာ၊ အားနည်းလွန်း ပေသည်။

ချန်ရွှမ်က ပြုံးကာ နှုတ်ဆိတ် သွားတော့၏။ အစောပိုင်း အချိန် များ၌ လင်းယွန်ကို မျက်လုံးထဲ မထားခဲ့ မိချေ။

ဆယ်ကြိမ် အတွင်း၊ ဖုန်းရွှမ်ကို သတ်ဖြတ် နိုင်ခဲ့မှန်း၊ ကြားသိပြီး နောက်တွင် အမြင်များ ပြောင်းလဲ သွားသည်။

ပယင်း နယ်မြေ၏ အခြေခံ အုတ်မြစ် အရ၊ လင်းယွန်တွင် အရင်း အမြစ်များ ချို့တဲ့ နိုင်ပေ မည်။ ထို့ကြောင့် အဖွဲ့ ထဲသို့၊ ခေါ်ယူလို ပါက ရနိုင်ချေ ရှိ၏။

***

All Chapters