← Chapters

အံသြ စရာ။

Vol. 65 Ch. 901

အံသြ စရာ။

Vol. 65 Ch. 901

သေတ္တာကို ဖွင့်လိုက်သော အခါတွင်၊ ကြက်သွေးရောင် အလင်းများ စူးရှစွာ တိုးထွက် လာသည်။

ထိုတောက်ပ မှုသည် ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်ထက် သာလွန် ပေ၏။ ဝိညာဉ် စွမ်းအင် များမှာ၊ အလွန် သိပ်သည်း သဖြင့်၊ ခန်းမ အတွင်း၊ ချက်ချင်း လင်းထိန် သွားသည်။

ကောင်းကင် လမ်း၌ ဤကဲ့သို့ သိပ်သည်း လွန်းသော ကြယ်စွမ်းအင် အစိုင် အခဲ များကို ပထမဆုံး အကြိမ်၊ တွေ့ဖူးခြင်း ဖြစ်သည်။

လုံးပတ်မှာ ကလေးငယ် တစ်ဦး၏ လက်သီး အရွယ်ခန့် ရှိ၏။ တစ်လုံးစီ တိုင်း၌ ဝိညာဉ် ရေး ရူရ် များနှင့်၊ ရေးထွင်း ထားသည်။

“ ကြယ်ပုလဲ တွေ လား။ ”

ယင်းမှာ ကြယ်ပုလဲ များနှင့်၊ ဆင်တူ သော်လည်း၊ များစွာ ပိုကြီး လေသည်။ ၎င်းတို့ တွင် ပါရှိသော ကြယ်စွမ်းအင်မှာ၊ သာမန်ထက် များစွာ အားကောင်း ပေ၏။

“ ဟုတ်မယ် ... ၊ ဒါက ကြယ်ပုလဲ ဖြစ်နိုင်တယ် … ။ ”

ကြယ်ပုလဲ များကို ထုတ်ယူကာ၊ ယှဉ်ကြည့် လိုက်၏။ အသွင် အပြင်နှင့် အရည် အသွေးချင်း မတူကြ သော်လည်း၊ ကြယ်ပုလဲ ဖြစ်မှန်း အတည်ပြု နိုင်ခဲ့သည်။

ကောင်းကင် လမ်းတွင်၊ အတွေ့ များသော ကြယ်ပုလဲ များမှာ၊ လက်သည်း အရွယ် အစား မျှသာ ဖြစ်ပြီး၊ အညစ် အကြေး များနှင့် ပြည့်နှက် နေပေ၏။

ဤအခိုက် အတန့်တွင် ‘နတ်ကြယ် ပုလဲ’ ဟူသော အမည်သည် သူ့ စိတ်ထဲ ပေါ်လာပြီး အသက်ရှူ မြန်လာ လေသည်။

တစ်ဖန် ပယင်း ကမ္ဘာ၌ အင်ပါရီယန် သင်္ချိုင်းဂူတွင်၊ ထိုပုလဲ မျိုးကို ရရှိ ဖူးကြောင်း သတိရ သွားသည်။

သို့သော် ကောင်းကင် လမ်းရှိ၊ အင်ပါ ရီယန် များမှ သန့်စင် ထားသော နတ်ကြယ် ပုလဲများ နှင့်၊ ယှဉ်နိုင်စရာ မရှိချေ။

ကောင်းကင် ဝိညာဉ် နယ်မြေ ကျင့်ကြံသူ များမှာ၊ လေထု အတွင်းရှိ ကြယ်စွမ်းအင် ကိုသာ သန့်စင် နိုင်သည်။

အင်ပါ ရီယန်များ မှာမူ၊ ကောင်းကင်ရှိ ကြယ်များမှ စွမ်းအင် များကို၊ ကြယ်မီးတောက် များဖြင့်၊ တိုက်ရိုက် သန့်စင် နိုင်၏။

ရှေးဦးခေတ်၌ ကောင်းကင်လမ်း မပြိုကွဲ သေးသဖြင့်၊ အင်ပါ ရီယန် များမှာ၊ နတ်ကြယ် ပုလဲများ သန့်စင်ရန်၊ အလွယ် တကူ ရောက်လာ နိုင်ကြသည်။

လမ်း ကိုးပိုင်း ကွဲပြီးနောက်၊ ကောင်းကင် လမ်းကို အချိန်တိုင်း ပိတ်ထား၏။ ထို့ကြောင့် နတ်ကြယ် ပုလဲများ သန့်စင်ရန်၊ ပိုမို ခက်ခဲ လာသည်။

ဖန်ရှောင်ယု အဆိုရ ခွန်လွန် နယ်မြေ ကြီးတွင် မသန့်စင် နိုင်ဘဲ၊ ကောင်းကင် လမ်း ၌သာ၊ ကြယ်ပုလဲကို သန့်စင်နိုင် ပေသည်။

အင်ပါရီယန်များ သာလျှင်၊ ကြယ်ပုလဲ များကို နေရာ မရွေး အချိန် မရွေး သန့်စင် နိုင်ခြင်း ဖြစ်၏။

နတ်ကြယ် ပုလဲ အတွက်မူ ကောင်းကင် လမ်းသို့ ဆင်းသက်ခြင်း ဖြင့်သာ သန့်စင်နိုင် ပေမည်။

ထို့ကြောင့် ခွန်လွန် နယ်မြေ ၌ပင်၊ ရှားပါးသော ရတနာ စာရင်း ဝင်ပြီး၊ ၎င်းတို့ ထွက်ပေါ် လာချိန်တိုင်း၊ လူတိုင်း၏ အာရုံ ဆွဲဆောင်ကာ၊ တိုက်ပွဲများ ဖြစ်ပွား တက် လေသည်။

နတ်ကြယ် ပုလဲ တစ်လုံးသည် ကြယ်ပုလဲပေါင်း တစ်သောင်း ကျော်နှင့် ညီမျှ ပေ၏။

သို့သော် ကြယ်ပုလဲ တစ်သန်းကို၊ အလွယ်တကူ ရရှိ နိုင်သော်လည်း၊ နတ်ကြယ် ပုလဲ တစ်လုံး ရရှိ ရန်မူ၊ ကံပေါ်သာ အားကိုး နိုင်မည် ဖြစ်သည်။

နတ်ကြယ် ပုလဲ တစ်လုံးကို ကောက်ကိုင်ကာ၊ ကြယ် စွမ်းအင်အား အာရုံခံ လိုက်သည်။

“ ကြယ်စွမ်းအင် တွေက အရမ်း သန့်စင် လိုက်တာ၊ ငါ သန့်စင် ထားတဲ့ ကြယ်ပုလဲက သူနဲ့ ယှဉ်ရင်၊ ရွှံ့တုံး အဆင့်ပဲ ရှိတယ်၊ ... ”

“ ... တစ်ယောက် ယောက်က၊ နတ်ကြယ် ပုလဲ တစ်လုံး အတွက်၊ ကြယ်ပုလဲ တစ်သိန်း ပေးခဲ့ ရင်တောင်၊ ရောင်းနိုင်မယ် မထင်ဘူး။ ”

တီးတိုး ရေရွတ်ကာ၊ နတ်ကြယ် ပုလဲကို ပြန်ချ လိုက်သည်။ ကြယ် စွမ်းအင်များ လေထု အတွင်း ပေါက်ကြား နေပြီကို၊ သူ သိသည်။

နတ်ကြယ် ပုလဲ များရှိ၊ အကန့် အသတ် မရှိသော ကြယ်စွမ်းအင် များက၊ လေထုအား အဆက် မပြတ် ရိုက်ခတ် လာ၏။

ထို့ကြောင့် ၎င်းတို့အား အစီရင် များနှင့်၊ ပိတ်ဆို့ ထားရခြင်း ဖြစ်သည်။ သို့မဟုတ် ပါက၊ အချိန် ကြာလာ သည်နှင့်၊ သာမန် ကြယ်ပုလဲ အဆင့်သို့၊ ပြောင်းလဲ သွားနိုင်မည်။

အဖိုးကို ပြန်ပိတ်ပြီး၊ ရာဂဏန်း ခန့် ရှိသော သေတ္တာ များထံ ကြည့်ကာ၊ အသက် ပြင်းပြင်း ရှူ ရှိုက်လိုက် မိသည်။

သေတ္တာ တစ်လုံးတွင်၊ နတ်ကြယ် ပုလဲ (၁၀၀)ခန့် ပါရှိ သောကြောင့်၊ စုစုပေါင်း (၁၀၀,၀၀) ခန့် ရှိပေမည်။

ထိုပမာဏ မျိုးမှာ တုန်လှုပ် ချောက်ချား ဖွယ်ရာ ဖြစ်သဖြင့်၊ ချက်ချင်း သိမ်းဆည်းလိုက် မိသည်။

“ အားလုံးကို သိမ်းရအောင် ... ။ ”

လင်းယွန်နှင့် နဂါးလေးက အကြည့်ချင်း ဖလှယ်ကာ ပြုံးမိ ကြသည်။ နှစ်ယောက် စလုံး မည်သူမျှ စိတ်မထိန်း နိုင်ချေ။

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ အခန်း တစ်ခုလုံး ပြောင်သလင်း ခါသွားသည်။ ပြီးသည် နှင့်၊ အသက် ပြင်းပြင်း ရှူကာ၊ လေထု ထဲရှိ ကြယ်စွမ်းအင် များကို နဂါးလေးမှ၊ အကုန် စုပ်ယူ ပစ်လေသည်။

လေထုထဲ ယိုစိမ့် နေသော စွမ်းအင်များ ပျောက်ကွယ် သွားမှသာ၊ ကျေနပ်သော အသွင် ဖြင့်၊ မျက်လုံး ပြန်ဖွင့် လာ၏။

ထို့နောက် အလောင်းကောင် အဖိုးအို ထိုင်နေသော ဖျာကို ကောက်ယူပြီး၊ မြင်သမျှ ပစ္စည်း တိုင်းအား၊ သိမ်းဆည်း ပစ်လိုက်သည်။

စက္ကန့်ပိုင်း အတွင်း မှာပင် ခန်းမ တစ်လုံး ရှင်းထွက် သွား၏။

“ ဒုတိယ အထပ်ကို တက်ရအောင် ... ။ ”

ခန်းဆောင် အတွင်း ဝေ့ကြည့်ကာ၊ လင်းယွန်က ခေါင်းယမ်းလျက် ဆိုလိုက်သည်။ ကျောက်သား နန်းတော်တွင် အလွှာ သုံးဆင့် ပါရှိသည်။

ဒုတိယ အလွှာတွင်၊ မည်သို့သော ရတနာများ ရှိနေ မည်ကို၊ မည်သူမျှ မသိ နိုင်ချေ။

ပထမ အလွှာသည် မျိုးနွယ်စု တစ်ခု၏ အခြေခံ အုတ်မြစ် ဖြစ်ပါက၊ ဒုတိယ အလွှာမှာ အနည်းငယ် ထူးခြား နိုင်ပေမည်။

နဂါးလေးက ကြေနပ်ပုံ မရ သေးဘဲ၊ အဖိုးအိုထံ ရှာဖွေ လိုက်ပြန်ရာ၊ ဓားမြှောင် တစ်ချောင်း ထပ်မံ တွေ့ရှိ ခဲ့သည်။

ယင်းကို လှမ်းကြည့်ပြီး၊ လင်းယွန် တစ်ယောက် အာခေါင် ခြောက်လာ၏။ အလောင်း ကောင်မှာ အပိုင်းပိုင်း ကြေမွ နေပြီ ဖြစ်သော်လည်း၊ နဂါးလေးမှ ရတနာ တစ်ခုကို ရှာဖွေ နိုင်ခဲ့သည်။

ဓားမြှောင်အား ဆွဲထုတ် လိုက်ရာ၊ စူးရှ လွန်းသော အလင်းက၊ ခန်းဆောင် တစ်ခုလုံး ကို လင်း သွားစေ တော့၏။

“ တာအို ရှေးဟောင်း ပစ္စည်းလား။ ”

လက်နက် အဆင့်ကို ကြည့်ကာ၊ အံ့သြ သွားသည်။ ၎င်းသည် မီးလျှံ မိုးကြိုး ကြာပွတ် နှင့်၊ မယှဉ်နိုင် သော်လည်း၊ နဂါးလေး အတွက် သင့်လျော် ပေ၏။

ဓားမြှောင်ကို စစ်ဆေး ပြီးနောက်၊ နဂါးလေးက ခေါင်းမော့ ရယ်မော လာသည်။ သူကိုယ့်သူ ကြောင် ပုံစံ၌ ရှိနေကြောင်း၊ မေ့သွား ခဲ့ပုံ ရ၏။

“ ခွီး ခစ် ခစ် ... ။ ”

ထို့ကြောင့် သူ့ ရယ်သံမှာ၊ စိတ်ပျက်စရာ အဖြစ်သာ ထွက်ပေါ် လာတော့သည်။ ယင်းအား သတိပြု မိသွား သဖြင့်၊ ရယ်မော ခြင်းကို ရပ်တန့်ပြီး၊ လင်းယွန်ထံ လှမ်းကြည့်သည်။

“ ဟား ဟား ဟား ... ၊ စိတ်ထဲထား မနေနဲ့ လာသွားရအောင် ... ။ ”

လင်းယွန်မှ ရယ်မောလျက် ခေါင်းအား လှမ်းပုတ် လိုက်လေသည်။

၎င်းမတိုင်မီ ချန်ကျန်းနှင့် ရှန့်ယွင်ကျန်း တို့မှာ၊ အလောင်းကောင် များကို သတ်ရန် အစွမ်းကုန် ကြိုးစားနေ ကြသည်။

အစွမ်း မထက် လှသော်လည်း၊ အရေ အတွက်မှာ၊ များလှ ပေ၏။ ထို့ကြောင့် စိတ် အနှောက် အယှက် ဖြစ်ရ ပေသည်။

ရုတ်တရက် နှစ်ယောက်သား မျက်လုံး ပြူး သွားသည်။

“ အဲ့ဒါ ... မင်း အနံ့ ရလား ... ။ ”

“ ဒါ ... ၊ နတ် ကြယ် ပု လဲ ... ။ ”

နောက်ဆုံး အလောင်း ကောင်ကို လက်စ သတ်ကာ၊ လေထု ထဲရှိ နတ်ကြယ် ပုလဲ များ၏၊ စွမ်းအင် များကို ရှူရှိုက် လိုက်သည်။

“ ဒါက အရမ်း များတယ်၊ ဒီလောက် သိပ်သည်းတဲ့ စွမ်းအင်တွေ ထွက်လာ ရအောင်၊ ဘယ်လောက် များ နိုင်မလဲ။ ”

မြင့်မြတ် မြေ၏ ပါရမီရှင်များ အနေဖြင့်၊ နတ်ကြယ် ပုလဲ များကို သဘာဝ အတိုင်း မြင်ဖူး ကြသည်။ ထို့ကြောင့့် ရနံ့အား ရှူရှိုက် ရုံဖြင့်၊ အရေ အတွက်အား မှန်းဆ နိုင်၏။

“ ကြည့်ရတာ ပင်မ ခန်းဆောင်နဲ့ ... ၊ သိပ်မဝေး တော့ သလိုပဲ၊ တကယ်သာ ဖြစ်ရင် ငါတို့ ချမ်းသာပြီ။ ”

ချန်ကျန်း၏ မျက်လုံးများ တောက်ပ လာသည်။ တစ်ဖက်တွင် ရှန့်ယွင်ကျန်းက၊ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ယူ နေခဲ့သည်။

သို့သော် ရုတ်တရက် တစ်စုံ တစ်ရာကို သတိရ သွားပြီး၊

“ လင်းယွန် အသက်ရှင် နေသေး တယ်လို့ မင်းထင်လား။ ”

-ဟု လှည့်မေး လိုက်သည်။

“ ရှန့်ယွင်ကျန်း၊ မင်း သူ့ အပေါ် အရမ်း နာကျည်း နေပုံပဲ၊ သူအသက်ရှင် နေသေးလည်း၊ ငါတို့သာ အရင် ရောက်ရင်၊ ... ”

“ ... ပြီးပြီ မဟုတ်လား၊ အားလုံးကို သိမ်းလိုက် ရုံပဲ၊ သူ ရောက်လာတဲ့ အခါ ဘာမှ မရှိ တော့ရင်၊ ပိုတောင် ပျော်စရာ ကောင်း ဦးမယ်။ ”

“ ဟား ဟား ဟား ... ၊ မင်း မှန်တယ် သွားကြ ရအောင်။ ”

ထို့နောက် အလင်းတန်း ကဲ့သို့၊ ပြောင်းလဲ ပြေးထွက် သွားကြသည်။ ခန်းဆောင်၌ ရှိသော နတ်ကြယ် ပုလဲ အရေ အတွက်မှာ၊ ရင်ခုန်ဖွယ် ကောင်းပေ၏။

မြင့်မြတ် မြေမှ ပါရမီ ရှင်များ ဖြစ်သော်လည်း၊ ဣန္ဒြေ မဆည် နိုင်ကြချေ။ သို့သော် စောင့်ကြို နေသော မြင်ကွင်းကြောင့်၊ နှစ်ယောက်သား အသက်မဲ့ သွားသည်။

“ ဟမ့် ... ။ ”

ခန်းဆောင် တစ်ခုလုံး ဗလာကျင်း နေပြီး၊ တစ်ချိန်က ဤနေရာတွင် နတ်ကြယ် ပုလဲများ ရှိခဲ့ ကြောင်းကို၊ ကျန်ရစ် နေသော ရောင်ဝါ အချို့က၊ သက်သေပြ နေ၏။

“ မဖြစ် နိုင်တာ ... ။ ”

ချန်ကျန်းက လွတ်နေသော ပင်မ ခန်းဆောင်ကို မြင်သော အခါတွင်၊ လုံးဝ အံသြ သွားသည်။

“ တိရစ္ဆာန်ကောင် ... မင်းလွတ်အောင် ပြေးစမ်း ။ ”

တစ်စုံ တစ်ရာကို သတိရ သွားပြီး၊ ရှန့်ယွင်ကျန်း တစ်ယောက် အံကြိတ်လျက် အော်ဟစ် ကျိန်ဆဲ တော့သည်။

***

All Chapters