← Chapters

ဓားသမား ဟူသည် တိုက်ခိုက်ရန် မကြောက် သင့်ချေ။

Vol. 66 Ch. 912

ဓားသမား ဟူသည် တိုက်ခိုက်ရန် မကြောက် သင့်ချေ။

Vol. 66 Ch. 912

လင်းယွန် အသံမှာ ကျယ်လောင်ခြင်း မရှိသော်လည်း လှိုင်းလုံးများ ကဲ့သို့၊ လူတိုင်း၏ နားစည်ကို လာရောက် ရိုက်ခတ် လေသည်။

သွေးအရိုး နယ်မြေ မဆိုနှင့်၊ ဖန်းဝူကျိ ဟူသော အမည် သည်ပင်၊ ဤနေရာရှိ မည်သူ့ ကို မဆို၊ ခြိမ်းခြောက်ရန် လုံလောက် ပေသည်။

မည်သည့် အချိန်၌ သတ်ဖြတ် ပွဲကြီး စတင်လာ မည်ဟု၊ စိုး တထိတ်ထိတ် ဖြစ်ခဲ့ ရ၏။ လူတိုင်းက သူ့အား ရင်ဆိုင်ရန် သတ္တိ မရှိ သည်မှာ၊ သဘာဝ ပေပင်။

ယခုမူ ပယင်း နယ်မြေမှ တစ်စုံ တစ်ယောက်က၊ ဖန်းဝူကျိကို စိန်ခေါ်ပြီး အထင် သေးဟန်ဖြင့် လှောင်ပြောင် လာသည်။

အသတ်ခံ လိုက်ရသော လူငယ် များ၏ အပေါင်း အဖော် များမှာ၊ လင်းယွန်ထံ ခံစားချက် အပြည့်ဖြင့် လှည့်ကြည့် လာသည်။

“ ပယင်း နယ်မြေက ဓားသမားပဲ။ ”

“ ဒီလောက် ရဲဝံ့တာ မဆန်း ပါဘူး၊ သူက ချန်ကျန်းနဲ့ ရှန့်ယွင်ကျန်း ဆီက နေတောင်၊ လုယူ ရဲခဲ့ သေးတယ်။ ”

“ မင်တကယ် ပြောနေ တာလား။ ”

“ ဟုတ်တယ် သူ ပြောတာ အမှန်ပဲ၊ သူတော်စင် ဆေးလုံးနဲ့၊ ကြယ်ပုလဲ နှစ်သန်းကို လုယူနေ ခဲ့တာ ငါ မြင်တယ်။ ”

“ သူ့မှာ အဆင့်မြင့် ဝိညာဉ်ရေး ဓား ရှိတယ်၊ လူတိုင်းကို သတ်ဖို့ ဓား တစ်ချက်ပဲ လိုတယ်လို့ ကြွေးကြော် ထားတယ်။ ”

သို့သော် လက်ရှိ လင်းယွန် ရင်ဆိုင် နေရသူမှာ၊ ချန်ကျန်းနှင့် ရှန့်ယွင်ကျန်းတို့ ကဲ့သို့သော လူမျိုး မဟုတ်ချေ။

ဖန်းဝူကျိမှ ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေ ပါရမီရှင် များနှင့် ယှဉ်ပြိုင် နိုင်ပြီး၊ နဂါး အဆင့်သို့ ဝင်ရောက် နိုင်ခြေ မြင့်မားသည်။

နဂါး ပြည်နယ် ကြီး၏ နဂါး အဆင့် သတ်မှတ်ချက် ဟူသည်၊ လူတွေ ကြားက နဂါး များ ဖြစ်လေသည်။ ထို့ကြောင့် လေထုမှာ တင်းကြပ် လာပြီး၊ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားရ၏။

မိုဟန်၊ ရှစ်ဖန့်နှင့် ချမ်းအင် တို့က၊ ခွေးဆိုး တစ်ကောင်အား ဖန်းဝူကျိ မည်သို့ ကိုင်တွယ် မည်ကို စိတ်ဝင်စား လာသည်။

ထိုခွေးဆိုးကြောင့် အားနည်းချက် အနည်း ငယ်ကို ရှာဖွေ နိုင်ရုံဖြင့်၊ ဖန်းဝူကျိအား သည်ပွဲမှ ကန်ထုတ် နိုင်တော့မည် ဖြစ်သည်။

မြင့်မြတ် မြေ၏ ပါရမီရှင်များ ကြားတွင် ချန်ကျန်းနှင့် ရှန့်ယွင်ကျန်းတို့ နှစ်ဦးမှာ မပြုံး နိုင်ကြချေ။ သူတို့၏ မွေးရာပါ မာနကို လင်းယွန်က ချိုးပစ် လိုက်ပြီ ဖြစ်သည်။

“ ဒီကောင်က ဖန်းဝူကျိကို ချန်ကျန်း တို့နဲ့ အဆင့်တူလို့ ထင်နေတာ ဖြစ်မယ်။ "

“ ဓားတစ်ချက် တည်းနဲ့ သတ်နိုင်တယ် တဲ့လား၊ ဟာသပဲ ဖန်းဝူကျိ ရှေ့မှာ ဓားတောင် ဆွဲနိုင်ပါ့ မလားပဲ။ ”

“ သူ့ကို သင်ခန်းစာ ပေးသင့်တယ် မဟုတ်ရင်၊ မြင့်မြတ်မြေ တွေကို စော်ကား ချင်တိုင်း၊ စော်ကားလို့ ရတယ်လို့ လူတိုင်း ထင်လာ လိမ့်မယ်။ ”

ယခု အချိန်၌ တီးတိုးသံ များမှာ၊ ဦးတည်ချက် နှစ်ရပ် ဖြစ်လာသည်။ မြင့်မြတ်မြေ များက သတ်စေချင် သကဲ့သို့၊ နိမ့်ကျ မြေများ ကလည်း၊ လင်းယွန်ထံ ကြည့်လာ ကြသည်။

“ ဓား တစ်ချက် တည်းနဲ့ သတ်နိုင်တယ် ဟုတ်လား၊ ဟား ဟား ဟာ ... ၊ ဒါက ငါကြားဖူး သမျှ ထဲမှာ ရယ်စရာ အကောင်းဆုံး ဟာသပဲ။ ”

ဖန်းဝူကျိက သတ်ဖြတ် လိုသော ဆန္ဒများ လျော့ပါး သွားသည် အထိ၊ ရယ်မော မိခဲ့သည်။

“ မင်း လာစမ်း ကြည့်လို့ ရတယ် ... ။ ”

လင်းယွန်က ဂရုမစိုက် ဟန်ဖြင့်၊ ဖိတ်ခေါ်လိုက် သောကြောင့်၊ ဖန်းဝူကျိ အပြုံးမှာ ချက်ချင်း ပျောက်ကွယ် သွားသည်။

“ ပယင်း နယ်မြေက ကောင်လေး ... ၊ ငါတို့ မစခင် ပြောစရာ လေးတွေ ရှိတယ်၊ မင်းရဲ့ ဓားကို ဆွဲနိုင် ရုံနဲ့ ငါ အရှုံး ပေးမယ်။ ”

စစ်မှန်သော မောက်မာ မှုကို ထုတ်ပြ လာသော ဖန်းဝူကျိ ထံကြည့်ကာ၊ ချန်ရွှမ်က အံကြိတ် လျက်ဖြင့်၊

“ ငါက တိမ်ယံ နယ်မြေက ချန်ရွှမ်ပါ၊ ဒီက အစ်ကို ဝူကျိရဲ့ နာမည်ကို၊ ညီအစ်ကို လင်းက အခုမှ ကြားဖူးတဲ့ အတွက် အထင် လွဲစရာတွေ ဖြစ်လာ ရတာပါ၊ ဒါပေမယ့် သွေးနေ သစ်သီးကို သူ မယူဖူး ဆိုတာ၊ ငါ အာမခံ နိုင်ပါတယ်။ ”

“ တိမ်ယံ နယ်မြေလား၊ ... ”

ဖန်းဝူကျိက အံ့အားသင့် သွားပြီး၊ ချန်ရွှမ်ထံ ပြန်ကြည့်ကာ၊

“ မင်းရဲ့ ... ၊ စီနီယာ အစ်ကို မုရန် ဒီမှာ ရှိနေရင်၊ ငါ သူ့ကို လွှတ်လိုက်ဖို့ စဉ်းစား မိမယ်၊ အခုတော့ မင်းနဲ့ မလုံ လောက်ဘူး ထွက်သွား။ ”

-ဟု မောင်းထုတ် လိုက်၏။ သို့သော် ချန်ရွှမ်မှာ လှုပ်ရှားခြင်း မရှိ သဖြင့်၊ ဒေါသ ထွက်လာပြီး၊

“ စကား ထပ်ပြော တာနဲ့၊ မင်းနဲ့ အရင် စလိုက်မယ်။ ”

“ ကောင်းပြီ ဒါဆိုလည်း၊ ... အစ်ကို ဝူကျိက ငါ့ကို အရင် စလိုက်ပါ။ ”

နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက် ဟန်ဖြင့်၊ ချန်ရွှမ်က ရှေ့လှမ်းတက် လိုက်သည်။ မည်သို့ပင် ဆိုစေကာမူ၊ လင်းယွန်မှာ သူ့ အသက်ကို ကယ်ခဲ့ ဖူးပေသည်။ ရပ်ကြည့်ရန် ဆန္ဒ မရှိချေ။

နောက်ဆုံးတွင် လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်လျက်၊ လျူယွင် တစ်ယောက် ရှေ့လှမ်း တက်လာ ခဲ့သည်။

“ ဖန်းဝူကျိ ... ၊ မင်းလို ချင်တဲ့ သွေးနေ သစ်သီးက ငါ့ဆီမှာ၊ မင်းလို ချင်ရင် ငါ့ဆီ လာခဲ့။ ”

စီနီယာ အစ်ကို ချန်ရွှမ်မှ ဆုံးဖြတ် ပြီးနောက်၊ ဆက်၍ ပုန်းနေရန် အကြောင်း မရှိ တော့ချေ။ ထို့ကြောင့် သွေးနေ သစ်သီးအား၊ ထုတ်ယူ ပြ လိုက်သည်။

သိပ်သည်းသော ဝိညာဉ် စွမ်းအင် များက လေထု အတွင်း၊ တဟုန်ထိုး ပျံ့နှံ့လာ သဖြင့်၊ လူတိုင်းက လှည့်ကြည့် လာတော့၏။

“ တကယ်ပဲ ... ၊ သွေးနေ သစ်သီးပဲ။ ”

“ ဘယ်လိုတောင် သိပ်သည်း လိုက်တဲ့ ဝိညာဉ် စွမ်းအင် တွေလဲ၊ အနည်းဆုံး နှစ် တစ်ထောင် သက်တမ်း ရှိရမယ်။ ”

“ ဖန်းဝူကျိ ဒေါသ ထွက်တာ မဆန်း ပါဘူး၊ ဒီလို သက်တမ်း မျိုးက မြင့်မြတ် မြေမှာတောင် ရှားပါးတယ်။ ”

၎င်းတို့နှင့် ဆန့်ကျင်စွာ လင်းယွန်က ခေါင်းညိတ် လိုက်သည်။ အဆုံးတွင် လျူယွင်မှာ လမ်းမှန်သို့၊ ပြန်ရောက် လာနိုင်ပြီ ဖြစ်သည်။

သေမည် သိသော်လည်း၊ ရှေ့ဆက် ဝံ့သည်မှာ၊ ဓားသမား တစ်ယောက်၏ သတ္တိမျိုး ဧကန် ဖြစ်ပေ၏။

“ သွေးနေ သစ်သီးကို၊ ငါ ခိုးခဲ့တာ မဟုတ်ဘူး၊ မင်းနဲ့ ပြိုင်ပြီး ရယူ ခဲ့တာ၊ ဒါကို မင်းဆီ ကနေ ... ”

“ ... ခိုးယူ သွားတယ်လို့ ပြောတဲ့ အထိ၊ မင်းက အရှက်မဲ့ နေလိမ့် မယ်လို့ မထင်ထား မိဘူး၊ ကောင်းကင် လမ်းရဲ့ ရတနာ တိုင်းက ပိုင်ရှင်မဲ့ တွေပဲ။ ”

လျူယွင်မှာ တွန်းဆုတ် နေစရာ အကြောင်း၊ မရှိ တော့ချေ။ နှလုံးသား ထဲရှိ မြိုသိပ် ထားခဲ့ရ သမျှကို လွှတ်ချ လိုက်သည်။

ယခု အချိန်၌ အကြောက် တရား ဟူသော အရိပ် မည်းကြီးမှ၊ လွတ်မြောက်လျက် ကျေနပ် နှစ်သိမ့်မှု လှိုင်းများ ဝင်ရောက် လာသည်။

“ ပြောတာ ကောင်းတယ်၊ လူတိုင်းက ဒီလမ်းမှာ ပြိုင်ကြ ရတာပဲ၊ မင်းနိုင်ရင် မင်းယူ၊ မင်းရှုံးရင် သေရမယ်၊ ဓားသမား ဆိုတာ ဒါကို မကြောက် ရဘူး။ ”

လင်းယွန်က တောက်ပသော မျက်လုံး များဖြင့်၊ လျူယွင် ပခုံးကို ပုတ်ကာ ရှေ့လှမ်း တက် မိသည်။

အစောပိုင်း အချိန်၌ လျူယွင် တစ်ယောက် အမြီး ကုပ်လျက်၊ လမ်းကြောင်းမှ သွေဖယ်နေ ခဲ့၏။

ယခုမူ ဖန်းဝူကျိအား ရဲဝံ့စွာ ရင်ဆိုင်လာ လေပြီ။ အဆုံးတွင် ရတနာ ဟူသည် ထိုက်တန် သူများ အတွက်သာ ဖြစ်ချေ၏။

လင်းယွန်က တောက်လောင် နေသော တိုက်ပွဲဝင် ဆန္ဒ များဖြင့်၊ ရှေ့တိုးကာ ဖန်းဝူကျိ ကို၊ ရင်ဆိုင် လိုက်သည်။

သည်မတိုင် မီက ဖန်းဝူကျိအား ကြည့်ရန် စိတ်မဝင်စား ခဲ့ချေ။ ယခုမူ တည့်တည့် ကြည့် လိုက်မိသည်။

ပုရွက်ဆိတ် တစ်ကောင်၏ မထီမဲ့မြင် စိုက်ကြည့် ခြင်းကို ခံလိုက်ရ သောကြောင့်၊ ဖန်းဝူကျိ မျက်ဝန်း များတွင် သတ်ဖြတ်လို စိတ်များ တိုးလာ ခဲ့သည်။

ဤအခိုက် အတန့်တွင်၊ လင်းယွန် စကားကြောင့်၊ ဘုန်းနေမင်း ကုန်းမြေရှိ လူတိုင်း သွေးများ ပွက်ပွက်ဆူ လာသည်။

ပုရွက်ဆိတ် အဖြစ် နေထိုင်ရန်၊ မည်သူမျှ အတင်း အကြပ် ခိုင်းစေ၍ မရချေ။ လူကိုယ်တိုင် ရွေးချယ် ကြခြင်းသာ ဖြစ်သည်။

“ သူ သေပြီ။ ”

“ အောက်တန်း ဒေသက ပုရွက်ဆိတ် တစ်ကောင်က၊ အစ်ကို ဝူကျိကို ဒီလို စကားမျိုး ပြောရဲ တယ်လား၊ သူက သေမင်းကို ဖိတ်ခေါ် နေတာပဲ။ ”

မြင့်မြတ် မြေမှ ပါရမီရှင် များက၊ လင်းယွန်အား လူသေ တစ်ဦး ကဲ့သို့ ကြည့်လာ လေသည်။

“ မင်းက တကယ် စိတ်ဝင် စားဖို့ ကောင်းတယ်၊ ဒါပေမယ့် ပုရွက်ဆိတ်က ပုရွက်ဆိတ် ပါပဲ၊ ... ”

“ ... သွေးအရိုး နယ်မြေရဲ့ အုတ်မြစ်၊ ဘယ်လောက်ထိ ကြောက်စရာ ကောင်းလဲ ဆိုတာ မင်း မသိဘူး၊ ငါ သတ်ချင်ရင် ဘယ်သူမှ မလွတ်မြောက် နိုင်တာ သေချာတယ်။ ”

နောက်ဆုံးတွင် သည်းမခံ နိုင်တော့ပေ။ ကောင်းကင်ပေါ် ခုန်တက်ကာ၊ ကြက်သွေး ရောင် အရှိန် အဝါကို ထုတ်လွှတ် လိုက်သည်။

“ ဟိတ် ... ။ ”

ထို့နောက်တွင် သတ်ပစ် လိုသော ရည်ရွယ်ချက် များကို၊ လင်းယွန်ထံ ပို့လွှတ် လိုက်ပြီး၊ နဂါးကြီး တစ်ကောင် အဖြစ်၊ ပြန်လည် ဆင်းသက် လာသည်။

ဖန်းဝူကျိမှ ထုတ်ဖော် ပြသ လာသော ခွန်အားမှာ အံ့မခန်း ပေပင်။ ကောင်းကင်လမ်း တစ်လျှောက် ဤမျှ သန်မာသော ပြိင်ဘက်မျိုး သူ မကြုံ ခဲ့ဖူး သေးချေ။

ထို့ကြောင့် ဓားသုတ္တန် နှစ်ခုကို လှည့်ပတ်ကာ၊ ခရမ်းရောင် နန်းတော်ရှိ ရောင်ဝါ သမုဒ္ဒရာအား၊ ပွက်ပွက်ဆူ စေလိုက်သည်။

များပြား လွန်းသော စွမ်းအင်ကြောင့်၊ သူ့ခန္ဓာကိုယ် အတွင်းရှိ အရိုးများ ကွဲအက်ပြီး၊ လက်ဖဝါး ပေါ်၌ ရွှေရောင် မီးလျှံ ရူရ် (၆) လုံး၊ ထွက်ပေါ် လာသည်။

ယင်းမှာ တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီး ဖြစ်သည်ကို မြင်လိုက် ရသဖြင့်၊ ဖန်းဝူကျိ မျက်ဝန်း များ၌၊ အထင် အမြင် သေးမှုများ ဖြစ်ပေါ် လာသည်။

ဤသည်မှာ လင်းယွန်ကို မာန်တက် စေသည့် အကြောင်းရင်း ဖြစ်နေ ပါက၊ သနား စရာ ကောင်း ပေမည်။

အလယ် အလတ် နယ်မြေများ ကြားတွင်၊ ထိုနည်း စနစ်အား ထိပ်တန်း အဆင့်၊ ကံကြမ္မာ ကိုယ်ခံ ပညာ ဟုပင်၊ မယူဆ ထားချေ။

မြင့်မြတ် မြေများ အတွက်မူ သာ၍ ဆိုးချေ၏။ တံဆိပ် ရှစ်ခု မဟုတ်ပါက၊ သူ့အား မည်သည့် နည်းနှင့်မျှ ခြိမ်းခြောက် နိုင်ခြင်း ရှိမည် မဟုတ်ချေ။

“ သနား စရာ ကောင်းလိုက်တဲ့ ပုရွက်ဆိတ်၊ ဟား ဟား ဟား ... ။ ”

ဖန်းဝူကျိက သတ်ဖြတ် လိုသော ရည်ရွယ်ချက် နှင့်အတူ၊ ရယ်မော လိုက်သည်။ ကြက်သွေးရောင် နဂါး ကြီးက၊ သူ့ လက်မောင်း အတွင်း ရစ်ပတ်လျက်၊ ဝင်ရောက် သွား၏။

ဤတိုက်ခိုက်မှု အတွင်းရှိ စွမ်းအားမှာ၊ လင်းယွန်အား တစ်ချက် တည်းဖြင့်၊ သတ်ပစ် နိုင်မည်ဟု လူတိုင်း ထင်မြင် လာမိသည်။

“ ကြည့်ရတာ ဖန်းဝူကျိက၊ တကယ် လေးနက် လာပြီ ... ။ ”

မြင့်မြတ် မြေမှ ထူးချွန်သူ များက သက်ပြင်းချ မိသည်။ ရှန့်ယွင်ကျန်းနှင့် ချန်ကျန်း ပင်လျှင် လင်းယွန် အသတ်ခံ ရလိမ့် မည်ဟု ထင်မြင် လာသည်။

ထိုစဉ် မှာပင် လင်းယွန် လက်ဖဝါးရှိ ရွှေရောင် မီးလျှံ ရူရ် များက၊ ရုတ်တရက် မည်းတက် သွား၏။

ကြောက်မက်ဖွယ် ကောင်းသော နဂါး အရှိန်အဝါများ ချက်ချင်း ပေါက်ကွဲ ထွက်ပေါ် လာသည်။

တံဆိပ် ရှစ်ခုက၊ နဂါး ထွက်သက်နှင့်၊ ကောင်းစွာ ပေါင်းစပ် သွားပြီး၊ ဖန်းဝူကျိကို ထိပ်တိုက် ရင်ဆိုင် လိုက်တော့သည်။

***

All Chapters