နတ်ကြယ် ပုလဲများ။
Vol. 65 Ch. 900
“ ဘာမှား လို့လဲ အစ်ကိုလင်း၊ မင်းက ငါ့ကို မကူညီချင် ဖူးလား ... ။ ”
ရှန့်ယွင်ကျန်းက လင်းယွန်ကို ပြုံးပြုံးလေး ပြန်ကြည့် လိုက်သည်။ ထိုအပြုံး၌ ရွေးချယ်ခွင့် မရှိမှန်း လင်းယွန် သိ၏။
နောက်ဆုံးတွင် အောက်ခြေ နယ်မြေများ အပေါ်၊ သူတို့၏ အထင် အမြင် သေးမှု များမှာ၊ အရိုး ထိတိုင် နက်ရှိုင်း ပေသည်။
ချန်ကျန်း သည်သာ အလျော့ မပေးထား ပါက၊ သည်မျှလောက် သဘောကောင်း နေမည် မဟုတ်ကြောင်း၊ လင်းယွန် သိသည်။
“ စိတ်မ၀င် စားဘူး၊ ဒါပေမယ့် အစ်ကို ရှန့်ယွင်ကျန်းလို ပါရမီရှင် ကတောင် မတက် နိုင်တဲ့ အရာကို၊ ငါ့ရဲ့ ညီလေးက တက်နိုင် မလားတော့ မသိဘူး။ ”
လင်းယွန် လေသံ၌ ကပ်ညိ နေသော လှောင်ပြောင်လို စိတ်ကို မြင်ပြီး၊ ချန်ကျန်း တစ်ယောက် စိတ်လှုပ်ရှား သွားသည်။
အနန္တ အလင်း နယ်မြေ၏၊ ပါရမီရှင် ရှန့်ယွင်ကျန်း ဟူသော ဂုဏ်သတင်း အပေါ် ဂရု မစိုက်ကြောင်း၊ ထင်ရှား ပေသည်။
တစ်ဖက် လူမှာ သူ့အား လှောင်ပြောင် နေမှန်း သိသဖြင့်၊ ရှန့်ယွင်ကျန်း၏ အပြုံးမှာ ပျောက်ကွယ် သွားသည်။
“ ကောင်းပြီ၊ မင်းရဲ့ သားရဲက၊ ဒီတံခါးရဲ့ ကန့်သတ် ချက်ကို၊ ဘယ်လို ချိုးဖျက်နိုင် မလဲ ဆိုတာကို၊ ငါ သိချင် ပါတယ်၊ မဟုတ်ရင် ညီအစ်ကို လင်းကိုပဲ၊ ဒုက္ခပေး ရလိမ့်မယ်။ ”
တစ်ချိန်တည်း မှာပင်၊ လင်းယွန် ပခုံး ပေါ်ရှိ ကြောင်က ဖြည်းညှင်းစွာ ထရပ် လိုက်လေရာ၊ နဂါး တစ်ကောင် ကဲ့သို့၊ ရောင်ဝါများ ထွက်ပေါ် လာလေသည်။
“ ညောင် ... ။ ”
ထို့နောက် လျင်မြန်သော အဟုန်ဖြင့် တံခါးထံ ပြေးဝင် သွားပြီး၊ လက်သီးနှင့် ထိုးချ ပစ်လိုက်၏။
“ ခရစ် ... ။ ”
ခပ်တိုးတိုး အက်ကွဲသံ နှင့်အတူ၊ အစီရင် ပေါက်ကွဲ သွားပြီး တံခါး ပွင့်လာ၏။ ထိုရလာဒ် ကြောင့်၊ ရှန့်ယွင်ကျန်း တစ်ယောက် မျက်နှာ နီရဲ သွားတော့သည်။
လင်းယွန်ကို ဖိနှိပ် ရာ၌ မအောင်မြင် ရုံသာမက၊ အရှက်ပင် ကွဲရလေပြီ။ အောက်ခြေ နယ်မြေ တစ်ခုမှ၊ ပထမဆုံး အကြိမ် စော်ကား ခံရခြင်း ဖြစ်၏။
“ ငါအရင် သွားနှင့်မယ်။ ”
စကားဆုံး သည်နှင့် လင်းယွန်၏ ပုံရိပ်မှာ၊ ချက်ချင်း ပျောက်ကွယ် သွားသည်။
“ သွား ကြ ရ အောင်။ ”
နှစ်ယောက်သား မှင်တက် နေရာမှ လန့်နိုးပြီး၊ ကတိုက် ကရိုက် ပြေးလွှား သွားမိ လေသည်။
လင်းယွန် တစ်ယောက် တကယ် ဝင်သွား ရဲသည်ကို မြင်ပြီးနောက်၊ ပုန်းကြည့် နေသော လူများမှာ၊ အံ့သြသွား ကုန်၏။
“ သူက တကယ့်ကို သေရမှာ မကြောက်ဘူး၊ မြင့်မြတ်တဲ့ နယ်မြေ တွေကို ရင်ပေါင်တန်း ရဲတယ်။ ”
“ ငါတို့လည်း သွားရအောင်။ ”
“ မင်း ရူးနေလား၊ ချန်ကျန်းရဲ့ လက်သီးက ဘယ်လောက် အထိ အစွမ်း ထက်လဲ ဆိုတာ မင်း မမြင် ဘူးလား၊ လင်းယွန်တောင် အသက် ရှင်နိုင်မှာ မဟုတ် ဖူးလို့၊ ငါ အာမ ခံတယ်။ ”
“ အမှန်ပဲ ... ၊ မြင့်မြတ် မြေရဲ့ ပါရမီရှင် တွေက၊ သနား ကြင်နာစိတ် မရှိ ကြဘူး၊ သူတို့ မျက်စိ ရှေ့မှာ လင်းယွန်က ဘယ်လိုလုပ် ရတနာတွေ ယူနိုင် မှာလဲ။ ”
ဆွေးနွေး သံများ နှင့်အတူ တံခါးဝ၌ လူများ ပြန်လည် စုရုံးလာ ကြသည်။
ထိုအချိန်တွင် နန်းတော် အတွင်းသို့၊ လှမ်းဝင်လိုက် မိသော လင်းယွန်မှာ၊ အေးအေး စက်စက် အငွေ့ အသက် များကို ခံစား လာရ သည်။
ယင်းကြောင့် ဓား ရည်ရွယ် ချက်ဖြင့်၊ ကာကွယ်ကာ၊ နဂါးလေး၏ ဦးဆောင် မှုနောက်၊ လိုက်ပါ လာခဲ့သည်။
“ ဘယ်ရောက် သွားလဲ ... ။ ”
နန်းတော် အတွင်း၌ လင်းယွန်အား မမြင်ရ သဖြင့်၊ ရှန့်ယွင်ကျန်း တစ်ယောက် မျက်မှောင် ကြုတ် သွားမိသည်။ ဤနေရာတွင် ဝင်္ကပါ တစ်ခု ရှိပုံ ရ၏။
ဝင်္ကပါက သူတို့ နှစ်ယောက် စလုံးကို စိတ်မသက်မသာ ဖြစ်စေသည့် ခံစားချက်များ ပေးစွမ်း လေသည်။
“ လောလောဆယ် ... သူ့ကို ထားလိုက်ပါ၊ မင်းငါနဲ့ အတူတူ သွားချင်လား။ ”
ဤနေရာမှ မကောင်းသော ခံစား ချက်များ ရရှိနေ သဖြင့်၊ ချန်ကျန်းက အုပ်စု ဖွဲ့ရန် ဆန္ဒရှိ လေသည်။ သူ တစ်ဦးတည်း မစွန့်စား လိုချေ။
“ ကောင်းပြီ သွားရအောင် ... ။ ”
ရှန့်ယွင်ကျန်းက ခေါင်းညိတ်ပြီး လက်ခံ သည်။ ခဏ အကြာတွင် အစိမ်းရောင် အလင်း များဖြင့်၊ ပုပ်ပွ နေသော အလောင်း များက၊ ခိုးဝင် တိုက်ခိုက် လာသည်။
“ အလောင်း မိစ္ဆာတွေ ... ။ ”
ပုပ်ပွ နေသော ထိုအလောင်း များကို မြင်သော အခါတွင်၊ ရှန့်ယွင်ကျန်း၏ မျက်နှာ ပြောင်းလဲ သွားသည်။
ဤအလောင်း များမှာ နန်းတော်မှ၊ အစေခံများ ဖြစ်နိုင်၏။ အနက်ရောင် မြူ များက အသေကောင် များကို၊ မိစ္ဆာ ဖြစ်စေသည့် အကြောင်းရင်း ဖြစ်နိုင်သည်။
“ သူတို့ကို သတ် ... ။ ”
အနည်းငယ်မျှပင် တုန့်ဆိုင်း မနေ ဝံ့ဘဲ၊ ပြတ်ပြတ် သားသား တိုက်ခိုက် လိုက်ကြသည်။ အလောင်း များမှာ၊ နှေးကွေး သော်လည်း၊ ပေါက်ကွဲ စွမ်းအား ပြင်းလှ၏။
ထို့အပြင် အနက်ရောင် အငွေ့အသက် များက၊ ၎င်းတို့၏ ခန္ဓာကိုယ်အား သံမဏိ ကဲ့သို့ မာကျော သန်မာ စေခဲ့သည်။
အရေး ကြီးသော နေရာကို မထိ ပါက၊ သူတို့အား ဖျက်ဆီး နိုင်မည် မဟုတ်ပေ။ သူတို့ နှစ်ဦး ခွန်အား ဖြင့်ပင်၊ အလောင်း များကို သတ်ရန် အချိန်ပေး လိုက်ရသည်။
ချန်ကျန်းမှာ ဝတ်ရုံစ စုတ်ဖြဲ ခံထား ရပြီး၊ သိပ်သည်းသော မူလ စွမ်းအင် အကာ အကွယ် များသာ မရှိ ပါက၊ နှလုံးသား ထုတ်ယူခြင်း ခံရ နိုင်၏။ သူနှင့် ယှဉ်ပါက ရှန့်ယွင်ကျန်း၏ အခြေ အနေသည်၊ အနည်းငယ် ပိုကောင်း၏။
နောက်ဆုံး တစ်ကောင်ကို လက်စသတ် ပြီးနောက်၊ ရှန့်ယွင်ကျန်းမှ ပြုံးကာ၊
“ ဒီကောင်လေး ... ငါတို့ ရှေ့ကနေ သွားတဲ့ အတွက်၊ သေချာပေါက် ပိုပြီး ဒုက္ခ ရောက်လိမ့် မယ်။ ”
-ဟု ဆိုလိုက်သည်။
ရှန့်ယွင်ကျန်းမှာ လင်းယွန် အပေါ်၊ ဒေါသထွက် နေဆဲ ဖြစ်သည်။ သူ့ အနေဖြင့် လင်းယွန်ကို ရှုံးနိမ်မည် မဟုတ်ကြောင်း ယုံကြည်သည်။
ဝိညာဉ်ရေး ဓားကို အဆင့်မြင့် ကျွမ်းကျင်မှု ရှိသော်မှ၊ ကျင့်ကြံမှု ကွာဟချက် အပေါ် ပိတ်နိုင် မည် မဟုတ်ချေ။ အချိန်ကြာ လာသည် နှင့်အမျှ သက်လုံကျ သွားနိုင် ပေမည်။
“ သွားရအောင်၊ ရတနာ တွေက ပင်မ ခန်းဆောင်မှာ ရှိရမယ်၊ ဒီနေရာက အန္တရာယ် အရမ်းများ တဲ့အတွက်၊ တန်ဖိုးကြီးမှာ သေချာတယ်။ ”
ရှန့်ယွင်ကျန်းက စိတ်လှုပ်ရှား စွာဖြင့် ဆော်ဩ လိုက်သည်။ ထိုစကားကြောင့် ချန်ကျန်း တစ်ယောက် မျက်လုံးများ တောက်ပ လာ၏။
နောက်ဆုံးတွင် သေချာမှု ရှိစေရန် အတွက်၊ ဤဘုန်းနေမင်း ကုန်းမြေသို့ ဆင်းလာ ရခြင်း ဖြစ်သည်။
သို့သော် လင်းယွန်၏ သွားနှုန်းကို မြင်ရပါက၊ သူတို့ကိုယ် သူတို့ ရိုက်သတ် မိမည် မှာ အမှန် ပေပင်။
နဂါးလေးမှ အလောင်းကောင် များကို၊ ဖြေရှင်း ပေးသောကြောင့်၊ မယုံနိုင်ဖွယ် ချောမွေ့ မြန်ဆန် နေသည်။
ချွန်ထက်သော ခြေသည်း များက အတားအဆီး တိုင်းကို တစ်ချက်သာ ကုပ်ခွဲ ပစ်ခဲ့၏။
ယွဲ့ဝေဝေ ပေးခဲ့သော သားရဲ စွမ်းအင် ကျင့်ကြံမှု နည်းစနစ်သည်၊ ရှေးဦးခေတ် နဂါး မျောက်ဝံ မျိုးနွယ်စု၏ ပညာရပ် ဖြစ်သည်။
ပေါက်ကွဲ စွမ်းအားမှာ၊ သဘာဝ အတိုင်း တုနှိုင်း မယှဉ် နိုင်ချေ။ ထို့ကြောင့် အလောင်း ကောင်များ အနား မကပ် နိုင်ခြင်း ဖြစ်၏။
ထို့အပြင် အလင်း ပိုးအိမ်မှာ၊ အလောင်းကောင် များအတွက် သဘာဝ အန္တရာယ် ဖြစ်သည်။
ခန္ဓာ ကိုယ်မှာ ထိပ်တန်း စကြာ ဝဠာ လက်ရာ များနှင့် ယှဉ်နိုင် သော်လည်း၊ လျှပ်စီး စွမ်းအင် အပေါ်၊ မတားဆီး နိုင်ချေ။
အလင်း ပိုးအိမ်ဖြင့်၊ တစ်စစီ ကြေမွ သွားစေသည်။ ထို့ကြောင့် ထုံးစံ အတိုင်း၊ ကျန် နှစ်ဦးထက် ခရီး ပိုရောက် နေခြင်း ဖြစ်၏။
များမကြာခင် ပင်မ ခန်းဆောင်သို့ ရောက်ရှိ လာသည်။ ခန်းဆောင် အတွင်း၌ ရာနှင့် ချီသော သေတ္တာများ ရှိနေသည်။ ထိုသေတ္တာ များကို အစီရင် များဖြင့် ခတ်နှိပ် ထား၏။
တတိယတန်း ဝိညာဉ်ရေး ဆရာ သခင် တစ်ဦး ဖြစ်သောကြောင့်၊ ဝိညာဉ်ရေးရာ တံဆိပ် များကို အကြမ်းဖျင်း နားလည် နိုင်သည်။
နောက်ဆုံးတွင် ဤကမ္ဘာ ပေါ်၌ သိုလှောင်အိတ် အတွင်း၊ ထည့်သိမ်း၍ မရသော အရာ ဝတ္ထု များစွာ ရှိ၏။ ဥပမာ အားဖြင့် သူ၏ ဓားသေတ္တာ ဖြစ်သည်။
အချို့သော အရာများမှာ ထို့ထက် ပိုဆိုး ချေသည်။ သိုလှောင်အိတ် အတွင်း ထည့်ထား သော်လည်း၊ ဝိညာဉ် စွမ်းအင်များ ယိုစိမ့်သွား တက်သည့် ဆေးလုံး များနှင့်၊ သစ်သီးများ ရှိလေသည်။
ခဏ တဖြုတ် သိမ်းဆည်း ရုံဖြင့်ပင်၊ အာနိသင်မှာ ယုတ်လျော့ သွားမည် ဖြစ်၏။ သေတ္တာများ အလယ်၌၊ ဖျာတစ်ချပ် ခင်းလျက် အဘိုးကြီး တစ်ယောက် ထိုင်နေသည်။
သူ့ အဝတ် အစား များမှာ၊ လမ်း တစ်လျှောက် ကြုံခဲ့ ရသော အလောင်းကောင် များထက် သစ်လွင် နေ၏။
နဂါးလေးက မဆိုင်း မတွဘဲ၊ ကြောက်မက်ဖွယ် ထက်ရှ နေသော ခြေသည်း များဖြင့် ကုပ်ချ လိုက်သည်။
“ မလုပ်နဲ့၊ ငါ့ အတွက် ထားလိုက်။ ”
လင်းယွန်က ဟန့်တား လိုက်ပြီး၊ အဖိုးအိုကို စိုက်ကြည့် မိသည်။ ဤ အလောင်း ကောင်မှာ ချန်ကျန်းနှင့် ရှန့်ယွင်ကျန်းတို့ ထက်ပင် သန်မာ ပေ၏။
နဂါးလေးက ခြေသည်း များကို ပြန်လည် ရုတ်သိမ်း လိုက်ပြီး၊ သတိ အနေ အထားဖြင့် စောင့်ကြည့် နေသည်။
မဟုတ် ပါက ယွဲ့ဝေဝေတွင် ဟင်းချက် နည်းပေါင်း တစ်ထောင် ရှိလေသည်။ နဂါးသွေး ကြောင် တစ်ကောင် အနေဖြင့် ချက်ပြုတ်စား ခံရသည် ဟူသော သတင်းမျိုး၊ ထွက်လာ ပါက ရှက်စရာ ကောင်းပေမည်။
“ ရွှပ် ... ။ ”
အဘိုးအို၏ မျက်လုံးများ ပွင့်လာပြီး၊ အနက်ရောင် အလင်းတန်း နှစ်စင်းဖြင့်၊ ပစ်ခတ် လာသည်။
ထိုအလင်းများ အတွင်း၊ အဆိုးမြင် ခံစားချက်များ၊ ပါရှိနေ သဖြင့်၊ မျက်နှာမှာ ပြောင်းလဲ သွားပြီး၊ ဝိညာဉ်ရေး ဓားအား ထုတ်ဖော် လိုက်ရသည်။
အဖိုးအို မတ်တပ် ထရပ်ကာ၊ လေထဲ ခုန်တက် နေစဉ်၊ ပန်းသင်္ချိုင်း ဓားအား ချက်ချင်း ဆင့်ခေါ် လိုက်မိသည်။
“ ဓား ... ။ ”
ကောင်းကင် သစ်ပင်က၊ ခရမ်းရောင် ပန်းများ နှင့်အတူ၊ သူ့ နောက်၌ ထွက်ပေါ် ချိန်၌၊ ဓားသုတ္တန် များကို ကန့်သတ်ချက်သို့ တွန်းပို့ကာ၊ ခုတ်ပိုင်းချ လိုက်သည်။
“ ဟိတ် ... ။ ”
အဖိုးအို အနား မရောက်ခင် မှာပင်၊ အလင်း ပိုးအိမ် သုံးလုံး၊ ပေါက်ကွဲ သွားသည်။
“ ဘုန်း ... ဘုန်း ဘုန်း ... ။ ”
အပိုင်းပိုင်း ပြတ်သွားသော အလောင်း ကောင်ကို ကြည့်ကာ၊ လွယ်လင့် တကူ အနိုင်ယူ နိုင်သည်ဟု ထင်နိုင် သော်လည်း၊ ထာဝရ နဂါး ဓားမှ လွဲ၍၊ အကုန် အစင် ပေးခဲ့ခြင်း ဖြစ်သည်။
“ အလင်း ပိုးအိမ်ရဲ့ ရည်ရွယ်ချက် အစစ် အမှန်ကို ဆုပ်ကိုင် နိုင်ပြီ ထင်တယ်၊ ငါ မြန်နေ သရွေ့၊ ငါ့ ပြိုင်ဘက်က မြူကို မြင်နိုင်မှာ မဟုတ်ဘူး၊ ... ”
“ ... ဒါဆို တားဆီးဖို့ အတွက်၊ ခက်ခဲရ လိမ့်မယ်၊ အရေ အတွက်များ ရင်တော့ သူတို့ကို လှည့်ဖျားဖို့၊ ဒီမြူတွေ သုံးနိုင်တယ်။ ”
အဖိုးအို သေဆုံး ပြီးနောက်၊ အခန်း ထဲရှိ သေတ္တာများ ထဲတွင် မည်သည့် အရာများ ပါရှိ သည်ကို သိချင် လာ၏။
ထို့ကြောင့် ဝိညာဉ် ရေးရာ တံဆိပ် များကို၊ ဖွင့်လျက် သေတ္တာအား လှပ်လိုက်ရာ၊ စူးရှသော အလင်းများ တောက်ပ လာတော့သည်။
***