တတိယ ခန်းမ။
Vol. 65 Ch. 903
ချန်ကျန်းနှင့် ရှန့်ယွင်ကျန်းတို့ နှစ်ဦးမှာ၊ မည်မျှပင် လျင်မြန် နေစေ ကာမူ၊ နောက်ဆုံး အဆင့်သို့ လင်းယွန်က ရောက်နေပြီ ဖြစ်သည်။
ကျောက်သား နန်းတော်သည်၊ တစ်ချိန်က သည့်ထက် ပို၍ မြင့်မား ခဲ့သော်လည်း၊ ယခု အချိန်၌ တတိယ အထပ်မှာ နောက်ဆုံး အဆင့် ဖြစ်၏။
“ ဝိုင် လား ... ။ ”
သင်းပျံ့ နေသော ရနံ့ကြောင့်၊ လေထဲ မြောက်တက်သွား သကဲ့သို့၊ ခန္ဓာကိုယ် တစ်ခု လုံး ပေါ့ပါး လာသည်။ နဂါးလေး မှာမူ မူးဝေ နေသည့် အသွင်ဖြင့်၊ လှည့်ပတ် ကြည့်၏။
“ ဘယ်လို ဝိုင်မျိုးလဲ။ ”
လင်းယွန်က စိတ်လှုပ်ရှား စွာနှင့်၊ နှုတ်ခမ်းအား သပ်လိုက်သည်။ သည်ရနံ့မှာ မျောက်ဝိုင်ထက် များစွာ သာပေ၏။
ရနံ့မှာ စွဲမက်ဖွယ် ကောင်းပြီး၊ မူးဝေ လာစေသည်။ အကယ်၍ လွင့်မျော နေသော ရေခွက်သာ သည်နေရာတွင် ရှိနေ ပါက၊ ဝမ်းမြောက် မည်မှာ သေချာသည်။
တတိယ ခန်းမသည် ပထမနှင့် ဒုတိယ ခန်းမထက် ပို၍ ကျယ်သောကြောင့်၊ ဝိုင်အိုး များစွာ ဆန့်ပေသည်။
ဝိုင်အိုး များကို သတ္တု၊ သစ်သား၊ အရိုး၊ ကြွေထည်၊ သလင်းကျောက် တို့ဖြင့် ပြုလုပ် ထား၏။
၎င်းတို့ ထားရာ နေရာကို ဖောက်ထွင်း မြင်နိုင်သော သလင်း နံရံနှင့်၊ အလုံ ပိတ်ထား လေသည်။
ယင်းကို မြင်သည်နှင့်၊ နဂါးလေးက မဆိုင်း မတွဘဲ၊ အားယူကာ နံရံကို လက်သီးဖြင့်၊ ထိုးချ လိုက်သည်။
“ အုန်း ... ။ ”
သို့သော် သလင်းကျောက် နံရံမှာ၊ အက်ကြောင်း မျှသာ ထင်ပြီး၊ နောက်ပြန် လွင့်စဉ် သွား၏။
သလင်းကျောက် နံရံသည် အိုဟောင်း နေပြီ ဖြစ်သော်လည်း၊ ၎င်းအား ကာကွယ် ထားသော အစီရင်များ ရှိနေ သေးသည်။
အခန်း အလယ်တွင် ရေခဲဖြင့်၊ ပြုလုပ် ထားသော ဝိုင်ကန် တစ်ကန် ရှိသည်။ မည်သည့် ရေခဲ မျိုးကို အသုံးပြု ထားသည် မသိ သော်လည်း၊ အေးစိမ့်သော ရောင်ဝါ ထုတ်လွှတ် နေ၏။
ထိုစဉ် မှာပင် နဂါးလေးက ဓားမြှောင်ကို ထုတ်ကာ၊ သလင်း နံရံအား ထိုးခွဲလျက် ဝိုင်အား သောက်ရန်၊ လက်လှမ်း လိုက်သည်။
ထို့ကြောင့် ပြုံးလျှက် နောက်မှ လှမ်းဝင် လိုက်မိသည်။ အေးစက်သော အငွေ့ အသက် များက အရိုးများ အတွင်း၊ နက်ရှိုင်းစွာ တိုးဝင် လာခဲ့သည်။
တစ်ဆက် တည်းမှာပင်၊ ကမ္ဘာ တစ်ခုလုံး ယိမ်းထိုးလာ သကဲ့သို့၊ ခံစား လိုက်ရသည်။ ဝိုင် ရကန်နှင့် ဆယ်မီတာ အကွာ၌၊ ဒူး တစ်ဖက် ထောက်လျက် လဲကျ သွား၏။
မျက်ဝန်းများ ရီဝေနေ သဖြင့်၊ မိန်းကလေး တစ်ဦးသာ ရှိပါက၊ လင်းယွန်အား အထင်မှား သွားနိုင် ပေမည်။
“ ဒီလို သာဆို ... ၊ ငါ လေးဘက် သွားရမယ် ထင်တယ်၊ ဒါက ဘယ်လို ဝိုင်မျိုး ဘာလိမ့်။ ”
ဝိညာဉ်ရေး ဓားကို ထုတ်လွှတ် လိုက်မှ သာလျှင်၊ အနည်းငယ် သက်သာ သွား၏။ ခန္ဓာ ကိုယ် ထဲမှ ရနံ့ များကို ဖယ်ထုတ်ပြီး ချိန်၌၊ မြင်ကွင်းများ တဖြည်းဖြည်း ကြည်လင် လာသည်။
ဤသည်မှာ ဝိုင် ရနံ့ကြောင့်၊ ပထမဆုံး အကြိမ်၊ အတင်း အကြပ် ဒူးထောက်ရန် ဖိအား ပေးခံ လိုက်ရခြင်း ဖြစ်သည်။
“ ဘာ ဝိုင် ကြီးလဲ … ။ ”
လင်းယွန်က အသက် ပြင်းပြင်း ရှူကာ၊ အခန်း အတွင်း ဝေ့ကြည့်လျက်၊
“ ဒီဝိုင် အခန်း ထဲမှာ၊ ဘာတွေများ ဝှက်ထားဦး မလဲ ဆိုတာကို၊ ငါ တကယ် သိချင် လာပြီ။ ”
ဝိညာဉ်ရေး ဓားကို ကန့်သတ်ချက်သို့ တွန်းထုတ်ကာ၊ ဝိုင်ကန် ဆီသို့ ဦးတည် သွားနေ စဉ်တွင်၊ ခန္ဓာကိုယ် ပေါ်ရှိ နဂါး ရူရ်များ အေးခဲ လာ သည်ကို၊ ခံစား လိုက်ရ၏။
လက်အား ဝှေ့ယမ်းကာ၊ ဝိုင်အိုင် အတွင်းမှ ထွက်လာသော အေးစက်စက် အငွေ့ အသက် များကို ပယ်ဖျက် ပစ်သည်။
ရေခဲ မြူများ ပျောက်ကွယ် သွားပြီး၊ လှပသော ပန်းချီကား တစ်ချပ် ကဲ့သို့၊ ဝိုင်ကန် အတွင်းမှ ရွှေရောင် မီးတောက်များ ထွက်ပေါ် လာ၏။
ထို့နောက် ရွှေရောင် မီးငှက် တစ်ကောင် ကဲ့သို့၊ လင်းယွန်ထံ မီးတောက် များက ထိုးဝင် လာသည်။
“ အိုး ... ။ ”
မျက်နှာ ပြောင်းလဲ သွားပြီး၊ ဓား ရည်ရွယ် ချက်အား ကန့်သတ် ချက်ထိ တွန်းထုတ်ကာ၊ ခန္ဓာ ကိုယ်ကို ကာကွယ် လိုက်ရသည်။
ခဏ အကြာတွင် ရွှေရောင် မီးငှက် ပျောက်ကွယ် သွားပြီး၊ ဝိုင်ကန်မှာ အနည်းငယ် သေးငယ် သွား၏။
ကန် အောက်ခြေ၌ မီးတောက်များ၊ မမြင်ရ တော့ချေ။ ယင်းအစား မြေဝါရောင် အိုးတစ်လုံး နှင့်၊ ခရမ်းရောင် ဝိုင်ခွက် တစ်ခွက်ကို တွေ့လိုက် ရသည်။
“ ဒါကြောင့် လား။ ”
ဝိုင်အိုးနှင့် ခွက်ကို ယူပြီး၊ ရေရွတ် လိုက်သည်။ ဝိုင်အိုး ပေါ်တွင် ‘မိုးပြာ နဂါး’ဟု ရေးထွင်း ထားပြီး၊ အိုး အောက်ခြေ၌ နဂါး ရုပ် တစ်ရုပ် ပါရှိ၏။
“ ဒီဝိုင်က နဂါး မိသားစုရဲ့၊ ဒဏ္ဍာရီလာ နတ်နဂါး ဝိုင် ဖြစ်နိုင် မလား။ ”
နတ်နဂါး ဝိုင်သည် ဝိုင်များ ထဲတွင် အကောင်းဆုံး ဝိုင် ဖြစ်ပြီး၊ နဂါး မျိုးနွယ်စုမှ ချက်သည့် ဝိုင် ဖြစ်သည်။
ကျော်ကြားသော ဧည့်ကောင်း ဆောင်ကောင်းများ အတွက်၊ သီးသန့် ချက်လုပ် ထားခြင်း ဖြစ်၏။
“ ဒီဝိုင်အိုးက နည်းနည်း ထူးခြားတယ် … ။ ”
ဝိုင်အိုးကို ဖြည်းညှင်းစွာ လှည့်ပတ် ကြည့်လိုက်ရာ၊ အောက်ခြေတွင် ‘မို’ ဟူသော ရှေးဟောင်း စာလုံး တစ်လုံးကို တွေ့လိုက် ရသည်။
“ မို မျိုးနွယ်လား။ ”
နာမည်အား ဖတ်ကြည့် နေစဉ်၊ နဂါးလေး၏ ညည်းတွား သံကြောင့်၊ ပြန်လှည့် ကြည့်မိသည်။ မြင်လိုက် ရသော မြင်ကွင်းက၊ သူ့အား ရယ်မော မိစေ၏။
ဝိုင်ကို အလွန် အကျွံ သောက်သုံးပြီး၊ စင်တစ်ခုတွင် သူ့ကိုယ်သူ ပိတ်မိ သွားခြင်း ဖြစ်သည်။
ထူးထဲသော အရေခွံများ ရှိနေ ၍သာ၊ သက်သာ သွားခြင်း ဖြစ်သည်။ သို့မဟုတ် ပါက ဒဏ်ရာ များဖြင့်၊ ဖုံးလွှမ်း သွားမည် ဖြစ်သည်။
“ ရွှပ် ... ။ ”
ထို့ကြောင့် လက်ညှိုးဖြင့် ဓား အလင်းကို တောက်ထုတ်ကာ၊ စင်၏ အစိတ် အပိုင်း အချို့ အား ဖျက်ဆီး ပေးလိုက် ရသည်။
***