← Chapters

ဘယ်သူလဲ။

Vol. 66 Ch. 911

ဘယ်သူလဲ။

Vol. 66 Ch. 911

မိုဟန်မှာ နဂါး အဆင့် သတ်မှတ်ချက် အောက်တွင်၊ နာမည် ဆိုးဖြင့် ကျော်ကြားသူ တစ်ဦး ဖြစ်သည်။

နောက်ဆုံးတွင် လူများ စွာမှာ သူ၏ သားကောင် ဖြစ်ခဲ့ ရသည်။ သွေးညှီ ရနံ့သင်း နေသော ရောင်ဝါကြောင့်၊ လူတိုင်းက နောက် တစ်လှမ်း ဆုတ်ခွာ မိသည်။

သိပ်မကြာခင် မှာပင် ရှစ်ဖန့်နှင့် ချမ်းအင်တို့ နှစ်ဦး ထပ်မံ ရောက်ရှိ လာ၏။ ၎င်းတို့၏ အသွင် အပြင် အရ၊ လူတိုင်း ပို၍ ထိတ်လန့် သွားသည်။

ဤနေရာ၌ ပါရမီရှင် ပေါင်းများစွာ စုဝေး နေကြ သော်လည်း၊ ၎င်းတို့ လေးဦး သည်သာ ပါရမီရှင် အဖြစ် ခေါ်ရန်၊ ထိုက်တန် ပေ၏။

တာအို လက်နက် များကို ပိုင်ဆိုင်ထား ကြပြီး၊ တစ်ဦး တစ်ယောက်တည်း ခွန်အားဖြင့်၊ သူတို့က လူတိုင်းကို ဖိနှိမ် နိုင်သည်။

ထိုစဉ် မှာပင် သတ်ဖြတ်လိုသော အရှိန် အဝါကို ထုတ်ဖော်လျက်၊ ပုံရိပ် တစ်ရိပ် ထပ်မံ ပျံသန်း လာသည်။

“ ဖန်း ဝူ ကျိ ။ ”

လူအုပ် ကြီးမှာ နှုတ်ခမ်းများ တုန်ယင် လာပြီး၊ ထိုအရှိန် အဝါ ထွက်ပေါ် လာရာထံ မော့ကြည့် လိုက်ကြသည်။

အနက်ဝတ် လူငယ် တစ်ဦး ဖြစ်ပြီ၊ မြေပြင်ပေါ် ဆင်းသက် လာစဉ်၊ မီးလျှံ အတား အဆီးကို တစ်ချက် ကြည့်သည်။

ဖန်းဝူကျိမှာ ဤလေးဦး အနက်၊ အကျော် ကြားဆုံး ဖြစ်ပြီး၊ နဂါး ပြည်နယ်၌ အပြစ် မပြု ဝံ့သူ တစ်ဦး အဖြစ်၊ စွဲမှတ်ထား ကြသည်။

ထို့နောက် အေးစက် စွာဖြင့်၊ လှည့်ကြည့် လာ၏။ လူတိုင်းက သူနှင့် မျက်လုံးချင်း မဆုံး စေရန်၊ ကြိုးစား မိလေသည်။ လျူယွင်မှာ သာ၍ ဆိုချေ၏။

“ ဘာမှား လို့လဲ။ ”

ဖြူဖျော နေသော လျူယွင်ကို ကြည့်ပြီး၊ ချန်ရွှမ်က မေးလိုက်သည်။ ထို့ကြောင့် သွေးနေ သစ်သီး အကြောင်းကို၊ လျူယွင်မှ အမြန် ရှင်းပြ လာ၏။

သူ့စကား များကို လင်းယွန်မှ ကြားနေ ရသည်။ သည်မတိုင်မီ လျူယွင် တစ်ယောက်၊ ယုံကြည်ချက် ပြင်းထန် နေသော အသွင်ကို၊ နားလည် သွားပြီ ဖြစ်သည်။

သက်တမ်း (၃၀၀၀) ခန့် ရှိသော သွေးနေ သစ်သီးမှာ၊ အတော် အတန် ကံကောင်းသည်ဟု ဆိုနိုင်သည့်၊ ရိတ်သိမ်း နိုင်မှု ပေပင်။

သို့သော် ဖန်းဝူကျိအား မြင်ချိန်၌၊ လျူယွင် တစ်ယောက် ကောင်းစွာ နောင်တ ရလာသည်။

“ မင်း အရူးပဲ။ ”

ချန်ရွှမ်က လျူယွင်အား အပြစ်တင် လိုက်သည်။

“ မြင့်မြတ် မြေရဲ့ ... ၊ အဲ့ဒီ ဘီလူး တွေက သေချာပေါက် လက်စားချေ တက်ကြတယ်။ ”

ချင်းဖုန်နှင့် ယန်ခိုင်မှာ ကြောက်လန့် သွား၏။ လျူယွင်မှာ ဖန်းဝူကျိ ထံမှ ခိုးယူဝံ့ ရလောက်အောင်၊ မိုက်မဲ လွန်း လေပြီ။

“ အစ်ကိုကြီး၊ အခု ငါ ဘာလုပ် ရမလဲ၊ သူ့ကို ပြန်ပေးလိုက် ရမလား ။ ”

လျူယွင် တစ်ယောက် ထိတ်လန့် စွာဖြင့် အကြံဉာဏ် တောင်းခံ မိသည်။

“ အရမ်း နောက်ကျ နေပြီ ... ။ ”

ချန်ရွှမ်က သက်ပြင်း ချကာ၊ ခေါင်းယမ်း လိုက်သည်။

“ သွေးနေ သစ်သီး ယူလာတဲ့၊ မင်းရဲ့ မျက်နှာကို မမြင်တာ သေချာ ရင်တော့ အဆင် ပြေ သွားမှာပါ၊ အကောင်း ဆုံးက ဒါကို ရှေ့ မဆက်ဘဲ၊ သူ့ ဘက်က မေ့ပစ်ပါ စေလို့ ဆုတောင်း ရမယ်။ ”

ရွေးချယ် စရာ မရှိတော့ သောကြောင့်၊ လျူယွင်က၊ ခေါင်းညိတ် ဆုတောင်း ရုံသာ တက်နိုင် တော့ပေသည်။

ဤအခိုက်တွင် သတ်ဖြတ် လိုသော ရောင်ဝါ တစ်ခုက၊ လူတိုင်း အပေါ် လွှမ်းခြုံ လာသည်။ ဖန်ဝူကျိမှ တစ်စုံ တစ်ဦးကို ရှာဖွေနေ သကဲ့သို့ တင်းမာ နေသော အမူ အရာဖြင့်၊ လူအုပ်ထံ လှည့်ပတ် ကြည့်သည်။

မိုဟန်၊ ရှစ်ဖန့်နှင့် ချမ်းအင်တို့ သည်သာ၊ ၎င်းနှင့် ပြိုင်ဘက် ဖြစ်သဖြင့်၊ ဤသို့ ပြုလုပ်ရန် မလို အပ်ဟု၊ လူတိုင်းက ယူဆ လာမိ ကြသည်။

“ မင်းတို့ ထဲက၊ လူ တစ်ယောက်က၊ ငါ့ဆီ ကနေ တစ်စုံ တစ်ခု ယူသွားတယ် ... ။ ”

လူတိုင်း စိတ်မသက် မသာ ဖြစ်နေစဉ်၊ ဖန်းဝူကျိ အသံက ထွက်ပေါ် လာသည်။ သူ့ ထံမှ တစ်စုံ တစ်ရာ ခိုးယူ ရဲသူမှာ၊ မည်သူ ဖြစ်မည်ကို တွေးတောလျက်၊ ငြိမ်သက်သွား ကုန်သည်။

“ မင်း ... အခုပဲ ရှေ့ထွက် လာရင်၊ မနာကျင် စေရဘူး၊ မဟုတ်ရင် ... ”

ဖန်းဝူကျိက ဟစ်အော်လျက် သံသယ ဖြစ်ဖွယ်ရာ လူများကို အကဲခတ် နေ သဖြင့်၊ မည်သူမျှ မျက်လုံးချင်း မဆုံရဲ တော့ချေ။

ထို့နောက် လူအုပ် ထဲမှ ကျပန်း တစ်ဦးကို ဖမ်းယူ လိုက်ပြီး၊

“ မင်း ... ငါ့ရဲ့ သွေးနေ သစ်သီးကို ခိုးခဲ့လား။ ”

-ဟု အေးစက်စွာ မေးလေသည်။

လည်မြိုကို ဖမ်းဆုပ် ခံထားရ သဖြင့်၊ ထိုလူငယ်မှာ ထိတ်လန့် သွားပြီး၊

“ မဟုတ် ... မဟုတ် ပါဘူး။ ”

“ ငါ့ မျက်လုံးကို ကြည့်စမ်း။ ”

ဖန်းဝူကျိက မျက်လုံးချင်း ဆုံအောင် ကြည့်စေ၏။ အဆုံးတွင် ဖမ်းဆုပ် ခံထား ရသော လူငယ်မှာ၊ အဆက် မပြတ် တုန်လှုပ် နေသဖြင့်၊ ခေါင်းယမ်း လိုက်ကာ၊

“ မင်း မဟုတ်ဘူး ... ။ ”

-ဟု ဆိုလျက် လွှတ်ချ လိုက်သည်။

သို့သော် လူငယ်မှာ၊ သေဆုံး သွားပြီ ဖြစ်သည်။ သူ့ အဖော် များက တုန်လှုပ်လျက်၊ အသက်ပင် ရဲရဲ မရှူ ဝံ့ တော့ချေ။

အပြစ် မရှိသော လူငယ် တစ်ဦးကို ကြက်ကလေး တစ်ကောင် ကဲ့သို့၊ အလွတ်မဲ့ သတ်ဖြတ် ပစ်လိုက် လေသည်။

မိုဟန်တို့ သုံးဦးမှာ၊ ဖန်းဝူကျိ လုပ်ရပ်အား ဟန့်တားရန် ဆန္ဒ ရှိပုံ မရဘဲ၊ ရပ်ကြည့် နေခဲ့ သည်။

“ မင်း ... ထွက်မလာ သေးဖူးလား၊ ကောင်းပြီ ငါ မင်းနဲ့ ကစား ပေးမယ်။ ”

ပြုံးလျက် လူအုပ် ကြားထဲ၊ လျှောက်လှမ်း လာပြီး၊ သံသယ ဖြစ်ဖွယ် လူ များကို ကြုံရာဆွဲ ယူလျက် သတ်ပစ် လေသည်။ ခဏလေး အတွင်း မှာပင်၊ လူငယ် ဆယ်ဦး သေဆုံး သွား၏။

ထိုကြောင့် လေထုမှာ တင်းကြပ် လာပြီး၊ နောက်ထပ် အသတ်ခံ ရမည့် ကံဆိုးသူ တစ်ဦး မဖြစ်လာ စေရန်၊ ဆုတောင်းကြ ကုန်လေသည်။

အခြား တစ်ဖက်တွင်၊ မြင့်မြတ် မြေ၏၊ အထက်တန်းစား ပါရမီရှင် များက၊ ငြိမ်သက်စွာ ကြည့်ရှု နေသည်။

မီးလျှံ အတား အဆီး အားပျော့ သွားရန် အချိန် အနည်းငယ် စောင့်ရ ဦးမည် ဖြစ်သော ကြောင့်၊ ဖန်းဝူကျိ လုပ်ရပ်မှာ သူတို့အား အပျင်းပြေ စေ၏။

လျူယွင် မျက်နှာမှာ ဖြူဖျော့ လာပြီး၊ ကြောက်ရွံ့ တုန်လှုပ် သွားသည်။ လက်ရှိ အခြေ အနေ အရ၊ သူ၏ မိုက်မဲမှု အပေါ် ကျိန်ဆဲ ရုံသာ တက်နိုင် လေသည်။

ရုတ်တရက် ဖန်းဝူကျိ၏ အကြည့်က ချန်ရွှမ် တို့ထံ ကျရောက် လာသည်။ တုန်ယင် နေသော တစ်ဦးချင်း စီကို သုံသပ် လိုက်ပြီး၊ အဆုံးတွင် လင်းယွန် ထံ၌ ရပ်တန့် သွား၏။

လူတိုင်း တုန်လှုပ် နေကြ သော်လည်း၊ ဤပုရွက်ဆိတ်မှာ တည်ငြိမ် လေသည်။ သိုးအုပ် အတွင်း ရောက်နေသော ကျား တစ်ကောင် ကဲ့သို့၊ ရဲရင့် နေပေ၏။

“ မင်းလား ... ၊ မင်းက ငါ့ရဲ့ သွေးနေ သစ်သီးကို ခိုးတဲ့ သူလား၊ လူတိုင်းနဲ့ မတူဘဲ မင်းက ဘာလို့ တည်ငြိမ် နေတာလဲ၊ တကယ် သတ္တိ ရှိပါ ပေတယ်၊ ဒီလို လူတွေ ကသာ ငါ့ဆီ ကနေ ခိုးရဲမှာ ... ။ ”

ဖန်းဝူကျိက ဖြည်းညှင်းစွာ လျှောက်လှမ်း လာလျက်မှ ဆိုသည်။ လင်းယွန်မှ ငြင်းဆိုခြင်း မပြုဘဲ၊ တည်ငြိမ်စွာ ပြန်ကြည့် လိုက်သည်။

တစ်ဖက် လူ၏ တွေးခေါ် နိုင်စွမ်းမှာ၊ အဓိပ္ပါယ် ရှိသော်လည်း၊ မှားယွင်း သွားခဲ့သည်။ ထို့ကြောင့် ပခုံး တွန့်လျက်

“ မင်း ... ရူးနေလား။ ” -ဟု မေးမြန်း လိုက်လေသည်။

ဖန်းဝူကျိ ဒေါသ ထွက်သွား၏။ ပုရွက်ဆိတ်မှာ သွေးနေ သစ်သီးကို မခိုးယူ ခဲ့ လျှင်ပင် အရေး မကြီး တော့ချေ။ ၎င်းအား သတ်ရန် ဆုံးဖြတ် လိုက်ပြီ ဖြစ်သည်။

ရုတ်တရက် ပြောင်းလဲ လာသော ဖြစ်ရပ်ကြောင့်၊ လျူယွင် တစ်ယောက် အံ့အား သင့် သွားသည်။

သူ့ အနေဖြင့် လင်းယွန်ကို ကြည့်မရ သော်လည်း၊ ဤသို့ အစား ကျခံရ သည်ကို ဝမ်းမသာ မိချေ။ သို့သော် ဝန်ခံရန် သတ္တိ မရှိ သေးသည့် အတွက်၊ ပါးစပ် ပိတ်ထား လိုက်သည်။

“ မင်း ဘာတွေ လာ ပြောနေ တာလဲ ဆိုတာ၊ ငါတကယ် နားမလည်ဘူး။ ”

လင်းယွန်က စိတ် အနှောက် အယှက် ဖြစ်လာ ဟန်ဖြင့် အေးစက်စွာ ဆိုလာ သဖြင့်၊ ဖန်းဝူကျိမှာ ရယ်မော လိုက်လေသည်။

“ ဟား ဟား ဟား ... ၊ မင်းက တကယ် သတ္တိရှိ တာပဲ၊ ငါ့ကို အရူးလို့ ခေါ်ပြီး၊ ငြင်းရဲ တယ်လား၊ ဒီနေရာမှာ မင်းက လွဲရင်၊ ငါ့ကို ဒီလို စကားမျိုး ပြောရဲတဲ့ လူ၊ မရှိ သေးဘူး။ ”

“ အို ... ဟုတ်လား၊ ဒါဆို ငါက ယူခဲ့ ရင်ရော ဘာဖြစ်လဲ၊ မင်း အသုံး မကျလို့ အလုခံ ရတာကို ဒီမှာ ရှက်ရမှန်း မသိ သေးဖူးလား၊ ... ”

“ ... ပြီးတော့ သွေးနေ သစ်သီးမှာ မင်းနာမည် ရှိလား၊ ဒါမှ မဟုတ် မင်းရဲ့ မျိုးရိုး နာမည် ရှိလား၊ ပိုင်ရှင် မရှိတဲ့ ပစ္စည်း တစ်ခုကို မင်းပိုင် တယ်လို့ ပြောပြီး တောင်းရဲ ရအောင်၊ ငရဲကို ဘာထင် နေလို့လဲ ... ဟမ့် ။ ”

လျူယွင် အတွက် ကာကွယ် ပေးရန်၊ ဆန္ဒ မရှိ သော်လည်း၊ ဖန်းဝူကျိ လုပ်ရပ်များ အပေါ်၊ ကြည့်မရ တော့ချေ။

ထို့ကြောင့် သူ့မျက်ဝန်း များတွင်၊ ရွံရှာ နေသော ခံစားချက် များဖြင့်၊ ပြည့်နှက်လာ တော့သည်။

***

All Chapters