နှစ်တစ်ထောင် မီးလျှံ။
Vol. 65 Ch. 908
ရွှေကျီးကန်း တစ်ကောင်က၊ ကောင်းကင်ပေါ် ပျံတက် သွားကာ ရွှေတောင်ပံ များဖြင့်၊ ခမ်းနား ထည်ဝါသော ဖြစ်စဉ်များ ထွက်ပေါ် လာစေသည်။
ဖြစ်စဉ်များ အရ၊ ၎င်းမှာ ဘုန်းနေမင်း ဝိညာဉ်သာ ဖြစ်ပေမည်။ ဘုန်း နေမင်းနှင့် ဘုန်း လမင်း ဝိညာဉ်သည်၊ အခြားသော ကုန်းမြေ များထက်၊ အသန်မာဆုံး ဖြစ်ကြောင်း သိရှိ ထားသည်။
သို့သော် ၎င်းတို့ကို ချိတ်ပိတ်ခဲ့ သဖြင့်၊ နဂါးတားမြစ် နယ်မြေ ဖွင့်ရန်၊ သော့ အဖြစ်သာ အသုံး ပြုရသည်။ အခြားသော အသုံး ဝင်မှုများ ရှိ-မရှိ မည်သူမျှ မသိ ကြပေ။
“ နည်းနည်းတော့ ဝေးဦးမယ် ... ၊ ဖြစ်စဉ်တွေ မရှိရင် ရှာတွေ့ဖို့ ဆိုတာ မဖြစ် နိုင်ဘူး။ ”
သူ့ ရည်ရွယ်ချက်မှာ ရွှေရောင် အလင်း မီးအိမ် ပန်းနှင့်၊ ရတနာများ ဖြစ်သောကြောင့်၊ ဝိညာဉ် တော်အား စိတ်မဝင် စားပေ။
သို့သော် ရည်မှန်းချက် နှစ်ခု ပြီးမြောက် သွားသည့်နောက်၊ ဘုန်းနေမင်း ဝိညာဉ်ကို သွား ကြည့်ရန်၊ ဆုံးဖြတ် လိုက်သည်။
မြင့်မြတ် မြေမှ ပါရမီရှင်များ အားလုံး ထိုနေရာတွင် ရှိနေမည် ဖြစ်သဖြင့်၊ စိတ်အား တက်ကြွ မှုများ ဖြစ်ပေါ် လာသည်။
“ ဒီလောက်လည်း ... ၊ အလျင်လို နေစရာ မရှိပါဘူး၊ ဝိုင် နည်းနည်းလောက် သောက်ကြည့် ရအောင်။ ”
ဘုန်းနေမင်း ဝိညာဉ်ထက်၊ နဂါး ဝိုင်နှင့် ထောင်စုနှစ် မီးလျှံအား ပို၍ စိတ်ဝင် စားသည်။ မို မိသားစုမှာ လျှို့ဝှက် ဆန်းကြယ် ပေ၏။
နဂါး ဝိုင် များကို ‘ကျောက်စိမ်း နှင်း ရေကန်’ဖြင့်၊ ချိပ်ပိတ် ထားခြင်းမျိုး မဟုတ်ဘဲ၊ ထောင်စုနှစ် မီးလျှံနှင့်၊ ကန့်သတ် ထားခြင်း ဖြစ်သည်။
ခရမ်းရောင် သလင်းကျောက် ခွက်ထဲသို့ ဝိုင်အား လောင်းထည့် လိုက်သည်။ နဂါး ဝိုင်မှာ အနီရောင် အဆင်းဖြင့်၊ ခွက်ထဲ လျှံတက် လာ၏။
ဝိုင်ကို စစ်ဆေး ကြည့်ရာ၊ လင်းလက် နေသော မီးပွား ကလေးများ၊ ပါနေ သည်ကို သတိ ပြုမိ လိုက်သည်။
ထို့နောက် ဝိုင်ခွက်အား နှာခေါင်း ဝတွင် တေ့ကာ ရှူရှိုက်လျက်၊ ကျေနပ်စွာ မျက်လုံးများ မှိတ်ကျ သွားသည်။ ဝိုင် ရနံ့က သူ့ခန္ဓာ ကိုယ်ထဲ ရုန့်ကြမ်းစွာ တိုးဝင် လာ၏။
“ ဂလု ... ။ ”
ရုတ်တရက် ကျယ်လောင်သော တံတွေး မျိုချ သံကြောင့်၊ စိတ်အာရုံကို အနှောင့် အယှက် ဖြစ်သွားသည်။
မျက်လုံးများ ဖွင့်ကြည့် လိုက်ရာ၊ နဂါးလေးက နှုတ်ခမ်း သပ်လျက်၊ ဝိုင်ခွက်ကို ငေးကြည့် နေကြောင်း၊ တွေ့လိုက် ရ၏။
“ မင်း သောက်ချင် လို့လား။ ”
လင်းယွန် မေးခွန်းကို နဂါး လေးက၊ လျင်မြန်စွာ ခေါင်းညိတ်ပြ ပြီးနောက် ခွက်အား ချက်ချင်း ဆွဲယူ လိုက်၏။
လင်းယွန် တစ်ယောက် စိတ်ပြောင်း သွားမည်ကို စိုးရိမ် နေပုံ ရသည်။ ထို့နောက် မဆိုင်း မတွပင်၊ ဝိုင်အား စုပ်လေသည်။
ရုတ်တရက် နဂါး လေး၏ မျက်လုံးများ ပြူးထွက် လာပြီး၊ မီးလျှံ များက ပြင်းရှစွာ တောက်လောင် လာသည်။
“ ဟီး ... ဟစ် ... ဟစ် ... ။ ”
ကြမ်းတမ်းသော ရောင်ဝါအား မထိန်းနိုင် တော့ဘဲ၊ မြင်း တစ်ကောင် အသွင်သို့ ပြောင်းလဲ သွား၏။
နဂါး အကြေးခွံ များက၊ ချပ်ဝတ် တစ်ထည် သဖွယ်၊ အရေပြား ပေါ်၌၊ အထပ်ထပ် ဖြစ်ပေါ် လာသည်။
ခန္ဓာကိုယ် တစ်ခုလုံး တဆက်ဆက် တုန်ယင် လာပြီး၊ ပါးစပ် ဟကာ မြေပြင်ထံ ဦးတည်လျက် မီးလျှံများ မှုတ်ထုတ် တော့၏။
“ ဖရူး ... ။ ”
ကြမ်းတမ်းသော စွမ်းအင် များက၊ သူ့ခန္ဓာကိုယ် အနှံ့ စီးဆင်း နေစဉ်၊ နဂါး အတောင်များ ကဲ့သို့ ကျောက်စိမ်းရောင် တောင်ပံ တစ်စုံ၊ ထွက်ပေါ် လာသည်။
ဤနည်းဖြင့် ကောင်းကင် ဝိညာဉ် နယ်မြေသို့ ထိုးဖောက် ဝင်ရောက် သွားပေ၏။ ဝိုင် တစ်ခွက်ဖြင့် သည်မျှ အကျိုး ကျေးဇူး ရလိမ့် မည်ဟု၊ မထင် ထားမိချေ။
နှုတ်ခမ်းကို သပ်ကာ၊ ကောင်းကင်ပေါ် ပျံတက် သွားသည့်၊ နဂါး လေးအား မော့ကြည့် လိုက်သည်။
“ ဒီဝိုင်က စိတ်ဝင်စား စရာပဲ။ ”
မီးပွား များကို သတိပြု မိသော်လည်း၊ အလေး အနက် မထား မိချေ။ နဂါးလေး အဖြစ် မြင်မှ သာလျှင်၊ မီးလောင် ကျွမ်းခံရ နိုင်ကြောင်း သိရှိ လိုက်သည်။
သူ့ အတွက် နောက်ထပ် တစ်ခွက်ကို ငှဲ့လိုက်ပြီး၊ စိုက်ကြည့် နေမိ၏။ ခဏ အကြာ၌ ဝိုင်မှာ ပွက်ပွက်ဆူ လာတော့သည်။
ကြည့်နေစဉ် မှာပင်၊ ရွှေကျီးကန်း တစ်ကောင် ပျံထွက် လာပြီး၊ လင်းယွန်အား လှည့်ပတ် နေလေသည်။
“ ငါ သိပြီ … ။ ”
ဖြစ်စဉ်အား ကြည့်ကာ၊ နားလည် လိုက်သည်။ ဝိုင် မသောက်ခင် မီးလျှံများ ထွက်သွား ချိန်ထိ၊ စောင့်ရ ပေမည်။
မဟုတ်သော် လောင်းကျွမ်း သေဆုံး နိုင်ပေ၏။ နဂါးလေးမှ ယင်းအား ခံနိုင်သည် အထိ၊ သန်မာ နေသည်မှာ အံ့ဩစရာ ပေပင်။
ထို့ကြောင့် နဂါး ဝိုင်၏ အရသာကို မြည်းစမ်းရန်၊ ခွက်အား နှုတ်ခမ်းပေါ် တင်လျက်၊ ဖြည်းဖြည်းခြင်း စုပ်ယူ လိုက်မိသည်။
ရေခဲ ကန်ထဲ၊ ပြုတ်ကျသွား သကဲ့သို့၊ အအေးဓာတ်များ တစ်ကိုယ်လုံး ပျံ့နှံ့ လာ၏။ ဝိုင် အရသာ ပျောက်ကွယ် သွားသည် အထိ၊ အေးစိမ့် နေပေသည်။
သို့သော် ချက်ချင်းပင် မီးလျှံများ တောက်လောင် လာပြီး၊ အရိုးများ၊ အတွင်း အင်္ဂါ များနှင့်၊ ဆဲလ် များရှိ၊ အအေး ဓာတ်ကို ဖြည်းညှင်းစွာ ဖယ်ရှားပေး တော့သည်။
ကျေနပ်မှုကြောင့် လင်းယွန် တစ်ယောက် မျက်လုံး မှိတ်ကျ သွား၏။ ဤနည်းဖြင့် မီးနှင့် ရေခဲကြား၊ သူ့ ခန္ဓာအား တစ်လှည့်စီ သန့်စင် ပေးမိသည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးလာ ပြီးနောက်၊ ခရမ်းရောင် နန်းတော်ရှိ အရှိန် အဝါ သမုဒ္ဒရာမှာ၊ နှစ်ဆတိုး လာသည်။
မီတာ (၃၀)ခန့် ရှိသော ရောင်ဝါ သမုဒ္ဒရာမှာ၊ (၆၀) အထိ ကြီးထွား လာ၏။ ကောင်းကင် သစ်ပင်ရှိ ခရမ်းရောင် ပန်းများ ပင်လျှင်၊ ကြယ်ပွင့် များလို တောက်ပ သွားသည်။
“ ထောင်စုနှစ် မီးလျှံက ... ၊ ဂုဏ် သတင်းနဲ့ တကယ်ပဲ ထိုက်တန် ပါပေတယ်။ ”
မျက်လုံးများ ဖွင့်လျက် ရေရွတ်သည်။ ကျယ်ပြန့် လာသော ရောင်ဝါ သမုဒ္ဒရာ ကြီးကို ကြည့်ကာ၊ အံ့အားသင့် သွား၏။
ဝိုင် တစ်ခွက်က သူ့အား၊ ကနဦး ကောင်းကင် ဝိညာဉ် နယ်မြေ အထွတ် အထိပ် သို့၊ ရောက်ရှိ လာစေသည်။
“ ဒီဝိုင်က အရမ်း မိုက်တယ်၊ ဘယ်သူ ချက်တာလဲ သိချင်သား။ ”
ဤသည်မှာ ပထမဆုံး အကြိမ် ဖြစ်သောကြောင့်၊ အကျိုး သက်ရောက်မှု များပြား နေခြင်း ဖြစ်၏။
နောက်တစ်ခွက် ဆိုပါက၊ သက်ရောက်မှု သိပ်ကြီးမည် မဟုတ်ချေ။ ခွန်လွန် နယ်မြေတွင် ဆက်ခံသူ ရှိပါက၊ မို မိသားစုအား ကျေးဇူးတင် ရမည် ဖြစ်ကြောင်း၊ တေးမှတ် လိုက်သည်။
“ တကယ် ပြင်းတဲ့ ဝိုင်ပဲ။ ”
ဘုန်းနေမင်း ဝိညာဉ်ကို ကြည့်ရှု လိုခြင်း ကြောင့်သာ မဟုတ် ပါက၊ သူ့ကိုယ်သူ ဝိုင်ဖြင့် နစ်မြုပ် ထားမိ ပေမည်။
ထောင်စုနှစ် မီးလျှံမှာ၊ အလွန်ပြင်း သောကြောင့်၊ လမ်းပင် တည့်တည့် လျှောက်ရန် ခက်ခဲ လာသည်။
ထို့ကြောင့် ခန္ဓာကိုယ် အတွင်းရှိ၊ အဆိပ် အတောက် များကို နှိမ်နင်းရန်၊ ဝိညာဉ်ရေး ဓား အား အသုံးပြု လိုက်ရ၏။
လင်းယွန် တစ်ယောက်၊ ထောင်စုနှစ် မီးလျှံဖြင့်၊ ပေါင်းစပ် ထားသည့် နဂါး ဝိုင်နှင့် အချိန် ကုန်နေစဉ်၊ မီးလျှံ မြို့မှာ ဆူပွက် နေခဲ့သည်။
“ နောက်ဆုံးတော့ ဘုန်းနေမင်း ဝိညာဉ် ထွက်ပေါ် လာပြီ။ ”
“ ဘုန်းနေမင်း ဝိညာဉ်က ... ၊ ချိပ်ပိတ် ထားလို့ သာပဲ၊ မဟုတ်ရင် ဒီထက် ပိုပြီး အစွမ်း ထက်မှာ သေချာတယ်။ ”
“ သွားကြည့် ရအောင်၊ ဘုန်းနေမင်း ဝိညာဉ်ကို မရ နိုင်ရင် တောင်မှ၊ သူနဲ့ အတူ မွေး လာမဲ့၊ အခြား ရတနာတွေ ရှိမှာ သေချာတယ်။ ”
ထို့နောက်တွင် နေရာ အနှံ့၊ ပြန့်ကျဲ နေသော ကျင့်ကြံသူ များက၊ အဆိုပါ ဖြစ်စဉ် ထွက်ပေါ် လာရာ အရပ်သို့၊ ဦးတည် ကုန်ကြ တော့သည်။
***