← Chapters

နတ်ဆိုး ဝိညာဉ် အသီး။

Vol. 64 Ch. 892

နတ်ဆိုး ဝိညာဉ် အသီး။

Vol. 64 Ch. 892

ငှက်မွေး မီးလျှံ တောင်တန်း အနှံ့၊ နတ်ဆိုး သားရဲ ဟောက်သံများ တစ်ခါ တစ်ရံ ထွက်ပေါ် လာတက်သည်။

ဤသည်မှာ ၎င်းတို့ အမဲလိုက် ခံနေရကြောင်း၊ မှန်းဆ နိုင်၏။ ထိုအချိန်တွင် ချန်ရွှမ် အကြည့်က၊ နဂါးလေးထံ ကျရောက် သွားပြီး၊ အံ့ဩမှု အရိပ် အယောင်များ ထင်ဟပ် လာ၏။

“ ဒါက နဂါးသွေး ကြောင်လား ... ။ ”

ရုတ်တရက် အံ့အားသင့်စွာ မေးလိုက်ရာ၊ ချင်းဖုန်နှင့်၊ အခြား သူများ၏ အာရုံကို ချက်ချင်း ဆွဲဆောင် နိုင်ခဲ့သည်။ လင်းယွန်က ခေါင်းညိတ် ပြလိုက်၏။

“ တကယ်ပဲ နဂါးသွေး ကြောင်ကိုး၊ သန့်စင်လိုက်တဲ့ မျိုးဆက်သွေး၊ ဒီလို သားရဲမျိုး ကောင်းကင်လမ်း မှာတောင် ရှားပါးတယ်။ ”

ချင်းဖုန်က မနာ လိုစွာဖြင့်၊ ဝင်ပြော လာသည်။ လင်းယွန်ထံ ပြန်ကြည့် လိုက်ချိန်၌၊ မမြင်နိုင် တော့မှန်း၊ သတိထား မိ၏။

“ အစ်ကို ချင်း၊ ဘုန်းနေမင်း ကုန်းမြေကို၊ မြင့်မြတ်တဲ့ နယ်မြေ တွေက ဘာလို့ မလာရ တာလဲ၊ အမှန်ဆို ဘုန်းနေမင်း ဝိညာဉ် တော်ကို သူတို့ စိတ်ဝင်စား ရမှာ မဟုတ်လား။ ”

အကယ် ၍သာ ထိုနယ်မြေမှ၊ ပါရမီရှင်များ ရှိနေ ပါက၊ သူတို့ အဖွဲ့မှာ ဘုန်းနေမင်း ဝိညာဉ် တော်ကို ရယူရန်၊ မဖြစ် နိုင်ပေ။

ချန်ရွှမ်နှင့် ချင်းဖုန်တို့က လင်းယွန် မေးခွန်းကြောင့်၊ အကြည့်ချင်း ဖလှယ်လိုက် ကြပြီး၊

“ ချင်းဖုန်၊ မင်း သူ့ကို ရှင်းပြ သင့်တယ်။”

-ဟု ချန်ရွှမ်က ဆိုလာသည်။

“ နဂါး ပြည်နယ်မှာ၊ ဘုန်းနေမင်း၊ ဘုန်းလမင်း၊ ဘုန်းရွှေ အဆင်း၊ ဘုန်း သစ်သား၊ ဘုန်းရေစင်၊ ဘုန်း မီးလျှံနဲ့၊ ဘုန်းမြေကြီး ဆိုပြီး နယ်မြေကြီး ခုနစ်ခု ရှိတယ်၊ ... ”

“ ... အဲ့ဒီ နယ်မြေ တွေက ကြယ်အဆင့် နယ်မြေ တွေပဲ၊ ဘုန်း နေမင်းနဲ့ ဘုန်း လမင်း နယ်မြေက လွဲပြီး၊ ကျန်တဲ့ နယ်မြေ ငါးခုကို၊ လူတိုင်း စိတ်ဝင်စား ကြတယ်၊ ... ”

“ အဲ့ဒီ နယ်မြေ တွေရဲ့ ဝိညာဉ် တော်က၊ ပိုအဆင့် မြင့်တဲ့ အပြင်၊ သိုင်း ရည်ရွယ်ချက်နဲ့၊ ကျင့်ကြံမှုကို၊ အားကောင်း စေတယ်၊ ... ”

“ နဂါး တားမြစ် နယ်မြေတွေ ထဲမှာ၊ နတ်ကြယ် ပုလဲတွေ ကိုတောင်၊ ရှာတွေ့နိုင် တယ်လို့ ဆိုကြတယ်၊ ဒါတွေက ကြယ်ပုလဲ တွေလို မဟုတ်ဘူး၊ ရှားပါးတယ် ... ။ ”

“ ဒါဆို ဘုန်း နေမင်းနဲ့၊ ဘုန်းလမင်း ဝိညာဉ်က၊ သိုင်း ရည်ရွယ်ချက်နဲ့၊ ကျင့်ကြံမှုကို အထောက် အကူ မပြု ဖူးလို့ ဆိုလို တာလား။ ”

လင်းယွန်က မရှင်း သည်ကို ထပ်မေးသည်။ ချင်းဖုန်မှ ခေါင်း ခါယမ်း လိုက်ပြီး၊

“ အဲ့လို မဟုတ် ပါဘူး၊ ဒီနယ်မြေ နှစ်ခုက တစ်ချိန် တုန်းက ဆိုရင်၊ အသန် မာဆုံး နယ်မြေ တွေပါ၊ ဒါပေမယ့် ရှေးဦးခေတ်မှာ ... ”

“ ... ချိပ်ပိတ်ခံ လိုက်ရတယ်၊ ဘယ်သူမှ မချိုးဖြတ် ခဲ့နိုင်ဘူး၊ ဒါကြောင့် မြင့်မြတ်တဲ့ နယ်မြေက ပါရမီရှင် တွေက စိတ်မဝင်စား တော့တာ ... ။ ”

“ ဒီလို တစ်ထစ်ချ ပြောလို့တော့ မရဘူး။ ”

ချန်ရွှမ်က ချင်းဖုန် စကားကို ငြင်းဆို လိုက်သည်။

“ မင်း ဘာပြော လိုက် တာလဲ။ ”

ချင်းဖုန်က ပြန်လှည့် မေး၏။ တိမ်ယံ နယ်မြေ ဟူသည် အလယ် အလတ် နယ်မြေ များ ကြားတွင်၊ ထိပ်တန်း အဆင့် အဖြစ် သတ်မှတ်ခံ ရသည်။

ကြယ်နယ်မြေ ခုနစ်ပါး လုံး၌၊ သူတို့၏ ပါရမီရှင် များကို ဖြန့်ချထား နိုင်၏။ ချန်ရွှမ်မှာ ၎င်းတို့ အနက်၊ တစ်ဦး ဖြစ်သည်။

သူ့ နယ်မြေ၌ အသန်မာဆုံး မဟုတ်ချေ။ နယ်မြေ ခေါင်းဆောင်မှာ မုရန် ဖြစ်ပြီး၊ ဒုတိယ ကောင်းကင် ဝိညာဉ်တွင် ဖြစ်သည်။

မြင့်မြတ်သော နယ်မြေ များမှ ပါရမီရှင် များထက်၊ မည်သည့် နည်းနှင့်မျှ အားနည်းခြင်း မရှိချေ။

သူ့ အနေဖြင့် ဘုန်းနေမင်း ကုန်းမြေရှိ၊ အချက် အလက် များကိုသာ သိပြီး၊ ချန်ရွှမ်မှာ နဂါး ပြည်နယ် တစ်ခု လုံး၏ အချက် အလက် များအား၊ ရရှိ နိုင်သည်။

“ ဒီခရီး စဉ်က မင်း ထင်တာထက် အများကြီး ပို အန္တရာယ် ရှိတယ်၊ မီးလျှံ မြို့ကို မြင့်မားတဲ့ နယ်မြေက ပါရမီရှင်တွေ ရောက်- မရောက်၊ တပ်အပ် မပြော နိုင်ဘူး။ ”

-ဟု ချန်ရွှမ်မှ ဆိုသည်။ ယန်ခိုင်က ပြုံးကာ ခေါင်းညိတ် လိုက်ပြီး၊

“ မြင့်မြတ်တဲ့ နယ်မြေက ပါရမီရှင်တွေ မလာခဲ့ ရင်တောင်၊ ဘုန်းနေမင်း ကုန်းမြေမှာ ကြောက်စရာ ကောင်းတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိပါ သေးတယ် ။ ”

-ဟု ဝင်ရောက် ဖြည့်စွက် ပြော၏။

နောက်ဆုံးတွင် မြင့်မြတ်သော နယ်မြေ များကို ယှဉ်နိုင်သည့် အလယ်အလတ် နယ်မြေ အချို့၊ ဘုန်းနေမင်း ကုန်းမြေ၌၊ ရှိလေသည်။

ထိုအခိုက်တွင် ချန်ရွှမ်၊ ကေျာက်စိမ်း ပြားမှ၊ ကြက်သွေးရောင် အလင်းများ ရုတ်တရက် တောက်ပ လာသည်။

“ သူတို့ ဒုက္ခ ရောက်နေပြီ။ ”

ယင်းမှာ လျူယွင် ထံမှ လာမှန်း သိလိုက် သဖြင့်၊ ချင်းဖုန်နှင့် ယန်ခိုင်ပင်၊ မတ်တပ် ထရပ် လာသည်။

“ သွား ရ အောင်။ ”

မဆိုင်း မတွဘဲ တောင်တန်း အတွင်းသို့၊ ဦးတည် ပြေးဝင် လိုက်ကြသည်။ လင်းယွန်က နဂါးလေးအား ပခုံးပေါ် တင်ကာ၊ နောက်မှ လိုက်ပါ သွားခဲ့သည်။

များမကြာမီ အခင်း ဖြစ်ပွားရာ အရပ်၌၊ လျူယွင်နှင့် အဖွဲ့မှာ လူစိမ်း အချို့နှင့်၊ စကား အခြေတင် ပြောဆို နေသည်။

“ သူတို့က အလင်းမြို့ ကပဲ။ ”

ချင်းဖုန်က တစ်ဖက် လူများကို မြင်ချိန်၌၊ အံ့သြသွား၏။ အလင်း မြို့သည် မိုးကြိုး မြို့၏၊ အိမ်နီးချင်း မြို့ဖြစ်ပြီး၊ ဘုန်းနေမင်း ကုန်းမြေမှ၊ နဂါးမြို့ တစ်မြို့လည်း ဖြစ်သည်။

နဂါး မြို့ကြီး များသည် အချင်းချင်း ထိပ်တိုက်တိုး ကြမည် ဖြစ်သောကြောင့်၊ ပဋိ ပက္ခများ ရှိလာ မည်မှာ၊ ပုံမှန် ဖြစ်သည်။

တစ်ဖက် အဖွဲ့ကို ဦးဆောင် နေသူ နှစ်ဦးမှာ၊ အထွတ် အထိပ် ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ၌ ဖြစ်သည်။

သူတို့၏ စိတ်နေ စိတ်ထားနှင့် ခွန်အား အရ၊ အမှောင် ထဲတွင် တောက်ပ နေသော ကြယ်များ ကဲ့သို့၊ ထင်းခနဲ ထွက်ပေါ် နေသည်။

“ သူတို့ နှစ်ယောက်က သွေးငါးမန်း နယ်မြေရဲ့၊ ဖေးယွီနဲ့ လန်ယွဲ့ပါ၊ အလင်း မြို့ရဲ့ အသန်မာဆုံး ပုဂ္ဂိုလ် တွေပဲ၊ သူတို့ ခွန်အားက၊ ဘုန်းနေမင်း ကုန်းမြေမှာ ထိပ်ဆုံး ဆယ်ဦး အဆင့် ဝင်တယ်။ ”

ယန်ခိုင်က လင်းယွန် အနား တိုးကပ်ကာ၊ ပြောပြ လာသဖြင့်၊ ခေါင်းညိတ်လျက် အခြေ အနေကို စောင့်ကြည့်ရန် ဆုံးဖြတ် မိသည်။

လျူယွင် တို့မှာ၊ ကောင်းကင် လမ်း၌သာ ရှာတွေ့ နိုင်သော သဘာဝ သစ်သီး တစ်လုံးနှင့် ကြုံခဲ့သည်။

ထိုသစ်သီးတွင် ပါဝင်သော မိစ္ဆာ အငွေ့ အသက် များကြောင့်၊ တိုက်ရိုက် သန့်စင် ပါက၊ နာကျင် ရပေမည်။

သာမန် မိစ္ဆာ ဝိညာဉ် သစ်သီး တစ်လုံး၏ တန်ကြေးမှာ၊ ကြယ်ပုလဲ တစ်သိန်း ရှိသည်။ လျူယွင်တို့ တွေ့ရှိ ထားသော သစ်သီးသည်၊ သာမာန်ထက် ပိုသဖြင့်၊ ဖေးယွီက လုယူ လိုက်ခြင်း ဖြစ်သည်။

ယင်းမှာ အဖိုး မတန် သော်လည်း မီးလျှံ မြို့သို့ မရောက်မီ၊ တစ်စုံ တစ်ဦး၏ လုယက်မှုကို ခံရ ခြင်းသည်၊ ရှက်စရာ ကောင်းပေမည်။

“ မင်းတို့နဲ့ တွေ့တာ ဝမ်းသာ စရာပဲ၊ အစ်ကိုချင်း မိစ္ဆာ ဝိညာဉ် သစ်သီး အတွက် ကျေးဇူး တင်ပါတယ်၊ မီးလျှံမြို့ မဝင်ခင် ငါ သုံးနိုင်ပြီ၊ နှုတ်ဆက် ပါတယ်။ ”

ဖေးယွီက မိစ္ဆာ ဝိညာဉ် သစ်သီးကို မြှောက်ကစားပြီး၊ လှည့်ထွက်ရန် ပြင်လိုက် သည်။ မိုးကြိုးမြို့ကို ခေါင်းထဲ မထည့်ချေ။

“ မင်း သွားနိုင် ပါတယ်၊ ဒါပေမယ့် သစ်သီး ကိုတော့ ထားခဲ့ပါ။ ”

သို့သော် ချန်ရွှမ်က ရှေ့ တစ်လှမ်း လှမ်းတက်ကာ ဆိုလိုက်သည်။

“ မင်းက ငါ့ကို ဟန့်တား ရအောင်၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေ တာလဲ ... ။ ”

ဖေးယွီက ပြုံးပြီး ပြန်လှည့် မေးလာသည်။

“ ငါက တိမ်ယံ နယ်မြေရဲ့ ချန်ရွှမ်။ ”

ချန်ရွှမ်က တည်ငြိမ်စွာ ပြန်ဖြေသည်။ အလင်း မြို့သည် ဘုန်းနေမင်း ကုန်းမြေတွင်၊ နာမည်ကြီး ပေ၏။

ထို့ကြောင့် တိမ်ယံ နယ်မြေ ဟူသော အမည်ကို ကြားလိုက် ရချိန်တွင်၊ အနည်းငယ် စိတ်ဝင်စား သွားသည်။

ချန်ရွှမ်မှာ မိုးကြိုး မြို့တော်၌ ရှိနေစဉ်၊ နိမ့်ကျသော အသွင်ကို ယူထား သဖြင့်၊ သူ့အား အလင်း မြို့မှ မသိချေ။

“ သနားစရာ ကောင်းလိုက်တာ၊ တိမ်ယံ နယ်မြေ အကြောင်းကို ကြားဖူး ပေမယ့်၊ မင်းက မုရန် ဖြစ်နေ ရင်တောင် စိတ်မဝင် စားဘူး၊ ဒါဆို မင်း စကားကို ဘာလို့ ငါက နားထောင် ရမှာလဲ။ ”

“ စီနီယာ အစ်ကို မုရန်သာ ရှိနေရင်၊ မင်းဒီလို စကားမျိုး မပြောရဲ ပါဘူး။ ”

လျူယွင်က အံကြိတ်လျက် ဆိုသည်။ မီးလျှံမြို့ မရောင်ခင် တစ်စုံ တစ်ရာ လုယက် ခံရသည့် အတွက်၊ သူ မပျော် နိုင်ချေ။

ချန်ရွှမ်က လျူယွင်ကို စကားဝင် မပြောရန် ဟန့်တား လိုက်ပြီး၊ ဖေးယွီကို ကြည့်ကာ၊

“ မိစ္ဆာ ဝိညာဉ် သစ်သီးက တန်ဖိုး မရှိတဲ့ အတွက်၊ မင်းကိုငါ ပေးနိုင် ပါတယ်၊ ဒါပေမယ့် ငါ့ရဲ့ ဂျူနီယာ ညီလေးက မျက်စိ ကျနေ တာမို့၊ ဒီလိုတော့ မင်း ထွက်သွားလို့ မရဘူး။ ”

စကားပြော နေလျက်မှ၊ ချန်ရွှမ်၏ လေသံမှာ၊ တင်းမာ အေးစက် လာသည်။ မီးလျှံ မြို့တွင်၊ ဖေးယွီ တို့နှင့် ယှဉ်ပြိုင် ရမည် ဖြစ်သောကြောင့်၊ နောက်ပြန် ဆုတ်ရန် စိတ်ကူး မရှိချေ။

သို့မဟုတ် ပါက မီးလျှံမြို့ ရောက်သော်၊ သူ့အား အလွယ် တကူ ဖိနှိမ် နိုင်သူ အဖြစ်၊ လူတိုင်းက ယူဆလာ ကြပေမည်။

အလင်းမြို့ အဖွဲ့တွင်၊ ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ ငါးဦးနှင့်၊ ကနဦး ကောင်းကင် ဝိညာဉ် အချို့ ပါရှိသည်။

သူတို့၏ လူ အင်အားသည် ချင်းဖုန် တို့ထက်၊ အနည်းငယ် သာပေ၏။ ချန်ရွှမ်က ၎င်းကို သိသော်လည်း၊ နောက် မဆုတ်ချေ။

ဂုဏ်သိက္ခာနှင့် ပတ်သက် နေသဖြင့်၊ နောက်ပြန် ဆုတ်မိ ပါက၊ မီးလျှံ မြို့သို့ ခရီးစဉ်၊ ပြီးဆုံး သွားမည် ဖြစ်သည်။

“ စိတ်ဝင်စား စရာပဲ။ ”

ဖေးယွီက လှောင်ပြောင် လိုသော မျက်ဝန်း များဖြင့် ပြုံးလိုက်ပြီး၊

“ ငါ နားလည် ပါတယ်၊ မင်းသာ အခုချိန် အလျော့ပေး လိုက်ရင်၊ ဘုန်းနေမင်း ဝိညာဉ်ကို စွန့်လွှတ် ရနိုင်တယ်၊ ဒီတော့ ငါတို့ နှစ်ယောက် တစ်ကြိမ် တည်းနဲ့ အနိုင် ရတဲ့ သူကို ဆုံးဖြတ် ကြရအောင်။ ”

-ဟု အဆိုပြု လာသည်။

“ ဒါ အကောင်း ဆုံးပဲ၊ သွေးငမန်း နယ်မြေက တိမ်ယံ နယ်မြေထက် အားနည်း လှတာ မဟုတ် ဘူး၊ တကယ်သာ တိုက်ခိုက် ရမယ်ဆို၊ ဘယ်သူ အနိုင် ရမယ် ဆိုတာ ပြောဖို့ ခက်လိမ့်မယ်။ ”

ယန်ခိုင်က ခေါင်းညိတ်ကာ လင်းယွန်ကို လှမ်းပြောသည်။ တစ်ကြိမ် တည်းသာ ရင်ဆိုင် ရပါက၊ ရလဒ်ကို အလွယ် တကူ ရနိုင် ပေမည်။

ချန်ရွှမ်က တုံ့ဆိုင်း မနေဘဲ၊ ရှေ့သို့ လှမ်းတက် သွားသည်။ ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ နှစ်ဦးကြား ခွန်အားကို မြင်ရ နိုင်မည် ဖြစ်သဖြင့်၊ လူတိုင်း စိတ်ဝင်စား လာသည်။

လင်းယွန် သည်လည်း၊ ၎င်းတို့ မည်မျှ အားကောင်းပြီး၊ သူ့ အနေဖြင့် ရင်ဆိုင် နိုင်ခြင်း ရှိ-မရှိ သိချင် ခဲ့သည်။

ဖေးယွီ ရှေ့သို့ လှမ်းတက် လာကာ၊

“ မင်း သတိထား ရမယ်၊ ဒီလို လုပ်ဖို့ ငါက တောင်းဆိုတဲ့ အတွက်၊ ငါ့မှာ ယုံကြည်မှု ရှိတာ သဘာဝပဲ၊ မင်း လွယ်မှာ မဟုတ်ဘူး။ ”

ဖေးယွီ၏ စေတနာ ထားဟန် သတိပေး ချက်ကို၊ ချန်ရွှမ်မှ ပြန်လည် ပြုံးပြ လိုက်ပြီး၊

“ သိပ်ပြီး စိတ်ချ မနေ နဲ့ဦး ... ၊ ရှုံးသွားရင် ရှက်စရာ အရမ်းကောင်း သွားလိမ့်မယ်။ ”

ထို့နောက် နှစ်ဖက် စလုံး၏၊ မူလ စွမ်းအင်များ သမုဒ္ဒရာ တစ်စင်း ကဲ့သို့ လှိုင်းထ လာပြီး၊ လက်ဖဝါး နှစ်ဖက်ကို ပြိုင်တူ တွန်းထုတ် လိုက်ကြသည်။

“ ဖပ် ... ။ ”

လက်ဖဝါး နှစ်ဖက် ပူးကပ် သွားပြီး၊ အက်ကွဲကြောင်းများ မြေပြင် အနှံ့ ပြန့်ကျဲ ကုန်ကာ၊ ပတ်ဝန်းကျင်ရှိ သစ်ပင် များကို၊ အမှုန် အဖြစ် ပြောင်းလဲ ပစ်လိုက်သည်။

တိုက်ပွဲထံမှ လာသော လှိုင်း များကို တားဆီးရန် လူတိုင်း၊ နည်းလမ်း အမျိုး မျိုးဖြင့်၊ ကြိုးစား လိုက်ရ၏။

ရလာဒ် အနေဖြင့်၊ ချန်ရွှမ် တစ်ယောက် နောက်သို့ ခြေလှမ်း (၃) လှမ်းဆုတ်ပြီး၊ ဖေးယွီမှ (၄) လှမ်း တိတိ၊ ဆုတ်ခွာ သွားလေသည်။

***

All Chapters