← Chapters

စိတ်ပျက် အားငယ်ခြင်း။

Vol. 65 Ch. 902

စိတ်ပျက် အားငယ်ခြင်း။

Vol. 65 Ch. 902

ခန်းမကြီး အတွင်းရှိ လေထု ထဲတွင် ဝဲပျံ နေသည့် နတ်ကြယ် ပုလဲ အငွေ့ အသက် များမှ လွဲ၍၊ ဘာမျှ မကျန် တော့ချေ။

“ ဘာလဲ … ။ ”

ချန်ကျန်းက ခန်းမ အလွတ်ကြီးထံ၊ ဝေ့ဝဲ ကြည့်ကာ၊ မျက်လုံးပြူး သွားသည်။

“ အနည်းဆုံး နတ်ကြယ် ပုလဲ တစ်ရာ လောက် ရှိရမယ်။ ”

၎င်းပမာဏအား တွေးကြည့်လေ စိတ်လှုပ်ရှား လာလေ ဖြစ်သည်။ မြင့်မြတ် မြေမှ ပါရမီ ရှင်များ အချင်းချင်း တိုက်ခိုက် စေမည့်၊ အရေ အတွက် တစ်ခု ဖြစ်၏။

နောက်ဆုံးတွင် ခွန်လွန် နယ်မြေ၌၊ နတ်ကြယ် ပုလဲ တစ်လုံးကို သန့်စင်ရန် အင်ပါ ရီယန် တစ်ပါးမှာ၊ အချိန် တစ်လ သုံးစွဲ ရပေမည်။

အင်ပါ ရီယန် တစ်ပါး အတွက်၊ အချိန်တိုင်းသည် အဖိုးတန် လှသောကြောင့်၊ နတ်ကြယ် ပုလဲ တစ်လုံးမှာ မည်မျှ တန်ဖိုး ရှိမည်ကို စိတ်ကူး ကြည့်နိုင်သည်။

ရှေးဦးခေတ်၌ အင်ပါရီယန် များက၊ ကောင်းကင် လမ်းသို့ ဆင်းကာ၊ နတ်ကြယ် ပုလဲ များကို သန့်စင် တက်ကြသည်။ သို့သော် တစ်လတွင် (၁၀)လုံး ခန့်သာ ရရှိ ပေမည်။

အထွတ် အထိပ် အင်ပါရီယန် များ သည်သာ ထိုပမာဏထက် အနည်းငယ် သာလွန် ပေ၏။ ကောင်းကင်လမ်း ကွဲထွက်သွား ပြီးနောက်၊ မည်သည့် အင်ပါရီယန် များမှ၊ လာရောက် သန့်စင်ခြင်း မရှိ တော့ချေ။

ထိုကဲ့ သို့သော ရတနာများ ပျောက်ကွယ် သွားသဖြင့်၊ သူ့ စိတ်ထဲ နာကျင် သွား မည်မှာ သဘာဝ ပေပင်။

ရှန့်ယွင်ကျန်း သည်လည်း ပျော်ရွှင်ခြင်း မရှိချေ။ သို့သော် ချန်ကျန်းထက် ပို၍ ထိန်းထား နိုင်ခဲ့ပြီး၊

“ လင်းယွန်၊ ဒီကောင်ပဲ ဖြစ်ရမယ် ... ။ ”

-ဟု အေးစက်စွာ ဆိုလိုက်သည်။

“ ဒါက ဖြစ်နိုင်ပါ့ မလား၊ သူ့ ခွန်အားနဲ့ ငါတို့ ရှေ့ကို ဘယ်လိုလုပ် ရောက်နိုင် မှာလဲ။ ”

စိတ် တည်ငြိမ်မှု ပြန်လည် ရရှိ လာသော ချန်ကျန်းမှ သံသယ စိတ်များဖြင့်၊ မေးခွန်းထုတ် လိုက်သည်။

“ ငါလည်း မယုံချင် ပါဘူး၊ ဒါပေမယ့် သူက ငါတို့နဲ့ အတူ ဝင်လာ ရဲတဲ့ တစ်ဦး တည်းသော လူပဲ မဟုတ်လား။ ”

ဤဖြစ်ရပ်မှာ မြွေပွေး ပိုးထိဟု ဆိုရ ပေမည်။

“ ..... ။ ”

ချန်ကျန်းက စိတ်ဓာတ် ကျသော လေသံနှင့်၊

“ ဒါ ... ဒါပေမယ့်၊ သူက ငါတို့ အတွက် ဘာမှ မချန်ထား လောက်အောင်၊ ရက်စက် လွန်းတယ် ပါတယ်။ ”

“ မင်း ဆိုရင်ရော ထားခဲ့ မှာလား။ ”

“ ငါ … ။ ”

ချန်ကျန် တစ်ယောက် တုန့်ဆိုင်း သွားပြီး၊ ဒေါသကို မထိန်းနိုင် တော့ဘဲ၊ မျက်နှာ နီရဲလျက် ထအော် လိုက်သည်။

“ ဒီကောင်ရဲ့ ... ၊ ဝိညာဉ်ရေး ဓားက အဆင့်မြင့် ကျွမ်းကျင်မှု ဆိုတာ မေ့သွားတယ်၊ ဓား ရည်ရွယ်ချက်က ... ”

“ ... အလောင်းကောင် တွေကို ကိုင်တွယ်ရာမှာ ပို အလုပ် ဖြစ်တယ်၊ ငါတို့ မြန်မြန် လုပ်ရမယ် မဟုတ်ရင်၊ ထပ်ပြီး နောက်ကျ သွားလိမ့်မယ်။ ”

ပုရွက်ဆိတ် တစ်ကောင်၏ နောက်ကောက်ချ ခံရခြင်း အကြောင်းကို၊ အပြင်လူ များသာ သိပါက၊ ဟာသ ဖြစ်လာမည် ဖြစ်သည်။

“ နေ ဦး ... ။ ”

ရှန့်ယွင်ကျန်းက လှည့်ထွက် သွားသည့် ချန်ကျန်းကို လှမ်းခေါ် လိုက်သည်။

“ ဘာမှား လို့လဲ။ ”

ချန်ကျန်းမှ ပြန်လှည့် မေးသည်။

“ မင်းက လူမိုက်ပဲ၊ ကြုံရာ လမ်းကို ရွေးရင် ငါတို့က အလောင်း တွေနဲ့ ထပ်ပြီး၊ တိုက်နေရ မှာပေါ့၊ သူ သွားတဲ့ လမ်းကိုရှာ၊ ဒါမှ အမီလိုက် နိုင်မယ်။ ”

ထို့ကြောင့် အထင် သေးသော အမူ အရာဖြင့်၊ ရှန့်ယွင်ကျန်းမှ ဆိုလိုက် လေသည်။

ထိုအချိန်တွင် လင်းယွန်နှင့် နဂါးလေးမှာ၊ ဒုတိယ အလွှာ၏ ပင်မ ခန်းမသို့၊ ရောက်ရှိ နေပြီ ဖြစ်သည်။

ခန်းမကို စောင့်ကြပ် နေသော အလောင်း ကောင်များ ရှိသော်လည်း၊ အလင်း ပိုးအိမ်အား သုံးကာ အလွယ် အတူ အပိုင်းပိုင်း ခွဲပစ် ခဲ့သည်။

ခန်းမ ထဲ၌ ကံကြမ္မာ ကိုယ်ခံ ပညာ များအား ရှာတွေ့ ခဲ့သည်။ အများအားဖြင့် ကနဦး အဆင့် ၌သာ ဖြစ်၏။

အနည်း စုသာ အလယ် အလတ် ကံကြမ္မာ ကိုယ်ခံ ပညာများ ဖြစ်သည်။ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ ကိုမူ မတွေ့ ရှိချေ။

သို့သော် အပြင်တွင် သင့်တင့်သော စျေးနှုန်းဖြင့်၊ ရောင်းချ နိုင်သောကြောင့် စိတ်ပျက်ခြင်း မရှိဘဲ၊ သိမ်းယူ လိုက်သည်။

ပယင်း နယ်မြေမှ ဇိုချင်းရှန်တို့ အတွက်လည်း၊ ဆင်းရဲ ဒုက္ခကို ဖြတ်သန်းရန် အရင်း အမြစ်များ ဖြစ်လာ နိုင်၏။

“ ဒီမျိုးနွယ်စုရဲ့ အခြေခံ အုတ်မြစ် အရ ... ၊ သူတို့ အတွက် အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ မရှိတာ အဓိပ္ပာယ် မရှိ ပါဘူး၊ ... ”

“ ... ကြည့်ရတာ အမြင့်ဆုံး အဆင့်မှာ ထားမယ် ထင်တယ်၊ ဒီနန်းတော်က သုံးထပ်ပဲ ကျန်တော့တာ ဆိုတော့ စိတ်ပျက်စရာပဲ။ ”

ပထမ အဆင့်နှင့်၊ ဒုတိယ အဆင့်တွင် မတွေ့သည့် အတွက်၊ တတိယ အထပ် ၌လည်း အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာများ ရှိလိမ့်မည် မဟုတ်ဟု ထင်မိသည်။

ထိုစဉ်မှာပင် အလောင်းများ ထံမှ တစ်စုံတရာကို နဂါးလေးက တွေ့ရှိ ခဲ့သည်။

“ နေနတ်သား ဖမ်းဆီးခြင်၊ ဘုရင် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာ၊ ကောင်းကင် ဝိညာဉ် နယ်မြေ ပုံစံ။ ”

ယင်းကို မြင်ပြီးနောက်၊ လင်းယွန် တစ်ယောက် ထိတ်လန့် သွားကာ၊ အမြန် ဆွဲယူ ဖတ်ကြည့် မိသည်။

လွန်ခဲ့သော နှစ်ပေါင်း (၅၀၀) ခန့်တွင်၊ တန်ခိုးရှင် တစ်ဦးသည် တာအို သဘော တရား များကို နားလည် ခဲ့ပြီး၊ စာလုံးပေါင်း (၁၀၀၀) တိတိအား၊ ဖန်တီး ထားသည်။

ဘိုးဘေး များက ၎င်းကို ရှာတွေ့ပြီး၊ စကားလုံး (၁၀၀) ထုတ်နှုတ်ကာ၊ ‘ရွှေကျီးကန်း အသွင် ပြောင်းခြင်း ကိုးမျိုး’ အား၊ ခွဲထုတ် နိုင်လာ၏။

ထို့နောက် ကောင်းကင် ဝိညာဉ် နယ်မြေ အဆင့်၊ ကျင့်ကြံ သူများ လေ့ကျင့်ရန် အတွက်၊ ‘လေးနက်သော ခြေလှမ်း ဆယ်လှမ်း၊’ ကို ပြောင်းလဲ ဖွဲ့စည်း လိုက်သည်။

ဆိုလို သည်မှာ ၎င်းအား ကျင့်ကြံရန်၊ ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေ၌ ရှိနေ ရမည် ဖြစ်၏။

ဤနည်းစနစ်အား ရရှိ ခြင်းသည်၊ ကံတရား သာ ဖြစ်ပေ၏။ လုံလောက်သော အရည် အချင်း မရှိပါက၊ လက်လျော့ရန် အကြံပေး ချင်၏။

“ ဒါ ... ။ ”

စိတ်ထဲသို့ စီးဝင် လာသော၊ အချက် အလက် များကြောင့်၊ လင်းယွန် တစ်ယောက် မှင်တက် သွား ခဲ့သည်။

‘လေးနက်သော ခြေလှမ်း ခုနစ်လှမ်း’ နှင့်၊ ‘တိမ်ပေါ် တက်လှမ်း’ ခြင်းသည် ‘နေနတ်သား အား ဖမ်းဆီးခြင်း၊’ ပညာရပ်မှ ဆင်းသက် လာခြင်း ဖြစ်၏။

ယခု တစ်ခါ ထိုထက် ပို၍ မြင့်သော ‘ကောင်းကင် ဝိညာဉ် နယ်မြေ ပုံစံ’ကို၊ ရရှိ လာခြင်း ဖြစ်သည်။

( လေးနက်သော ခြေလှမ်း ခုနစ် လှမ်းသည်၊ နက်နဲ နယ်မြေ ပုံစံ ဖြစ်ပြီး၊ တိမ်ပေါ် တက်လှမ်း ခြင်းမှာ၊ ခရမ်းရောင် နယ်မြေ ပုံစံ ဖြစ်၏။)

တန်ခိုးရှင် တစ်ဦးမှ ရွှေရောင် အလင်းတန်း အသွင်၊ နေမင်း ကြီးနောက် လိုက်ပါ သွားသည့် မြင်ကွင်း များကို မှတ်မိ နေသေးသည်။

မှတ်တမ်း အရ ဆိုပါက၊ လွန်ခဲ့သော နှစ်ပေါင်း (၅၀၀) ၌ ဖန်တီး ထားခြင်း ဖြစ်ပြီး၊ မူရင်းမှာ မည်သည့် အချိန်မှ စတင် မည်ကို၊ မခန့်မှန်း နိုင်ချေ။

စိတ်တည် ငြိမ်ဖို့ရန် အချိန် အတော်ကြာ ခဲ့သည်။ သည်မျိုးနွယ်စု၏ မူလ ဇစ်မြစ်မှာ၊ မရိုး ရှင်းဟု ထင်မိ၏။

သို့သော် ဤနေရာသည် ပင်မ မျိုးနွယ်စု နယ်မြေ မဟုတ်ဘဲ၊ အခွဲ တစ်ခု မျှသာ ဖြစ်နိုင် ပေ၏။

“ အလောင်း တွေကို ရှာဖွေ တဲ့ နေရာမှာ၊ မင်းကတော့ တကယ့် ကျွမ်းကျင်တဲ့ သူပါပဲ ... ။ ”

လင်းယွန်က နဂါးလေး ခေါင်းကို ပုတ်ကာ၊ ချီးကျူး လိုက်သည်။ တစ်ဖက်တွင် သူ ရရှိသော ပညာ ရပ်မှာ၊ ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ များသာ၊ ကျင့်ကြံ နိုင်ကြောင်း၊ ရုတ်တရက် သတိရ သွားပြီး၊

“ နည်းလမ်း ရှာရမယ်။ ”

-ဟု ညည်းတွား လိုက်တော့သည်။

ကံကြမ္မာ ကိုယ်ခံ ပညာ များတွင်၊ တင်းကျပ်သော လိုအပ် ချက်များ ရှိကြောင်း၊ ကျင့်ကြံ သူတိုင်း သိရှိ ထားသည်။

ဥပမာ အားဖြင့်၊ အုပ်စိုးရှင် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာ များကို လေ့ကျင့်ရန်၊ ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေ၌ ရှိရ ပေမည်။

ဘုရင် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာ များကို ကျင့်ကြံရန်၊ သာမာန် အင်ပါ ရီယန် များပင် အရည် အချင်း မပြည့် မီချေ။

ထို့ကြောင့် ‘လေးနက်သော ခြေလှမ်း ဆယ်လှမ်း’ကို၊ ဒုတိယ ကောင်းကင် ဝိညာဉ်၌ ကျင့်ကြံ နိုင် သည်မှာ၊ ကောင်းကင်အား အံတု နေပြီ ဖြစ်၏။

“ နဂါးလေး သွား ရ အောင် ... ။ ”

နဂါး လေး၏ အသွင် အရ၊ ခန်းမ ကိုပင်၊ ရိုက်ချိုး ယူဆောင်ချင် နေပုံ ရသည်။ ထို့ကြောင့် တတိယ အဆင့်သို့ အမြန် ဦးတည် လိုက်ခြင်း ဖြစ်၏။

“ ဝှစ် ... ။ ”

တစ်နာရီ အကြာတွင် ချန်ကျန်းနှင့်၊ ရှန့်ယွင်ကျန်းမှာ ဒုတိယ ထပ်ရှိ ခန်းမ ထဲသို့ ပြေးဝင် လာသည်။

စောင့်ကြို နေသော မြင်ကွင်းက၊ နှလုံး သားများ ပေါက်ကွဲ မတက် နာကျင် သွားစေ၏။ ထုံစံ အတိုင်း အခန်း ထဲ၌ ဖုန်မှုန့်ပင်၊ မကျန်ရစ် ခဲ့ချေ။

“ ချေးပဲ ... ၊ အဲဒီ တိရစ္ဆာန်က ဦးသွား ပြန်ပြီ။ ”

ချန်ကျန်းက ဒေါသ တကြီး အော်ဟစ် ဆဲဆို တော့သည်။ ရှန့်ယွင်ကျန်း သည်သာ ခန်းမ အတွင်း လှည့်ပတ် ကြည့်ပြီး၊

“ ဒီနေရာမှာ ရှေးဟောင်း ကံကြမ္မာ ကိုယ်ခံ ပညာတွေ ရှိရမယ် ... ၊ သာမန် ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ် ဆိုရင်တောင်၊ တန်ဖိုးက မသေး ဘူး။ ”

ခေတ်သစ် ကံကြမ္မာ ကိုယ်ခံ ပညာသည်၊ ရှေးဟောင်း ပညာ ရပ်များနှင့် နှိုင်းယှဉ်၍ မရ သည်မှာ၊ မေးခွန်း ထုတ်စရာ မရှိချေ။

သို့သော် မြင့်မြတ်မြေ များ၌၊ ရှေးဟောင်း ကံကြမ္မာ ကိုယ်ခံ ပညာ မဆိုနှင့်၊ ခေတ်သစ် ကံကြမ္မာ ကိုယ်ခံ ပညာများ မှာပင်၊ နည်းပါး ပေသည်။

“ တောက် ... ဒီမှာ တကယ်ပဲ ... ၊ ဘာမှ မကျန် တော့ဘူး။ ”

ခန်းမ အတွင်း နေရာ တိုင်းကို ရှာဖွေ ပြီးနောက်၊ ချန်ကျန်း တစ်ယောက် ပို၍ ဒေါသ ထွက်လာသည်။

လျှို့ဝှက်ခန်း အချို့ ကိုပင်၊ ရှာဖွေ နိုင်ခဲ့ သော်လည်း၊ ရလာဒ်မှာ ဗလာ နတ္ထိ ဖြစ်နေပေ သည်။

“ ဘာလဲကွာ ... ၊ အလောင်းပါ မကျန် ရှာထားတယ်၊ ဒီကောင်က ဘာကောင်လဲ။ ”

ရှန့်ယွင်ကျန်းက အလောင်း များကို ရှာဖွေ နေလျက်မှ၊ ဒေါသကြောင့် လက်များ တုန်ယင် လာခဲ့သည်။

“ ရှာစမ်းကွာ ... ၊ ဒီလောက် ကျယ်တဲ့ အခန်းကြီး ထဲမှာ၊ ဘာမှ မကျန်ဖူး ဆိုတာကို ငါ မယုံဘူး။ ”

ခန်းမ တစ်ခုလုံး မြေလှန် ရှာသော်လည်း၊ မထူးချေ။ နှစ်ယောက်သား မျက်နှာများ ဖြူဖျော့ လာပြီး၊ စိတ်ပျက် အားငယ်မှု များနှင့်၊ ပြည့်နှက် သွားသည်။

“ တတိယ ထပ် ... ။ ”

“ ဒီတိရစ္ဆာန် မသား ... ။ ”

ရုတ်တရက် သတိရ သွားပြီး၊ ထိတ်လန့်စွာ အော်ဟစ်လျက် နှစ်ယောက်သား တဟုန်ထိုး ထပြေး မိတော့သည်။

***

All Chapters