← Chapters

လွှမ်းမိုး ခြင်း။

Vol. 65 Ch. 906

လွှမ်းမိုး ခြင်း။

Vol. 65 Ch. 906

လင်းယွန်က ချန်ကျန်း အပေါ်၊ အာရုံစိုက် ထားသဖြင့်၊ ရှန့်ယွင်ကျန်း၏ တိုက်ခိုက်မှုကို ရှောင်းတိမ်းရန် အချိန် မရှိ တော့ချေ။

ရှန့်ယွင်ကျန်းအား လှည့်၍ ဖြေရှင်း လိုက်ပါက၊ ချန်ကျန်းက အလွတ် ပေးမည် မဟုတ်ကြောင်း၊ ပြေနိုင်သည်။

“ ဖုန်း ... ။ ”

ထို့ကြောင့် ရှန့်ယွင်ကျန်း၏ လက်ဖဝါး ရိုက်မိသွား မှသာလျှင်၊ လှည့်ကြည့်နိုင် ခဲ့သည်။ ခန္ဓာကိုယ် အတွင်း တိုးဝင် လာသော စွမ်းအင် များမှာ၊ အတိုင်း အဆ မရှိချေ။

ကံကောင်း ထောက်မ စွာဖြင့်၊ ဝိညာဉ်ရေး ဓားက ပိတ်ဆို့ ထားနိုင် ခဲ့သည်။

“ ကျောက်သား နန်းတော်မှာ၊ မင်း ရိတ်သိမ်းနိုင် ခဲ့ပုံ ရတယ်၊ ဒါပေမယ့် မင်းက ငါ့နဲ့ ရင်ဆိုင် ဖို့တော့ အရမ်းငယ် ပါသေးတယ်။ ”

လက်သီး ထိမှန် သွားသော်လည်း၊ ဒဏ်ရာ ရရှိ သွားခြင်း မရှိသော လင်းယွန်ကို ကြည့်ကာ၊ ရှန်ယွင်ကျန်းက အံ့ဩခြင်း မရှိချေ။

အနက်ရောင် မူလ စွမ်းအင် များက၊ ချည်မျှဉ်များ သဖွယ်၊ လင်းယွန်အား သိုင်းခြုံ လာ တော့သည်။

ထို့နောက် လင်းယွန်၏ မူလ စွမ်းအင်ကို စုပ်ယူပြီး၊ သက်ရှိ တစ်ကောင် သကဲ့သို့ လှုပ်ရွ နေလေပြီ။

လင်းယွန်က နဂါး ရူရ်များ လင်းလက် စေလျက်၊ မိုးပြာ နဂါး မူလ ပုံစံအား အသက် သွင်း လိုက်၏။

သို့သော် အနက်ရောင် ချည်မျှဉ် များက၊ ရုပ်ခွန်အား ကိုပါ ဝါးမျို လာသဖြင့်၊ အံ့အားသင့် သွားရသည်။

“ ဟား ဟား ဟား ... ။ ”

မလူးသာ မလွန့်သာ ဖြစ်နေသော လင်းယွန်၏ ဖြစ်အင်ကြောင့်၊ ရှန့်ယွင်ကျန်းက သဘော ကျစွာ ရယ်မော မိလေသည်။

“ လင်းယွန်၊ မြင့်မြတ် မြေရဲ့ ခွန်အားကို မင်း သိပြီလား၊ ဒါက ငါတို့ အနန္တ အလင်း နယ်မြေရဲ့ နဂါး ကျော့ကွင်း လျှို့ဝှက် နည်းစနစ်ပဲ၊ ... ”

“ ... မင်းက နဂါး ဖြစ်နေ ရင်တောင် ချည်နှောင် ခံရဦး မှာပါ၊ အခု ကျောက်သား နန်းတော် ထဲက ရတနာ တွေကို လွှဲပေးပါ။ ”

ရှန့်ယွင်ကျန်း၏ အကြည့် များက စူးရှ အေးစက် လာသည်။ ဤလျှို့ဝှက် နည်းစနစ်မှာ နောက်ဆုံးသော ဝှက်ဖဲ ဖြစ်၏။

နတ်ကြယ် ပုလဲ၊ နဂါး မျိုးရိုး ဝိုင်နှင့်၊ ထောင်စုနှစ် မီးလျှံကို ရနိုင် သ၍၊ ၎င်းကို အသုံး ပြုရန် ထိုက်တန် ပေသည်။

“ မိစ္ဆာ အပြစ် ပေးခြင်း လက်သီး — နေရောင် ကောင်းကင်။ ”

ချန်ကျန်းက ဖိအားများ လျော့ကျသွား သည်နှင့်၊ နဂါး ကျော့ကွင်းတွင် မိနေသည့် လင်းယွန်ထံ၊ သူ၏ အပြင်းထန် ဆုံးသော တိုက်ခိုက်မှုကို ပေးပို့ လိုက်သည်။

အလွန် ကြီးမားသော ခရမ်းရောင် လက်သီး တစ်လုံးက၊ လေဟာနယ်ကို ကန့်သတ်လျက် လင်းယွန်ထံ ကျဆင်း သွား၏။

လင်းယွန် အတွက် လွတ်မြောက်ရန်၊ နည်းလမ်း မရှိကြောင်း၊ သိမြင် လာရ သဖြင့်၊ လူတိုင်း အသက်ရှူ ကြပ် ကုန်သည်။

မြင့်မြတ် နယ်မြေ များကို ဆန့်ကျင် မိသည့်နောက်၊ အဆုံး သတ်မှာ စွမ်းအား မဲ့ခြင်းနှင့်၊ စိတ်ပျက် အားငယ် ခြင်းသာ ဖြစ်လေသည်။

“ မြင့်မြတ် မြေရဲ့ အခြေခံ အုတ်မြစ်က၊ တကယ့်ကို မနာလို စရာ ပါလား၊ လျှို့ဝှက် နည်းစနစ် တစ်ခု ကတောင် အုပ်စိုးရှင် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာနဲ့၊ ယှဉ်နိုင်တယ် … ။ ”

လင်းယွန်က မနာ လိုသော အသွင်ဖြင့်၊ ညည်းတွား လိုက်လေသည်။ ပယင်း ကမ္ဘာတွင် အလယ် အလတ် အဆင့်၊ ကံကြမ္မာ ကိုယ်ခံ ပညာ ကိုပင်၊ ရှာ မတွေ့ နိုင်ချေ။

မြင့်မြတ်သော နယ်မြေများ အတွက်မူ၊ ၎င်းအဆင့် ကံကြမ္မာ ကိုယ်ခံ ပညာ များမှာ၊ အပေါ်ဆုံး ဖြစ်နေ ပုံရ၏။ သူ့ စကားကို ကြားသော အခါတွင်၊ ရှန့်ယွင်ကျန်းက လှောင်ပြုံးဖြင့်၊

“ အဟား ... ၊ မင်း တွေးတာ မမှား ပါဘူး၊ မင်းရဲ့ သနား စရာ ကောင်းတဲ့ မွေးဖွား လာမှု ကိုသာ အပြစ်တင် သင့်တယ်၊ ဒါက ဒီကမ္ဘာမှာ မင်း မစော်ကား သင့်တဲ့ အရာတွေ ရှိတယ် ဆိုတာ ပြနေ တာပဲ။ ”

မူလ စွမ်းအင်အား ထုတ်ဖော် လိုက်သည် နှင့်အမျှ၊ နဂါး ကျော့ကွင်းက လင်းယွန်ကို ပို၍ တင်းကျပ်စွာ ချုပ်နှောင် လာ၏။

“ မင်းပြောတာ မှန်တယ်၊ ဒီကမ္ဘာမှာ စော်ကားလို့ မရတဲ့ လူတွေ ရှိတယ်၊ မင်းက ငါ့ကို ဒီနည်းနဲ့ အနိုင်ယူ နိုင်မယ်လို့၊ ထင်နေရင် တကယ့် ငတုံးပဲ။ ”

သူ့ အနေဖြင့် တိုက်ပွဲ များ၌၊ မူလ စွမ်းအင်နှင့် ခွန်အား အပေါ်၊ မည်သည် အခါမျှ၊ အားကိုး အားထား ပြုခြင်း မရှိပေ။

စစ်မှန်သော စွမ်းအားမှာ၊ ဓား ဖြစ်သည်။ နဂါး ဟောက်သံများ ပဲ့တင်ထပ် လာပြီး၊ ဝိညာဉ် ရေး ဓားနှင့်၊ ထာဝရ နဂါးဓား ရောင်ဝါတို့၊ ပြည့်စုံစွာ ပေါင်းစပ် သွား၏။

တစ်ချိန်တည်း မှာပင်၊ ရှန့်ယွင်ကျန်း မျက်နှာက ဖြူဖျော့ လာပြီး၊ နှုတ်ခမ်းမှ သွေးများ စီးကျ လာ၏။

အက်ကွဲ လာသော၊ နဂါး ကျော့ကွင်းထံ မယုံကြည် နိုင်စွာဖြင့်၊ ပြန်ကြည့် လိုက်သည်။ အနန္တ အလင်း နယ်မြေ၏ လျှို့ဝှက် နည်းစနစ် မှာ၊ ဤသို့ အလွယ် တကူ ပျက်ပြယ် သွားနိုင် သည်လော။ အထိတ် တလန့်နှင့် ထွက်ပြေးရန် အတွေးများ ဝင်ရောက် လာသည်။

“ မင်း ... လွတ်မြောက် နိုင်မယ် ထင်လား။ ”

လင်းယွန်က နဂါး ရူရ်များ နှင့်အတူ၊ လျင်မြန်စွာ ရွေ့လျား လာပြီး၊ ရှန့်ယွင်ကျန်း၏ လက်ကောက် ဝတ်ကို ဆွဲကိုင်ကာ၊ ကောင်းကင် မှ ခုန်ဆင်း လာသော ချန်ကျန်းထံ၊ ပစ်ပေါက် လိုက်သည်။

“ ဝှစ် ... ။ ”

“ မ လုပ် နဲ့ ... ။ ”

“ အွတ် ... ။ ”

ချန်ကျန်း တစ်ယောက် ကတိုက် ကရိုက် ဆုတ်ခွာ လိုက်သော်လည်း၊ လွတ်မြောက်ခြင်း မရှိ ခဲ့ချေ။ ရှန့်ယွင်ကျန်းနှင့် တိုက်မိပြီး၊ ခေါင်းမှ သွေးများ စီးကျ လာ၏။

“ အဆင့်မြင့် ဝိညာဉ်ရေး ဓားကို၊ မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်နဲ့ ပေါင်းစပ်ထား တာပဲ။ ”

“ မဟုတ်ဘူး၊ အဲဒါ မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက် မဟုတ်ဘူး၊ အမှန်က မိုးပြာ နဂါး ဓား ရောင်ဝါပါ၊ သူက ဘီလူးပဲ တကယ့်ကို ဘီလူးမှ ဓားဘီလူး။ ”

လူအုပ် ကြီးက မြေပြင် ပေါ်တွင် လဲကျ နေသော ချန်ကျန်း တို့ကို တစ်လှည့်၊ လင်းယွန် တစ်လှည့် ကြည့်ပြီး၊ အံ့သြသွား ကုန်သည်။

နဂါး ကျော့ကွင်းမှာ လင်းယွန်အား မချုပ်နှောင် ထားနိုင်သည့် အပြင်၊ သူတို့ အပေါ် အငိုက်မိ စေ၏။

တစ်ဖက်တွင် မူလ စွမ်းအင်နှင့်၊ ကြမ်းရှသော စွမ်းအင်ကို စုပ်ယူခြင်း ခံလိုက်ရ သောကြောင့်၊ လင်းယွန်၏ ရုပ်ခွန်အားမှာ၊ အားနည်းသွား လေသည်။

သို့သော် ကံကောင်း စွာဖြင့် ဝိညာဉ်ရေး ဓားမှာ၊ သူ၏ အဓိက ဝှက်ဖဲ ဖြစ်နေ လေသည်။ ဒေါသ တကြီးဖြင့် လင်းယွန်အား တိုက်ခိုက်ရန်၊ တစ်ဖက်လူ နှစ်ဦးမှာ နောက်တစ်ကြိမ် ပြေးဝင် လာကြသည်။

သည်တစ်ကြိမ်၌ ၎င်းတို့ နှစ်ဦး၏ မူလစွမ်းအင် များကို၊ အကန် အသတ် အထိ တွန်းထုတ် ထားပေသည်။

“ အချိန် ကောင်းပဲ။ ”

ပြိုင်ဘက် နှစ်ဦးထံ ကြည့်ကာ၊ ဓားသုတ္တန် နှစ်ခုအား လှည့်ပတ် မိ၏။ ထာဝရ နဂါး ဓားက၊ သူ့ လက်ဖဝါး ပေါ်၌ ပဲ့တင်ထပ် လာသည်။

“ ဟိတ် ... ။ ”

ထိုဓား ရောင်ဝါသည် ချန်ကျန်းနှင့်၊ ရှန့်ယွင်ကျန်း တို့၏ မူလ စွမ်းအင် အကာ အကွယ်အား၊ ချက်ချင်း ဆုတ်ဖြဲ ပစ်လိုက်သည်။

“ ဖောင်း ... ၊ ဖောင်း ... ။ ”

ခရမ်းရောင် ပန်းတစ်ပွင့် ပွင့်လာပြီး၊ လက်သီး အတွင်း တိုးဝင် သွားကာ၊ ချန်ကျန်း တို့ နှစ်ဦး ထံသို့၊ ပြေးထွက် ထိမှန် ကုန်သည်။

“ အွန့် ... ။ ”

နှစ်ယောက်သား ခုခံ ကာကွယ်ရန် အတူတကွ ပူးပေါင်း လုပ်ဆောင် ခဲ့သော်လည်း၊ မအောင်မြင် ခဲ့ချေ။ မျက်နှာများ ဖြူဖျော့လျက် လွင့်စဉ် သွားတော့သည်။

ယင်းမှာ အဆုံးသတ် မဟုတ် သေးချေ။ ပို၍ ကြီးစိုးနိုင် လွန်းသော လက်သီး များက၊ လိုက်ပါ လာပြန်သည်။

ဆံပင်များ တဖျပ်ဖျပ် လွင့်လာပြီး၊ အပြာရောင် ဓား အရှိန် အဝါများ ပေါက်ကွဲ လျက်၊ လင်းယွန် မျက်နှာမှာ အေးစက် နေပေသည်။

ထိုဓားရောင်ဝါ အောက်တွင်၊ ချန်ကျန်းနှင့် ရှန့်ယွင်ကျန်းမှာ မူလ စွမ်းအင်များ ထုတ်ဖော် နိုင်ခြင်း မရှိ တော့ချေ။

“ သေစမ်း ... ၊ ဒီဓားက ဘာလို့ ဒီလောက် အစွမ်းထက် နေရ တာလဲ။ ”

ပတ်ဝန်း ကျင်အား ကန့်သတ်ခြင်း ခံလိုက်ရ သဖြင့်၊ လွတ်မြောက်ရန် နှစ်ဦးသား အဖြေ မရှာ နိုင် ခဲ့ချေ။

ဓား အစား လက်သီးဖြင့်၊ ‘မြေ ကမ္ဘာ ပျက်စီးခြင်း’ကို ခင်းကျင်း လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့ လက်သီးမှာ မူလ စွမ်းအင်ကို ခွဲလျက်၊ ချန်ကျန်းအား ဒူးထောက် စေခဲ့သည်။

“ သူက တကယ့် ဘီလူးပဲ ... ။ ”

ရှန့်ယွင်ကျန်း မျက်နှာမှာ ဖြူဖျော့ တုန်ရီ လာသည်။ သူ့ အနေဖြင့် ချန်ကျန်းထက် သန်မာ သောကြောင့်၊ ရန်သူဓား အရှိန်အဝါမှ လွတ်မြောက် နိုင်ခဲ့သည်။

“ ညီအစ်ကို ချန်၊ မင်းကို စိတ်ပျက် စေမိလို့ တောင်းပန် ပါတယ်၊ အနာဂါတ်မှာ မင်း အတွက် ငါ လက်စားချေ ပေးပါ့မယ်။ ”

စကားဆုံး သည်နှင့်၊ ရှန့်ယွင်ကျန်းက အလင်းတန်း အသွင်ပြောင်း လဲကာ၊ ပြေးထွက် သွားတော့သည်။

“ ဝှစ် ... ။ ”

“ တိရစ္ဆာန်ကောင် ... ။ ”

ကိုယ်လွတ် ရုန်းသွားသော ရှန့်ယွင်ကျန်းကို ကြည့်ပြီး၊ ဒူးထောက် နေလျက်မှ အံကြိတ်ကာ ဆဲရေး တိုင်းထွာ လိုက်မိသည်။

ဤလင်းယွန်မှာ ဖန်းဝူကျိနှင့် အဆင့် တူ၌ ရှိနေကြောင်းကို ရှန့်ယွင်ကျန်းမှ သဘောပေါက် သွားခြင်း ဖြစ်၏။

သူ၏ စီနီယာ အစ်ကို သည်သာ နှိမ်နှင်းနိုင် ပေမည်။ ထို့ကြောင့် တက်နိုင် သမျှ မြန်မြန်ပြေး ရန်သာ၊ ရှန့်ယွင်ကျန်း၌ ဆန္ဒရှိ ချေ၏။

သို့သော် သူ့ပြေး လမ်းတွင်၊ ဆူဖြိုးသော ကြောင် တစ်ကောင် ရုတ်တရက် ပေါ်လာပြီး၊ ရင်ဘတ်ထံ ဓားဖြင့် ထိုးသွင်း လာသည်။

“ ဝှစ် ... ။ ”

ပူခနဲ ခံစား လိုက်ရပြီး၊ သွေးများ စီးထွက်လာ၏။ ချက်ချင်းပင် ရင်ဘတ်အား ဆုပ်ကိုင်လျက်၊ ဆက်ပြေးရန် ပြင်မိ ချိန်တွင်၊ ဓား တစ်လက် ခေါင်းပေါ် ပျံဝဲလာ သကဲ့သို့၊ ခံစား လိုက်ရသည်။

ထို့ကြောင့် ပြန်လှည့် ကြည့်လိုက်ရာ၊ စိုက်ကြည့် နေသော လင်းယွန်၏ မျက်ဝန်း များနှင့်၊ အကြည့်ချင်း ဆုံသွားသည်။

“ ငါ ... ဓား မဆွဲချင် တဲ့ အတွက်၊ ဒါကို ဆက်မလုပ်ဖို့ မင်းကို အကြံပေး ပါရစေ။ ”

အေးစက်စွာ ဆိုလာသော လင်းယွန်၏ စကား များက၊ သူ့အား ရေခဲ ရေဖြင့်၊ လောင်းချ လိုက် သကဲ့သို့၊ တုန်ယင် သွားစေ ခဲ့သည်။

***

All Chapters