ရက်ရက် စက်စက်။
Vol. 65 Ch. 897
သူ့လက်ထဲ ရှိ ရွှေရောင် အလင်း မီးအိမ်မှ အိပ်မက် ဆန်သော အလင်းများ ထုတ်လွှတ် နေ၏။
ပွင့်ချပ် ဆယ်ချပ်မှာ သွေးနီ ဥများ ကဲ့သို့ ရဲရဲနီကာ၊ ပြင်းပျ လွန်းသော စွမ်းအင် များဖြင့် ပြည့်နှက် နေသည်။
၎င်းသည် ကြယ်တာရာ ဝိညာဉ် မွေးဖွားရာ အရပ် တွင်သာ ပေါက်ဖွား နိုင်သော ပန်းတစ်ပွင့် ဖြစ်၏။
ပန်းသင်္ချိုင်း ဓားကို ဓားသေတ္တာ ထဲသို့ ပြန်ထည့် လိုက်ပြီး၊ ရွှေရောင် အလင်း မီးအိမ် ပွင့်ချပ် များကို၊ ချွေထည့် မိသည်။
အချိန် အတိုင်း အတာ တစ်ခု အထိ၊ ပန်းသင်္ချိုင်း ဓားအား အသုံးပြုခွင့် မရှိနိုင် သဖြင့် သူ့အား ဝန်ဖြစ် လာစေသည်။
သို့သော် ပန်းသင်္ချိုင်း ဓား သည်လည်း၊ ခွန်အား လိုအပ် ပေ၏။ ပန်း ရနံ့ များသာ မရ ပါက တာအို အဆင့်သို့၊ ရောက်နိုင်မည် မဟုတ်ချေ။
နဂါးလေးက သိမ်းယူ လာသော သိုလှောင်အိတ် များကို လင်းယွန်ထံ ကမ်းပေး လာသည်။
ထို့ကြောင့် ကြယ်ပုလဲပေါင်း တစ်သန်း နီးပါးခန့် ရိတ်သိမ်း နိုင်ခဲ့သည်။ ယင်းပမာဏမှာ သူ့အား အံ့အားသင့် စေ၏။
မြင့်မြတ်သော နယ်မြေမှ ပါရမီရှင် များမှာ၊ ပထမ ကောင်းကင် ဒုက္ခ အတွက်၊ သန်းပေါင်း များစွာသော ကြယ်ပုလဲ များကို၊ အသုံးပြု ကြသည်။
သို့သော် လူတိုင်းဟု မဆို လိုချေ။ လူတစ်ဦးတွင် သန်မာသော ရုပ်ခန္ဓာ မရှိ ပါက၊ ၎င်း ပမာဏကြောင့် ပေါက်ကွဲ သွားနိုင်သည်။
ထို့ကြောင့် ဒုက္ခ များတွင် အသုံးပြု ခဲ့သော အရေ အတွက်မှာ၊ သူတို့၏ အလား အလာ ပုံရိပ် တစ်ခု ဖြစ်လေသည်။
“ ငါ့ ဓားက မမြန် သေးဘူး၊ တကယ်ဆို သူ့ခေါင်းထဲ ဝင်သွားတဲ့ ဓားအလင်းကို မခံစား မိသင့်ဘူး။ ”
ထိုစဉ်က သူ့အား ချောင်းမြောင်း နေသော လူများ ရှိသည်ကို သူ သိသည်။ မီးခိုး ရောင်ဝတ် လူငယ်နှင့် တိုက်ပွဲတွင်၊ သူ့ ခွန်အားကို စောင့်ကြည့် နေခြင်း ဖြစ်သည်။
ထိုအချိန်သို့ ပြန်သွား ရသော်၊ ချောင်းမြောင်းနေသော ၎င်းတို့မှာ၊ ငရဲ ပြည်မှ ပြန်ရောက် လာကြ ဟန်ဖြင့်၊ တုန်ယင် နေကြသည်။
“ ကြောက်စရာ ကောင်းလိုက်တဲ့ ဓား၊ သူက မြင့်မြတ် နယ်မြေရဲ့ ပါရမီရှင် များလား။ ”
“ မဟုတ်ဘူး သူက လင်းယွန်၊ မီးမိစ္ဆာ နယ်မြေနဲ့ အတူ လာတဲ့ ဓားသမားပဲ၊ ပြီးတော့ သူ့ ကျင့်ကြံမှု အရ ... ”
“ ... ဘယ်လိုမှ မြင့်မြတ် မြေက မဖြစ် နိုင်ဘူး၊ သူတို့ ထဲက ဘယ်သူ ကများ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေမှာ ရှိဖူး လို့လဲ။ ”
“ မီး လျှံမြို့က တကယ် စိတ်ဝင် စားစရာ ကောင်းလာပြီ။ ”
လင်းယွန် နာမည်မှာ ပျံ့နှံ့ရန် အချိန် ကြာလိမ့်မည် မဟုတ်ကြောင်း၊ ခန့်မှန်းလာ နိုင်သည်။ ထို့နောက် သက်ပြင်း ကိုယ်စီ ချလျက်၊ ထွက်ခွာ ကုန်ကြသည်။
မီးလျှံ မြို့ရှိ ရတနာ များ၏ အသွင် အပြင်သည်၊ လူတိုင်း၏ အာရုံကို သဘာဝ အတိုင်း ဆွဲဆောင် ထားပြီး၊ တိုက်ပွဲ များကို နေရာ အနှံ့ ဖြစ်ပွား စေသည်။
အလယ် အလတ် နယ်မြေမှ ပါရမီရှင် များ အနေနှင့်၊ ဖန်းဝူကျိ မဆိုနှင့်၊ မြင့်မြတ် နယ်မြေ ၏ သာမန် အထက် တန်းစားများ ကိုပင်၊ ရင်ဆိုင် နိုင်ခြင်း မရှိ ကြချေ။
မြို့ အတွင်းရှိ နတ်ဆိုး သားရဲ များမှာ၊ သန်မာ လှသော်လည်း၊ ကျင့်ကြံသူ များ၏ လောဘ နှင့် ယှဉ်ပါက၊ သနားစရာ သတ္တဝါများ ဖြစ်ကုန်သည်။
ခြောက်သွေ့ နေသော ရေကန် တစ်ကန် အနီး၌၊ လူသေ အလောင်းများ ပြန့်ကျဲ နေ၏။ သူတို့ အားလုံးမှာ ရက်ရက် စက်စက် အသတ်ခံ ထားရကြောင်း၊ ဒဏ်ရာ များကို ကြည့်ချင်းဖြင့် သိနိုင်သည်။
သွေးညှီနံ့ များနှင့် နာကြည်းဖွယ် ခံစားချက် များက၊ လေထုထဲ ရစ်ဝဲနေ၏။
ခြောက်သွေ့ နေသော ရေကန် အလယ်၌ အနက်ရောင် ကြာပန်း တစ်ပွင့် ပေါက်ရောက် နေကာ၊ ထိုလေထုကို စုပ်ယူ နေသည်။
ဂရု မထား ပါက၊ ၎င်းကို မြွေနက် သားရဲ တစ်ကောင် အဖြစ် ထင်မှားမိ ပေမည်။ ယင်းမှာ စပါးအုံး မိစ္ဆာ ကြာပန်း ဖြစ်သည်။
ကြာပန်းတွင် စပါးအုံး မြွေ တစ်ကောင်၏ ဂုဏ် သတ္တိမျိုး ရှိသည်။ ခွန်လွန် ဘုံရှိ အင်ပါ ရီယန် များကိုပင်၊ သွေးဆောင် နိုင်သည့် ရှားပါး ရတနာ တစ်ပါး ဖြစ်၏။
ထိုရေကန် ဘေးတွင်၊ အနက် ရောင်ဝတ် လူငယ် တစ်ဦး ရပ်နေ၏။ သူ့ မျက်ဝန်း များက၊ ကြာပန်း ပေါ်တွင် မရှိဘဲ၊ လေထဲ ပျံဝဲ နေသော ဓါး တစ်လက် ပေါ်ကျ ရောက်နေသည်။
တိတိ ကျကျ ဆိုရ ပါမူ၊ ထိုလူငယ်မှာ ဖန်းဝူကျိ ဖြစ်ပြီး၊ လေထဲ ပျံဝဲ နေသော ဓားမှာ ဆေဘာဓား ဖြစ်၏။
ဤဖြစ်စဉ်သာ အောင်မြင် ခဲ့ပါက၊ နဂါး အဆင့် သတ်မှတ်ချက် အတွင်း၊ ဝင်ရောက် နိုင်ပြီ ဖြစ်သည်။
ပတ်ဝန်း ကျင်မှ အနက်ရောင် အခိုး အငွေ့ များနှင့် မုန်းတီးမှု များက၊ ဆေဘာဓား အတွင်း စိမ့်ဝင် နေပုံမှာ၊ သားရဲ တစ်ကောင်မှ သွေးကို အငမ်းမရ သောက်သုံး နေပုံနှင့် တူ၏။
“ အရမ်း ... ဆာနေ တာပဲ။ ”
ထို့နောက် သူ့ ဓားကို ပြန်လည် ခေါ်ယူပြီး၊ လေထဲ လွှဲခုတ်ချ လိုက်သည်။ လေခွင်းသံ များက သားရဲ ဟောက်သံလို မြည်ဟီး လာ၏။
“ အား ... ။ ”
မိုးကုပ် စက်ဝိုင်း တစ်နေရာ၌၊ ပုန်းကွယ် နေသော လူ (၃) ယောက်မှာ၊ ထိုဆေဘာဓား အလင်းကြောင့်၊ ချက်ချင်း ထက်ပိုင်း ပြတ် သွားသည်။
“ စိတ် မကောင်း ပါဘူး၊ ဒါက မတော် တဆပါ။ ”
အသက် သုံးချောင်းကို ကြက်ကလေး ငှက်ကလေးများ ကဲ့သို့၊ ထင်မှတ် နေဟန်ဖြင့် ပြုံးကာ ဆိုလိုက်၏။
အစော ပိုင်းတွင် ကြာပန်းကို ရယူရန်၊ စောင့်ကြည့် နေသူ တစ်ရာ နီးပါး ရှိသည်။ ထို့ကြောင့် ထက်ဝက် ခန့်အား ချက်ချင်း သတ်ပစ် လိုက်ရသည်။
ကျန်သူ များက ထွက်ပြေးသွား ကြသော်လည်း၊ နောက်ကျ သွားကုန်သည်။ ဤသုံးဦးသည် မပြေး ရဲတော့ သဖြင့်၊ သေဟန် ဆောင်နေ ခဲ့သော နောက်ဆုံး လက်ကျန် ဖြစ်၏။
“ အောက်တန်းစား နယ်မြေက ပုရွက်ဆိတ်တွေ၊ မင်းတို့က ငါ့မျက်စိ အောက်မှာ၊ ရပ်ရဲ ရအောင် ဘယ်ကနေ ယုံကြည်မှု ရကုန် ကြတာလဲ။ ”
ထို့နောက် သက်ပြင်းချ လိုက်သည်။
“ ဒါပေမယ့် ဒီပုရွက်ဆိတ် တွေက၊ ငါ့ရဲ့ ငရဲဓား ကိုတော့ ရေငတ် ပြေစေ ပါတယ်၊ စိတ် မပူနဲ့ မင်း ဆန္ဒတွေ မကြာခင် ပြည့်လာ မှာပါ။ ”
ဆေဘာဓားကို ယုယစွာ သုတ်လျက် အကြည့်က ကြာပန်းပေါ် ကျရောက် သွားသည်။ ကံမကောင်း စွာဖြင့်၊ တန်ဖိုး အရှိဆုံး အစိတ် အပိုင်းကို ယူဆောင်ခြင်း ခံထား ရသည်။
ကြာပန်းမှာ အမြုတေ မရှိသော် တန်ဖိုး ထက်ဝက်ခန့် ကျဆင်း သွားပေသည်။ သို့သော် ၎င်းမှာ အသုံးဝင် နေဆဲ ဖြစ်သဖြင့်၊ သိမ်းဆည်း လိုက်သည်။
“ နဂါး အဆင့်က အရူး တွေက၊ သူတို့ရဲ့ ဒုတိယ ဒုက္ခ အတွက် အနည်းဆုံး ကြယ်ပုလဲ ငါးသန်းကို ပြင်ဆင် ထားလိမ့်မယ်၊ ... ”
“ ... အညံ့ဆုံး လူတောင် သုံးသန်းကို ခံနိုင်ရည် ရှိတယ်၊ ငါ ဘုန်းနေမင်း ဝိညာဉ်ကို ရမှဘဲ၊ မဟုတ်ရင် နဂါး တားမြစ် နယ်မြေမှာ၊ အချည်း အနှီး ဖြစ်သွား လိမ့်မယ်။ ”
နေရာ တိုင်းတွင် အော်ဟစ် သံများ ဆူညံ နေသည်။ လူပေါင်း များစွာကို၊ လူငယ် တစ်ဦးမှ လိုက်လံ သတ်ဖြတ် သဖြင့်၊ အော်ဟစ် ပြေးလွှား နေခြင်း ဖြစ်၏။
ထိုလူငယ်မှာ မိုဟန် ဖြစ်ပြီး၊ ရက်စက် လွန်းသော အပြုံးဖြင့် ရယ်မောလျက်၊
“ ဟား ဟား ဟား သေကြစမ်း ... ။ ”
သဲများ ပြိုကျ သွားပြီးနောက်၊ နန်းတော် တစ်ခု ထွက်ပေါ် လာသည်။ နန်းတော် ထဲ၌ ကျောက်စိမ်းတုံး များစွာ ရှိပြီး၊ ကျောက်စိမ်း ပုလင်း မြောက်များ စွာလည်း ရှိနေ၏။
ကြုံကြိုက် သူများက ပျှော်ရွှင် နေကြစဉ် မိုဟန် ရောက်လာကာ၊ သတ်ပွဲကြီး ဆင်နွှဲလေ တော့သည်။
အဆင့်နိမ့် တာအို လက်နက်၏ စွမ်းအား အပြည့်ကို ထုတ်ဖော်ထား သဖြင့်၊ လူတိုင်းမှာ မလွတ်မြောက် နိုင်ခဲ့ချေ။
“ ဟား ဟား ဟား ... ။ ”
မြေပြင်ရှိ အလောင်း များကို ကြည့်ကာ၊ မိုဟန် တစ်ယောက် အော်ဟစ် ရယ်မော လိုက်မိ သည်။
မြင့်မြတ် နယ်မြေ၏ ပါရမီရှင် များက၊ သတ်ဖြတ် ခြင်းကို ပြုမူ ကြ သော်လည်း၊ သူနှင့် ဖန်းဝူကျိ ကဲ့သို့သော အဓိပ္ပါယ်မဲ့ သတ်ဖြတ်ခြင်း မျိုး မရှိ ကြချေ။
ဤအမူ အကျင့် များသည်၊ သူတို့ မေွးဖွား ရှင်သန် နေရသော အရပ်မှ သက်ရောက် မှုများ ဖြစ်သည်။
နယ်မြေ နှစ်ခု လုံး၌ မိစ္ဆာ လမ်းစဉ်ကို ကျင့်ကြံကြ သောကြောင့်၊ အဓိပ္ပါယ်မဲ့ သတ် ခြင်းမှာ၊ ပုံမှန် ဖြစ်ရိုး ဖြစ်စဉ် ပေပင်။
စကားပြော လျက်မှ၊ ထ သတ်သည်။ အိပ်နေလျှက် ဖြင့်လည်း ထ သတ်သည်။ လမ်းကြုံ ဝင်၍လည်း သတ်သည်။
မိုဟန်က မြေပြင် ပေါ်ရှိ သိုလှောင်အိတ် များကို ကြည့်ကာ၊
“ ဘုန်းနေမင်း ကုန်းမြေက၊ ကြယ်အဆင့် ကုန်းမြေ တွေကို မယှဉ်နိုင် ပေမယ့်၊ ငါ သတ်နိုင် သရွေ့တော့၊ အကျိုး အမြတ်က ဘုန်းမီးလျှံ ကုန်းမြေထက်၊ ယုတ်လျော့မှာ မဟုတ်ဘူး။ ”
မိုဟန်၏ အသွင်မှာ အရူး တစ်ယောက် နှင့်တူ သော်လည်း၊ စေ့စပ် သေချာမှု ရှိပေသည်။ သိုလှောင်အိတ် အားလုံးကို ကောက်ယူ စစ်ဆေး ပြီးနောက်၊ မျက်ခုံးပင့် လိုက်သည်။
မီးလျှံ မြို့မှာ ကျယ်ပြောလှ သဖြင့်၊ ဘုန်းနေမင်း ဝိညာဉ်ကို ရှာဖွေ ခြင်းသည်၊ ကောက်ရိုး ပုံတွင် အပ်ပျောက် ရှာနေ ခြင်းနှင့် တူ၏။
ထို့ကြောင့် ဒေါသ ထွက်ပြီး၊ ရတနာများ အပေါ် လျစ်လျူရှုကာ၊ မြင်မြင် သမျှ လိုက်လံ သတ်ဖြတ် နေခြင်း ဖြစ်လေသည်။
***