အန္တရာယ်။
Vol. 65 Ch. 905
နေ့တစ်ဝက် ကြာပြီးနောက်၊ ကျောက်သား နန်းတော် အပြင် ဘက်တွင်၊ ကျင့်ကြံသူ အများ အပြား စုရုံးရောက် ရှိလာသည်။
မီးလျှံ မြို့တွင် ဤသို့ သပ်ရပ် နေသော နန်းတော်မျိုး ရှာတွေ့ရန် ရှားပါး လှ သဖြင့်၊ လူတိုင်း စိတ်လှုပ်ရှား ကြသည်မှာ သဘာဝ ပေပင်။
သို့သော် ချန်ကျန်း၏ လက်သီး လှိုင်းကြောင့် လူအများ အပြား သေဆုံး ခဲ့ရပြီး ဖြစ်ရာ၊ မည်သူ မျှ မဝင် ရဲချေ။
လူတိုင်း၏ အမြင်တွင်၊ မြင့်မြတ်သော နယ်မြေ များနှင့် ယှဉ်ပြိုင်ရန် ကြိုးစား ခြင်းမှာ၊ သေခြင်း တရားကို ဖိတ်ခေါ် နေခြင်း ဖြစ်သည်။
လင်းယွန် တစ်ယောက် အသက် ရှင်လျက် ပြန်လာ နိုင်ခြင်း ရှိ-မရှိ သိလို သောကြောင့်သာ စောင့်မျှော်နေ ကြခြင်း ဖြစ်သည်။
လူသား များ၏ နှလုံး သားမှာ ထူးဆန်းလှ ပေသည်။ သူတို့ မတက်နိုင် သည်ကို အခြား လူ များ မလုပ်နိုင် မှသာလျှင်၊ စိတ် သက်သာရာ ရကြ လေသည်။
ထို့ကြောင့် လင်းယွန် ထွက်ပေါ် လာပြီး၊ ရတနာ အတွက် မြင့်မြတ် မြေကို ယှဉ်ပြိုင်ကာ၊ အသက်ရှင် နိုင်ခဲ့ ပါက၊ သူတို့ နာကျင် ပေမည်။
ဝန်တို နေသော လေထု အောက်တွင်၊ နန်းတော် ခေါင်မိုးမှ နေ၍၊ လူရိပ် တစ်ရိပ် ရုတ်တရက် ပျံသန်းလျက် မြေပြင်ပေါ် ဆင်းသက် လာသည်။
“ သူတို့ ထွက်လာပြီ ... ။ ”
“ တစ်ယောက် ယောက် ထွက်လာပြီ။ ”
ထိုပုံရိပ်သည် မည်သူ မည်ဝါ ဖြစ်မည်ကို သိချင်စိတ် ပြင်းပြ လာသော လူအုပ် ကြီးမှာ တက်ကြွ သွားကုန်၏။ လူ အများ စုက ချန်ကျန်းနှင့် ရှန့်ယွင်ကျန်း ဖြစ်နိုင် မည်ဟု၊ ယူဆ နေစဉ် လင်းယွန် ဖြစ်နေ လေသည်။
“ လင်းယွန် လား။ ”
“ ဒါက ဘယ်လို ဖြစ်ရ တာလဲ။ ”
“ သူ တကယ်ပဲ ... ၊ ချန်ကျန်းနဲ့ ရှန့်ယွင်ကျန်း လက်ကနေ ရှင်သန် နိုင်ခဲ့ တာလား။ ”
မြင့်မြတ် မြေမှ ပါရမီရှင် တစ်ဦး အနေဖြင့်၊ ဤနေရာရှိ လူတိုင်းကို ဖိနှိမ်ရန် လုံလောက် ပေသည်။
ထို့ကြောင့် သူတို့ အားလုံး၏ နှလုံးသား ထဲတွင်၊ ကြောက်မက်ဖွယ် ကောင်းသော နတ်ဆိုး များ အဖြစ် စွဲမြဲ လာခဲ့သည်။
သို့သော် ဤလင်းယွန်သည် ထိုနတ်ဆိုး များကို၊ ဖြတ်ကျော်ကာ အသက် ရှင်လျက် ထွက်လာ နိုင်၏။
“ တိရစ္ဆာန်ကောင် ... ၊ မင်း လွတ်နိုင်မယ် ထင်လား။ ”
“ ပြေးတာ တကယ် မြန်တဲ့ ကောင်ပဲ။ ”
ကျယ်လောင်သော အော်ဟစ်သံ များနှင့် အတူ၊ နန်းတော် ခေါင်းမိုး ထက်မှ ပုံရိပ် နှစ်ရိပ် ထပ်မံ ခုန်ထွက် လာသည်။
လင်းယွန်အား မြင်ချိန်၌ သတ်ဖြတ်လို စိတ်များမှာ၊ ထိန်းချုပ် နိုင်စွမ်း မရှိ တော့ချေ။ ကြောက်မက်ဖွယ် မူလ စွမ်းအင် လှိုင်းများ ပတ်ဝန်းကျင်ထံ ရိုက်ခတ် လာသည်။
၎င်းတို့ နှစ်ဦး၏ စကားများ အရ၊ လင်းယွန်မှာ ကျောက်သား နန်းတော် ထဲ၌ ရတနာ များကို လုယူနိုင် ခဲ့ပုံ ရသည်။
လူတိုင်း အသက် ပြင်းပြင်း ရှူလျက် ကျောရိုးများ အေးစက် သွား၏။ သည်သတင်း ထွက်လာ ခဲ့ပါက၊ အုတ်သော် သောင်းနင်း ဖြစ်ပေ တော့မည်။
“ မင်းတို့ နှစ်ယောက် ရူး နေတာလား၊ ကျောက်သား နန်းတော်ရဲ့ ရတနာ တွေက ပိုင်ရှင် မရှိဘူး၊ ဒါကို ငါကပဲ လုယက် နေသလို မျိုး၊ အသံကောင်း ဟစ် မနေ ပါနဲ့။ ”
လင်းယွန်က ကြောက်ရွံ့မှု မရှိဘဲ၊ ချန်ကျန်းနှင့် ရှန့်ယွင်ကျန်းကို အေးဆေးစွာ တုန့်ပြန့် လိုက်သည်။ သို့သော် အနည်းငယ် စိတ် အနှောက် အယှက် ဖြစ်စ ပြုလာ၏။
ချန်ကျန်းမှာ သူ့ ခွန်အားကို စမ်းသပ်ပြီး၊ ရှန့်ယွင်ကျန်းမှ ကစားရန် ကြိုးစား နေခဲ့သည်။ သူ့အား အနိုင်ကျင့် နိုင်မည်ဟု ထင်နေပုံ ရ၏။
စကားပြော နေစဉ် မှာပင် လင်းယွန်မှ၊ ကောင်းကင် ဝိညာဉ် နယ်မြေ အရှိန် အဝါအား ထုတ်လွှတ်လျက်၊ တစ်ဖက်လူ များ၏ ဖိအား များကို၊ လွယ်ကူစွာ ဖြေရှင်း လိုက်သည်။
တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ ဖြင့်ပင်၊ ကြောက်ရွံ့ခြင်း မရှိ သဖြင့်၊ လက်ရှိ အချိန်၌ ဆိုဖွယ် မရှိ တော့ချေ။
“ အိုး အိုး ... ၊ မင်းက အောင်မြင်မှု တစ်ခု ရခဲ့တာပဲ၊ အရမ်း သတ္တိရှိ လာတာ အံ့သြ စရာ မရှိ တော့ပါဘူး၊ ဒါပေမယ့် ... ”
“ ... ငါ့ အမြင် အရတော့ ... ၊ မင်းက ပုရွတ်ဆိတ် တစ်ကောင် ပါပဲ၊ ကျောက်သား နန်းတော် ထဲကနေ၊ ယူလာတဲ့ ရတနာ တွေကို လွှဲပေးပါ။ ”
စကားဆုံး သည်နှင့်၊ ချန်ကျန်းက ဦးစွာ လှုပ်ရှား လိုက်သည်။ ပထမ အကြိမ်တွင် ရှုံးနိမ့် ထားသဖြင့်၊ လင်းယွန်အား သင်ခန်းစာ တစ်ခု သင်ပေး လိုခဲ့၏။
“ ဝှစ် ... ။ ”
ထို့ကြောင့် ကောင်းကင်သို့ ခုန်တက် သွားပြီး၊ ကြောက်မက် ဖွယ်ရာ မီးလျှံ များနှင့် အတူ၊ လင်းယွန်ကို ထိုးနှက် လိုက်သည်။
နေမင်းကြီး ပြိုကျလာ သကဲ့သို့ ဒုတိယ အဆင့်၊ မီး ရည်ရွယ် ချက်က၊ ပတ်ဝန်းကျင်အား ကန့်သတ် လာ၏။
“ မင်း ... သေချင် နေတာပဲ။ ”
လင်းယွန်၏ မျက်လုံးများ အေးစက်စွာ တောက်ပ သွားသည်။ သည်ချန်ကျန်းကို ဦးစွာ ရိုက်နှက် ပေးရမည့် ပုံရ၏။
ဓားသုတ္တန် နှစ်ခုကို လှည့်ပတ်ကာ၊ ခရမ်းရောင် နန်းတော်ရှိ ရောင်ဝါ သမုဒ္ဒရာအား၊ လက်သီးနှင့် ပေါင်းစပ် လိုက်သည်။
ကနဦး ကောင်းကင် ဝိညာဉ် နယ်မြေသို့ ရောက်ရှိ ပြီးနောက်၊ မြင့်မြတ် မြေမှ ပါရမီရှင် များနှင့် သူ့ကြား၊ ကွာဟချက် ရှိ-မရှိကို သူ သိချင်သည်။
“ ဝှစ် ... ။ ”
လက်သီး နှစ်လုံး တိုက်မိ သွားကာ၊ သူတို့ နှစ်ဦး အောက်ရှိ မြေပြင်၌၊ ပင့်ကူအိမ် သဖွယ် အက်ကွဲ ရာများ ဖြစ်ပေါ် လာ၏။
စက္ကန့်ပိုင်း အတွင်း၊ လှုပ်ရှားမှုပေါင်း တစ်ဒါဇင် ကျော်ခန့် ဖလှယ် နေစဉ်၊ အက်ကွဲ ကြောင်းမှာ၊ မီတာ ထောင်ဂဏန်း အထိ ဆက်လက် ပျံ့နှံ့ နေသည်။
ထိပ်တိုက် တွေ့ဆုံမှု များ၌၊ လက်တစ်ဖက်လုံး ထုံကျင် လာသည်ကို ခံစား လိုက်ရ သဖြင့်၊ ချန်ကျန်း တစ်ယောက် အံ့အားသင့် သွားသည်။
ပထမ ဒုက္ခကို မဖြတ်သန်း ဖူးသော ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင် သူ တစ်ယောက် အပေါ်၊ မနှိမ်နင်း နိုင်ဟူသော၊ ရလာဒ်အား မယုံကြည် နိုင်ချေ။
မြင့်မြတ် မြေ၏ ပါရမီရှင် တစ်ဦး အနေဖြင့်၊ နိမ့်ကျသော နယ်မြေမှ ပုရွက်ဆိတ် တစ်ကောင် ကို၊ နှိမ်နင်းနိုင် သင့်ပေသည်။
သို့သော် ၎င်းပုရွက်ဆိတ်မှာ၊ ဝိညာဉ်ရေး ဓားကို မသုံးဘဲ၊ သူ့အား လက်ရည်တူ ရင်ဆိုင် နိုင်ပေ၏။ တိတိ ကျကျ ဆိုရ ပါမူ၊ အနည်း ငယ်ပင် အသာစီး ရနေသည်။
ဘုန်းနေမင်း ကုန်းမြေမှ အခြားသော ကျင့်ကြံသူ များသည်၊ ဤမြင်ကွင်းကို မြင်သော အခါတွင်၊ အံသြသွား ကုန်သည်။
ပယင်း နယ်မြေ၏ အခြေ ခံဖြင့်၊ ချန်ကျန်းအား မည်သို့ လက်ရည်တူ တိုက်ခိုက် နိုင်သည်ကို၊ နားမလည် နိုင်တော့ချေ။
“ ဒါက မင်းမှာ ရှိတာ အကုန်လား၊ စိတ်ပျက်စရာပဲ ငါ့ အတွက် သွေးတောင် မပူ သေးဘူး။ ”
လင်းယွန်က ပြုံးကာ ဆိုလိုက်စဉ်၊ ခရမ်းရောင် ပန်းများ ပွင့်နေသော အပြာရောင် သစ်ပင်ကြီး တစ်ပင် နောက်ကျော၌ ထွက်ပေါ် လာ၏။
လက်သီး များက ယခင်ထက် အရှိန် နှစ်ဆ ပိုပြင်း လာသဖြင့်၊ ဓားမြည် သံများ ပဲ့တင်ထပ် သွားသည်။
“ လာ ဦး မယ်။ ”
ချန်ကျန်းက မြေပြင် ဆင်းသက်ကာ၊ ဟန်ချက် ညှိယူ နေစဉ်၊ လင်းယွန် လက်သီးများ ထပ်မံ ရောက်ရှိ လာသည်။
ထို့ကြောင့် မျက်နှာ ပြောင်းလဲ သွားပြီး၊ နောက်ပြန် ဆုတ်လျက်ဖြင့်၊
“ မိစ္ဆာ အပြစ် ပေးခြင်း လက်သီး။ ”
-ဟု အော်ဟစ်ကာ ခုခံ လိုက်ရသည်။
ခရမ်းရောင် နယ်မြေ၏ ကျော်ကြားသော ကံကြမ္မာ ကိုယ်ခံ ပညာ ထွက်ပေါ် လာ၏။ သို့သော် ပြင်ဆင်ချိန် မရခဲ့ သောကြောင့်၊ တစ်ဖက် လူ၏ တိုက်ခိုက်မှု များကို မဖြေရှင်း နိုင်ခဲ့ချေ။
“ ဟိတ် ... ။ ”
နောက်သို့ တစ်ဆုတ်တည်း ဆုတ်နေစဉ်၊ သူ့အား ကူညီရန် လက်သီး တစ်လုံး လင်းယွန် ထံသို့၊ ဝင်ရောက် လာသည်။
ရှန့်ယွင်ကျန်းက အေးစက်သော အငွေ့ အသက် နှင့်အတူ၊ လင်းယွန် အားနည်း ချက်ကို စောင့်မျှော် ထိုးနှက် လိုက်ခြင်း ဖြစ်၏။
“ ဟား ဟား ဟား ... ။ ”
ရှန့်ယွင်ကျန်း၏ ရယ်မော သံက၊ ပတ်ဝန်းကျင်ရှိ ကြားရသူ တိုင်းကို တုန်လှုပ် သွားစေသည်။
ကနဦး ကောင်းကင် ဝိညာဉ် နယ်မြေ ၌သာ ရှိသော လင်းယွန် အတွက်၊ ဤလက်သီးက များစွာ အန္တရာယ် ရှိပေ၏။
***