နဂါး မျိုးနွယ်စု ဝိုင်။
Vol. 65 Ch. 904
အိုးနှင့် ခွက်ကို ယူပြီးနောက် လင်းယွန်၏ အကြည့်က၊ ရေကန် အတွင်းရှိ အရည် များထံ ကျရောက် သွားသည်။
ဤသည်မှာ ရေကန် သက်သက် မျှသာ ဖြစ်သော်လည်း၊ ဝိုင်ရနံ့များ အချိန် အတော်ကြာ စိမ့်ဝင် နေသဖြင့်၊ ဝိညာဉ် ရေကန် တစ်ခု ကဲ့သို့ ပြောင်းလဲ အသုံးဝင် လာသည်။
“ ဒါကို စွန့်လွှတ် လိုက်ရင်၊ ဖြုန်းတီးရာ ရောက်မယ်၊ ငါလည်း အကုန်ယူ သွားလို့ မရ မှတော့ ...။ ”
စကားဆုံး သည်နှင့်၊ ရေကန်ထဲ ခုန်ချ လိုက်ကာ၊ ခန္ဓာ ကိုယ်အား သန့်စင်ရန် ကြိုးစား မိလေသည်။
ဝိုင်ရနံ့များ ခန္ဓာ ကိုယ်ထဲ ဝင်ရောက် လာသော အခါ၊ အေးစိမ့် မှုများ ပျောက်ကွယ် သွားပြီး၊ အတွင်း အင်္ဂါ အစိတ် အပိုင်းများ ပူလောင် လာ၏။
ကြံ့ခိုင်သော ရုပ်ခန္ဓာ ဖြင့်ပင်၊ နာကျင် ကိုက်ခဲမှု များကို၊ အသည်း ခိုက်အောင် ခံစား နေရသည်။
တစ်ချိန်တည်း မှာပင် ခရမ်းရောင် နန်းတော်ရှိ၊ ယင်-ယန် စက်ဝိုင်းက အရှိန် အဟုန် ပြင်းစွာ၊ လှည့်ပတ် လာတော့၏။
မူလ စွမ်းအင် များက၊ မဖိနှိမ် ထားနိုင် တော့ဘဲ၊ ခန္ဓာကိုယ် တစ်ခုလုံး၊ ပူလောင် ဖောင်းကား လာသည်။
ထို့ကြောင့် ဓားသုတ္တန် နှစ်ခုအား ဖြန့်ကျက်လျက်၊ လျင်မြန်စွာ ချိုးနှိမ်လိုက် ရတော့၏။
သို့မှသာ ပေါက်ကွဲ တော့မည့် ခန္ဓာသည် ငြိမ်သက် သွားတော့၏။ ကန်ရေ နိမ့်ကျလာ သည်နှင့် အမျှ၊ ရုပ်ခန္ဓာမှာ ပို၍ သန်မာ လာသည်။
ထို့နောက် ချောမွေ့ စွာဖြင့်၊ ကောင်းကင် ဝိညာဉ် နယ်မြေသို့၊ လွယ်လင့် တကူ ထိုးဖောက် ဝင်ရောက် သွားတော့၏။
ခရမ်းရောင် နန်းတော်ရှိ၊ မူလ စွမ်းအင် များမှာ၊ ယခင် ကထက် ပိုမို သိပ်သည်းသော ရောင်ဝါ သမုဒ္ဒရာ အဖြစ်သို့၊ ပြောင်းလဲ သွားသည်။
ထိုရောင်ဝါ သမုဒ္ဒရာ ပမာဏသည်၊ အခြားသော သူများနှင့် မတူဘဲ၊ မီတာ (၃၀) ကျော် ရှိ၏။
တစ်နာရီ အကြာတွင်၊ လင်းယွန် မျက်လုံးများ ပြန်ပွင့် လာပြီး၊ သက်ပြင်းချ လိုက်သည်။ ခန္ဓာကိုယ်မှာ ကျောက်စိမ်းတုံး တစ်တုံး ကဲ့သို့၊ ကြည်လင် တောက်ပ လာ၏။
“ ဒီလို လွယ်လွယ်နဲ့ ... ၊ ကောင်းကင် ဝိညာဉ် နယ်မြေကို ရောက်ခဲ့ တာလား။ ”
တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၏၊ ကန့်သတ် ချက်သို့ ရောက်ရှိ နေသည်မှာ၊ အချိန် အတော် ကြာပြီ ဖြစ်သည်။
အောင်မြင်မှု တစ်ခု ရယူရန်၊ အချိန် တစ်ခုသာ လိုအပ်မှန်း သိသော်လည်း၊ ဤမျှ ချောမွေ့ နိုင်မည်ဟု မထင် ထားချေ။
အတွေး တစ်ချက်ဖြင့်၊ ကနဦး ကောင်းကင် ဝိညာဉ် နယ်မြေ အရှိန် အဝါ ဖိအားကို လွှတ်ချ လိုက်သည်။
ခရမ်း-ပြာရောင်၊ ရောင်ဝါ သမုဒ္ဒရာ မူလ စွမ်းအင်သည်၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၌ ရှိစဉ်ထက်၊ နှစ်ဆ တိုးလာ၏။
ရုတ်တရက် တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီးကို၊ အသက်သွင်း လိုက်ရာ၊ ရွှေ တံဆိပ် ရှစ်ခု အလွယ် တကူ ထွက်ပေါ် လာသည်။
လက်ဖဝါး ပေါ်ရှိ တဖျစ်ဖျစ် မြည်နေသော မီးလျှံ ရူရ် များ ထံမှ၊ မယုံနိုင်ဖွယ် စွမ်းအင်များ လောင်ကျွမ်း နေ၏။
ထို့နောက် နဂါး ထွက်သက်ကို၊ ထပ်မံ ဆင့်ခေါ် လိုက်သည်။ နဂါး ထွက်သက်မှာ သူ၏ လက်သီး အရွယ်ခန့်၊ ကြီးမား နေပေသည်။
တစ်ချိန်က နဂါး ထွက်သက်ကို ရရှိထား သော်လည်း၊ မည်သို့ အသုံးပြု ရမည်အား၊ မသိ ခဲ့ချေ။
တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီးကို မြင်မှ သာလျှင်၊ အကြံ တစ်ခု ရရှိ လာသည်။ သို့သော် ခွန်အား မရှိသေး သဖြင့်၊ မစမ်းကြည့် ရဲခြင်း ဖြစ်၏။
ယခုမူ အချိန် ကျပြီ ဖြစ်သည်။ နဂါး ထွက်သက်နှင့်၊ တိမ်မီးတောက် လောင်ကျွမ်း ခြင်း လက်သီးကို ပေါင်းစပ်ရ ပေမည်။ ယင်းက အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာကို ပြီးမြောက် စေမည် ဖြစ်သည်။
နဂါး ထွက်သက်ကို ရွှေရောင် တံဆိပ် များဖြင့်၊ ဖြည်းညှင်းစွာ ပေါင်းစပ် လိုက်တော့ သည်။
မည်သည့် အတား အဆီးမျှ မရှိဘဲ၊ နဂါး ထွက်သက်နှင့်၊ ရွှေမီးတောက် တံဆိပ် တစ်သား တည်း၊ ဖြစ်တည် သွားသည်။ တစ်ဆက်တည်း မှာပင်၊ တိမ်မီးတောက် လက်သီးမှ နဂါး ရောင်ဝါများ ထွက်ပေါ် လာ၏။
ရွှေရောင် တံဆိပ် သည်လည်း၊ အနက်ရောင်သို့ ပြောင်းလဲ သွားကာ၊ ရှေးဟောင်း အရှိန် အဝါများ ထုတ်လွှတ် လေသည်။
“ တကယ် ဖြစ်နိုင် တာပဲ။ ”
လင်းယွန်၏ မျက်ဝန်းများ တောက်ပ လာပြီး၊ ရေရွတ် လိုက်မိသည်။ စွမ်းအင် နှစ်ခု လုံးမှာ ပေါက်ကွဲ စွမ်းအားများ ပါဝင် သဖြင့်၊ မည်မျှ ပြင်းထန် မည်ကို သိချင် လာ၏။
ထိုအချိန်တွင် ခြေသံများ ကြားလိုက် ရလေရာ၊ အနက်ရောင် မီးလျှံ ရူရ် များကို အမြန် ငြိမ်းသတ် လိုက်ရသည်။
ချန်ကျန်းနှင့် ရှန့်ယွင်ကျန်း နှစ်ဦးမှာ၊ ဗလာကျင်း နေသော ဒုတိယ ခန်းမ ကြီးကြောင့်၊ အသိစိတ် ကင်းလွတ် သွားကာ၊ ကြုံရာ လမ်းကို ရွေးချယ် မိခဲ့ ကြသည်။
ယင်းက အလောင်းကောင် အမြောက် အမြားနှင့် ကြုံတွေ့ လာရကာ၊ တတိယ အဆင့် ရောက်ရန်၊ အချိန်ပေး ခဲ့ရသည်။
တတိယ ခန်းမ ထဲရှိ၊ ဝိုင်စင်ကို မြင်မှ သာလျှင်၊ မျက်လုံးများ တောက်ပ လာပြီး၊ လှည့်ပတ် ကြည့်တော့၏။
သို့သော် မကြာခင် နှစ်ယောက် လုံး၏၊ မျက်နှာများ သိသိ သာသာ ပြောင်းလဲ သွားလေ သည်။
“ နတ် နဂါးဝိုင် ... ။ ”
“ ဒီကန်က မို မိသားစုရဲ့၊ ကျောက်စိမ်း နှင်းရေကန်ပဲ၊ အို ငါ့ ... ကောင်းကင်၊ အဲဒါ ထောင်စုနှစ် မီးလျှံများ ဖြစ်နိုင် မလား။ ”
ဝိုင်ကန် ထဲတွင် ပျော်ဝင် နေသော ရောင်ဝါကို ခံစား မိသော အခါ၊ နှစ်ယောက်လုံး အသက်ရှူ သံများ မြန်လာ၏။
“ မင်းတို့ နှစ်ယောက် နည်းနည်း နောက်ကျ သွားတယ်။ ”
လင်းယွန်က ဝိုင် ကန်ထဲမှ၊ မတ်တပ် ထရပ် လာပြီး၊ ပြုံးကာ ဆိုလိုက်သည်။
“ လင်း ယွန် ... ။ ”
“ အမှန်ပဲ ... ၊ ဒီရေကန် ထဲမှာ ရှိတဲ့ ဝိုင် ကိုတော့ ငါ ယူလိုက်ပြီ၊ ထောင်စုနှစ် မီးလျှံလို့၊ ပြောတာ ကြားမိတယ်၊ ဒါက တော်တော် စိတ်ဝင်စားဖို့ ကောင်းတဲ့ နာမည်ပဲ။ ”
လင်းယွန်က ပြုံးကာ ခေါင်းညိတ် လိုက်သည်။ ဤအခိုက် အတန့်တွင်၊ နဂါးလေး တစ်ကောင်၊ နောက်ဆုံး နတ်နဂါး ဝိုင်အိုးကို ယူပြီး၊ ဝိုင်စင် ပေါ်မှ ခုန်ဆင်း လာသည်။
အဆုံးတွင် အခန်းများ အပြောင်ရှင်း သွားသည့်၊ တရားခံကို လက်ပူး လက်ကြပ် မြင်လိုက် ရပြီ ဖြစ်သည်။
ထိုမြင်ကွင်းက ချန်ကျန်းနှင့် ရှန့်ယွင်ကျန်း တို့၏ နှုတ်ခမ်းများ တဆက်ဆက် တုန်ယင်လာ ပြီး၊ နှစ်တစ်ထောင် မီးလျှံ ကိုပင် မေ့လျော့ သွားစေ၏။
“ ငါ အရင် သွား နှင့်မယ်၊ နှုတ်ဆက် ခဲ့ပါတယ်။ ”
လင်းယွန်မှ ပြုံးလျက်၊ လက်ဝှေ့ ယမ်းကာ၊ လေထဲ ခုန်တက် သွားသည်။ အတား အဆီးမှာ ချက်ချင်း ပြိုကျ သွားပြီး၊ ခေါင်မိုး၌ အပေါက်ကြီး ဖြစ်ပေါ် လာ၏။
“ ဝုန်း ... ။ ”
ရုတ်တရက် အဖြစ် အပျက်ကြောင့်၊ နှစ်ဦးသား အံ့ဩတကြီး လင်းယွန်နှင့် နဂါး လေးထံ၊ မော့ကြည့် လိုက်မိသည်။
“ ထွက်သွား တာလား ... ။ ”
ပြန်လည် သတိဝင် လာချိန်၌၊ ဒေါသများ တောက်လောင် လာပြီး၊ သတ်ဖြတ် လိုသော ဆန္ဒ များကို၊ ထုတ်ဖော်လိုက် ကြသည်။
ထိုရည်ရွယ် ချက်မှာ ပြင်းထန်လှ သဖြင့်၊ ကျောက်သား နန်းတော် တစ်ခု လုံးကို ပြင်းစွာ တုန်လှုပ် သွားစေ တော့၏။
“ တိရစ္ဆာန်မ သား ... ။ ”
***