မီးလျှံ မြို့။
Vol. 64 Ch. 895
ရုတ်တရက် ရောက်ရှိ လာသော အနက်ရောင်ဝတ် လူငယ် လေးမှ၊ လူတိုင်းကို အေးစက်သည့် ခံစားချက် ပေးစွမ်း လေသည်။
ကောင်းကင် လမ်းရှိ မြင့်မြတ်သော နယ်မြေများ ဂုဏ် သတင်းမှာ၊ တကယ်ပင် လေးစားထိုက် ပေ၏။ လူတစ်ဦး တည်းဖြင့်၊ လူတိုင်း အသက် ရှူရ ခက်ခဲ လာစေသည်။
“ သူက သွေး အရိုး နယ်မြေရဲ့ ဖန်းဝူကျိပဲ၊ နဂါး အဆင့် သတ်မှတ်ချက် အောက်မှာ၊ အသန် မာဆုံး ဆယ်ဦး စာရင်း ဝင်တယ်၊ ... ”
“ ... သူသာ ဒုတိယ ဒုက္ခကို ဖြတ်ကျော် နိုင်ရင်၊ နဂါး အဆင့် သတ်မှတ် ချက်ထဲ ဝင်လိမ့် မယ်၊ သူ့မှာ အဆင့်နိမ့် တာအို ဆေဘာဓား တစ်လက် ရှိတယ်၊ ... ”
“ ... ရက်စက် ကြမ်းကြုတ်ပြီး၊ ဒုတိယတန်း ဆေဘာဓား ရည်ရွယ်ချက်ကို ဆုပ်ကိုင် ထားတဲ့ အတွက်၊ ဒုတိယ ကောင်းကင်က ပါရမီရှင်တွေ ကိုတောင် ရင်ဆိုင် နိုင်တယ်။ ”
ချန်ရွှမ်၏ စကားကြောင့်၊ လင်းယွန် တစ်ယောက် ထိတ်လန့် သွားသည်။ တာအို လက်နက် တစ်ခုကို၊ လူတိုင်း ပိုင်ဆိုင် ကြမည် ဆိုပါက၊ မြင့်မြတ်သော နယ်မြေ များမှာ၊ အမှန် တကယ် လေးစား ထိုက်ပေ၏။
စကား တစ်ခွန်းမျှ မပြောခဲ့ သော်လည်း၊ ဖန်းဝူကျိ သွားရာ လမ်း တစ်လျှောက်၊ လူတိုင်း တုန်ယင် ကုန်သည်။
“ သူရဲ့ ကောင်းကင် ဒုက္ခ အတွက်၊ အနည်းဆုံး ကြယ်ပုလဲ နှစ်သန်းကို အသုံးပြု ခဲ့ရမယ်။ ”
ချင်းဖုန်က ဝန်တို နေဟန်ဖြင့်၊ ညည်းတွား လိုက်သည်။ ထိုပမာဏသည် အလယ် အလတ် နယ်မြေမှ၊ လူတိုင်း ခံနိုင်ဝန်၏ နှစ်ဆ ဖြစ်သည်။
တစ်ဆက်တည်း မှာပင်၊ မီးခိုးရောင် ၀တ်စုံဖြင့်၊ ပုံရိပ် တစ်ရိပ် ထပ်မံ ရောက်ရှိ လာသည်။
ထိုလူငယ် ထံမှ ထွက်လာသော ရောင်ဝါမှာ၊ ဖန်းဝူကျိထက် အားနည်းခြင်း မရှိချေ။ သူ သည်လည်း၊ မြင့်မြတ်သော အခြား နယ်မြေမှ ပါရမီရှင် တစ်ဦး ဖြစ်၏။
ဘုန်းနေမင်း ကုန်မြေရှိ လူအုပ် ကြီးမှာ၊ ၎င်းတို့ နှစ်ဦး ရောက်ရှိလာ ခြင်းကြောင့် မျက်နှာများ ပျက်ယွင်း ကုန်သည်။
မြင့်မြတ်သော နယ်မြေ များမှာ၊ အလယ်အလတ် နယ်မြေများ အပေါ် တွင်ပင်၊ အထင်သေး နှိမ့်ချ တက်ပေ၏။
အဆိုးဆုံးမှာ လူတိုင်းကို ပုရွက်ဆိတ်များ အဖြစ်၊ မှတ်ယူ ကြပြီး၊ အသက် တစ်ချောင်းအား လွယ်လွယ် နုတ်ယူခြင်း ဖြစ်သည်။
“ အနက်ရောင် မီးတောက် နယ်မြေက၊ မိုဟန်ပဲ၊ သူလည်း ဖန်းဝူကျိနဲ့ အဆင့် တူမှာ ရှိတယ်၊ သူတို့ နှစ်ဦး လုံးက၊ ... ”
“ ... နဂါး ပြည်နယ်မှာ အနည်းငယ် ကျော်ကြား ကြတယ်၊ နဂါး တစ်ရာ အဆင့်ထဲ မပါ ပေမယ့်၊ သူတို့ကို အရေ အတွက်နဲ့ ခုခံဖို့ ဆိုတာ ဖြစ်နိုင် သေးဘူး။ ”
အသစ်ရောက် လာသော လူငယ်ကို ကြည့်ပြီး၊ ချန်ရွှမ်က သက်ပြင်း ချကာ၊ ဆိုလိုက် သည်။
မြင့်မြတ်သော နယ်မြေမှ ပါရမီရှင် များကို၊ မျှော်လင့် ထားပြီး ဖြစ်သော်လည်း၊ ၎င်းတို့ နှစ်ဦး ဖြစ်နေ လိမ့်မည်ဟု မထင် ခဲ့ပေ။
မိုဟန်နှင့် ဖန်းတူကျိ တို့၏ ခွန်အား အရ၊ ဘုန်းနေမင်း ဝိညာဉ်ကို သေချာပေါက် ရရှိနိုင် သည်။
၎င်းတို့ ထံမှ သတ်ဖြတ် လိုသော ဆန္ဒ များကို၊ လင်းယွန် တစ်ယောက် ခံစား မိ၏။ သူတို့နှင့် ယှဉ်ပါက ပယင်း ကမ္ဘာရှိ မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူ များမှာ၊ ကလေးငယ် များသာ ဖြစ်နေသည်။
ရက် အနည်းငယ် ကုန်လွန် ပြီးနောက်၊ မြင့်မြတ်သော နယ်မြေ များမှ လူ အချို့ ထပ်မံ ရောက်ရှိ လာပြန်သည်။
သို့သော် ၎င်းတို့မှာ ဖန်းဝူကျိနှင့် မိုဟန် တို့ထက် အားနည်းသည်။ ထို့ကြောင့် လူတိုင်း အနည်းငယ် စိတ် သက်သာရာ ရကုန်၏။
နှစ်ရက် အကြာတွင် အပူချိန်များ လျော့ကျလာ သည်ကို၊ သတိထား မိလာသည်။ ထိုစဉ် မှာပင် ဖန်းဝူကျိ အား၊ မျက်မှောင်ကြုတ် စေသည့်၊ အဝါရောင် ပုံရိပ် နှစ်ရိပ် ပျံသန်း လာ၏။
ချန်ရွှမ်က ခေါင်းယမ်း လိုက်သည်။ အသစ် ရောက်ရှိ လာသူ နှစ်ဦးမှာ၊ ထူးခြားသော အသွင် သဏ္ဍာန် ရှိ၏။
တစ်ယောက်က မျက်လုံး အိမ်များ အတွင်းသို့၊ နက်ရှိုင်းစွာ ဝင်ရောက် နေပြီး၊ လေတိုက်သော် ပြိုလဲ နိုင်သည့်၊ အရိုးစုနှင့် တူ၏။
ကျန်တစ်ယောက် မှာမူ၊ ရယ်မော နေသကဲ့သို့၊ ပါးစပ်ကြီး ပြဲနေပြီး ကြောက်စရာ ကောင်းပေသည်။
၎င်းတို့ နှစ်ဦးကို တွဲမြင်ရ သည်မှာ၊ စိတ်ချမ်းမြေ့ စရာ တစ်ကွက်မျှ မရှိချေ။
“ သူတို့က ... ငရဲ တိမ်လွှာ နယ်မြေရဲ့၊ ရှစ်ဖန့်နဲ့ ချမ်းအင်ပဲ၊ အသွင် အပြင်က ရယ်စရာ ကောင်းလို့ အထင် မသေး လိုက်နဲ့၊ ... ”
“ ... ငါ့ရဲ့ စီနီယာ အစ်ကိုတောင် အကြိမ် ငါးရာကျော် လှုပ်ရှား ပြီးမှ အနိုင်ယူ နိုင်တယ်၊ ဒါတောင် နိုင်တယ် ဆိုရုံပဲ … ။ ”
ချန်ရွှမ်က လူတိုင်းကို သတိပေး လိုက်သည်။ ဤသူ များသည် နဂါး အဆင့် အောက်၌၊ အသန်မာ ဆုံးသော လူငယ် ဆယ်ဦး စာရင်း ဝင်များ ဖြစ်၏။
သူတို့ အားလုံး၏ ကျင့်ကြံမှုမှာ၊ ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ၊ အထွတ် အထိပ်၌ ရှိကြပြီး၊ ကောင်းကင် ဒုက္ခ အတွက် အနည်းဆုံး ကြယ်ပုလဲ နှစ်သန်းခန့် အသုံးပြု ထားပေသည်။
ထို့ပြင် တာအို လက်နက် များလည်း ပိုင်ဆိုင်ထား နိုင်ချေ ရှိ၏။ ယင်းကြောင့် ဘုန်းနေမင်း ကုန်းမြေ တစ်ခု လုံးကို ဖိနှိမ် နိုင်မည်မှာ၊ သံသယ ဖြစ်စရာ မရှိချေ။
ဘုန်းနေမင်း ဝိညာဉ် အတွက်မူ၊ သဘာဝ အတိုင်း ၎င်းတို့သာ ရယူ နိုင်ရန် အခွင့် အရေး ရှိနေ ပေသည်။
မီးလျှံမြို့ ခရီးစဉ်မှာ၊ လင်းယွန် အတွက် မြင့်မြတ် မြေ၏ ခွန်အားကို၊ စမ်းသပ်ရန် အခွင့် အရေး ဖြစ်သည်။
“ ဖန်းတူကျိနဲ့ မိုဟန်လည်း ရောက်နေ တာပဲ။ ”
ရှစ်ဖန့်က ချက်ချင်း သတိ ထားမိ သွား၏။ ထိုအမည် များကြောင့်၊ ချမ်းအင်က အဓိပ္ပါယ် မဲ့စွာ ရယ်မော လိုက်သည်။
ဘုန်းနေမင်း ဝိညာဉ် တော်သည် အခြားသော ကုန်းမြေရှိ၊ နတ်ကြယ် ပုလဲများနှင့် ယှဉ်နိုင်မည် မဟုတ် သော်လည်း၊ ၎င်းမှာ နဂါး တားမြစ် နယ်မြေကို ဖွင့်မည့် ‘သော့’ ဖြစ်နေဆဲ ဖြစ်သည်။
“ အင်း ... ၊ ပုရွက်ဆိတ်တွေ များလိုက်တာ၊ သေမှာ မကြောက်ကြ ဖူးပဲ။ ”
ချမ်အင်က သတ်ဖြတ် လိုသော မျက်ဝန်း များဖြင့်၊ အလယ် အလတ် နယ်မြေမှ လူတိုင်း အား၊ ဝေ့ဝဲ ကြည့်ကာ ဆိုသည်။
“ သူတို့က ဒီကို လာတာ သေချင် နေလို့ပဲ။ ”
၎င်းတို့ နှစ်ဦး၏ စကား များကြောင့်၊ လူအုပ်ကြီးမှာ ဒေါသထွက် လာသော်လည်း၊ အံကြိတ်လျက် ငြိမ်သက် နေရသည်။
ဤမျှ မောက်မာခြင်း အမှုကို ပြနေကြ မည်ဟု၊ မမျှော်လင့် ထားသောကြောင့်၊ လျူယွင် တစ်ယောက် မျက်နှာ ပျက်ယွင်း သွားသည်။
တစ်ဖက်တွင် လင်းယွန်က ငြိမ်သက် နေ၏။ အသေး အဖွဲ ကိစ္စ များ အတွက်၊ အချိန် မဖြုန်း လိုချေ။
“ သည်းခံပါ ... ။ ”
ချန်ရွှမ်က သတိ ပေးသည်။
“ ဒီကန္တာရ ထဲမှာ သဲမုန်တိုင်း တစ်ခု ရှိတယ်၊ သူက ငါတို့ကို လူစု ကွဲစေ လိမ့်မယ်၊ တတ်နိုင် သမျှ၊ ... ”
“ ... မြို့ကို အမြန်ဆုံး ရောက်အောင် ကြိုးစားကြ၊ ဒီလိုမှ မဟုတ်ရင် သူတို့က မင်း တို့ကို သနား နေမှာ မဟုတ်ဘူး။ ”
မျက်စိ တစ်မှိတ် အတွင်း၊ ခုနစ်ရက် ကုန် ဆုံးသွား ပြန်သည်။ မီးလျှံ မြို့မှ ထွက်နေသော ရောင်ဝါမှာ၊ အားနည်း လိုက်လာ၏။
အပူ ချိန်ကို ကာကွယ် ထားသော မူလစွမ်းအင် များကိုပင်၊ ပြန်လည် ရုတ်သိမ်း နိုင်ပြီ ဖြစ်သည်။
ထို့နောက် ဖန်းဝူကျိက အနက်ရောင် အလင်းတန်း အသွင် ပြောင်းလဲပြီး၊ ဦးစွာ ပြေးဝင် သွား၏။
“ သွား ရ အောင်။ ”
“ ဒီကောင်က အရမ်း မြန်တယ်။ ”
ရှစ်ဖန့်နှင့် ချမ်အင်က ကျိန်ဆဲပြီး၊ နောက်မှ ပြေးလိုက်သွား ကြသည်။ သူတို့ ပျောက်ကွယ် သွားသည်နှင့်၊ လူတိုင်း လှုပ်ရှား လာတော့၏။
တစ်ဖက်တွင် အတွေ့ အကြုံ ရှိသော ချန်ရွှမ်က၊ လေထု အနည်းငယ် ငြိမ်သက် သွား သည်အထိ၊ စောင့်ဆိုင်း ပြီးနောက်၊
“ သွား ရ အောင် ။ ” -ဟု ဆိုလိုက်သည်။
“ မီးလျှံ မြို့မှာ ရွှေရောင် အလင်း မီးအိမ် ပန်းတွေ ရှိလား။ ”
လင်းယွန်က ဖြတ်မေး လိုက်သည်။ သူ့ ရည်ရွယ်ချက်မှာ မပြောင်း လဲချေ။ မီးလျှံ မြို့၏ အခြားသော ရတနာ များထက်၊ ၎င်းကိုသာ ပို၍ လို၏။
ဘုန်းနေမင်း ဝိညာဉ် အတွက်မူ၊ ကြုံကြိုက်မှသာ လက်လှမ်းမည် ဖြစ်သည်။ အဆုံးတွင် လုံလောက်သော သန်မာမှု မရှိ ပါက၊ အမဲ လိုက်ခြင်း ခံရ နိုင်၏။
အဖွဲ့လိုက် ရှေ့တိုး လိုက်စဉ်၊ ကြောက်မက်ဖွယ် အပူလှိုင်း တစ်ခု တိုးဝင်လာ သည်။
ထို့ကြောင့် သူတို့ကိုယ် သူတို့ ကာကွယ်ရန်၊ မူလ စွမ်းအင်ကို လျင်မြန်စွာ ဖြန့်ကျက် လိုက်ရ သည်။
သဲမုန်တိုင်း လွတ်ချိန်၌ မီးလျှံ မြို့မှာ၊ ထင်သလောက် မနီးကြောင်း၊ သိရှိ လိုက်သည်။ များမကြာခင် သဲမုန်တိုင်း အတွင်း တိုးဝင် လာမိ ကုန်၏။
“ ဝူး ... ။ ”
ထို့နောက် ချန်ရွှမ် သတိပေး ထားသကဲ့ သို့ပင်၊ အပူ လှိုင်းကြောင့်၊ လူအုပ် ကွဲကုန်တော့ သည်။
“ စိတ်အေးအေး ထားပါ၊ ငါတို့ မြို့မှာ ပြန်ဆုံမယ်။ ”
သဲမုန်တိုင်း အတွင်း ချန်ရွှမ်၏ အသံမှာ၊ တိုးလျ ပျောက်ကွယ် သွားတော့သည်။ ချင်းဖုန်၊ ယန်ခိုင်နှင့် အခြား သူများ၏ အတွေး တွင်လည်း၊ မြို့သို့ အမြန် ရောက်ရှိ ရန်သာ ဖြစ်လေသည်။
ဓားရည်ရွယ် ချက်ဖြင့် သိုင်းခြုံကာ၊ လင်းယွန် တစ်ယောက် သဲမုန်တိုင်း အတွင်း၊ ဖြည်းညှင်းစွာ ဖြတ်လျှောက် လာ၏။
ထာဝရ ဓား ရည်ရွယ်ချက်သည် မီးဆန္ဒ များကို၊ သူ့ထံသို့ မရောက် ရှိအောင် တားဆီး ပေးသည်။
သူနှင့် ယှဉ်ပါက လျူယွင်မှာ၊ ကြောက်စရာ ကောင်းသော အဟုန်ဖြင့်၊ ခရီးဆက် နေသည်။ ဝိညာဉ်ရေး ဓားသည် ကနဦး ကျွမ်းကျင်မှု ၌ပင် မရှိ သောကြောင့်၊ မီးဆန္ဒကို ကောင်းမွန်စွာ မဟန့်တား နိုင်ချေ။
ဤအခြေ အနေ အရ၊ မီးလျှံမြို့သို့ မရောက်မီ၊ ဝိညာဉ်ရေး ဓားမှာ ကုန်ဆုံးသွား နိုင်ချေ ရှိသည်။
တစ်နာရီကြာ ပြီးနောက်တွင် ဧရာမ နဂါးကြီး တစ်ကောင် ကဲ့သို့သော မီးလျှံ မြို့ကို၊ ပြတ်ထင်စွာ တွေ့မြင် လာရသည်။
***