← Chapters

ကြောင် ဖက်တီး။

Vol. 65 Ch. 907

ကြောင် ဖက်တီး။

Vol. 65 Ch. 907

လင်းယွန်၏ စကား များကြောင့်၊ ရှန့်ယွင်ကျန်း တစ်ယောက် ချက်ချင်း ရပ်တန့် သွားသည်။

ဓားမပါဘဲ ဤမျှ သန်မာ နေပါက၊ ဓားဆွဲ ပြီးနောက် လင်းယွန် မည်မျှ အစွမ်းထက် လာ မည်ကို မတွေးဆ နိုင်ချေ။

အကြောက် တရားက နှလုံးသား၌ ပေါက်ပွားလာကာ၊ သူ့ အား မလှုပ် မယှက် ဖြစ်သွား စေခဲ့သည်။

မြေပြင်တွင် ဒူးထောက် နေသော ချန်ကျန်းထံ၊ ပြန်ငုံ့ ကြည့် မိသည်။ နှစ်ဦးသား အတူတူ လုပ်ဆောင် ခဲ့သည့်တိုင်၊ ရလဒ်မှာ မယုံ နိုင်စရာ ကောင်းနေဆဲ ပေပင်။

ပရိသတ် များက အံသြ သွားပြီး၊ တိတ်ဆိတ်ကုန် ကြသည်။ သူတို့ အမြင်အား သူတို့ သံသယ ဝင်လာ မိသည်။

“ သူတို့က တကယ် ဒူးထောက် နေတယ်။ ”

တစ်ယောက်က ဒူးထောက်လျက် ကျန် တစ်ဦးမှာ ကျောက်ရုပ် တစ်ရုပ် ကဲ့သို့ ငြိမ်သက် နေခဲ့သည်။

မြင့်မြတ် မြေမှ ထူးချွန်သူ များသည်၊ အခြားသော နယ်မြေ များကို တိရစ္ဆာန်များ အဖြစ်သာ ရှုမြင် ကြ၏။

ထို့ကြောင့် အသတ် ခံရ မည်ကို ကြောက်ရွံ့ ကြသဖြင့်၊ လင်းယွန်သာ မရှိ ပါလျှင်၊ အဝေးမှ ကြည့်ရန်ပင် သတ္တိ ရှိမည် မဟုတ်ချေ။

“ လင်းယွန် ... ၊ ငါ့ကို သွားခွင့် ပြုပါ၊ ဒါက ငါတို့ နှစ်ယောက်ရဲ့ ပြဿနာ သက်သက်ပဲ၊ ခရမ်းရောင် နယ်မြေက မင်းကို လိုက်မရှာ ဖူးလို့၊ ငါ ကတိ ပေးပါတယ်။ ”

ချန်ကျန်းက အချိန် အတော်ကြာ တုံ့ဆိုင်းနေ ပြီးမှ ဆိုလိုက် သည်။ သူ့ အနေဖြင့် လက်ရှိ အဖြစ်ဆိုး ကြီးမှ အမြန် လွတ်မြောက် လို၏။

“ မင်းမှာ ရတနာတွေ ရထားပြီး ပြီးပဲ၊ သွားခွင့် ပေးပါ၊ ငါ့ရဲ့ အနန္တ အလင်း နယ်မြေ ကလည်း၊ လိုက်ရှာမှာ မဟုတ် ဖူးလို့၊ ငါ ကတိ ပေးပါတယ်။ ”

ချန်ကျန်း စကားဆုံး သည်နှင့်၊ ရှန့်ယွင်ကျန်း မှလည်း ဆိုသည်။ သို့သော် လင်းယွန် မျက်လုံး များတွင် လှောင်ပြောင် သရော်မှု များဖြင့် တောက်ပ လာပြီး၊

“ တောင်းပန် ပါတယ်၊ မင်းတို့ ပြောတဲ့ အတိုင်း လိုက်လုပ်ဖို့၊ ငါမှာ ရည်ရွယ်ချက် မရှိ ဘူး။ ”

ဤနှစ်ကောင်မှာ မျက်နှာပြောင် တိုက်လွန်းသည်။ မောက်မာစွာ ပြုမူ ပြီးနောက် ရှုံးနိမ့် ချိန်တွင်၊ ထွက်ပြေးရန် ကြံရွယ် နေသည်။

မြင့်မြတ် မြေ၏ ခြေခံ အုတ်မြစ်သည် ကြောက်မက်ဖွယ် ကောင်းနိုင် သော်လည်း၊ လူ သည်သာ အဓိက ဖြစ်သည်။

“ မင်း ဘာလို ချင်လဲ။ ”

တစ်ဖက် လူ၏ သဘော ထားကို အနည်းငယ် ရိပ်မိ လာသော၊ ချန်ကျန်းက အံကြိတ်လျက်၊

“ မြင့်မြတ် မြေကို စော်ကား မိရင်၊ ဘာဖြစ် မလဲ ဆိုတာ မင်း သိတယ် မဟုတ်လား။ ”

-ဟု ခြိမ်းခြောက် လိုက်သည်။

“ ငါ့ကို သတ်ကြည့် လိုက်၊ မင်း နောင်တ ရလိမ့်မယ်။ ”

ရှန့်ယွင်ကျန်းနှင့် ချန်ကျန်း တို့၏ စကား များကြောင့်၊ လင်းယွန် မျက်နှာ ပေါ်ရှိ အပြုံးမှာ၊ ပျောက်ကွယ် သွားသည်။

ထာဝရ နဂါး ဓား ရည်ရွယ်ချက်က၊ ပတ်ဝန်းကျင်နှင့် ပေါင်းစပ်ကာ၊ ကောင်းကင် ပေါ် ထိုးတက် လာ၏။

ရှေ့ တစ်လှမ်း တိုးလိုက်သော အခါတွင် ထိုဓားကြောင့် မြေပြင် တစ်ခုလုံး တုန်ခါသွား လေသည်။

ချန်ကျန်းနှင့် ရှန့်ယွင်ကျန်းမှာ သွေးများ အေးခဲ သွားပြီး၊ မရဏ အငွေ့ အသက်ကို၊ ခံစား လာမိ၏။

“ မင်းတို့ နှစ်ယောက်က၊ အခြေ အနေကို နားလည်ပုံ မရ သေးဖူး၊ ဒီအချိန်မှာ စကားပြော ပိုင်ခွင့်က ငါ့ဆီ မှာပဲ ရှိတယ်၊ ... ”

“ ... မင်းတို့ ဘယ်က လာလဲ ဆိုတာ ငါ ဂရု မစိုက်ဘူး၊ ထွက်သွားချင် ရင်တော့ ကြယ်ပုလဲ နှစ်သန်းနဲ့၊ ရတနာ တစ်ပါးကို ထုတ်ပေးဖို့ လိုလိမ့်မယ်။ ”

“ ..... ။ ”

ပယင်း နယ်မြေမှ၊ ဓားသမား တစ်ယောက်သည် မြင့်မြတ်မြေ များကို ဓားပြ တိုက်နေ လေပြီ။ ကြားလိုက်ရ သူတိုင်းက သူတို့ နား ကိုပင် သူတို့ မယုံ နိုင်ချေ။

“ ငါ့ ကောင်းကင်၊ ဒါ အမှန်လား။ ”

“ သူတို့ အသက်ကို ဝယ်စေချင် တာလား။ ”

“ ကြယ်ပုလဲ နှစ်သန်းနဲ့ ရတနာ တစ်ခု၊ အိုး ... မပေးရင် လင်းယွန်က တကယ် သတ်ရဲမှာ လား။ ”

လူအုပ် ကြီးက ထင်မြင် ချက်များ ပေးနေကြစဉ်၊ တုန့်ဆိုင်း နေသော ချန်ကျန်းတို့ နှစ်ဦးထံ ကြည့်ကာ၊

“ ဘယ်လို့လဲ ... ၊ ငါ့ စကားက မရှင်း လို့လား၊ စကား တစ်ခွန်းကို ထပ် တလဲလဲ မပြော တတ်လို့၊ စိတ် မကောင်း ပါဘူး၊ ငါ့ကို ရက်စက် တယ်လို့တော့ အပြစ် မတင် ပါနဲ့။ ”

-ဟု ဆက်လက် ခြိမ်းခြောက် လိုက်တော့သည်။

“ ငါ ပေးမယ်၊ ငါ မင်းကို ပေးမယ်။ ”

ချန်ကျန်းက အော်ဟစ် လိုက်၏။ မတ်တပ်မှ ငုံ့ကြည့် လာသော ရှန့်ယွင်ကျန်းအား လျစ်လျူ ရှုပြီး၊ သိုလှောင်အိတ် အတွင်းမှ ကြယ်ပုလဲ များကို ထုတ်ယူ ပေးလိုက်သည်။

နဂါးလေးက တခစ်ခစ် ရယ်မောလျက် သိမ်းဆည်း လိုက်၏။

“ မင်း တစ်ခုခု ... ၊ ပျောက်နေ တာလား။ ”

လင်းယွန်၏ မေးခွန်းကြောင့် ချန်ကျန်း တစ်ဘောက် မျက်နှာ ပြောင်းလဲ သွားသည်။ ကြယ်ပုလဲသည် များပြား လွန်းသော ပမာဏ ဖြစ်နိုင် သော်လည်း၊ အခြား သူများ ထံမှ ပြန်လည် လုယက် ခြင်းဖြင့်၊ အလွယ် တကူ ရယူ နိုင်သည်။

ထို့ကြောင့် နှမျောခြင်း မရှိချေ။ ရတနာ အတွက်မူ အသက်ကို စွန့်စား မှသာ ရပေ၏။ သို့သော် ရွေးချယ် စရာ မရှိ သည့်နောက်၊ အံကြိတ် ရုံသာ တက်နိုင်တော့ လေသည်။

အသက် ပြင်းပြင်း ရှူလျက်၊ ဆုံးဖြတ်ချက် အမြန် ချကာ၊ သေတ္တာ တစ်လုံးအား ထုတ်ယူ လိုက်၏။

“ ဒါက သူတော်စင် မှော်ဆေးလုံးပါ၊ ခွန်လွန်နယ်မြေ မှာတောင် အများကြီး မရှိဘူး၊ စတုတ္ထတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တွေသာ၊ သန့်စင် နိုင်တဲ့ ဆေးလုံးပဲ၊ မင်း ကျေနပ် လိမ့်မယ် ထင်တယ်။ ”

နဂါးလေးက ဖွင့်ပင် မကြည့်ဘဲ၊ သေတ္တာ တစ်ခု လုံးကို ပါးစပ်ထဲ ပစ်ထည့် လိုက်သဖြင့်၊ ချန်ကျန်း တစ်ယောက် အနည်းငယ် တုန်ယင် သွားသည်။ ၎င်းအား ပြန်လည် ရယူရန် နည်းလမ်း မရှိ တော့ချေ။

“ နှုတ်ဆက် ပါတယ် ... ။ ”

ထို့နောက် လင်းယွန်အား လေးလေး နက်နက် တစ်ချက် စိုက်ကြည့်ကာ၊ ထွက်ခွာ သွားသည်။

သည်နေ့ ပြီးနောက် သူ၏ အမည် ဂုဏ်သတင်းကို၊ ပြန်လည် အဖတ် ဆယ်ရန် အချိန်ယူ ရတော့မည် ဖြစ်၏။

ရှန့်ယွင်ကျန်း မှလည်း၊ အံကြိတ်လျက် ကြယ်ပုလဲ နှစ်သန်းနှင့်၊ မှော်ဆေးလုံး တစ်လုံး ကို၊ ထုတ်ယူ ပေးလိုက်သည်။

အလား တူပင် နဂါးလေးက ချက်ချင်း မျိုချ လိုက်၏။ ယင်းမှာ သူတော်စင် အဆင့် ဆေးလုံး ဖြစ်သဖြင့်၊ ရင်ဘတ် တစ်ခုလုံး နာကျင် ရလေပြီ။

သို့သော် ဒေါသကို မြိုသိပ်လျက် လင်းယွန်ထံ ပြန်ကြည့်ကာ၊

“ မင်းက လိမ်မ္မာ ပါးနပ်တယ်၊ ငါ့ကို သတ်လိုက်ရင် အနန္တ အလင်း နယ်မြေက မင်း နောက်လိုက် လိမ့်မယ်။ ”

-ဟု ဆိုလိုက်၏။

သူ့ နှလုံးသား ထဲရှိ အမုန်း တရားကို ဖုံးကွယ်ရန် မကြိုးစား တော့ချေ။ လင်းယွန်က ခေါင်းယမ်း ပြပြီး၊

“ မင်းတို့ နှစ်ယောက်က၊ ငါ့ ... အောက်စည်းကို မကျော် ခဲ့ကြဘူး၊ အဲဒါကြောင့် ချမ်းသာ ပေးလိုက်တာ၊ မဟုတ်ရင် ငါ မင်းကို ဓား တစ်ချက် တည်းနဲ့၊ သတ်ပစ် မိမှာ ... ။ ”

“ မင်း စကားကို၊ ငါ ယုံမယ်လို့ ထင်လား။ ”

ရှန့်ယွင်ကျန်းက မယုံကြည် ဟန်ဖြင့်၊ တုန့်ပြန် လာသောကြောင့်၊ လင်းယွန်က ပြုံးပြ လိုက်သည်။ သူ့ စကားမှာ ချဲ့ကား နေခြင်း မဟုတ်ချေ။

ကောင်းကင်ဘုံ သုံးပါးမှ တစ်ပါးသည် ရှန့်ယွင်ကျန်းကို သတ်ရန် လုံလောက် ချေ၏။ သို့သော် လူအုပ် ကြီးက ၎င်းကို မယုံကြည် နိုင်ချေ။

လင်းယွန် လှည့်ကြည့် လာချိန်၌၊ အမြန် လှည့်ထွက်ပြေး မိကြသည်။ ဤဓား သမားမှာ မြင့်မြတ် မြေမှ ပါရမီရှင် များကိုပင်၊ သတ်ဝံ့ သည်ဟု ဆိုထား၏။

ဟုတ်သော်ရှိ မဟုတ် သော်ရှိ၊ အလုံခြုံ ဆုံးသော နည်းလမ်း ကိုသာ ရွေးချယ် ရပေမည်။ ထွက်ပြေး ကုန်သော လူအုပ်ကို အဓိပ္ပါယ်မဲ့ ငေးကြည့်လျက်၊ လင်းယွန် တစ်ယောက် အတွေးနက် သွားသည်။

ကြယ်ပုလဲ လေးသန်းနှင့်၊ ကံကြမ္မာ ကိုယ်ခံ ပညာ များမှာ၊ ဖန်ရှောင်ယု တို့၏ ပထမ ဒုက္ခကို ကျော်လွှားရန် လုံလောက် သင့်ပေမည်။

ကံမကောင်း စွာဖြင့် လောဘ ကြီးသော ကြောင်ဖက်တီးက သူတော်စင် ဆေးလုံး နှစ်လုံး ကို၊ စားပစ် ခဲ့သည်။

နဂါး လေးအား လှမ်းခေါ်ကာ၊ အရင်း အမြစ် များကို စစ်ထုတ်ရန် ကြိုးစား လိုက်သည်။ ဦးစွာ အနက်ရောင် ဓားမြှောင်ကို လှမ်းကိုင် မိ၏။

ဤဓားမြှောင်မှာ အလင်း အားလုံးကို ဝါးမြို နိုင်သည့် စွမ်းရည် ရှိသည်။ ၎င်းအား စိုက်ကြည့် ရုံဖြင့်၊ ဝိညာဉ်ကို စုပ်ယူနေ သကဲ့သို့၊ ခံစားရ စေ၏။

ယင်းမှာ တာအို အဆင့် ဓားမြှောင် တစ်ချောင်း ဖြစ်သည်။ ကိုယ်ထည်၌ ‘အနတ္တ ဓား’ ဟူသော အမည်ကို ရေးထွင်း ထားသည်။

လင်းယွန်က လက်ကိုင်ရိုးအား အားပြု ဆုပ်ကိုင် လိုက်သော အခါတွင်၊ ရုပ်ခွန်အားကို ဝါးမျို သွားပြီး၊ လေဟာနယ် အတား အဆီးအား အလွယ် တကူ ခွဲဖြတ် နိုင်မည်ဟု၊ ခံစား လိုက်ရသည်။

“ ရွှပ် ... ။ ”

နောက်သို့ ခြေလှမ်းများ ဆုတ်လျက်၊ အနည်းငယ် ကစား ပြီးနောက်၊ မောဟိုက် လာ၏။

ခဏချင်း မှာပင် ရုပ်ခွန်အား၏ သုံးပုံ တစ်ပုံကို၊ စုပ်ယူ ခံလိုက်ရ သဖြင့်၊ ဓားမြှောင်ကို ချက်ချင်း ဖြေလျှော့ လိုက်သည်။

“ ကြောက်စရာ ကောင်းလိုက်တာ … ။ ”

ဤဓားမြှောင်မှာ ထက်ရှ သော်လည်း၊ ၎င်းနှင့် လိုက်လျော ညီထွေ ရှိသော နည်းစနစ် မရှိချေ။

သို့သော် နဂါးလေး အနေဖြင့်၊ မျိုးဆက် သွေး အပေါ် အားကိုးကာ၊ ယင်းအား အသုံးပြု နိုင်ပေ မည်။

ထို့ကြောင့် လင်းယွန်က ကမ်းပေး လိုက်သော အခါတွင်၊ နဂါးလေး တစ်ကောင် ပျော်ရွှင် သွား၏။

“ စိတ်မပူ ပါနဲ့ ... ၊ ဒီဓားကို မင်းပိုင် ပါတယ်။ ”

ထို့နောက် အခြား အရာ များထံ၊ ဆက်လိုက်သည်။ ဦးစွာ နတ်ကြယ် ပုလဲ များကို ရေတွက်၏။ စုစုပေါင်း (၁၈,၀၀၀) ရှိပြီး၊ သူထင် ထား သည်ထက် ပို၍ များနေသည်။

သည့်နောက် ဘုရင် အဆင့်၊ ကံကြမ္မာ ကိုယ်ခံ ပညာ ဖြစ်သည့် ‘လေးနက်သော ခြေလှမ်း ဆယ်လှမ်း’ ကို ကောက်ယူ လိုက်သည်။

၎င်းအား ကျင့်ကြံရန် ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေ၌၊ ရှိရ မည်ဟု ဆိုထား သော်ငြား လည်း၊ ကြိုးစား ကြည့်ချင်သည်။

နောက်ဆုံးတွင် ထောင်စုနှစ် မီးလျှံနှင့် နဂါးဝိုင် ရှိသည်။ ရတနာ များမှာ သူ ထင်ထား သည်ထက်၊ သာလွန် နေသဖြင့်၊ ကျောက်သား နန်းတော်ကို ပြန်လှည့် ကြည့်မိသည်။

၎င်းသည် မျိုးနွယ်ခွဲ တစ်ခု၏ အခြေခံ အုတ်မြစ် ဖြစ်ပါက၊ အသက်ရှင် နေချိန်၌၊ မည်မျှ တန်ခိုးကြီး မည်ကို မမှန်းဆ နိုင်ချေ။

( မို မျိုးနွယ်စု။ )

၎င်းသည် ခွန်လွန် နယ်မြေ၌ ရှိနိုင်ဦး မည်လော။ ထိုသို့ တွေးတော နေစဉ်၊ ရွှေရောင် အလင်း တန်းများ ကောင်းကင်ပေါ် ရုတ်တရက် ထိုးတက် လာသည်။

ယင်းမှာ ဘုန်းနေမင်း ဝိညာဉ် ပေါ်ထွန်း လာခြင်း ဖြစ်မည်ဟု တပ်အပ် သိနေ သဖြင့်၊ လင်းယွန် တစ်ယောက် အနည်းငယ် စိတ်လှုပ်ရှား လာတော့သည်။

***

All Chapters