← Chapters

ကျောက်သား နန်းတော်။

Vol. 65 Ch. 898

ကျောက်သား နန်းတော်။

Vol. 65 Ch. 898

သုံးရက် အကြာတွင် အပျက် အစီးများ ကြား၌၊ ရွှေရောင် အလင်း မီးအိမ် (၃၀) ကျော် ရရှိ ခဲ့သည်။

အများ စုမှာ အဖြူ၊ အပြာနှင့်၊ ခရမ်းရောင် ဖြစ်သည်။ ရွှေရောင် ကိုမူ၊ တစ်ပွင့် မျှသာ ရရှိ ထားလေ သည်။

၎င်းတို့ အနက် တစ်ဝက်ကို ရှာတွေ့ ခဲ့ခြင်း ဖြစ်ပြီး၊ ကျန် တစ်ဝက်ကို၊ သတ်ဖြတ် ခြင်းဖြင့်၊ ရရှိ ထားသည်။

ကြယ်ပုလဲ (၁၃) သိန်း အထိ၊ တိုးပွား လာ၏။ ဤပမာဏမှာ ထိတ်လန့်ဖွယ် ဖြစ်ပြီး၊ မြင့်မြတ်သော နယ်မြေ များမှ၊ အဘယ်ကြောင့် ရက်ရက် စက်စက် သတ်ဖြတ် နေကြ သည်ကို နားလည် လာသည်။

နောက်ဆုံးတွင် ကြယ်ပုလဲများ သန့်စင် ခြင်းထက်၊ အခြား သူများကို သတ်ကာ၊ လုယူ ခြင်းသည် အချိန်ကုန် သက်သာ ပေ၏။

ဓားသေတ္တာကို အောက်သို့ ချလိုက်ပြီး၊ ပန်းသင်္ချိုင်း ဓားအား လှမ်းယူ လိုက်စဉ် ပွင့်ချပ် များက၊ သူ့ ပတ်ပတ် လည်၌ ပျံဝဲ လာ၏။

ပန်းရနံ့အား စားသုံး ပြီးနောက်၊ ဓား ကိုယ်ထည်၌၊ သဘာဝ အတိုင်း ရူရ်များ ပို၍ တောက်ပ နေသည်။ တာအို စည်းချက် နိုးထ တော့မည် သကဲ့ ခံစား လိုက်ရသည်။

နတ်သစ်သားဓား တစ်လက် အနေဖြင့်၊ ဝိညာဉ် ရေးရာ ရူရ် များကြောင့်၊ တစ်ချိန်က ဓား အားလုံး၏ ဘုရင် ဖြစ်ခဲ့ ပုံရသည်။

“ တာအို အဆင့်ကို ရောက်ပြီးရင်၊ မင်းက ဘုရင် တစ်ပါးရဲ့၊ ရောင်ဝါမျိုး ထုတ်နိုင် လိမ့်မယ် ထင်တယ်။ ”

မျက်လုံး များ၌၊ မျှော်လင့်ချက် အလင်းရောင်များ တောက်ပ လာသည်။ ရွှေရောင် အလင်း မီးအိမ် ပန်း များကြောင့်၊ တာအို အဆင့်သို့၊ အလွယ် တကူ ရောက်နိုင် မည်ဟု ထင်၏။

ဓားကို ပြန်ထည့်ပြီး၊ ပန်း များဖြင့်၊ ဖြည့်သိပ်ပေး လိုက်သည်။ ထို့နောက် ဓား သေတ္တာအား ထမ်းပိုး လိုက်စဉ်၊ ကျယ်လောင် လွန်းသည့် ပေါက်ကွဲသံ နှင့်အတူ၊ မြေပြင် တုန်ခါ မှုများ ဖြစ်ပွား လာသည်။

အသံမှာ အဝေးမှ ဖြစ်သော်လည်း၊ ပြတ်ထင်စွာ ကြားနေ ရသည်။ ခန္ဓာကိုယ် တစ်ခုလုံး ယိမ်းထိုးလျက်၊ တည်ငြိမ်အောင် ထိန်းရန် ခက်ခဲ လာ၏။

“ ရတနာ တစ်ခုခု၊ ပေါ်လာတာ များလား။ ”

ပေါက်ကွဲမှု ဖြစ်ပွားရာ၊ အရပ်ထံ မျှော်ကြည့်ပြီး၊ အတွေးများ ဝင်လာ ခဲ့သည်။ များ မကြာခင် ကောင်းကင်သို့၊ အမိုးစွန်း တစ်ခု ထိုးတက် လာ၏။

ဤသည်မှာ ရင်းနှီးသော မြင်ကွင်း တစ်ရပ်ဖြစ်သည်။ ၎င်းဖြစ်စဉ် များကို မကြာ ခဏ ဆိုသလို မြင်တွေ့ ခဲ့ရသည်။

သို့သော် လျစ်လျူရှု ခဲ့ပြီး၊ ရွှေရောင် အလင်း မီးအိမ် ပန်းများကို စုဆောင်း ရန်သာ၊ အာရုံစိုက် ထားသည်။

လက်ရှိ အချိန်၌ ပန်းပွင့် များမှာ၊ ပန်းသင်္ချိုင်း ဓား အတွက် လုံလောက်ပြီ ဖြစ်သဖြင့်၊ ဤပွဲကို နွှဲရန် အချိန် ရပြီ ဖြစ်သည်။

“ သွား ကြည့် သင့် တယ်။ ”

အတွေး တစ်ချက်ဖြင့်၊ လျှပ်စီး လေဆင်နှာမောင်း တစ်ခုကို၊ ဆင့်ခေါ် လိုက်သည်။

လျင်မြန်သော အဟုန်ဖြင့်၊ နာရီဝက် ကြာ ခရီးဆက် ပြီးနောက်၊ သုံးထပ် နန်းတော် တစ်ခု ရှေ့သို့၊ ဆင်းသက် လိုက်၏။

နန်းတော်မှာ တစ်ချိန်က သုံးထပ်ထက်၊ ပိုမြင့်ခဲ့ သော်လည်း၊ ဖျက်ဆီးခြင်း ခံရ သဖြင့်၊ ဤမျှသာ ကျန်ရှိ တော့ခြင်း ဖြစ်သည်။

ထို့အပြင် နှစ်ပေါင်း များစွာ ကြာပြီး သည့်တိုင်၊ ကောင်းမွန်သော အသွင်ဖြင့်၊ ရှိနေ ခြင်း မျိုးမှာ၊ ရှားပါး လှလေသည်။

လမ်းတစ်လျှောက် နှစ်ထပ်ထက် ပို၍ မြင့်သော အဆောက် အအုံ များကို မတွေ့ခဲ့ ရချေ။

ယင်းမှာ မျိုးနွယ်စု တစ်စု၏ အခြေခံ အုတ်မြစ် ဖြစ်သည့် ရတနာ ခန်းမ မျိုးလည်း၊ ဖြစ်နိုင်မည်။

အနီး ဝန်းကျင်၌၊ လူ အများ အပြား စုဝေး လာကုန်၏။ ဤနန်းတော်၏ အသွင် အပြင်မှာ တိုက်ပွဲ များကို ရပ်စေခဲ့ ပုံရသည်။

“ မင်း တို့က ဘာ အရည် အချင်း ရှိလို့၊ ဝင်ချင် နေရ တာလဲ၊ ဒီ နန်းတော်ကို ငါတို့ အရင် တွေ့တာ။ ”

နန်းတော် တံခါး မပွင့်ခင်၊ ထုံးစံ အတိုင်း အငြင်းပွားမှုများ ဖြစ်ပွား လာသည်။

“ ဟား ဟား ဟား ... ၊ မင်းရဲ့ ဆိတ်ငြိမ် တောင်ကုန်း နယ်မြေနဲ့ ပတ်သက်ပြီး၊ ဘာများ အထင် ကြီးစရာ ရှိလို့လဲ၊ ပထမ ကောင်းကင် ဝိညာဉ် နှစ်ပါး ရှိတဲ့၊ ငါ့ရဲ့ မုန်တိုင်း နယ်မြေနဲ့ ယှဉ်နိုင်မယ် ထင်လား။ ”

“ အိပ်မက် မက်မနေနဲ့၊ ဒီရတနာ အတွက် လူတိုင်းမှာ အခွင့် အရေး ရှိတယ်၊ ဘယ်သူ ကမှ လက်ဝါးကြီး အုပ်လို့ မရဘူး။ ”

လင်းယွန် တစ်ယောက် မြေပြင်ပေါ် ဆင်းသက်လိုက် သည်နှင့်၊ မိန်းမ များ ကဲ့သို့ ရန်ဖြစ် နေကြသော လူအုပ်မှာ၊ လှည့်ကြည့် လာသည်။

“ ဒီကောင်က ဘယ်သူလဲ၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် လောက်နဲ့၊ မီးလျှံ မြို့ကို လာရဲ တယ်လား။ ”

“ ဒီမှာ ငါတို့ အားလုံး အငြင်းပွား နေတာကို၊ သူ မမြင် ဖူးလား။ ”

“ အမှိုက် တစ်စ အတွက် ဘာလို့ မင်းက စကားများ နေရ တာလဲ၊ သွားသတ် လိုက်ရင် ပြီးနေပြီ မဟုတ်လား။ ”

ဝင်ရောက်ခွင့် ရှိ-မရှိ၊ မဆုံးဖြတ် ရသေး သော်လည်း၊ နန်းတော် အတွင်း ဝင်လို သူတိုင်း၊ ၎င်းတို့၏ ဘုံရန်သူ ဖြစ်လာ ပေမည်။

ထိုစကား များကြောင့်၊ လင်းယွန်က ပြုံး လိုက်သည်။ အမှိုက်များ အတွက် လက်ညစ်ပတ် မခံ လိုချေ။ မဟုတ်ပါက သတ်ပြီး ဖြစ်ပေမည်။

“ ထွက် သွား စမ်း ၊ ရွံ့စရာ ကောင်းတဲ့ ယင်ကောင်တွေ ... ။ ”

ဤအခိုက် အတန့်တွင် မောက်မာသော ငေါက်ငမ်းသံ နှင့်အတူ၊ ခရမ်းရောင် လက်သီး တစ်လုံး ကောင်းကင်မှ ဆင်းသက် လာသည်။

လက်ကောက် ဝတ်တွင် သံကြိုးများ၊ ချည်နှောင် ထားပြီး၊ မီးလျှံ များက တဖျစ်ဖျစ် တောက်လောင် နေ၏။

လေခွင်း သံများနှင့် အတူ၊ လက်သီးက လူပေါင်း များစွာကို ထိမှန် သေဆုံး သွားစေ၏။ ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ၊ ပါရမီရှင် ဆယ်ဦး ခန့်သာ၊ ရပ်လျက် ကျန်ရစ် ခဲ့သည်။

လက်သီး နောက်ကွယ်ရှိ စွမ်းအားမှာ၊ ကြောက်စရာ ကောင်းသောကြောင့် လင်းယွန် တစ်ယောက် မျက်ခုံးပင့် လိုက်မိသည်။

ဤလူငယ်မှာ မြင့်မြတ်သော နယ်မြေမှ ဖြစ်နိုင် ပေမည်။

“ မြတ်မြတ်သော နယ်မြေ ... ။ ”

“ ဒါ ... ဒါ ခရမ်းရောင် နယ်မြေရဲ့ ချန်ကျန်းပဲ ... ။”

“ မြန်မြန် သွား ... ။ ”

လွင့်စဉ် ကုန်သော လူများမှာ၊ ရန်သူကို အတည်ပြု နိုင် ပြီးနောက်၊ ချက်ချင်း ထွက်ပြေး လိုက်ကြသည်။

ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ ဆယ်ဦး သည်သာ၊ တွန့်ဆုတ်ပြီး ကျန်ရစ် ခဲ့၏။ လက်လျော့ရန် ခက်ခဲ နေပုံ ရသည်။

ချန်ကျန်း ဆိုသော လူငယ်မှာ၊ မြေပြင်ပေါ် ရောက်ချိန်၌၊ သူ၏ ခရမ်းရောင် ဝတ်ရုံ စကို သေသပ်အောင် ပြုပြင်ယူ လိုက်ပြီး၊ ဖြည်းညှင်းစွာ လျှောက်လှမ်း လာ၏။

အနားကပ် လာ သည်နှင့် အမျှ၊ မတ်တပ် ရပ်ဖို့ရန် ခက်ခဲ စေသည့် ဖိအားများ၊ လူတိုင်း အပေါ် သက်ဆင်း လာသည်။

“ သွား စို့ ... ။ ”

ထိုဖိအား အောက်တွင် ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ ဆယ်ယောက်က၊ ယုံကြည်ချက် ပျက်ပြား သွားသည်။

မျက်စိ တစ်မှိတ် အတွင်း၊ လင်းယွန် တစ်ယောက်သာ ကျန်ရှိ တော့၏။ သို့သော် ယင်းမှာ မှန်ကန် သော အရေ အတွက် မဟုတ် သေးချေ။

ဆူဖြိုး နေသော နတ်ဆိုး သားရဲ တစ်ကောင်မှာ၊ လူသေ အလောင်းများ ပေါ်သို့၊ ခုန်ကျော် သွားလာ နေလေသည်။

ယင်းမှာ နဂါးလေး ဖြစ်ပြီး၊ အလောင်းများ ထံမှ သိုလှောင်အိတ် များကို၊ လိုက်လံ သိမ်းယူ နေခြင်း ဖြစ်၏။

တစ်ခါ တစ်ရံတွင်၊ အိတ်ထဲမှ ပစ္စည်း အချို့ကို နှိုက်ယူကာ၊ လွှင့်ပစ် နေတတ်သည်။ လင်းယွန်နှင့် ပေါင်းသင်း ပြီးနောက်၊ အလောင်း များထံမှ လုယက်ခြင်း အပေါ်၊ ထမင်းစား ရေသောက် ဖြစ်လာ၏။

ထို့နောက် သိုလှောင်အိတ် များကို မြေပြင်ပေါ် ချကာ၊ တကျိုက်တည်း မျိုချပစ် လိုက်သည်။

သည်မြင်ကွင်းကြောင့်၊ အမှောင် ထဲတွင် ပုန်းအောင်းကာ စောင့်ကြည့် နေသော အချို့မှာ၊ ထိတ်လန့် သွားသည်။

“ အဲ့ဒီ သားရဲက ရူးနေ တာလား။ ”

“ ငါ့ ကောင်းကင်၊ ချန်ကျန်း ရှေ့မှာ သားရဲ တစ်ကောင်ကို ဒီလို ခိုင်းဖို့၊ ဒီလူက ဘယ်လိုများ သတ္တိရှိ ရတာလဲ။ ”

“ ဒီကြောင်က ဆိုးညစ်တဲ့ သားရဲပဲ၊ အရှက်မဲ့ လိုက်တာ။ ”

သူတို့ အားလုံးမှာ ချန်ကျန်းမှ သတ်ဖြတ်ပွဲ မစခင် ကပင်၊ ရောက်ရှိ နေကြပြီး၊ အခြေ အနေ အပေါ်၊ ပုန်းအောင်း စောင့်ဆိုင်း နေကြခြင်း ဖြစ်သည်။

ချန်ကျန်းက အလောင်း များကို လျစ်လျူရှုကာ၊ လင်းယွန်ထံ လှမ်းကြည့်၏။ ပြီးနောက် မျက်ခုံ ပင့်ကာ၊

“ မင်းက ဘာလုပ် နေတာလဲ၊ သေချင် လို့လား။ ”

-ဟု မေးလိုက်သည်။

ပထမ ကောင်းကင် ဝိညာဉ် နယ်မြေမှ၊ တစ်စုံ တစ်ဦး သည်ပင်၊ သူ့ အမြင်၌ အမှိုက် ဖြစ်၏။

ထို့ကြောင့် တစ်ပိုင်း ကောင်းကင်း ဝိညာဉ် နယ်မြေဖြင့်၊ ရပ်ကျန် နေခဲ့သော လင်းယွန်အား နားမလည် နိုင်ချေ။

သည့် အပြင် သူ ပိုင်ဆိုင်သော အရာ များကို၊ သားရဲ တစ်ကောင်ဖြင့်၊ စုဆောင်း နေပြန်၏။

“ ရတနာ နန်းတော်မှ မဖွင့် သေးတာ၊ ငါက ဘာလို့ သွားရ မှာလဲ။ ”

တစ်ဖက် လူမှ တည်ငြိမ်စွာ ပြန်ဖြေ လာသဖြင့်၊ ချန်ကျန်း တစ်ယောက် အံ့ဩ သွား၏။

“ မင်းဆီ ကနေ၊ ဓား တစ်လက်ကို ငါ ခံစား နိုင်တယ်၊ ဒါပေမယ့် မြင့်မြတ်တဲ့ နယ်မြေတွေက ဘယ်လောက်ထိ ကြောက်စရာ ကောင်းတယ် ဆိုတာ ... ”

“ ... မင်း မသိ သေးတဲ့ အတွက်၊ စိတ် မကောင်း စရာ ပါပဲ၊ မင်းလို ကလေး တွေက ပိုးစုန်းကြူး လေးတွေပါ၊ လမင်းကို ဘယ်လို လုပ် ယှဉ်နိုင် မှာလဲ။ ”

“ စကား မများနဲ့ လာတိုက် ... ။ ”

မြင့်မြတ်သော နယ်မြေ များမှ၊ ပါရမီရှင်များ အပေါ်၊ သင်ခန်းစာ တစ်ခု ပေးရန်၊ လင်းယွန်မှ အမြဲ တွေးနေခဲ့ ဖူးလေသည်။

ထို့ကြောင့် ကြုံကြိုက်တုန်း အခွင့် အရေးကို အမိအရ ဖမ်းဆုပ် လိုက်ခြင်း ဖြစ်၏။ သူ့အတွေး များကိုသာ၊ ချန်ကျန်း တစ်ယောက် ကြားနိုင် ပါက၊ အရှင် လတ်လတ် အရေခွံ စုတ်ရန်၊ ကြိုးစား လာပေမည်။

***

All Chapters