← Chapters

မြတ်မြတ်သော နယ်မြေများ။

Vol. 64 Ch. 894

မြတ်မြတ်သော နယ်မြေများ။

Vol. 64 Ch. 894

မိစ္ဆာ ဝိညာဉ် သစ်သီးသည်၊ သူ့အတွက် အမှန်တကယ် ကောင်းမွန်သော အရာ ဖြစ်၏။ အကျိုး သက်ရောက်မှုမှာ မျှော်လင့်ချက်ထက်၊ အဆပေါင်း များစွာ ကျော်လွန် သွားသည်။

ဓားသုတ္တန် နှစ်ခုကို ကျင့်ကြံထား သဖြင့် လူတကာထက် လျင်မြန်စွာ မူလ စွမ်းအင်ကို သန့်စင် နိုင်သည်။

ပထမ ကောင်းကင် ဝိညာဉ် နယ်မြေရှိ၊ ကျွမ်းကျင်သူ များကို ရင်ဆိုင်ရန် ပို၍ လွယ်ကူ လာပြီ ဖြစ်သည်။

အစောပိုင်း အခြေနေ၌ သူ၏ ရုပ်ခန္ဓာမှာ၊ ကောင်းကင် ဒုက္ခကြောင့် ပို၍ မာကျော နေသော ချင်းဖုန်အား ရင်ဆိုင် နိုင်သော်လည်း၊ စောလျင်စွာ ပင်ပန်း သွားနိုင်သည်။

မိစ္ဆာ ဝိညာဉ် သစ်သီးက ထိုအရာကို ဖြည့်စွက် ပေးခဲ့သည်။ ရရှိ နိုင်မည့် အကျိုး တရားနှင့် ယှဉ်ပါက၊ လက်ရှိ နာကျင်မှု ဟူသည် စာဖွဲ့ နေစရာ မဟုတ်ချေ။

အနက်ရောင် မီးတောက် များဖြင့်၊ နစ်မြှုပ် နေသော ရုပ် ခန္ဓာတွင်၊ နဂါး ရူရ်များ တဖျပ်ဖျပ် လက်နေ ပေသည်။

တစ်လျှောက်လုံး စားသုံး ခဲ့ဖူးသော မှော်ဆေးလုံး များနှင့် သစ်သီး များမှ အညစ် အကြေးများ တိုးထွက် လာသည်။

မည်မျှ သန့်စင် နိုင်သည် ဖြစ်စေ၊ အချိန်ကြာ လာသည်နှင့် အမျှ၊ အညစ် အကြေးများ ကျန်ရစ် ခဲ့ သည်မှာ သဘာဝ ပေပင်။

ထို့ကြောင့် အနက်ရောင် မီးတောက်၏ အပူဒါဏ် အောက်တွင်၊ ၎င်းတို့မှာ အရည်ပျော် ထွက်လာသည်။

ရုတ်တရက် နဂါး ဟောက်သံများ ထွက်ပေါ် လာပြီး၊ မိုးပြာ နဂါး မူလ ပုံစံမှာ ကန့်သတ်ချက် ကို ချိုးဖြတ် တော့သည်။

တစ်ချိန်တည်း မှာပင် ရင်ဘတ် ပေါ်ရှိ နဂါး အမှတ်သား ထံမှ၊ သွေးစက် တစ်စက်သည် နဂါး ရူရ် များနှင့်၊ ပေါင်းစပ်လျက် ကြက်သွေးရောင် အလင်းများ ထုတ်လွှတ် လာသည်။

နဂါး ရူရ် များက ကြွက်သား မျှဉ် များဖြင့်၊ အပြည့် အ၀ ပေါင်းစပ်နေ သည်ကို တွေ့ရှိလိုက် ရသဖြင့်၊ ပျော်ရွှင် သွားသည်။

“ ဒါက အသွင်ပြောင်း သွားတာလား။ ”

မိုးပြာ နဂါး မူလ ပုံစံမှာ ပို၍ အစွမ်းထက် လာသဖြင့်၊ မျက်ခုံးပင့် မိသည်။ မျက်စိ တစ်မှိတ် အတွင်း တစ်ညတာ ကုန်လွန် သွား၏။

မျက်လုံးများ ပြန်ဖွင့်ကာ၊ အသက်ရှူ ရှိုက်လိုက်သော အခါတွင် ဖော်မပြ နိုင်သော ကျေနပ်မှုကို ခံစား လိုက်ရသည်။

တစ်ည မျှသာ ဖြစ်သော်လည်း၊ ရေနွေးအိုး တစ်လုံး ထဲတွင် ဆယ်စုနှစ် တစ်ခု ကြာအောင် ချုပ်နှောင် ခံလိုက်ရ သကဲ့သို့ ထင်မိ၏။

“ မိစ္ဆာ ဝိညာဉ် သစ်သီးရဲ့ ... ၊ သက်ရောက်မှုက တကယ်ကို ကြောက်စရာ ကောင်းတာပဲ၊ ငါ့ အတွက် ဒီလောက် အကျိုးရှိ မှန်းသာ သိရင်၊ ချန်ရွှမ်က ပေးဖို့ ဆန္ဒ ရှိမှာ မဟုတ်ဘူး။ ”

မတ်တပ် ထရပ်ပြီး မူလ စွမ်းအင်ကို အပ်စိုက်မှတ် များထံ ဖြတ်သန်းစေ လိုက်သည်။ ခန္ဓာကိုယ် အတွင်း လျှပ်စီးများ သဖွယ် စီးဆင်း နေသော စွမ်းအင် များကို ခံစားမိ၏။ ယခင်ထက် ခွန်အား (၃၀%) တိုးလာသည်။၊

“ ဟမ့် ... ။ ”

ရုတ်တရက် သူ့ လက်သီးကို ဆုပ်လိုက်ရာ၊ အရေပြား အောက်၌ နဂါး ရူရ်များ တောက်ပနေ သည်ကို တွေ့လိုက် ရသည်။

၎င်းတို့မှာ သွေးကြောများ သဖွယ် ဖြစ်တည် နေပြီး၊ ထူးခြားသော ခံစားချက်ကို ပေးစွမ်း လေသည်။

ထို့နောက် လက်မောင်း အတွင်း စုရုံး စေလိုက်ရာ၊ ကြောက်စရာ ကောင်းသော အဟုန်ဖြင့် စီးဆင်း လာသည်ကို ခံစား လိုက်ရသည်။

“ နဂါး ရူရ် တွေက နဂါးရဲ့ စွမ်းအင်နဲ့၊ အပြည့် အ၀ ပေါင်းစပ် သွားပုံ ရတယ် … ။ ”

( နဂါး စွမ်းအင်= ကြမ်းရှသော စွမ်းအင်၊ ရုပ်ခွန်အား။ )

နှလုံးသားမှာ အံ့အားသင့် တုန်လှုပ် သွားသည်။ အစ ပိုင်းတွင် ဆေးကြိုအိုး (၁၀၀) မျှသာ ရှိသော ကြမ်းရှသော စွမ်းအင်သည်၊ ညတွင်းချင်း မယုံနိုင်ဖွယ် ဖြစ်လာ၏။

နဂါးရူရ် များကို ညာလက် အတွင်း ရွှေ့လိုက်သော အခါ၊ ဆေးကြိုအိုး (၃၀၀) ခန့် ရှိသော စွမ်းအင် များဖြင့်၊ ပြည့်နှက် နေသည့် လက်မောင်း တစ်ဖက် ဖြစ်လာ လေသည်။

ယင်းမှာ နဂါးကြီး တစ်ကောင် အဖြစ် ခံစားမိ၏။ ထို့နောက် အတွေး တစ်ချက်ဖြင့်၊ ထိုစွမ်းအား များကို ပျောက်ကွယ် စေသည်။

မိုးကြို မီးလျှံ ကြာပွတ်ကို ကိုင်စွဲရန် အတွက်၊ တစ်ချိန်က ခွန်အား အကုန် အစင်ကို ထုတ်ဖော် ခဲ့ရသည်။ ယခု အချိန် တွင်မူ ထိန်းချုပ်ရန် ပို၍ လွယ်ကူ လာပြီ ဖြစ်၏။

ထိုအချိန်တွင် ချင်းဖုန် တစ်ယောက် သူ့ထံ လျှောက်လှမ်း လာသည်။

“ လင်းယွန်၊ ငါတို့ သွားရမယ့် အချိန် ရောက်ပြီ။ ”

တောနက် ထဲသို့ လင်းယွန် တစ်ယောက်၊ ဝင်ရောက် နေမည်ကို စိုးရိမ် ခဲ့သည်။ ထို့ကြောင့် လင်းယွန်အား မြင်ချိန်၌ သက်သာရာ ရသွား၏။

“ မင်း ... ၊ မိစ္ဆာ ဝိညာဉ် သစ်သီးကို သန့်စင် လိုက်တာလား။ ”

ရုတ်တရက် အံသြစွာ မေးမြန်းလိုက် မိသော်လည်း၊ လင်းယွန်မှ ခေါင်းညိတ် ပြရုံသာ တုံ့ပြန် ခဲ့လေသည်။

၎င်းအား သန့်စင် ရာ၌ မည်မျှ နာကျင် ရမည်ကို သူ သိ၏။ သို့သော် တစ်ဖက် လူမှ တစ်ည တည်းဖြင့်၊ အပြီးသတ် နိုင်ခဲ့သည်။

“ သွား ရ အောင် ... ။ ”

လင်းယွန်က ဆိုသည်။ ခွန်အားများ တိုးပွားလာ သော်လည်း၊ သူ့ ခံယူချက်မှာ ပြောင်းလဲခြင်း မရှိချေ။

ရက် အနည်းငယ် ကြာပြီးနောက်၊ လူစု လူဝေးများ ဟိုတစ်စ သည်တစ်စ မြင်လာ ရ၏။ မီးလျှံ မြို့နှင့်၊ နီးကပ် လာသည် နှင့်အမျှ၊ ပဋိ ပက္ခ များကို ရှောင်ရှားရန်၊ အတက် နိုင်ဆုံး ကြိုးစား မိသည်။

မီးလျှံ မြို့တွင် နတ်နဂါး အကာ အကွယ် မရှိသောကြောင့် အန္တရာယ် ဇုန် တစ်ခု ဖြစ်ခဲ့ပြီး၊ နောက်ဆုံး တိုက်ပွဲ မတိုင်မီ မည်သူမှ ဒဏ်ရာ မရချင် ကြချေ။

ခုနစ်ရက် ကုန်လွန် ပြီးနောက်၊ အပျက် အစီး များဖြင့် ပြည့်နှက် နေသော၊ သဲကန္တာရကြီး တစ်ခု ထွက်ပေါ် လာသည်။

ပြိုကျ ပျက်စီး နေသော အစိတ် အပိုင်း တိုင်း၌၊ ခမ်းနားသည့် အရှိန် အဝါများ ကပ်ညိ နေဆဲ ဖြစ်၏။ ယခင်က မည်မျှ စည်ပင် ထွန်းကား ခဲ့သည်ကို၊ မည်သူမျှ တွက်ဆ မရချေ။

“ ဒါက မီးလျှံ မြို့လား။ ”

ဤမြို့၏ အကျယ် အဝန်းသည် အတိုင်းအဆ မရှိ သောကြောင့်၊ လင်းယွန် တစ်ယောက် မျက်ခုံးပင့် မိသွား၏။

အပျက် အစီး များမှာ၊ သူ ထင်ထား သည်ထက် ကြီးမား နေ၏။ ရှေးဦးခေတ်၌ စစ်တလင်း ဖြစ်ခဲ့ ပုံရသည်။

မြို့မှ ထွက်လာသော ရောင်ဝါသည် မိုးကြိုးမြို့ ထက်ပင် ပို၍ ရှေးကျ နေ၏။ ၎င်းနှင့် ယှဉ်ပါက မိုးကြိုး မြို့မှာ၊ များစွာ သစ်လွင် နေခေျသည်။

ယင်းမှာ မမှားချေ။ စွမ်းအားရှင် အချို့က မီးလျှံ မြို့ရှိ နတ်နဂါး ရုပ်တု များကို ယူဆောင် သွားကြပြီး၊ နဂါး မြို့တော်ငယ် များကို အသစ် တည်ထား ကြခြင်း ဖြစ်၏။

နဂါး မြို့တော် အစစ်မှာ လက်ရှိ မီးလျှံမြို့ ဖြစ်ပေသည်။ ပြင်းထန် လွန်းသော တိုက်ပွဲ များကြောင့်၊ ပျက်စီး သွားခြင်း ဖြစ်သည်။

“ ဒီနေရာက တကယ် ကြောက်စရာ ကောင်းတာပဲ၊ မြို့ထဲကို မဝင်ခင် မှာတောင် ပြင်းပျတဲ့ မီး စွမ်းအင်တွေ အများကြီး ရှိတယ်။ ”

ချင်းဖုန်က မျက်ခုံး ပင့်ကာ ဆိုသည်။ ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင် သူမှာ၊ မီးအဆိပ် မည်သို့ သင့် သည်ကို၊ နားလည် သွားပြီ ဖြစ်သည်။

သဲကန္တာရ အစပ်၌၊ ကျင့်ကြံသူ အများ အပြား စုဝေး နေကြသည်။

“ သူတို့ ဘာကို စောင့်နေကြ တာလဲ၊ ဆက်မသွား ဖူးလား။ ”

လင်းယွန်က လူအုပ်ကို ကြည့်ကာ မေးမိသည်။

“ ဒီမီးတောက် တွေမှာ အားပျော့တဲ့၊ အချိန်ကာလ ဆိုတာ ရှိတယ်၊ လူတိုင်းက အဲဒီ ကာလကို စောင့်နေ ကြတာ၊ ... ”

“ ... မဟုတ်ရင် အရမ်း အန္တရာယ် များလိမ့်မယ်၊ မြို့ထဲ မရောက်ခင် မီးလောင် ပြာကျ သွားနိုင်တယ်။ ”

“ အဲဒီလောက်တောင် ကြောက်စရာ ကောင်းတာလား။ ”

ထိုစကားကို ကြားသော အခါတွင်၊ လျူယွင်က မယုံနိုင် ဟန်ဖြင့်၊ မျက်နှာ ပြောင်းလဲ သွားသည်။

များ မကြာခင် ကန္တာရ အစပ်၌၊ ကျင့်ကြံသူ များဖြင့်၊ ပြည့်နှက် သွားသည်။ အများ စုမှာ ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ၌ ရှိပေ၏။

၎င်းတို့ အနက် လင်းယွန် သည်သာ တစ်ဦး တည်းသော၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၊ ကျင့်ကြံသူ ဖြစ်နေသည်။

ထို့ကြောင့် သတိထား မိသူ များမှ၊ နှာခေါင်းရှုံ့လျက် ရယ်မောလာ ကြသည်။ လင်းယွန်က ထိုသူ များကို လျစ်လျူရှု လိုက်ပြီး၊ သန်မာသူ များအား၊ ဝေ့ဝဲ ရှာမိသည်။

လူအုပ် အတွင်း ကြယ်ပုလဲပေါင်း တစ်သန်းကျော် အသုံး ပြုကာ၊ ကောင်းကင် ဒုက္ခကို ခံယူ ထားသည့်၊ လူငယ် အချို့အား သတိထား မိ၏။

၎င်းတို့ သည်သာ အသန်မာ ဆုံး ဖြစ်ပြီး၊ ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေရောက်၊ ကျွမ်းကျင်သူ များကို တစ်ဦး တစ်လေ မျှပင်၊ မတွေ့ ရချေ။

ဒုတိယ ကောင်းကင်သို့ ရောက်ရှိ ရန်မှာ၊ ထင်သလောက် လွယ်ကူခြင်း မရှိဘဲ၊ အရင်း အမြစ် လိုအပ် မှုသည် အမှန် တကယ် ကြီးမား လှလေသည်။

“ ဘုန်းနေမင်း ကုန်မြေက သန်မာတဲ့ လူတိုင်း၊ ဒီကို ရောက်နေပြီ။ ”

ချင်းဖုန်က လူအုပ်ကို ကြည့်ကာ၊ ရှုပ်ထွေးသော ခံစားချက် များဖြင့်၊ ရေရွတ် လိုက်သည်။

ချင်းဖုန် အနေဖြင့်၊ မြင့်မြတ်သော နယ်မြေမှ ပါရမီရှင် များကို၊ ရှာဖွေနေခြင်း ဖြစ်ပြီး၊ စိုးထိတ် နေသော အသွင်အား၊ ဖုံးကွယ် မထားနိုင် ခဲ့ချေ။

ချင်းဖုန်၏ အသွင်ကို ကြည့်ပြီး၊ လင်းယွန်မှ သက်ပြင်းချ မိသည်။ မြင့်မြတ်သော နယ်မြေမှ ပါရမီ ရှင်များ ရောက်မလာ လျှင်ပင်၊ သူ၏ လက်ရှိ ပုံစံဖြင့်၊ မည်သည့် အရာ ကိုမှ၊ ရိတ်သိမ်း နိုင်မည် မဟုတ်ချေ။

“ တစ်ယောက်မှ မတွေ့ သေးဘူး။ ”

ချင်းဖုန်က သံသယဖြင့် ဆိုသည်။

“ ဘာကို ကြောက်နေ တာလဲ၊ ငါ သိရ သလောက်တော့ သူတို့ရဲ့ ကျင့်ကြံမှုက မယုံနိုင် စရာ ဆိုပေမယ့်၊ ... ”

“ ... ငါ့ရဲ့ စီနီယာ အစ်ကို မုရန်ထက် မြင့်လှတာ မဟုတ် ပါဘူး၊ ဒုတိယ ကောင်းကင် ဝိညာဉ် ကိုတောင် မရောက် သေးတဲ့ လူတွေလည်း ရှိပါတယ်။ ”

လျူယွင်မှ ပြုံးကာ ပြောသည်။ ဝိညာဉ်ရေး ဓားကို ဆုပ်ကိုင် ထားပြီး၊ သူ့တွင် အဆင့်မြင့် ကံကြမ္မာ ကျင့်ကြံမှု နည်းစနစ် ရှိသဖြင့်၊ အဆင့် တူချင်း မည်သူ့ကို မဆို၊ အနိုင်ယူ နိုင်မည်ဟု ယုံကြည်သည်။

မြင့်မြတ်သော နယ်မြေမှ ပါရမီရှင် များထက် နိမ့်ကျ နေမည် မဟုတ်ကြောင်း၊ သူ့ကိုယ်သူ ထင်ကြေး ပေးထား၏။

စီနီယာ အစ်ကို မုရန်မှာ ဘုန်းနေမင်း ကုန်းမြေတွင်၊ နာမည် တစ်လုံးကို ထူထောင်နိုင် သကဲ့သို့၊ သူ သည်လည်း၊ ဆောင်ရွက် နိုင်မည်ဟု ယုံကြည်သည်။

ချင်းဖုန်က သူ့အား ပြန်လှည့်ကြည့် လာပြီး၊

“ မင်းက အဲ့ဒီလို တိုက်ပွဲ မျိုးကို တစ်ခါမှ မကြုံ ဖူးဘူး ဆိုတော့၊ သူတို့ ဘယ်လောက်ထိ ကြောက်စရာ ကောင်းလဲ မသိနိုင် ပါဘူး၊ ... ”

“ ... မင်းရဲ့ ဝိညာဉ်ရေး ဓားက၊ သူတို့ မျက်လုံး ထဲမှာ ကလေး ကစား စရာ အဆင့် ပါပဲ၊ သူတို့ကို ရန်မစ မိအောင် နေပါ။ ”

“ စိတ်ဝင် စားဖို့ ကောင်းလိုက်တာ၊ အခု သူတို့နဲ့ တွေ့ဖို့၊ ငါပို ပြီးတောင် မျှော်လင့် မိပြီ၊ မဟုတ်ရင် ... ။ ”

လျူယွင် တစ်ယောက် တိုက်ပွဲဝင် ဆန္ဒ များကို ထုတ်ဖော် ပြသ လျက်မှ၊ အနာဂတ်ကို မှန်းဆ စိတ်လှုပ်ရှား လာသည်။

ဓားသမားတိုင်း ဝိညာဉ်ရေး ဓားကို နားလည်ရန် မလွယ်ချေ။ ထို့ကြောင့် မာန ကြီးမည် ဆိုက၊ ကြီးသင့် ပေသည်။

သို့သော် သူ၏ ဝိညာဉ်ရေး ဓားရည်ရွယ် ချက်မှာ၊ ကနဦး ကျွမ်းကျင်မှု ၌ပင် မရှိသေး သဖြင့်၊ လင်းယွန်ကို စိတ်ပျက် လာစေသည်။

“ သူတို့ လာပြီ။ ”

ချန်ရွှမ်က မိုးကုပ် စက်ဝိုင်း တစ်နေရာကို မော့ကြည့် လိုက်ပြီး ဆိုသည်။ ထို့နောက်တွင် အနက်ရောင် အစက် ကလေး တစ်စက်က၊ လျင်မြန် လွန်းသော အဟုန်ဖြင့်၊ ရွေ့လျားလာ တော့သည်။

***

All Chapters