← Chapters

ကြောက်စိတ်အား ရိုက်သွင်း ခံရခြင်း။

Vol. 64 Ch. 893

ကြောက်စိတ်အား ရိုက်သွင်း ခံရခြင်း။

Vol. 64 Ch. 893

တစ်ယောက်က သုံးလှမ်း ဆုတ်ပြီး နောက်တစ်ယောက်က လေးလှမ်း ဆုတ်သည်။ ထို့ကြောင့် ချန်ရွှမ် အနိုင် ရသွား၏။

အထက်ပါ အချင်း အရာကို၊ ပထမ ကောင်းကင် ဝိညာဉ် ကျွမ်းကျင်သူ များမှ လွဲ၍ မည်သူ မဆို ရှင်းရှင်း လင်းလင်း မြင်နိုင်မည် မဟုတ်ချေ။

နှစ်ယောက် စလုံးက၊ အရှိန် အဝါ သမုဒ္ဒရာကို တစ်ချိန် တည်းတွင် အသုံးပြု ခဲ့ကြောင်း၊ လင်းယွန်မှ မြင်သည်။

သူတို့ နှစ်ဦး၏ အရှိန် အဝါက၊ ချင်းဖုန်နှင့် ယန်ခိုင်ထက် များစွာ အားကောင်း နေသည်မှာ၊ မေးခွန်း ထုတ်စရာ မရှိချေ။

လင်းယွန် အနေဖြင့်၊ ယန်ခိုင်နှင့် ချင်းဖုန်အား ရင်ဆိုင် ရပါက၊ ဓားဆွဲ စရာ မလိုဘဲ၊ ဓားသုတ္တန် နှစ်ခု ဖြင့်ပင်၊ အဆင်ပြေ နိုင် ပေမည်။

ဖေးယွီနှင့် ချန်ရွှမ် အတွက်မူ၊ ဓား ရည်ရွယ်ချက်အား အသုံးပြု မှသာ၊ ဖိနှိမ် နိုင်မည် ဖြစ်၏။

ယင်းကို တွေးကြည့် မိပြီး၊ စိတ်ပျက် လက်ပျက် ဖြစ်သွားသည်။ သို့သော် သူ့ကိုယ်သူ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ ၌သာ ရှိသေးကြောင်း၊ သတိရ သွား ချိန်တွင်၊ ပြုံးလိုက် မိသည်။

ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ နှစ်ဦးကို တပြိုင် နက်တည်း ရင်ဆိုင်ရန်၊ စဉ်စား နေြခင်းမှာ၊ အခြားသူ များအတွက်၊ အိမ်မက်သာ ဖြစ်ပေမည်။

ဓားသုတ္တန် နှစ်ပါးကို ကျင့်ကြံ ထားသူ တစ်ဦး အနေဖြင့်၊ အစွမ်း ထက်သည် မှန်သော် လည်း၊ အထက် နယ်ပယ် တစ်ခု လုံးကို ဖိနှိပ် လိုခြင်းမှာ၊ ယုတ္တိ မတန်ချေ။

ပထမ ဒုက္ခကို ခံယူ ရာ၌ ချန်ရွှမ်နှင့်၊ ဖေးယွီမှာ၊ ချင်းဖုန်တို့ နှစ်ဦးထက်၊ ကြယ်ပုလဲ များ ပိုသုံး ကြပုံ ရသည်။

ထို့ကြောင့် အခြေခံ အုတ်မြစ်ပေါ် မူတည်ကာ၊ ကြံ့ခိုင်မှု ကွာခြား သွားခြင်း ဖြစ်၏။ သူ့အားသာ ချက်မှာ၊ ဓားရေးနှင့် ဓားတာအို အောင်မြင်မှု ဖြစ်သည်။ မူလ စွမ်းအင်ဖြင့်၊ နှိုင်းယှဉ် နေစရာ မလိုချေ။

နောက်ဆုံးတွင် ပန်းသင်္ချိုင်း ဓား သည်သာ လုံလောက်အောင် မြန်နေပါက၊ ပွဲသိမ်း နိုင်ပြီ ဖြစ်သည်။

ထိုအတွေးကြောင့် စိတ်များ ပြန်လည် ကြည်လင် လာသည်။ ရွှေရောင် အလင်း မီးအိမ် ကို ရယူခြင်း အပြင်၊ ကောင်းကင်ဘုံ သုံးပါးအား၊ ထပ်မံ ကျင့်ကြံ ရပေမည်။

အလင်း ပိုးအိမ်နှင့် ကောင်းကင် ကြာပန်း တို့မှာ၊ မဆိုး လှသော်လည်း၊ ပိုမို ကျွမ်းကျင်ရန် လိုအပ် နေသည်။ နေလဓား အတွက်မူ၊ အလှမ်း ဝေးနေ သေး၏။

“ ကျေးဇူး တင်ပါတယ် ... ။ ”

ချန်ရွှမ်က သစ်သီးကို လက်ခံယူပြီး၊ လက်ဝေ့ ယမ်းကာ ဆိုသည်။

“ ကြည့်ရတာ တိမ်ယံ နယ်မြေရဲ့ အခြေခံ အုတ်မြစ်က၊ မြင့်မြတ်တဲ့ နယ်မြေ အဆင့် နီးနီး၊ ချဉ်းကပ်နိုင် နေပြီ ဆိုတဲ့၊ ကောလ ဟာလ တွေက အမှန် ဖြစ်ပုံပဲ။ ”

ရှုံးနိမ့် ရခြင်း အတွက် မပျော် သော်လည်း၊ ဖေးယွီက အကြောင်းပြချက် တစ်ခုကို အမြန်ရှာ နိုင်ခဲ့သည်။ ထို့နောက် သူ့လက်ကို ဝှေ့ယမ်းပြီး၊

“ ဒါပေမယ့် တစ်ကြိမ်တည်း နဲ့တော့၊ အဓိပ္ပါယ် မရှိ ပါဘူး၊ မီးလျှံ မြို့မှာ ငါတို့ ပြန်ဆုံ ကြမယ်။ ”

ဟုဆိုကာ၊ လှည့်ထွက် သွားတော့သည်။

“ အစ်ကို ချန်က တကယ့်ကို သန်မာတယ်၊ သွေးငမန်း နယ်မြေက ငါတို့ အပေါ် ရန်စတာ၊ သေမင်းကို ဖိတ်ခေါ် နေတာပဲ။ ”

“ အမှန်ပဲ ... ၊ ဖေးယွီက စကားတောင် ဆက်မပြော ရဲဘူး၊ တချိုးတည်း လစ်တော့ တာပဲ။ ”

တိမ်ယံ နယ်မြေသား များက၊ ချန်ရွှမ်အား ဂုဏ်ပြု စကား ဆိုသည်။ မိစ္ဆာ ဝိညာဉ် သစ်သီး ကို ပြန်ရလာ သဖြင့်၊ လျူယွင် တစ်ယောက် တပြုံးပြုံး ဖြစ်လာသည်။

ထိပ်တန်း ရတနာ တစ်ပါး မဟုတ် သော်လည်း၊ ကြယ်ပုလဲပေါင်း (၂) သိန်းခန့်၊ တန်ကြေး ရှိပေ၏။

“ ဒါက တစ်ကြိမ်တည်း မို့ပါ၊ ဖေးယွီ ပြောတာ မှန်တယ်၊ တကယ် တိုက်ကြေး ဆိုရင်၊ ဘယ်သူ နိုင်မယ်၊ မသိ နိုင်ဘူး၊ သူ့ကို သတ်ဖို့ မပြောနဲ့ ရိုက်ဖို့တောင်၊ သိပ် မျှော်လင့်လို့ မရဘူး။ ”

ချန်ရွှမ်က တည်ငြိမ်စွာ တုန့်ပြန် လိုက်သည်။

“ စီနီယာ အစ်ကို၊ ဒီမိစ္ဆာ ဝိညာဉ် သစ်သီး … ”

လျူယွင်က ချန်ရွှမ်ထံ လှမ်းကြည့် လိုက်သည်။ ချန်ရွှမ်က သစ်သီးကို ငုံကြည့်ပြီး၊

“ မင်းမှာ ... ပထမ ကောင်းကင် ဝိညာဉ် ဒုက္ခကို ခံနိုင်တဲ့၊ အရည် အချင်း ရှိပြီး သားပါ။ ”

-ဟု ဆိုကာ၊ ငြိမ်သက် သွား၏။

မိစ္ဆာ ဝိညာဉ် သစ်သီး၏ ဘေးထွက် ဆိုးကျိုးမှာ၊ သေးငယ် လှသည် မဟုတ်ချေ။ လျှို့ဝှက် ဒဏ်ရာ များကို ချန်ထား နိုင်သည်။

ထိုအချိန်တွင် ကောင်းကင် ဝိညာဉ် ဒုက္ခကို ရင်ဆိုင်သော အခါ၊ ပြဿနာ တစ်ရပ် ဖြစ်လာ နိုင်သည်။

လျူယွင် သည်လည်း၊ ၎င်းကို နားလည် ထား၏။ မသုံး သော်မှ ပြန်လည် ရောင်းချနိုင် ပေမည်။

“ မင်းက အမဲ လိုက်ပြီး နတ်ဆိုး သားရဲ အမြုတေ တွေကို ရိတ်သိမ်း ထားနိုင်ပြီ မဟုတ် လား၊ ဒီသစ်သီး လင်းယွန်ကို ပေးကြ ရအောင်၊ သူက ငါတို့ ကြားမှာ၊ ... ”

“ ... တစ်ဦး တည်းသော၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေပဲ၊ မီးလျှံ မြို့ကို ရောက်လို့၊ သင့်လျော်တဲ့ ရတနာ တစ်ခုခု တွေ့ရင်၊ မင်းကိုငါ အစား ပြန်ပေး ပါ့မယ်။ ”

ချန်ရွှမ်မှာ လင်းယွန်အား ပေးချင် နေလိမ့် မည်ဟု မထင်ထား သောကြောင့်၊ လျူယွင်မှာ အံ့ဩ စိတ်ပျက် သွားသည်။

သူ့ အမြင်၌ လင်းယွန် တစ်ယောက် ဝိညာဉ်ရေး ဓားကို ဆုပ်ကိုင် နိုင်ခဲ့ သည်မှာ၊ ကံကောင်း၍ ဖြစ်၏။

တိမ်ယံ နယ်မြေ၏ ပါရမီရှင် များကို ယှဉ်နိုင်စရာ မရှိချေ။ ၎င်း၏ အလား အလာမှာ သူထက် နိမ့်ကျ ပေသည်။ သို့သော် ချန်ရွှမ်မှ ဆန္ဒ ရှိသည့်နောက်၊ ခေါင်းညိတ် ရုံသာ တက်နိုင် လေပြီ။

“ ညီအစ်ကို လင်း ... ၊ မင်း ဒီ သစ်သီးကို ယူလိုက်ပါ။ ”

ချန်ရွှမ်မှ ကမ်းပေး လာသဖြင့်၊ လင်းယွန် တစ်ယောက် အနည်းငယ် တုံ့ဆိုင်း သွားသည်။ ဤသစ်သီး အမည်ကို သူ ကြားဖူးသည်။

ဓာသုတ္တန် နှစ်ပါးမှ ထွက်လာသော မူလ စွမ်းအင်ကို သိပ်သည်း စေရန်၊ ၎င်းကို သုံးပါက၊ အခြား သူများထက် ပမာဏ နှစ်ဆ သက်ရောက် နိုင်မည်။

“ ညီအစ်ကို လင်း၊ မင်း ငါ့ရဲ့ တိမ်ယံ နယ်မြေကို ဘယ်လို မြင်လဲ၊ မင်းမှာ အဆင့်မြင့် ကိုယ်ခံ ပညာ မရှိဖူး ဆိုတာ၊ ... ”

“ ... ငါ သတိထား မိတယ်၊ ငါ့တို့ နယ်မြေသား ခံယူဖို့ စိတ်ဝင် စားရင်၊ စီနီယာ အစ်ကို မုရန်နဲ့ ဆွေးနွေး နိုင်ပါတယ်။ ”

လင်းယွန်က သစ်သီးကို လက်ခံ ယူလိုက်စဉ်၊ ချန်ရွှမ်မှ ပြုံးကာ ကမ်းလှမ်း စကား ဆိုသည်။ သို့သော် လင်းယွန်က မဆိုင်း မတွဘဲ၊ ခေါင်းယမ်း ပြ၏။

တိမ်ယံ နယ်မြေတွင်၊ အခြေခံ အုတ်မြစ်ကောင်း တစ်ခု ရှိကောင်း ရှိနိုင် သော်လည်း၊ သူ မခံယူ နိုင်ချေ။

လမ်း အဆုံးထိ၊ ပယင်း ကမ္ဘာ ကိုသာ ကိုယ်စား ပြုပေမည်။ တစ်စုံ တစ်ဦးမှ နိုင့်ထက် စီးနင်း မဆန် သ၍၊ ပြဿနာ မရှိနိုင်။

“ တခြား နယ်မြေသား ခံယူဖို့၊ ငါ့မှာ အစီ အစဉ် မရှိ ပါဘူး၊ အစ်ကိုချင်းနဲ့ ငါရဲ့ ပတ်သတ်မှု ကလည်း၊ မိတ်ဖက် အဆင့် မှာပါ၊ ဒါပေမယ့် မင်းရဲ့ စိတ်ဓာတ်ကို ... ”

“ ... သဘောကျ ပါတယ်၊ ဒီကျေးဇူးကို မှတ်မိ နေမှာပါ၊ တစ်ချိန် မင်းရဲ့ တိမ်ယံ နယ်မြေ အကူ အညီ လိုလာရင်၊ သေချာပေါက် ငါငြင်းမှာ မဟုတ် ပါဘူး။ ”

ချန်ရွှမ် နေရာ၌၊ ဖေးယွီ ဆိုပါက၊ ဤသစ်သီးကို လက်ခံမည် မဟုတ်ချေ။ ထိုသူ၏ အပြု အမူ များကို၊ မနှစ်သက် သောကြောင့် ဖြစ်သည်။

လင်းယွန် စကားကြောင့်၊ အနည်းငယ် စိတ်ပျက် သွားသော်လည်း၊ ချန်ရွှမ်မှာ အပြုံး မပျက် ခဲ့ချေ။

“ ရပါတယ် ... ၊ မင်း စိတ်ပြောင်း ခဲ့ရင်သာ ငါ့ကို အချိန် မရွေး လာရှာပါ။ ”

( ဘယ်လိုတောင် မောက်မာ လိုက်တဲ့ ကောင်လဲ။ )

လျူယွင်က နှုတ်ခမ်းတွန့် သွားပြီး၊ စိတ်ထဲမှ လှောင်ပြောင် လိုက်သည်။ တိမ်ယံ နယ်မြေအား လင်းယွန် ခွန်အားဖြင့်၊ ကူညီ နိုင်စရာ အရည် အချင်း မရှိချေ။

စီနီယာ အစ်ကို မုရန် မဆိုနှင့်၊ အစ်ကို ချန်ရွှမ်ပင်၊ လင်းယွန်ထက် သန်မာ ပေသည်။ လူတိုင်းက တူညီသော အတွေး အမြင်များ ရှိကြ သော်လည်း၊ စကား တစ်ခွန်းမျှ မဆို ကြချေ။

တိမ်ယံ နယ်မြေ ထွက်ခွာသွား သည်နှင့်၊ ချင်းဖုန်က လင်းယွန် အနား ကပ်လာကာ၊

“ သူတို့ကို နည်းနည်းတော့ စဉ်းစား သင့်တယ်၊ မြင့်မြတ်တဲ့ နယ်မြေက ပါရမီရှင် တွေကို၊ တိမ်ယံ နယ်မြေက ရင်ဆိုင် နိုင်တယ်၊ ... ”

“ ... သူတို့ ပြောပြော နေတဲ့၊ မုရန် ဆိုတဲ့ လူက၊ နဂါး အဆင့်ကို ဝင်နိုင်တယ် လို့တောင်၊ ထင်ကြေး ပေးထား ကြတယ်။ ”

နဂါး အဆင့် သတ်မှတ်ချက် အကြောင်း၊ ကြားလိုက် ရသော အခါတွင်၊ လင်းယွန်၏ မျက်ဝန်းများ တောက်ပ လာသည်။

ဖန်ရှောင်ယု ထံမှ ၎င်းအား ကြားခဲ့ ဖူး၏။ ကောင်းကင် လမ်းတွင် ပြည်နယ် အလိုက် အဆင့် သတ်မှတ်ချက် ရှိသည်။

ထိုအဆင့် သတ်မှတ်ချက်၊ အမည် စာရင်းမှာ၊ ကောင်းကင်လမ်း အဆုံးရှိ၊ ကြေးမုံ မှန် ပေါ်တွင်၊ ထွက်ပေါ် နေမည် ဖြစ်၏။

နဂါး ပြည်နယ်တွင်၊ လူပေါင်း သောင်း ဂဏန်းခန့် ရှိနေပြီး၊ ၎င်းတို့ အနက် လူတစ်ရာ သည်သာ၊ အဆင့် ဝင်မည် ဖြစ်၏။

ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ များ၏ ခွန်အား ဖြင့်ပင်၊ အဆင့် သတ်မှတ်ချက်၌ အရည် အချင်း ပြည့်မီ ရုံသာ ရှိသည်။

လင်းယွန် အတွက်မူ ဒုတိယ ကောင်းကင် ဝိညာဉ်သို့၊ ရောက်ရှိရန် ခရီးဝေး နေသေး သည်။ သို့သော် မုရန်မှာ အဆင့် သတ်မှတ်ချက် ဝင်ရန် အရည် အချင်း ရှိကြောင်း၊ သူ ကြားရသော အခါတွင်၊ စိတ်ဝင်စား လာ၏။

ချင်းဖုန်က သက်ပြင်း ချရင်း လိုက်ပြီး၊

“ ငါ ကိုယ်က နုံအ လွန်းပါတယ် ... ၊ ကြည့်ရတာ ဘုန်းနေမင်း ဝိညာဉ်ကို ယူဖို့ထက်၊ အသက် ရှင်လျက် ထွက်လာ နိုင်ဖို့တောင် ကြိုးစား ရမယ် ထင်တယ်။ ”

-ဟု ညည်းတွား လာသဖြင့်၊ လင်းယွန်မှ ပြန်လှည့် ကြည့်လိုက်သည်။

“ ဘာလို့လဲ ... ။ ”

“ တကယ်တော့ ... ငါတို့ကို စိတ်မပျက် စေချင်လို့၊ ချန်ရွှမ်က ဒီကိစ္စကို ပေါ့ပေါ့ ပါးပါး ပြောခဲ့တယ် ဆိုတာ၊ မင်းလည်း သတိထား မိမှာပါ၊ မီးလျှံ မြို့က မြင့်မြတ်တဲ့ နယ်မြေတွေ အတွက် စစ်မြေပြင် ဖြစ်လာ နိုင်တယ်။ ”

“ မြင့်မြတ်တဲ့ နယ်မြေ တွေက၊ ဒီလောက်တောင် ကြောက်စရာ ကောင်းလား။ ”

“ မင်းတို့ ပယင်းနယ်မြေက နောက်ကျမှ ရောက်လာတဲ့ အတွက် သူတို့ရဲ့ ရက်စက် လှတဲ့ လုပ်ရပ် တွေကို မမြင်ခဲ့ ရဘူး၊ ... ”

“ ... ဝင်လာ လူတိုင်းက နယ်မြေ တွေရဲ့ ထိပ်တန်း ပါရမီရှင် တွေပဲ၊ ငါတို့က ဘာလို့ သူတို့ကို ကြောက်ရလဲ ဆိုရင်၊ လူတိုင်းကို သတ်ပြီး သွေးနဲ့ ခြေဆေး ပြခဲ့ လို့ပဲ။ ”

ချင်းဖုန်က ကူကယ်ရာ မဲ့စွာဖြင့်၊ အဝေးကို မျှော်ကြည့် လိုက်သည်။

“ ငါ့ရဲ့ စီနီယာ အစ်ကိုက၊ မုရန်ထက် အားမနည်း ပါဘူး၊ ဒါပေမယ့် အဲဒီ သွေးချောင်း စီးတဲ့ သတ်ဖြတ်မှု ထဲမှာ ပါသွား ခဲ့တယ်၊ ... ”

“ ... ဒါကြောင့် ကျန်တဲ့ သူတွေကို ခေါ်ပြီး၊ မိုးကြိုး မြို့မှာ ရှောင်တိမ်း နေရတာ ပါပဲ၊ တကယ်ဆို ကြယ်နယ်မြေ ငါးပါးကို ဘယ်သူက မသွား ချင်ပဲ နေပါ့ မလဲ။ ”

အတိတ် အကြောင်း ပြောပြသည့် အခါတွင်၊ ချင်းဖုန် လေသံ၌ ဝမ်းနည်းမှုများ ပြည့်နှက်လာ ပေသည်။

“ ကံကောင်းပြီး သူတို့က မီးလျှံ မြို့ကို စိတ်မဝင်စား ပါစေနဲ့၊ မဟုတ်ရင် ငါတို့ အသက် ရှင်ဖို့ အခွင့် အရေးတောင် ရှိမှာ မဟုတ်ဘူး။ ”

သွေးလွှမ်းသော သတ်ဖြတ်ခြင်း များဖြင့်၊ ချင်းဖုန်အား ကြောက်စိတ်များ ရိုက်သွင်းပေး ခဲ့သည်။

ထို့ကြောင့် လင်းယွန်က နှုတ်ဆိတ် သွား၏။ အကယ် ၍သာ ထိုပါရမီ ရှင်များ လာခဲ့ ပါက၊ မည်မျှ သန်မာ မည်ကို ကြည့်ရှုခွင့် ရနိုင် ပေမည်။

ညရောက် ချိန်၌၊ လူတိုင်း အနား ယူရန်၊ ရပ်နား လိုက်စဉ်၊ လုံခြုံသော နေရာ တစ်ခုကို ရှာဖွေကာ၊ မိစ္ဆာ ဝိညာဉ် သစ်သီးအား သန့်စင်၊ လိုက်သည်။

သစ်သီးကို မျိုချလိုက် သည်နှင့်၊ အနက်ရောင် အငွေ့ အသက် များက၊ ခန္ဓာကိုယ် အတွင်း ပျံ့နှံ့ လာ၏။

ထို့နောက်တွင် အိုးထိန်း သည်မှ၊ အိုးကို ရိုက်ပုတ် ပုံသွင်း နေ သကဲ့သို့၊ ကြွက်သား မျှဉ်များ စတင် အသွင်ပြောင်း လာတော့သည်။

တစ်ချိန် တည်း မှာပင်၊ သူ့ အရှိန် အဝါ အတွင်း၌၊ အနက်ရောင် မီးလျှံများ ထတောက် လာပြီး၊ အသက်ရှု လိုက်တိုင်း မူလ စွမ်းအင် များ ပို၍ သန့်စင် သွား၏။

အရေပြား ပေါ်၌ နဂါး ရူရ်များ တောက်ပလျက်၊ မိုပြာ နဂါး မူလ ပုံစံမှာ အဌမ ပုံစံကို ဖြတ်ကျော်ရန်၊ အရိပ် အယောင်များ ပြသ လာသည်။

မိစ္ဆာ ဝိညာဉ် သစ်သီးမှ အကျိုး ကျေးဇူးများသည် နှစ်ဆ မျှသာ မဟုတ်ချေ။ သုံးဆ အထိ ရရှိ ပေတော့၏။

***

All Chapters