← Chapters

နောက်တစ်ယောက် ရှိတယ်။

Vol. 65 Ch. 899

နောက်တစ်ယောက် ရှိတယ်။

Vol. 65 Ch. 899

အောက်တန်း နယ်မြေမှ ဓားသမား တစ်ယောက်မှာ၊ ချန်ကျန်းအား အမှန် တကယ် စိန်ခေါ် နေသည့် အတွက်၊ သူတို့ နားကိုပင် သံသယ ဝင်လာ၏။

ယင်းကို ချန်ကျန်း သည်လည်း၊ မျှော်လင့် ထားပုံ မရချေ။ တစ်ဖက် လူ၏ ဓားမှာ ထက်ရှ သည်ကို သူ ခံစား နိုင်သည်။

သို့သော် တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ ၌သာ ရှိသဖြင့်၊ ဝိညာဉ်ရေး ဓား ဖြစ်နေ လျှင်ပင်၊ နိမ့်ကျသော ခွန်အားကြောင့် လက်သီး တစ်လုံးနှင့််၊ ထိုးသတ် နိုင်ပေမည်။

ဤသည်ကို လျစ်လျူရှု နိုင်သော ယုံကြည်မှုမျိုး မည်သည့် နေရာမှ ရသွားမှန်း၊ သူ မသိချေ။ ဘဝင်ရူး ရူးနေ ခြင်းလည်း ဖြစ်နိုင် သည်။

ကောင်းကင် လမ်းတွင်၊ မကြောက် မရွံ့ လျှောက်လှမ်း နေသူ များစွာကို မြင်ဖူး၏။ ဤမျှ မိုက်မဲသော လူမျိုး မတွေ့ဖူး သေးချေ။

သုံးသပ်ချက် များကို၊ ရပ်တန့်လိုက် ပြီးနောက် ချန်ကျန်းက ပြုံးကာ၊

“ ကောင်းပြီ ... ၊ ငါ မင်းကို အခွင့်အရေး ပေးမယ်၊ မင်း ငါ့ဆီ ကနေ လက်သီး တစ်ချက် လောက် ယူနိုင်ရင်၊ ဒီနန်းတော်ထဲ ... ”

“ ... ဝင်ခွင့် ပေးမယ်၊ အဲဒီ အကောင် ဗိုက်ထဲက အိတ်တွေ ကိုလည်း၊ လက်ဆောင် ပေးလိုက်မယ်။ ”

ပြိုင်ဘက်မှာ ပုရွက်ဆိတ် ဖြစ်နေလျှင်ပင်၊ သတိ ထားရ ပေမည်။ ထို့ကြောင့် လက်သီးဖြင့်၊ စမ်းသပ်ရန် ရွေးချယ် လိုက်ခြင်း ဖြစ်၏။

“ ကောင်းပြီ၊ မင်း စပါ ... ။ ”

လင်းယွန်က ခေါင်းညိတ် လိုက်သည်။ မြင့်မြတ်သော နယ်မြေမှ ပါရမီရှင် များနှင့် မတိုက်ခိုက် ဖူးသောကြောင့် ဤသည်မှာ အခွင့်ရေး ဖြစ်သည်။

ထိုအမူ အရာက ချန်ကျန်းကို ဒေါသ ထွက်သွား စေ၏။ ဤအမှိုက်သည် သူ့အား ဓားသွေးကျောက် အဖြစ် အသုံးပြု ချင် နေပေသည်။

ယင်းကြောင့် သတ်ဖြတ် လိုသော ရည်ရွယ်ချက်များ၊ ထွက်ပေါ် လာပြီး၊ မူလ စွမ်းအင်ကို စတင် ဖြန့်ကျက် လိုက်သည်။

စွမ်းအားများ ပြည့်နှက် နေသည့်၊ ကြောက်စရာ ကောင်းသော ရောင်ဝါက၊ ချက်ချင်း ထွက်ပေါ် လာ၏။

“ မိစ္ဆာ အပြစ် ပေးခြင်း လက်သီး။ ”

အစောပိုင်း အချိန်၌ အသုံးပြု ခဲ့သော ခရမ်းရောင် လက်သီးကြီးက၊ မီးလျှံ သံကြိုးများ လှုပ်ယမ်းလျက် ထွက်ပေါ် လာပြန်သည်။

ထိုလက်သီး ကြီး၏ ဖိအား အောက်တွင် အက်ကွဲ ကြောင်းများ မြေပြင် အနှံ့ ပြန့်ကျဲ သွား၏။

သည်တစ်ကြိမ် တိုက်ခိုက်မှုတွင်၊ တိကျ ရေရာသော ဦးတည်ချက် တစ်ရပ် ရှိပေသည်။ ထို့ကြောင့် သာမန် ပထမ ကောင်းကင် ဝိညာဉ် နယ်ပယ်မှ တစ်စုံ တစ်ဦးကို၊ သတ်နိုင်သည့် စွမ်းအားများ ပါရှိ၏။

ဦးစွာ ဝင်လာ ရောက်သော လေက၊ လင်းယွန်၏ ဆံပင်နှင့်၊ အဝတ် အစား များကို၊ လွင့်ပျံ သွား စေသည်။ မိုးကြိုး ပစ်ခံရ တော့မည့် ဖောင်ငယ် တစ်စင်းနှင့် တူ၏။

ထိုအချိန်တွင် လင်းယွန်က ဓား သုတ္တန်ကို ဖြန့်ကျက်ကာ၊ ဓား ရည်ရွယ်ချက်အား စုစည်း လိုက်သည်။

ဓားသွား မြည်သံ ထွက်ပေါ် လာသော အခါတွင်၊ လေထုမှာ ဖိအားကြောင့်၊ အက်ကွဲ သွား၏။

အပြာရောင် အရှိန် အဝါကို၊ ထုတ်လွှတ်လျက်၊ မြေပြင်တွင် စိုက်ဝင် နေသော ဓား တစ်လက် ကဲ့သို့၊ ခိုင်မြဲစွာ ရပ်နေ မိ၏။

ဤအခိုက်တွင် လင်းယွန်မှာ၊ ဝိညာဉ်ရေး ဓားကို အမှန် တကယ် ဆုပ်ကိုင် ထားမှန်း၊ သိရှိ လိုက်သဖြင့်၊ ချန်ကျန်းက လေးနက် သွားသည်။

တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေဖြင့်၊ ဝိညာဉ်ရေး ဓားအား နားလည် နေသော၊ လူမှာ ဓားဘီလူး အဖြစ် သတ်မှတ် နိုင်ပေသည်။

“ ဟား ဟား ဟား ... ၊ ငါ မျှော်လင့် ထားသလို ပါပဲ၊ မင်းမှာ ဝိညာဉ်ရေး ဓား ရှိနေ တာကိုး၊ ဒါပေမယ့် ခွန်အား မရှိ ရင်တော့ ... ၊ စိတ်မကောင်း ပါဘူး။ ”

ထို့စဉ် မှာပင် လင်းယွန် ဝန်းကျင်၌၊ အလင်းများ ပို၍ တောက်ပ လာခဲ့သည်။ ကနဦး ကျွမ်းကျင်မှု မှသည်၊ အဆင့်မြင့် ကျွမ်းကျင်မှု အထိ တိုးမြှင့် လိုက်ခြင်း ဖြစ်၏။

ထိုနောက် ခရမ်းရောင် လက်သီးထံ ဦးတည်ကာ၊ လက်သီး တစ်လုံး ပြန်လည် ပစ်သွင်း လိုက်သည်။

“ ဝုန်း ... ။ ”

မူလ စွမ်းအင်များ လှိုင်း အဖြစ် အဘက်ဘက်သို့ ပြန့်နှံ့ သွားလေသည်။ ရလာဒ် အနေဖြင့်၊ ချန်ကျန်းမှာ လွင့်ဝဲ သွားရ၏။

“ ဝိညာဉ်ရေး ဓား၊ အဆင့်မြင့် ကျွမ်းကျင်မှု။ ”

လေထဲ၌ ကိုယ်ရှိန် သက်ကာ၊ မြေပြင်ပေါ် ဆင်းသက် လိုက်သည်။ သို့သော် ဟန်ချက် မထိန်း နိုင်သေးဘဲ၊ ခြေ သုံးလှမ်းခန့် ထပ်မံ ဆုတ်ခွာ ပေးလိုက် ရပြန်၏။

တိုက်ခိုက်မှုတွင် သူ့ ခွန်အား အကုန် အစင်ကို အသုံး မချ သကဲ့သို့၊ တစ်ဖက် လူ သည်လည်း၊ အလားတူ ပေပင်။

သို့သော် ထိုသမားသည် ကိုယ်ခံ ပညာ မသုံးဘဲ၊ ပေါ့ပေါ့ ပါးပါး တန့်ပြန် လာခဲ့ခြင်း ဖြစ်သည်။

ယင်းကြောင့် အသက်ရှင် နေပါက၊ နောင်တစ်ချိန်တွင်၊ မြွေပွေး တစ်ကောင် ဖြစ်လာ နိုင်ပေမည်။ အစောပိုင်း ကတိ များကို မေ့ပစ်ကာ သတ်ရန် ပြင်လိုက်သည်။

“ မ စဉ်း စား နဲ့ ... ။ ”

သို့သော် လင်းယွန်က သူ့ထက် မြန်၏။ ကောင်းကင် သစ်ပင်၌ ခရမ်းရောင် ပန်းများ ပွင့်လာပြီး၊ တိမ်မီးတောက် လက်သီးကို ထုတ်လွှတ် လိုက်သည်။

“ ဟိတ် ... ။ ”

ယခု တစ်ကြိမ်တွင် ကောင်းကင်နှင့် မြေကြီး တစ်ခု လုံးကို လွှမ်းခြုံ ထားနိုင်သော ရွှေ တံဆိပ် ခြောက်ခု ပါရှိ၏။

“ ဝှစ် ... ။ ”

ချန်ကျန်းက အံ့အားသင့် စွာဖြင့်၊ လက်သီး များကို ထိတ်လန့် တကြား ပြန်လည် ထုတ်ဖော် လိုက်ရသည်။

မီးလက်သီးကို ဖျက်ဆီး နိုင်ခဲ့ သော်လည်း၊ နောင်ကွယ်မှ စွမ်းအားကြောင့် ကျောက်သား နန်းတော်ထံ လွင့်စဉ် သွားသည်။

“ တွမ် ... ။ ”

ကျောက်သား နန်းတော်ကို ဖုံးအုပ် ထားသော အစီရင်မှာ၊ ရုတ်တရက် အသက်ဝင် လာပြီး၊ သူ့အား ပြန်လည် တွန်းထုတ် ပစ်၏။

သက်ရောက်မှု နှစ်ခု အားက ပြင်းထန်လှ သဖြင့်၊ ခန္ဓာကိုယ် အတွင်း သွေးများ ယိုစိမ့်သွား သည်။

“ နိုင်ပွဲ အတွက် ကျေးဇူး တင်ပါတယ်။ ”

ခေါင်းပြန်မော့ လိုက်ချိန်၌၊ ပခုံး ပေါ်တွင် နဂါးသွေး ကြောင်ကို တင်လျက်၊ လင်းယွန်မှ ပြုံးကာ ဆိုလာ လေသည်။

နဂါးသွေး ကြောင်၏ မျက်ဝန်း များက၊ ရန်လိုသော အငွေ့ အသက်များ ထုတ်လွှတ်နေ သဖြင့်၊ အနည်းငယ် တုန်ယင် သွားသည်။

နှုတ်ခမ်း ထောင့်စွန်းရှိ သွေးများကို သုတ်လိုက်ပြီး၊ သတ်ဖြတ် လိုသော ဆန္ဒများ ပျောက်ကွယ် သွားကာ၊

“ ဂုဏ်သိက္ခာ ရှိတဲ့ လူ တစ်ယောက် အတွက်၊ နှုတ်ထွက် စကား တိုင်းကို စောင့်ထိန်း ရမယ်၊ သိုလှောင်အိတ် တွေကို ... ”

“ ... ငါ ပြန် မယူဘူး၊ ဒါပေမယ့် ဝိညာဉ်ရေး ဓားကြောင့်၊ မင်း လုပ်ချင်တာ လုပ်နိုင် တယ်လို့ မထင်ထား ပါနဲ့။ ”

ချန်ကျန်းမှ နောက်ပြန် ဆုတ်သွားသော အသွင်ကြောင့်၊ စောင့်ကြည့် နေသည့် လူအုပ်မှာ စိတ်ရှုပ် ကုန်သည်။

ဤလူသည် အမှန်ပင် မြင့်မြတ်သော နယ်မြေမှ လူ တစ်ဦး ဟုတ်-မဟုတ် သံသယ ဝင်လာ မိ၏။

သူတို့၏ မောက်မာသော အသွင်သည်၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ တစ်ဦး ရှေ့၌၊ ပေျာက်ကွယ် နေပေပြီ။ ၎င်းမှာ မယုံ နိုင်စရာ ပေပင်။

လင်းယွန်က ချန်ကျန်းကို မထီ တရီ အပြုံးဖြင့်၊ ပြန်ကြည့်၏။ အဆင့်မြင့် ဝိညာဉ်ရေး ဓားဖြင့်၊ ထင်တိုင်း မကျဲနိုင် ပါက၊ ပြီးပြည့် စုံသော ကျွမ်းကျင်မှုကို သုံးရ ပေမည်။

မလုံလောက် သေးပါက၊ ထာဝရ နဂါးဓား ရည်ရွယ်ချက်နှင့်၊ ကောင်းကင်ဘုံ သုံးပါးအား ပြသမည် ဖြစ်၏။

နောက်ဆုံး အနေဖြင့်၊ ဤအရာ များမှာ၊ ချန်ကျန်ကို ရင်ဆိုင်ရန် လုံလောက် သည်ထက် ပိုပေသည်။

ထိုအခိုက် အတန့်တွင် တိမ်တိုက် များကို တစ်ဖက် တစ်ချက်သို့ ကွဲစေလျက်၊ အညိုရောင် ပုံရိပ် တစ်ရိပ်၊ ပျံသန်း လာ၏။

“ ရှန့် ယွင် ကျန်း ... ။ ”

ချန်ကျန်း မျက်နှာမှာ၊ အနည်းငယ် ပြောင်းလဲ သွားပြီး၊ လင်းယွန်အား မျက်ဝန်း ထောင့်ကပ် ကြည့်လိုက်သည်။

ရောက်ရှိ လာသူမှာ၊ မည်သူ မည်ဝါ ဖြစ်သည်ကို၊ ဤလင်းယွန် သိပုံ မရချေ။

“ အနန္တ အလင်း နယ်မြေက ပါရမီရှင် တစ်ယောက်ပဲ၊ သူ့တို့ရဲ့ အခြေခံ အုတ်မြစ်က၊ သွေးအရိုး နယ်မြေနဲ့၊ အနက်ရောင် မီးလျှံ နယ်မြေကို ယှဉ်နိုင်တယ်၊ ... ”

“ ... သူ့မှာ တာအို လက်နက် မရှိတာ တောင်မှ၊ နဂါး အဆင့် အောက်က ဘယ်သူမှ ရန်မစ ရဲဘူး။ ”

မီးလျှံ မြို့သို့ မြတ်မြတ် မြေ၏၊ ထိပ်တန်း ပါရမီရှင် လေးဦး ရောက်ရှိ လာ၏။ ၎င်းတို့မှာ ဖန်းဝူကျိ၊ မိုဟန်၊ ရှစ်ဖုန့်နှင့် ချန်အန် ဖြစ်သည်။ သူတို့ လေးယောက် လုံး၌၊ အဆင့်နိမ့် တာအို လက်နက် တစ်ခုစီ ရှိလေသည်။

ထို့ကြောင့် တာအို လက်နက် မရှိဘဲ၊ ၎င်းတို့လေးဦးနှင့်၊ အဆင့် တူတွင် ရပ်တည်နိုင် ခြင်းသည်၊ သန်မာသော ရုပ်ခန္ဓာကို ပိုင်ဆိုင် ထားသည်ဟု ဆိုရာ ရောက်ပေ၏။

ရှန့်ယွင်ကျန်းက ကောင်းကင်မှ ဖြည်းညှင်းစွာ ဆင်းသက် လာပြီးနောက်၊ ချန်ကျန်းအား တစ်ချက် ကြည့်ကာ၊

“ မင်း ... ဒါကို လက်ဝါးကြီး အုပ်ချင်လား၊ ဒါမှ မဟုတ် ငါနဲ့ ခွဲဝေ ချင်လား။ ”

မြင့်မြတ်သော နယ်မြေများ ကြား၌၊ မလိုအပ်ပါက အချင်းချင်း မတိုက်ခိုက်ရန် သဘော တူညီချက် တစ်ခု ရှိသည်။

၎င်းတို့ အချင်းချင်း မည်မျှ ကြောက်စရာ ကောင်းသည်ကို သိထား သောကြောင့်၊ တစ်စုံ တစ်ဦးအား သတ်ဖြတ် ခြင်းဖြင့်၊ နယ်မြေ နှစ်ခု ကြား၊ စစ်ပွဲများ ဖြစ်ပွား လာနိုင်မည်။

ရှန့်ယွင်ကျန်းမှာ၊ ချန်ကျန်းထက် သန်မာ သော်လည်း၊ ၎င်းက ဦးစွာ ရောက်ရှိ နေသည့် အတွက်၊ သူ့၌ ရွေးချယ် စရာ မရှိချေ။

အလယ် အလတ် နယ်မြေမှ တစ်စုံ တစ်ဦးသာ ဆိုပါက၊ သတ်ပစ် လိုက်ပြီး ဖြစ်လေ သည်။

ချန်ကျန်း နောက်ကွယ်ရှိ၊ ခရမ်းရောင် နယ်မြေ ကြောင့်သာ၊ သန်မာ သော်လည်း တစ်လှမ်း ဆုတ်ပေး မိခြင်း ဖြစ်၏။

“ သခင်လေး ရှန့်ယွင်ကျန်း ဒီကို ရောက်လာ မှတော့၊ ငါက ဘာလို့ လက်ဝါးကြီး အုပ်နေရ ဦးမှာလဲ။ ”

ချန်ကျန်းက ပြုံးပြီး၊

“ ဒါပေမယ့် နောက်တစ်ယောက် ကိုပါ၊ ငါတို့ ထည့်တွက် ရလိမ့်မယ်။ ”

-ဟု ဆိုလျက် လင်းယွန်ထံ လှည့်ကြည့် လိုက်သည်။

ရှန့်ယွင်ကျန်းက သူ့ အကြည့်များ အတိုင်း လင်းယွန်ထံ လိုက်ပါ ကြည့်ကာ၊ အနည်းငယ် တွေးတော နေလေသည်။

“ သူမှာ ... အဆင့်မြင့် ဝိညာဉ်ရေး ဓား ရှိတယ်၊ ဒါကြောင့် ငါတို့နဲ့ အဆင့်တူ အဖြစ် သတ်မှတ် နိုင်တယ်။ ”

တွေဝေ နေသော ရှန့်ယွင်ကျန်းအား ကြည့်ကာ၊ ချန်ကျန်းက ထပ်မံ ဖြည့်စွက် လိုက်သည်။

“ မင်းနဲ့ အဆင့် တူလား ... ”

ရှန့်ယွင်ကျန်းက ချန်ကျန်းထံ ပြန်ကြည့်ကာ၊ လှောင်ပြုံး ပြုံးလိုက်ပြီး၊

“ ... ဒါဆို၊ ဘာလို့ မင်း ရှုံးသွား တယ်လို့၊ ငါ ခံစား နေရ တာလဲ။ ”

“ ဟား ဟား ဟား ... ၊ မယုံရင် ငါ့ဆီ မင်းလာ ကြည့် ပါလား၊ ငါ ရှုံး-မရှုံး သိရအောင်။ ”

အားနည်း ချက်ကို ဖုံးကွယ် လိုသည့် အတွက်၊ ချန်ကျန်းမှ ဟန်မပျက် စိန်ခေါ်လိုက် လေသည်။

“ မလို ပါဘူး၊ ဒီနန်းတော် ထဲမှာ ခွန်အား ကိုသာ အားကိုး ရမှာ၊ ဒါနဲ့ သူ့ နာမည် ဘယ်လို ခေါ်လဲ။ ”

နာမည်ကို မသိ သောကြောင့်၊ ချန်ကျန်းက လင်းယွန်ထံ ပြန်ကြည့်သည်။

“ ငါက ပယင်း နယ်မြေက လင်းယွန်ပဲ။ ”

လင်းယွန်မှ တည်ငြိမ် စွာဖြင့် မိတ်ဆက် လိုက်၏။

“ ပယင်း နယ်မြေ ကလား။ ”

ချန်ကျန်နှင့် ရှန့်ယွင်ကျန်း တို့၏ မျက်နှာများ ပြောင်းလဲ သွားသည်။ ပယင်း နယ်မြေကို သူတို့ တစ်ခါမှ မကြား ဖူးချေ။

မြင့်မြတ် မြေမှ ပါရမီရှင် များမှာ၊ မာန ထောင်လွှား တက်မှန်း လင်းယွန် သိသည်။ ၎င်းတို့ အချင်းချင်း အပေါ်သာ၊ ခွန်အား မရှိ လျှင်ပင်၊ လေးစားမှု ပေးကြ ပေ၏။

အောက်တန်း နယ်မြေများ မှသာ ဆိုသော်၊ မျက်လုံးထဲ ထားမည် မဟုတ်ပေ။

“ ငါတို့ ဝင်ပြီးရင် စကား ပြောရအောင်၊ ညီအစ်ကို လင်း ငါတို့ အတွက် တံခါးကို ဘာလို့၊ မင်းက မဖွင့်ပေး ရတာလဲ၊ မင်းရဲ့ ဝိညာဉ်ရေး ဓားကို ကြည့်ပါ ရစေ။ ”

ရှန့်ယွင်ကျန်းက ဤနည်းဖြင့် အဖွဲ့၏ ခေါင်းဆောင် တစ်ဦး အသွင်၊ အမိန့် ပေးကာ လင်းယွန် ခွန်အားကို စမ်းသပ် လိုက်သည်။

ချန်ကျန်းနှင့် အဆင့်တူ ရုံသာ မက၊ ဝိညာဉ်ရေး ဓားကို ဆုပ်ကိုင်ထား လျှင်ပင်၊ သူ့အား နာခံမှု ရှိရှိ တံခါး ဖွင့်ရ ပေမည်။

ဤအရာက လင်းယွန် အပေါ်၊ ကနဦး ချိုးနှိမ်ခြင်း ဖြစ်သောကြောင့်၊ ခက်ခဲသော အနေ အထားတွင် ရှိနေ စေမည် ဖြစ်၏။

တံခါး မဖွင့်ပါက၊ နောက်ဆက်တွဲမှာ သေခြင်းသာ ဖြစ်ပေမည်။ ထိုစိတ်ကူးအား ချန်ကျန်းမှ မြင်၏။

ရှန့်ယွင်ကျန်း ဟူသည်၊ ဖန်းဝူကျိတို့ လေးဦး မှပင်၊ ပေါ့ပေါ့ တန်တန် ရန်မစ ဝံ့သော တည်ရှိ မှုမျိုး ဖြစ်၏။

သို့သော် လင်းယွန်က ဟာသ တစ်ပုဒ် ကြားလိုက်ရ သကဲ့သို့၊ ဖြည်းဖြည်းခြင်း ပြုံးရယ် လာတော့သည်။

***

All Chapters