မီးလျှံ အတား အဆီး။
Vol. 65 Ch. 910
လင်းယွန် ထံမှ တိုက်ပွဲဝင် ဆန္ဒ များကို ခံစား ရသဖြင့် ချန်ရွှမ် တစ်ယောက် လေးနက် သွားသည်။
လင်းယွန်မှာ ဖေးယွီ တို့အား လျှော့တွက်နေ ပုံပင်။ နှစ်ယောက်- နှစ်ယောက် ရင်ဆိုင်ရ လျှင်ပင်၊ ဒဏ်ရာ များကြောင့် သူ၌ မျှော်လင့်ချက် မရှိချေ။
ထို့ပြင် လင်းယွန်မှာ ကနဦး ကောင်းကင် ဝိညာဉ် နယ်မြေ ၌သာ ရှိသဖြင့် ကွာဟချက် ကြီးမား ပေသည်။
“ သေခြင်း တရားနဲ့၊ ရင်ဆိုင် နေရ တာတောင် ... ၊ မင်းက မောက်မာ ဝံ့တာပဲ။ ”
“ ဒီလောက်ထိ မာနကြီး ရအောင်၊ မင်းမှာ ခွန်အား ရှိမလား ဆိုတာ ငါ သိချင် လာပြီ။ ”
ဖေးယွီနှင့် လန်ယွဲ့ တို့က တစ်ယောက် မျက်နှာ တစ်ယောက် ပြန်ကြည့်ကာ၊ အော်ဟစ် ရယ်မော လိုက်ကြသည်။
ရောင်ဝါ သမုဒ္ဒရာကို ကန့်သတ်ချက် အထိ လှည့်ပတ်လျက်၊ လင်းယွန်ထံ ဦးတည်ကာ ဖိနှိမ် ပစ်လိုက်၏။
ရုတ်တရက် ပန်းသင်္ချိုင်း ဓားက ပြင်းစွာ တုန်လှုပ် လာပြီး၊ သူ့အား ဆွဲရန် တောင်းဆို လာသည်။ ယင်းကြောင့် လင်းယွန်မှာ အံ့အားသင့် သွားမိ၏။
ဤနှစ်ယောက်မှာ လူပြက် များသာ ဖြစ်သည်။ ချန်ရွှမ်၊ ရှန့်ယွင်ကျန်း တို့နှင့် ရင်ဆိုင် ရာတွင်ပင်၊ ဓား မဆွဲခဲ့ သည့်နောက်၊ ဆိုဖွယ် မရှိချေ။
သို့သော် တာအို လက်ရာ တစ်ခုသည် သူ့ စွမ်းအားကို ပြလိုပုံ ရချေပြီ။ တစ်ချက် လွှဲလိုက် ရုံဖြင့်၊ ပန်းသင်္ချိုင်း ဓား၏ သွေးဆာ နေသော ဆန္ဒအား၊ ဖြည့်ဆည်း ပေးနိုင် ပေမည်။
“ ဟား ဟား ဟား ... ၊ ကောင်လေး ဘာဖြစ်သွား တာလဲ၊ လန့်ဖျား ဖျားနေ ပြီလား၊ ပထမ ကောင်းကင် ဝိညာဉ် ခွန်အားကို မြင်ပြီလား၊ ထွက်ပြေးချင် ရင်တောင် မင်း နောက်ကျ သွားပြီ။ ”
သူတို့၏ အရှိန် အဝါကြောင့် ငြိမ်သက် သွားသော လင်းယွန်ကို ကြည့်ကာ၊ ဖေးယွီက ရယ်မော လိုက်သည်။
သူတို့ အမြင်၌ မာန်ဝံ့ နေသော ခါချဉ် တစ်ကောင် မျှသာ ဖြစ်၏။ တောင်ကြီးကို ဖြိုနိုင် စရာ အကြောင်း မရှိချေ။
“ သ တိ ထား ... ။ ”
လင်းယွန် တစ်ယောက် ခြေ တစ်လှမ်း လှမ်းတက် လိုက်သဖြင့်၊ ချန်ရွှမ်က အော်ဟစ် သတိပေး မိသည်။
တစ်ဖက်တွင် လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ဆင့်ခေါ်လျက်၊ အလင်း ပိုးအိမ်အား ချက်ချင်း ထုတ်ဖော် လိုက်၏။
အကန့် အသတ် မရှိသော ဓား ရောင်ခြည်များ ပေါက်ကွဲ သွားပြီး၊ ကောင်းကင် တခွင်လုံး ခရမ်းရောင် ပြောင်းသွားသည်။
ဓားအလင်း များကြောင့်၊ ဖေးယွီနှင့် လန်ယွဲ့တို့၏ ရောင်ဝါမှာ၊ စက္ကူ တစ်ရွက် ကဲ့သို့ ကွဲအက် ကုန်သဖြင့်၊ လျင်မြန်စွာ ဆုတ်ခွာ လိုက်ရသည်။
စူးရှ လွန်းသော ဓား အလင်း များကြောင့်၊ ချန်ရွှမ် ခမျာ မျက်လုံးများ မှိတ်ချလိုက် ရသည်။ ရုတ်တရက် အရာ အားလုံး ငြိမ်သက် သွား၏။
တစ်ဖက်တွင် ဖေးယွီနှင့် လန်ယွဲ့ တို့မှာ၊ သူတို့ ခန္ဓာကိုယ် များအား အထက်အောက်၊ အစုန် အဆန် စစ်ဆေး လိုက်မိသည်။
တစ်ဖက် လူ၏ ဓားအလင်းမှာ အလွန် ကြောက်စရာ ကောင်းလှ သော်လည်း၊ ဒဏ်ရာ ရရှိခြင်း မရှိချေ။
ဤဖြစ်စဉ်သည် အနည်းငယ် သံသယ ဝင်စရာ ကောင်းလှ၏။ သို့သော် နှစ်ယောက် စလုံးက လျစ်လျူရှုလျက်၊ ပြုံးရယ် ကြသည်။
“ ဘာများ လဲလို့၊ ဒါက အလင်း ရောင်ထက် မပို ပါဘူး၊ ဟား ဟား ဟား ... ၊ မင်းက တကယ့် အရူးပဲ၊ သေခါနီး အချိန် မှာတောင် ငါတို့ကို ခြောက်လှန့် ဝံ့တယ်။ ”
ဓားကို သိမ်းဆည်း နေသော လင်းယွန်ထံ ကြည့်ကာ၊ ဖေးယွီက လှောင်ပြောင် လိုက်လေ သည်။
“ ဘာလဲ လက်နက်ချ ပြီလား၊ နောက်ကျ သွားပြီ ကောင်လေး၊ ဒူးထောက် တောင်းပန်ခဲ့ ရင်တောင်၊ မင်း အသက်ကို ယူရ လိမ့်မယ်။ ”
“ တောင်းပန် ပါတယ်၊ မင်းတို့ နှစ်ယောက်က သေလူ ဖြစ်နေပြီ၊ ဒီအတွက် ဓား တစ်ချက်ပဲ လိုတယ်။ ”
“ ဘာတွေ လာပြော နေတာလဲ၊ ရူးသွားပြီ ထင်တယ် ...၊ နေဦး ဒါက ... ။ ”
စကား မဆုံးခင် မှာပင်၊ ခရမ်းရောင် လျှပ်စီးပိုးအိမ် တစ်လုံးကို မြင်လိုက် ရ သဖြင့်၊ ရုတ်တရက် မျက်နှာများ ပြောင်းလဲ သွား တော့၏။
“ ဖောင်း ... ဖောင်း။ ”
ဦးခေါင်း ပေါက်ကွဲလျက်၊ အလောင်း နှစ်လောင်း မြေပြင်ပေါ် ပြုတ်ကျ လာသည်။ သူတို့ကိုယ် သူတို့ မည်သို့ သေဆုံး သွားရ သည်ကို၊ သိနိုင် တော့မည် မဟုတ်ချေ။
“ ဒါ … ။ ”
ချန်ရွှမ်မှာ စကား လုံးများ ပျောက်ဆုံး သွား၏။ ဤ မြင်ကွင်းသည် သူ့ အမြင် အပေါ် ကျော်လွန် နေသည်။ အရာ အားလုံး မြန်ဆန် လွန်းသောကြောင့်၊ သူ့ အသိ တရားမှာ လိုက်မမီ ခဲ့ချေ။
ဘုန်းနေမင်း ဝိညာဉ်ထံ သွားနေသော လမ်းသွား လမ်းလာ များမှာ၊ လင်းယွန်၏ ဓား အလင်းကြောင့်၊ လှည့်ကြည့် လာကြသည်။
“ သူက ဘယ်သူလဲ၊ ကနဦး ကောင်းကင် ဝိညာဉ် နယ်မြေနဲ့၊ ပထမ ဝိညာဉ် နှစ်ပါးကို သတ်ပစ် လိုက်တာ၊ နည်းနည်းတော့ များသွားပြီ။ ”
“ အပြာရောင် ဝတ်ရုံ၊ ဓား သေတ္တာနဲ့ ကြောင် တစ်ကောင်၊ ဟုတ်တယ် ... ၊ အဲ့ဒါ သူပဲ ပယင်း နယ်မြေရဲ့ လင်းယွန်းပဲ။ ”
“ တကယ်ပဲ သူ့လို နိမ့်ကျတဲ့ နယ်မြေရဲ့၊ ဓားသမား တစ်ယောက်က၊ ဒါကို လုပ်နိုင်လိမ့် မယ်လို့ မထင်ထား မိဘူး၊ ကြောက်စရာ ကောင်း လိုက်တာ။ ”
ဦးခေါင်း နှစ်လုံး ပေါက်ကွဲ ကုန်သော မြင်ကွင်းအား၊ သူတို့ မြင်လိုက် ရသဖြင့် အထိတ် တလန့် ဖြစ်ကုန် ကြ၏။ ခရီးဆက် ရန်ပင် သတိ မရ တော့ချေ။
ထိုအချိန်တွင် လင်းယွန်၏ ဓားအလင်း ကြောင့်၊ လူ အများ အပြား ရောက်ရှိ လာသည်။ လူအုပ် ထဲတွင် ချင်းဖုန်နှင့် ယန်ခိုင်တို့ ပါရှိ၏။
“ ချန်ရွှမ်၊ မင်း ... ဒဏ်ရာ ရနေ တာလား။ ”
ချန်ရွှမ်၏ ဒဏ်ရာ များကို ကြည့်ကာ၊ ချင်းဖုန်က မျက်မှောင်ကြုတ် မိသည်။ သူတို့ နောက်ကျမှ ရောက်လာ ကြသည်မို့၊ ဖေးယွီတို့ နှစ်ဦး အသက်ခံ ရသည့် ဖြစ်စဉ်ကို၊ မမြင်လိုက် ရချေ။
မည်သည့် နေရာမှ စပြောရ မည်ကို မသိတော့ သဖြင့်၊ ချန်ရွှမ်က ကူကယ်ရာ မဲ့စွာ ပြုံးလိုက်သည်။ သူ ပြောပြ လျှင်ပင်၊ ယုံကြ လိမ့်မည် မဟုတ်ချေ။
အဖြစ် အပျက် များကို၊ ပြန်ကြားသော အခါတွင်၊ သူမျှော်လင့် ထား သကဲ့သို့၊ ချင်းဖုန် တို့ နှစ်ဦးမှာ၊ လင်းယွန်အား ထိတ်လန့်စွာ ပြန်ကြည့် မိသည်။
“ ဒါ အမှန်လား။ ”
ယန်ခိုင်မှာ မယုံကြည် ဟန်ဖြင့်၊ ထပ်မေး လိုက်သည်။ လင်းယွန် သန်မာ သည်ကို သူသိ သော်လည်း၊ ဤမျှ အထိ မဟုတ်ချေ။
လင်းယွန်က ဖုံးကွယ်ရန် ရည်ရွယ်ချက် မရှိသည့် အတွက်၊ ခေါင်းညိတ်ကာ အတည်ပြု လိုက်သည်။
ဖေးယွီတို့ ကဲ့သို့သော၊ သားပေါက် ကလေး များ မဆိုနှင့်၊ မြင့်မြတ် မြေ၏ ပါရမီရှင် များကိုပင်၊ သူ့ မျက်လုံးထဲ မရှိချေ။
လက်ရှိ အချိန်၌ ပင်လယ်ကို၊ ထိတွေ့ မိသော နဂါး တစ်ကောင် ကဲ့သို့၊ အလုံးစုံ အသွင် ကူးပြောင်း မှုအား၊ ကြုံတွေ့ လာ ရသည်။
အတည် ပြုချက်ကို ရရှိ ပြီးနောက်၊ ချင်းဖုန်နှင့် ယန်ခိုင်မှာ အချင်းချင်း ပြန်ကြည့် လိုက်မိသည်။ သူတို့ နှစ်ဦးမှာ၊ မြွေပွေးအား ခါးပိုက် ပိုက်ခဲ့ ဖူးပေ၏။
“ ကနဦး ကောင်းကင် ဝိညာဉ် နယ်မြေ၊ အထွတ် အထိပ်။ ”
ရုတ်တရက် လင်းယွန်၏ ကျင့်ကြံမှုကို သတိထား မိသွားကာ၊ အံ့ဩ တကြီး အော်ဟစ် လိုက်သည်။
ရက် အနည်းငယ် အတွင်း၊ ဤသို့သော အဟုန်မျိုး ရရှိရန်၊ မည်သည့် အရာကို ကြုံတွေ့ ခဲ့ရ သည်အား၊ သိချင်လာ မိကြသည်။
“ သွား ရအောင်၊ ငါတို့ နောက်ကျ နေပြီ။ ”
အသက် ပြင်းပြင်း ရှူ ပြီးနောက်၊ ချန်ရွှမ်က ဆိုသည်။ သူ့ ဒဏ်ရာများ အတွက်၊ ဂရုစိုက်ရန် အချိန် မရှိ သေးချေ။ ဘုန်းနေမင်း ဝိညာဉ်နှင့် မဝေးလှ သောကြောင့်၊ ခရီးမှာ တစ်နာရီသာ ကြာမြင့် ခဲ့သည်။
မဝေးကွာ လှသော အရပ် ဆီ၌၊ မီးလျှံများ တောက်လောင် နေသော တံတိုင်း တစ်ခုအား တွေ့လိုက် ရသည်။
ထိုမီးလျှံ အတား အဆီး ပေါ်တွင်၊ အမျိုး မျိုးသော ဖြစ်စဉ်များ ထင်ဟပ် နေ၏။ ယင်းမှာ ပုံရိပ်ယောင် မျှသာ ဖြစ်သော်လည်း၊ အစစ် အမှန် အလား ထင်မှား မိစေသည်။
ရဲရင့်သော လူငယ် အချို့က၊ အတား အဆီးထံ တိုးကပ် နေကြစဉ်၊ မြင့်မားသော အပူ ရှိန်ကြောင့်၊ ရပ်တန့် လိုက်ရသည်။
“ ရွှပ် ... ။
ထိုစဉ် မှာပင် အတား အဆီး ထံမှ၊ မီးမြှားများ ရုတ်တရက် ထွက်ပေါ် လာပြီး၊ လူငယ် များကို ထိမှန် သွား၏။
“ အား ... ။ ”
နာကျင်စွာ အော်ဟစ်သံ များဖြင့်၊ ထိုလူငယ် တစ်စုမှာ ချက်ချင်း ပြန်လည် ဆုတ်ခွာ လိုက်ကြ သည်။
“ စီနီယာ အစ်ကို ... ။ ”
ထိုလူငယ် များကို ကြည့်နေသော၊ လူအုပ် အတွင်းရှိ လျူယွင်က၊ ချန်ရွှမ်အား မြင်သည့်နှင့်၊ ဝမ်းသာ အားရ လျှောက်လှမ်း လာသည်။
သူ့ မျက်လုံး များရှိ ပျော်ရွှင်မှု များကို ဖုံးကွယ်၍ မရချေ။ ဤနယ်မြေ အတွင်း ရှင်သန် နိုင်ပါက၊ ရိတ်သိမ်း နိုင်သော ရတနာများ အရ၊ အသွင် ကူးပြောင်း နိုင်ပေမည်။
တစ်ဖက်တွင် တိမ်ယံ နယ်မြေ၌၊ ပထမ ကောင်းကင် ဝိညာဉ် မရောက်မီ၊ ဝိညာဉ်ရေး ဓားကို ဆုပ်ကိုင် ထားနိုင်သော၊ ပါရမီရှင် ဖြစ်သည်။
တနည်း အားဖြင့် ဆိုသော်၊ သူတို့၏ မျှော်လင့်ချက် ဖြစ်သည်။ ထို့ကြောင့် လင်းယွန် ကဲ့သို့ ကြီးပြင်း လာစေရန်၊ ချန်ရွှမ်မှ တောင်းတ လာ မိသည်။
နောက်ဆုံးတွင် ဓားသမား တစ်ယောက်၏၊ ထက်ရှသော အစွယ်ကို မျက်မြင် ကြုံတွေ့ ရဖူး ပြီ ဖြစ်သည်။
“ အစ်ကိုကြီး၊ ငါ ကောင်းကောင်း ရိတ်သိမ်းထား နိုင်တယ်။ ”
လင်းယွန်အား မျက်လုံး ထောင့်ကပ် ကြည့်လျက်၊ လျူယွင်က ဆိုသည်။ နှစ် (၃၀၀၀) သက်တမ်း ရှိသော သွေးနေ သစ်သီးကို ရရှိခဲ့ ခြင်းသည်၊ သူ့အား ယုံကြည်မှု တိုးစေ၏။
“ အဲဒါကို နောက်မှ ပြောရအောင် ... ၊ ဒီမှာ လူတွေ အများကြီး ရှိတယ်၊ စကား ပြောလို့ ကောင်းတဲ့ နေရာ မဟုတ်ဘူး။ ”
ချန်ရွှမ် စကားကြောင့်၊ လျူယွင် တစ်ယောက် ခေါင်းညိတ် မိသည်။ ယင်းမှာ ပထမ ဒုက္ခကို ဖြတ်ကျော်ရန်၊ ကူညီ နိုင်သည်။ ထို့ကြောင့် လူတိုင်း သိ၍ ကောင်းသော အရာ မဟုတ်ချေ။
“ ဟမ့် ... ။ ”
ထို့စဉ် လင်းယွန် ထံမှ အကြည့်များ၊ သူ့ အပေါ် ကျဆင်း လာသဖြင့်၊ လျူယွင်က မျက်နှာ လွှဲ လိုက်သည်။ ရုတ်တရက် မာနကြီး လာသော လျူယွင်၏ အသွင်က၊ လင်းယွန်အား ပြုံးမိ စေ၏။
တစ်ချိန်တည်း မှာပင်၊ မြင့်မြတ်မြေ များ၏ ပါရမီရှင် များက၊ အတား အဆီးကို ဖြေရှင်းရန် အဖြေရှာ နေကြသည်။ ပေါ့ပေါ့ တန်တန် မပြုမူ ဝံ့ချေ။
လင်းယွန်ပင် လေးနက် သွား၏။ အတား အဆီးသည် ၎င်းတို့ အတွက်၊ အသက် အန္တရာယ် ဖြစ်စေရန်၊ မလုံလောက် သည်ကို၊ သူ သိသည်။
၎င်းတို့ မချဉ်းကပ် ရသည့် အကြောင်း ရင်းမှာ၊ တစ်စုံ တစ်ယောက်ကို စောင့်ဆိုင်း နေခြင်း ကြောင့်သာ၊ ဖြစ်ပေမည်။
အချိန်များ တရွေ့ရွေ့ ကုန်လွန် သည်နှင့် အမျှ လူများ ပို၍ စုရုံး လာသည်။
“ မိုဟန် လာပြီ။ ”
တစ်ဖက်တွင် ဓားအသွား ပါသော ပုစိန် တစ်လက်ကို ထမ်းလျက်၊ လူငယ် တစ်ယောက် ထွက်ပေါ် လာသည်။
ယင်းမှာ သူတို့ စောင့်နေသော လူများ အနက် တစ်ဦး ဖြစ်ပေမည်။ မိုဟန် ရောက်ရှိ လာ ပြီးနောက်၊ ကျန်သုံးဦး သည်လည်း၊ မကြာမီ ရောက်ရှိလာ နိုင်၏။
***