← Chapters

မင်းကို သတ်ဖို့ ဓား တစ်ချက်ပဲ လိုတယ်။

Vol. 64 Ch. 896

မင်းကို သတ်ဖို့ ဓား တစ်ချက်ပဲ လိုတယ်။

Vol. 64 Ch. 896

မီးလျှံ မြို့နှင့် လျင်မြန်စွာ နီးကပ် လာခဲ့ သည်။ မြို့မှာ သူထင်ထား သည်ထက် များစွာ ပျက်စီး နေ၏။

အဆောက် အအုံ များ၏၊ အစိတ် အပိုင်း တိုင်းမှာ၊ သဲထဲတွင် နစ်မြုပ် နေခဲ့ပြီး မြို့အား ဆိတ်သုဉ်း သွားစေသည်။

မြို့ထဲ ဝင်ရောက် လိုက်သည်နှင့် ပတ်ဝန်းကျင် အပူချိန် ကျဆင်းသွား သည်ကို သတိပြု မိသည်။

မီးဆန္ဒ များမှာ လုံးဝ ပျောက်ကွယ် သွားခြင်းမျိုး မဟုတ်ဘဲ၊ လေထု အတွင်း ပျံ့လွင့် သွားခြင်း ဖြစ်၏။

၎င်းတို့သည် အသက်ရှု ခြင်းဖြင့် ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက် နိုင်ပြီး၊ ချွေးပေါက်များကို ပွင့်စေ နိုင်၏။

ဓားကို မျက်လုံးများ ထဲသို့ လောင်းထည့် လိုက်ရာ၊ သာမန် မျက်စိဖြင့် မမြင် နိုင်သော အနက်ရောင် အညစ် အကြေး များစွာအား မြင်လိုက် ရသည်။

သူ့ ဓား ရည်ရွယ်ချက် ဖြင့်ပင်၊ ထိုအရာ များကို မဖယ်ရှား နိုင်ချေ။ ၎င်းတို့မှာ လူကို သေစေသည် အထိ၊ မပြင်းထန် သော်လည်း ပမာဏ တစ်ခု အထိ စုစည်းမိ သွားပါက၊ ကြောက်မက်ဖွယ် ဖြစ်လာ ပေမည်။

ဆိုလို သည်မှာ အချိန် ကြာမြင့်စွာ နေခြင်းဖြင့်၊ အတွင်း အင်္ဂါများ အတွင်း စိမ့်ဝင်ပြီး၊ မီး အဆိပ်သင့် သွားမည် ဖြစ်သည်။

ဤအချက်ကို သိရှိ လိုက်သဖြင့်၊ လျင်မြန် လွန်းသော အဟုန်ဖြင့် ခရီးဆက် လာမိသည်။ ထို့ကြောင့် သူ့ရှေ့က လူများကို လိုက်မီ သွား၏။

အပျက် အစီး မြို့တော်မှာ ကျယ်ပြန့် လွန်းသဖြင့်၊ အချင်းချင်း ပြန်လည် တွေ့ဆုံရန် မလွယ် ကူချေ။ ယင်းက သူ့အတွက် အဆင်ပြေသည်။

အပျက် အစီးများ အတွင်း တစ်စုံ တစ်ရာ ရှာဖွေ နေသော လူ အများ ကိုလည်း၊ ဟိုတစ်စ သည်တစ်စ တွေ့လာ ရသည်။

အဆောက် အဦ အများ စုသည် သဲထဲတွင် နစ်မြုပ် နေသဖြင့် ရတနာ များနှင့် အမွေ အနှစ် များကို ရှာဖွေရန် ခက်ခဲ စေသည်။

လေးနာရီ ကြာပြီးနောက်၊ သဲသောင်ပြင် အလယ်တွင် တည်းတည်းကြီး ပေါက်နေသော ပန်းပင်ငယ် တစ်ပင်ကို မြင်လိုက် ရသည်။

ပန်းပွင့် ပေါ်၌ အဖြူရောင် မီးတောက်များ ရှိပြီး၊ ယင်းမှာ သူရှာ နေသော ရွှေရောင် အလင်း မီးအိမ် ဖြစ်၏။

တစ်နေကုန် အချိန်ယူ ရမည်ဟု၊ ထင်ထား မိသော်လည်း၊ လွယ်လင့် တကူ တွေ့ရှိ မိသည်။ ရွှေရောင် အလင်း မီးအိမ် ပန်းကို အဖြူ၊ အပြာ၊ ခရမ်းနှင့် ရွှေရောင် ဟူ၍ အဆင့် သတ်မှတ် ထားသည်။

မဆိုင်း မတွဘဲ မူလ စွမ်းအင် များကို လက်ထဲသို့ လောင်းထည့်ကာ၊ ဝှေ့ယမ်း ဆွဲယူ လိုက်သည်။ ပန်း ပင်ငယ်မှာ အမြစ်မှ ကျွတ်ထွက် သွားပြီး၊ သူ့လက်ထဲ ပျံသန်း လာ၏။

သို့သော် အနက်ရောင် အကြေးခွံ များဖြင့် ပြည့်နှက် နေသော ဧရာမ စပါးအုံး မြွေ အရိုးစု ကြီးက သဲသောင်ပြင်မှ ဝုန်းခနဲ တိုးထွက် လာတော့သည်။

ထိုသားရဲ၏ ခွန်အားမှာ ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ အထွတ် အထိပ်၌ ရှိလေသည်။ ၎င်းမှာ သေဆုံးပြီး ဖြစ်သော်လည်း၊ ရွှေရောင် အလင်း မီးအိမ်၏၊ ဆန်းပြားသော စွမ်းအင်များ ဖြည့်တင်း ပေးမှု အောက်တွင်၊ အသက် ပြန်ရှင် လာခြင်း ဖြစ်သည်။

ဆိုလို သည်မှာ ပန်းပင်မှ သူ့အား ကာကွယ်ရန် ဤမြွေကို အသက်သွင်း စေခိုင်း နေခြင်း ဖြစ်၏။ ထို့ကြောင့် ၎င်းက ရုပ်သေး တစ်ရုပ်လို သူ့အား တိုက်ခိုက် လာတော့သည်။

လင်းယွန်က ရွှေရောင် အလင်း မီးအိမ်ကို ပျံသန်း ဖမ်းယူ သိမ်းဆည်းကာ၊ ချက်ချင်း နောက်ဆုတ် မိသည်။

တိမ်ပေါ် တက်လှမ်းခြင်းသည်၊ ဤနေရာ၌ များစွာ အသုံးဝင် ပေသည်။ သားရဲ၏ မျက်ဝန်း များမှာ၊ သွေးရောင် တောက်လာပြီး၊ နောက် တစ်ကြိမ် တိုက်ခိုက် ပြန်သည်။

အသိမဲ့ သားရဲ တစ်ကောင်မှ သူ့အား အမှန်တကယ် စိတ်အနှောက် အယှက် ဖြစ်လာ စေ၏။

ဒေါသ ထွက်လာပြီ ဖြစ်သောကြောင့်၊ ရာဂဏန်း ခန့်ရှိသော နဂါး ရူရ် များကို အသက် သွင်းကာ၊ ညာလက်ထံ ပို့လွှတ် လိုက်သည်။

“ ဝှစ် ... ။ ”

ဓား ရည်ရွယ်ချက်အား ထပ်မံ ပေါင်းထည့်ကာ၊ စပါးအုံး မြွေကြီးထံ ထိုးချ လိုက်ရာ၊ တစ်ချက် တည်းဖြင့် သေဆုံး သွားခဲ့သည်။

“ ဘုန်း ... ။ ”

“ အားနည်း လွန်းတယ် ... ။ ”

အလောင်းအား တစ်ချက်သာ ကြည့်ပြီး၊ နောက်ထပ် ပန်းပွင့် များကို ရှာဖွေရန် ထွက်ခွာ လိုက်တော့သည်။

လူစု လူဝေးကို ရည်ရွယ်ချက် ရှိရှိ ရှောင်ရှားပြီး၊ ရွှေရောင် အလင်း မီးအိမ်များ အတွက်သာ အာရုံစိုက် ထားခဲ့သည်။

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ နှစ်ရက် ကုန်လွန် သွားသည်။ ထို နှစ်ရက်တာ ကာလ အတွင်း၊ အဖြူရောင် ပန်း သုံးပွင့်နှင့် အပြာရောင် လေးပွင့် ရရှိ ခဲ့သည်။

ပန်းရနံ့များ အတွင်း ပန်းသင်္ချိုင်း ဓားမှာ၊ လျင်မြန်စွာ တိုးတက် နေသည်ကို ခံစားမိသည်။ ပန်းပွင့် များမှ ဆင့်ခေါ် ထားသော စပါးအုံး မြွေ လေးကောင်၏၊ တပြိုင် နက်တည်း တိုက်ခိုက်ခြင်း ကိုပင် ခံခဲ့ ရသည်။

“ အို့ ... ၊ ဘယ်လို ရနံ့ မျိုးလဲ။ ”

ရုတ်တရက် မွေးပျံ့ လာသော ရနံ့ကြောင့်၊ ခေါင်မိုးပေါ် ခုန်တက်လျက်၊ အသက် ပြင်းပြင်း ရှူ လိုက်မိသည်။

ရွှေရောင် အလင်း မီးအိမ် ပန်းများကို ရိတ်သိမ်း နိုင်ခဲ့ သော်လည်း၊ ဤမျှ သင်းပျံ့ သော ရနံ့မျိုး မရှိ ဖူးချေ။

ယင်းမှာ ခရမ်းရောင် အဆင့် ဖြစ်နိုင်သည်။ ထိုအတွေးကြောင့် လောဘဖြင့် မျက်လုံးများ ပြူးကျယ် သွားသည်။

“ ဝှစ် ... ။ ”

စိတ် လှုပ်ရှား မှုကို မထိန်းနိုင် တော့ဘဲ၊ ပန်းရနံ့၏ ဦးတည်ရာ အရပ်သို့ ပျံသန်း သွားမိ သည်။ နီးကပ် လာသည် နှင့်အမျှ၊ အမွှေး ရနံ့ကြောင့်၊ အရက် ကဲ့သို့ မူးဝေ လာစေ၏။

ရွှေရောင်း အဆင်းဖြင့် ပွင့်ရန် ဖူးနေသော ပွင့်ချပ် ဆယ်ချပ် ပါသည့် ပန်းခိုင် တစ်ခိုင်မှာ၊ မီး အုပ်ဆောင်း တစ်ခု ကဲ့သို့၊ သဲသောင် ပြင်တွင် ထိုးထွက် နေသည်။

ပန်းဖူးမှာ အနီရောင် ဖြစ်ပြီး၊ ရွှေရောင် အလင်း များကို မှော်ဆန်စွာ ထုတ်လွှတ်နေ ပေသည်။

“ ဟဲ ဟဲ ... ၊ နောက်တစ်ယောက် သေဖို့ ရောက်လာ ပြန်ပြီ။ ”

“ ဒီပန်းရဲ့ ရနံ့က တော်တော် လေးကို ဆွဲဆောင် နိုင်ပုံ ရတယ်၊ ငါတို့ ဒီမှာပဲ စခန်းချပြီး စောင့်ရအောင် ... ။ ”

“ အမှန်ပဲ ... ၊ ရွှေရောင် အလင်း မီးအိမ်ထက်၊ ဒီလူ တွေမှာ ရှိတဲ့ ရတနာ တွေက ပို တန်ဖိုး ကြီးတယ်။ ”

“ အိုး ... ၊ ကောင်းကင် ဝိညာဉ် နယ်မြေ မှာတောင် မရှိတဲ့ အမှိုက် တစ်စပဲ။ ”

ပန်းပင် အနီးတွင် စခန်းချ နေသော ထိုလူလေးဦး၏ ခြေရင်း၌၊ အလောင်းများ ပြန့်ကျဲ နေသည်။

သူတို့ အားလုံး၏ ကျင့်ကြံမှုမှာ၊ ပထမ ကောင်းကင် ဝိညာဉ် ဒုက္ခကို ခံယူ နိုင်သည့် အဆင့်၌ ဖြစ်၏။ ထို့ကြောင့် လင်းယွန်ကို စစ်ဆေး ပြီးနောက်၊ လှောင်ပြောင် သရော် မိခြင်း ဖြစ်သည်။

“ ဟား ဟား ဟား ... ၊ မင်း ဒီကို ရောက်လာ မှတော့၊ ချက်ချင်း ထွက်မသွား ပါနဲ့ဦး။ ”

ကျန် သုံးယောက်က လင်းယွန်၏ ဆုတ်ခွာရာ လမ်း များကို ပိတ်ဆို့ နေစဉ်၊ ခေါင်းဆောင် လူငယ်က ရယ်မော လိုက်သည်။

“ ငါက ပြေးမဲ့ပုံ ပေါက်နေ လို့လား။ ”

လင်းယွန်က ဓားကို လက်သီး အတွင်း ပေါင်းစပ်ကာ၊ ပြိုင်ဘက်၏ နဖူးကို ထိုးဖောက် ပစ်လိုက်သည်။

“ ဒါ ... ဒါ ဓား ရည်ရွယ်ချက် ... ၊ ဒီတိရစ္ဆာန် လေးမှာ ဝိညာဉ်ရေး ဓား ရှိတယ်၊ အတူတူ တိုက်ပါ။ ”

ကျန်သုံးဦးက အော်ဟစ်လျက် တပြိုင်နက်တည်း၊ ဝင်ရောက် လာ၏။

“ သနား စရာ လေးတွေ ... ။ ”

လင်းယွန်က ခြေ တစ်လှမ်း လှမ်းတက်ပြီး၊ ထိုသူ သုံးဦး အနား မကပ် နိုင်ခင်၊ ဦးခေါင်းများ ဖြတ်ပစ် လိုက် တော့သည်။

ပုံရိပ်များ အားလုံး တစ်ထပ်တည်း ပြန်ဖြစ်သွား ချိန်၌၊ အလောင်း လေးလောင်း မြေပြင်ပေါ် ပြိုလဲကျ သွားသည်။

ကနဦး ကောင်းကင် ဝိညာဉ် နယ်မြေ မဆိုနှင့်၊ ပထမ ကောင်းကင် ဝိညာဉ်ပင်၊ သူ့အား မခြိမ်းခြောက် နိုင်ချေ။

ရွှေရောင် အလင်း မီးအိမ်ကို တစ်ချက် ပြန်ကြည့် လိုက်သည်။ အရွယ် မရောက်သေး သောကြောင့်၊ စောင့်ဆိုင်းရန် ဆုံးဖြတ် မိ၏။

တစ်နာရီ ကြာပြီး နောက်တွင်၊ ကြက်သွေးရောင် အမှုန် အမွှားများ ပန်းဖူး၌ ရစ်သိုင်း လာသည်။

ထိုစဉ် မှာပင် မနီး မဝေး၌၊ တရား ထိုင်နေသော လင်းယွန်၏ မျက်လုံးများ ပွင့်လာ သည်။

ယင်းမှာ ပန်းထံသို့ မဟုတ်ဘဲ၊ ဦးတည်ရာ တစ်ရပ် ထံသို့ မော့ကြည့် လိုက်ခြင်း ဖြစ်သည်။ တစ်စုံ တစ်ယောက် ချဉ်းကပ် လာသံကို သူ ကြား၏။

များမကြာခင် မီးခိုးရောင် ဝတ်၊ လူငယ် တစ်ဦး ရောက်ရှိ လာသည်။ သူ့ ထံမှ သတ်ဖြတ် လိုသော ဆန္ဒကို ခံစား နိုင်၏။ ခွန်အားမှာ ချန်ရွှမ် ကိုပင် ယှဉ်နိုင် ပေမည်။

( ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ။ )

“ သူတို့ အားလုံးကို၊ မင်း သတ်လိုက် တာလား၊ တကယ့်ကို လေးစား စရာ ပါပဲ၊ ဒါပေမယ့် အခု မင်း သွားနိုင်ပြီ။ ”

မီးခိုး ရောင်ဝတ် လူငယ် လေးက ခရီးရောက် မစိုက်ပင်၊ လင်းယွန်အား မောင်းထုတ် လိုက်၏။ မိုးကြိုး မြို့သို့ မရောက်ခင် အချိန်၌၊ ဤအဆင့် ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ၊ ကျွမ်းကျင် သူများကို၊ သတိထား ခဲ့ရ ဖူးသည်။

ယခုမူ ကောင်းကင်ဘုံ သုံးပါးနှင့် သူ့ ခွန်အားမှာ၊ ပြောင်းလဲ သွားပြီ ဖြစ်သည်။ ထို့ကြောင့် ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ အပေါ်၊ စိုးရိမ် နေစရာ မလို တော့ချေ။

“ မင်းရဲ့ ခွန်အား လောက်နဲ့၊ ငါ့ကို မောင်းထုတ်ဖို့ မလုံလောက် သေးဘူး။ ”

နောက်ဆုတ်ရန် ရည်ရွယ်ချက် မရှိသော သူ့အသွင်ကြောင့်၊ မီးခိုး ရောင်ဝတ် လူငယ်က ပြုံးလျက် ခေါင်းယမ်း ပြကာ၊

“ ကောင်းကင် လမ်းမှာ၊ ပြိုင်ဘက်ကင်း ပါရမီရှင်တွေ အဖြစ်၊ သူတို့ကိုယ် သူတို့ အထင် ရောက်နေတဲ့၊ မာနကြီး သူတွေ အများကြီး ရှိတယ်၊ ... ”

“ ပထမ ကောင်းကင် ဝိညာဉ်က၊ ဘယ်လောက် ထိတ်လန့်စရာ ကောင်းလဲ ဆိုတာ၊ မင်း မသိ ပါဘူး၊၊ မင်းမှာ နောင်တရဖို့ အချိန်တောင် မရှိ လိုက်မှာ ကြောက်မိတယ်။ ”

“ ကလစ် ... ။ ”

လင်းယွန် စကားဆုံး သည်နှင့်၊ ဓား သေတ္တာ ပွင့်လာပြီး၊ အဖြူ၊ အပြာနှင့် ခရမ်းရောင် ပွင့်ချပ် များက၊ မီးလျှံများ တောက်လောင်လျက် လေထဲ လွင့်ဝဲ သွားသည်။

“ ဝှစ် ... ။ ”

ထို့နောက် သေတ္တာ ထဲမှ နေ၍၊ နဂါး တစ်ကောင် ကောင်းကင်ပေါ် ပျံတက် လာကာ၊ လင်းယွန် လက်ဖဝါးထဲ ခုန်ဆင်း သွားသည်။

( မဟုတ်ဖူး ဒါဓား ... ။ )

ပန်းသင်္ချိုင်း ဓား၏ အသွင်ကြောင့်၊ မီးခိုးရောင်ဝတ် လူငယ်မှာ မျက်မှောင်ကြုတ် သွားသည်။ လူသည်သာ မက လက်နက် ကပါ၊ မောက်မာ လွန်းပေပြီ။

“ ဘယ်လောက်တောင် မောက်မာ လိုက်လဲ။ ”

နောက်ဆုံးတွင် ဒေါသ ထွက်လာ၏။ အရှိန်အဝါ သမုဒ္ဒရာနှင့်၊ ခရမ်းရောင် နန်းတော်ရှိ မူလ စွမ်းအင်များ ပွက်ပွက်ဆူပြီး လင်းယွန်အား တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် လှုပ်ရှား တော့မည့် အချိန်တွင်၊ တစ်ဖက် လူမှာ သူ့ဓားအား ခုတ်ပိုင်း လိုက်ပြီ ဖြစ်၏။

“ ဝှစ် ... ။ ”

တိမ်လွှာများ နေရာ အနှံ့မှ၊ အလိမ်းလိမ်း တက်လာစဉ်၊ မရဏ အငွေ့ အသက် များကို ရရှိ လိုက်သဖြင့်၊ မျက်နှာ ပြောင်းလဲ သွားကာ၊ ခုခံ ကာကွယ်ရန် ပြင်လိုက်သည်။

သို့သော် တိမ်တိုက်များ ပြန်လည် ပျောက်ကွယ် သွားပြီး၊ ပုံပျက် နေသော လေဟာ နယ်မှာ၊ ငြိမ်သက်လျက် လင်းယွန် ပုံရိပ် ပြန်လည် ထွက်ပေါ် လာ၏။

သူ့နဖူး အတွင်း ဓားပါး တစ်လက် တိုးဝင် လာသကဲ့သို့ ရုတ်တရက် ခံစား လိုက်ရ သဖြင့်၊ အနက်ဝတ် လူငယ်က၊ ထိတ်လန့်စွာ လက်နှင့်၊ ပြန်လည် စမ်းကြည့် လိုက်သည်။

“ ဟား ဟား ဟား၊ မင်းက လှည့်စားပြီး ပြေးဖို့ စဉ်စား နေတာလား။ ”

နဖူး ပြင်တွင် သံသယ ဖြစ်ဖွယ် တစ်စုံ တစ်ရာ ကိုမျှ မတွေ့ ရသဖြင့်၊ လင်းယွန်အား ပြန်ကြည့်ကာ၊ ရယ်မော လှောင်ပြောင် လိုက်သည်။

လင်းယွန်က ဓားကို ပြန်သိမ်း လိုက်ပြီး၊ ဖူးပွင့် နေပြီ ဖြစ်သော၊ ရွှေရောင် အလင်း မီးအိမ် ပန်းထံ လျှောက်လှမ်း သွားကာ၊၊

“ ငါက မင်းကို ဓား တစ်ချက် တည်းနဲ့ သတ်နိုင်တယ်၊ ထွက်ပြေးချင် ရင်တောင် မင်း အတွက် အချိန် မရှိဘူး၊ ဒါဆို ငါက ဘာလို့ ပြေးဖို့ စဉ်းစား နေရ မှာလဲ။ ”

-ဟု ဆိုလိုက် တော့သည်။

သို့သော် ထိုလူငယ်မှာ သူ့ စကားကို မကြားနိုင် တော့ချေ။ ကျောခိုင်း လိုက်စဉ် ကပင်၊ ဦးခေါင်း အတွင်းမှ ဓား အလင်းများ ဖြာထွက် ပေါက်ကွဲ သွားပြီ ဖြစ်သည်။

ထို့နောက် ကောင်းကင်ပေါ် ခုန်တက်ပြီး၊ လင်းယွန် တစ်ယောက် လုံးလုံး ပျောက်ကွယ် သွားချိန်မှ သာလျှင်၊ အသက်ရှူ သံများ ထွက်ပေါ် လာတော့၏။

ဦးနှောက်နှင့် အသားစများ ဖွာလန်ကြဲ နေသော၊ ခေါင်း မရှိသည့် အလောင်းမှာ၊ သူတို့ အပေါ်၊ သတိ ပေးချက် ဖြစ်ပေသည်။

အလစ် အငိုက်ကို စောင့်ဆိုင်း နေမိ ခြင်းက၊ အသက်အား ကယ်တင် လိုက်ခြင်း ဖြစ်ကြောင်း၊ နားလည်လျက် သက်ပြင်း ကိုယ်စီချ မိကုန်၏။

ထို့နောက် အမှောင် ထဲ၌၊ တရွေ့ရွေ့ ဆုတ်ခွာကုန်သော ခြေသံများ ထွက်ပေါ်လာ တော့သည်။

ထိုခြေသံ များ၏ ဦးတည်ရာ အရပ်မှာ၊ အပြာဝတ် ဓားသမားနှင့် ဆန့်ကျင်ရာ အရပ်သို့ ဖြစ်လေပြီ။

***

All Chapters