← Chapters

ဓားတစ်ချက် တည်းနှင့် သတ်ခြင်း။

Vol. 66 Ch. 913

ဓားတစ်ချက် တည်းနှင့် သတ်ခြင်း။

Vol. 66 Ch. 913

နဂါး ရောင်ဝါ ပေါ်လာသော အခါ၊ လင်းယွန်၏ အရှိန်အဝါသည် ဖန်းဝူကျိထက် အားနည်းခြင်း မရှိ တော့ချေ။

ပို၍ သာလွန် နေခဲ့သည်။ ဓားသုတ္တန်၏ သက်ရောက် မှုကြောင့်၊ ကိုယ်ဟန် အမူ အရာ ပင် ပြောင်းလဲ သွားသည်။

“ ဝှစ် ... ။ ”

ရုတ်တရက် အနက်ရောင် နဂါး လက်သည်း တစ်ဖက်က၊ ဖန်းဝူကျိ ထံသို့ လျင်မြန်စွာ တိုးဝင် သွားသည်။

“ ဘာလဲ … ။ ”

တံဆိပ် ရှစ်ခုလုံး သရုပ်ဖော် အဆင့်ထိ ရောက်ရှိ နေသဖြင့်၊ ဖန်းဝူကျိ တစ်ယောက် မျက်လုံးပြူး လာ၏။

တိမ်မီးတောက် လောင်ကျွမ်းခြင်း လက်သီးပင် ဖြစ်သော်လည်း၊ ရောင်ဝါမှာ လုံးဝ ကွဲပြား နေလေသည်။

ဗီဇ အရ ကာကွယ်မှုကို အသား ပေးရန်၊ မူလစွမ်းအင် အကုန် အစင် ထုတ်ဖော် လိုက်ရ ၏။

သို့သော် မလုံလောက် သေးချေ။ ယခု အချိန်၌ ပြိုင်ဘက်အား၊ လျှော့တွက် မိသည့် အပေါ်၊ နောင်တ ရလာသည်။

“ စိတ် မကောင်း စရာပဲ၊ မင်းက ဒါကို မဖြေရှင်း နိုင်လောက်အောင် ညံ့ဖျင်း လွန်း တယ်။ ”

နဂါး ခြေသည်းနှင့်၊ နဂါး ခေါင်းတို့ တိုက်မိ သွားကာ၊ လေထု အတွင်း ပေါက်ကွဲ မှုများ အဆက် မပြတ် ထွက်ပေါ် လာသည်။

“ ဝုန်း ... ။ ”

ဖြစ်စဉ်မှာ နဂါးကြီး နှစ်ကောင် တိုက်ခိုက်နေ သကဲ့သို့ ထင်မှား မိစေ၏။ ရလာဒ် အနေဖြင့် ဖန်းဝူကျိ လွင့်စဉ် သွားသည်။

“ ဖန်း ဝူ ကျိ ... ။ ”

လူအုပ် ကြီးမှာ မှင်တက် သွားသည်။

“ အစ်ကိုကြီး ဝူကျိ … ။ ”

သွေးအရိုး နယ်မြေ၏ အထက် တန်းစား များက၊ မျက်လုံးများ ပြူးလျက် အော်ဟစ်လိုက် မိသည်။

“ ငါ့ မျက်လုံးတွေ မကောင်းတော့ တာလား၊ တကယ်ပဲ လင်းယွန်က ဖန်းဝူကျိကို ရိုက်ထုတ် နိုင် လိုက်တယ်။ ”

ဖန်းဝူကျိ ရှုံးနိမ့် လိမ့်မည်ဟု၊ မည်သူမျှ မမျှော်လင့် ထားသောကြောင့်၊ မြတ်မြတ်မြေ များမှာ တိတ်ဆိတ် သွားသည်။

ရုတ်တရက် ဖန်းဝူကျိ ထံမှ၊ ကြောက်မက်ဖွယ် ကြက်သွေးရောင် အရှိန် အဝါများ ပေါက်ကွဲ ထွက်လာ၏။

၎င်းမှာ ဒုတိယ ကောင်းကင် ဝိညာဉ် နယ်မြေနှင့် နီးကပ် နေသဖြင့်၊ ပတ်ဝန်းကျင် အပေါ်၊ ချက်ချင်း သက်ရောက်မှု ရှိလာ လေသည်။

လက်ထဲ၌ ဆေဘာ ဓားကို ဆွဲလျက်၊ လင်းယွန်အား မုန်းတီးစွာ စိုက်ကြည့်၏။ စကား တစ်ခွန်းမျှ မဆို သော်ငြား၊ မည်မျှ ဒေါသထွက် နေ သည်ကို၊ မြင်သာ စေသည်။

သူ့ လက်ထဲရှိ တာအို လက်နက်၏ ရောင်ဝါမှာ၊ အရှိန် အဝါနှင့် ပေါင်းစပ် ပြီးနောက်၊ လူတိုင်းအား အသက်ရှူရ ခက်ခဲ လာသည် အထိ၊ ဖိအားပေး တော့သည်။

ချန်ရွှမ်က နာမည် ကျော်ကြား လှသော ဖန်းဝူကျိ၏ ဆေဘာဓားထံ လှမ်းကြည့်ကာ၊ အသက်အောင့် ထားမိ လေသည်။

တိတ်တဆိတ် စောင့်ကြည့် နေသော မိုဟန်တို့ သုံးယောက် ပင်လျှင်၊ လေးနက်သော အမူ အရာကို ထုတ်ဖော် လာကြသည်။

လင်းယွန်မှာ သန်မာသော ပြိုင်ဘက် ဖြစ်သည်ကို သိလိုက် ရသောကြောင့်၊ ဖန်းဝူကျိ တစ်ယောက် မပေါ့ဆ ရဲ တော့ချေ။

လမ်းတစ်လျှောက် နိမ့်ကျသော နယ်မြေ၏ ပုရွက်ဆိတ် တိုင်းကို၊ လက်လှိုင်း ဖြင့်ပင် ချေမွ နိုင် ခဲ့သည်။ ဤလင်းယွန်မှာ ချွင်းချက် ဖြစ်၏။

“ မင်းက တကယ် ... အရည် အချင်း ရှိတာပဲ၊ အခု မင်းကို မဖယ်ရှား နိုင်ရင်၊ ငါ ငြိမ်းချမ်း တော့မှာ မဟုတ်ဘူး။ ”

လင်းယွန်အား မြွေပွေး တစ်ကောင် အဖြစ် ယူဆလာ မိသည်။ ထို့ကြောင့် အသက်ကို ယူရန် နည်းလမ်း မျိုးစုံနှင့်၊ ကြိုးစား ရပေမည်။

“ ဆက် လုပ်ပါ၊ မင်း ဘယ်လောက်ထိ၊ အရည် အချင်း ရှိလဲ၊ ငါ သိချင်တယ်။ ”

မျက်ဝန်း တစ်စုံမှာ ကြယ်တာရာ နှစ်စင်း ကဲ့သို့၊ လင်းလက် နေလျက်ဖြင့် လင်းယွန်က ဆိုသည်။

ယင်းမှာ ဝိညာဉ်ရေး ဓား ဖြစ်ပြီး၊ လျှပ်စီး သားရဲကြီး ဟိန်းဟောက်နေ သကဲ့သို့၊ မြည်သံ များ ထွက်ပေါ် လာ၏။

ရုတ်တရက် ကြယ် အလင်း များက၊ လင်းယွန်ကို ဖုံးလွှမ်း သွားပြီး၊ ကောင်းကင် အပြည့် လောင်ကျွမ်း နေသော၊ ဖန်းဝါကျိ၏ သတ်ဖြတ်ခြင်း ရည်ရွယ် ချက်အား ဖြိုခွဲ ပစ်သည်။

“ ပြီးပြည့် စုံသော ဝိညာဉ်ရေး ဓား။ ”

လူတိုင်းက ဓား ရည်ရွယ်ချက်ကို ခံစား သိရှိလိုက် ရချိန်တွင်၊ ပါးစပ် အဟောင်းသား ဖြစ်ကုန် ကြသည်။

ကနဦး ကောင်းကင် ဝိညာဉ် နယ်မြေဖြင့်၊ ဝိညာဉ်ရေး ဓားကို ပြီးမြောက် နေခြင်း မျိုးမှာ၊ ခိုင်းနှိုင်း စရာ စကား လုံးများ မဲ့သွား စေ၏။

ဤအခိုက် အတန့်တွင်၊ လင်းယွန် တစ်ယောက် အဘယ်ကြောင့်၊ ဤမျှ ယုံကြည်မှု ရှိနေခဲ့ သည်ကို၊ လူတိုင်း နားလည်လာ ကြသည်။

“ ရတနာ ဆိုတာ မင့်တို့ရဲ့ မြင့်မြတ်မြေ နဲ့သာ ထိုက်တန် တယ်လို့ ထင်နေလား၊ ဟမ့် တောင်းပန် ပါတယ်၊ ငါ သဘော မတူဘူး၊ ... ”

“ ... ငါ့ကို သတ်ချင် လို့လား၊ လာ သတ်ပါ၊ ဒါပေမယ့် မင်းမှာ ဒါကို လုပ်ဖို့ လုံလောက်တဲ့ ခွန်အား ရှိပြီလား ဆိုတာ၊ အရင် မေးဖို့ လိုတယ်။ ”

လင်းယွန်က ပြုံးကာ ဆိုလိုက်သည်။ တစ်ဖက် လူမှ နိမ့်ချ လာသော အသွင်ကြောင့်၊ ဖန်ဝူကျိ တစ်ယောက် မျက်နှာ ပျက်ယွင်း သွား၏။

သဘာဝ အားဖြင့် ပြီးပြည့် စုံသော ဝိညာဉ်ရေး ဓား ရည်ရွယ် ချက်ကို ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ထို့အပြင် လင်းယွန် ကဲ့သို့ ဓားသမား တစ်ဦး၌ ရှိနေ လိမ့်မည်ဟု၊ အိမ်မက်ပင် မမက် ဖူးချေ။

လင်းယွန်ကို သတ်လို ပါက၊ တန်ဖိုး တစ်ခု ပေးအပ် ရမည် ဖြစ်သည်။ ဤသို့ ဆိုသော် ဘုန်းနေမင်း ဝိညာဉ်ကို ရယူရန် အခွင့် အရေး ကျဆင်း သွားပေမည်။

နောက်ဆုံးတွင် အံကြိတ်လျက် စိတ်ရှုပ်ထွေး လာသည်။ မည်သို့ ဆုံးဖြတ် ရမည်ကို မသိ တော့ချေ။

ထိုအချိန်တွင် မီးလျှံ အတား အဆီး၏ အပူရှိန်များ လျော့ကျ လာ သဖြင့်၊ လူတိုင်း အာရုံ ပြောင်းလဲ သွွားတော့သည်။

“ အတား အဆီးက အားနည်း သွားပြီ။ ”

ဖန်းဝူကျိ တစ်ယောက် သက်ပြင်း ခိုးချ လိုက်၏။ မိုဟန်နှင့် ကျန်သူများ လှုပ်ရှားတော့ မည်ကို၊ သူ သိသည်။

“ အခု မင်းရဲ့ အသက်ကို ချမ်းသာပေး လိုက်မယ်၊ ဒါပေမယ့် မကြာခင် မင်း ခေါင်းကို ငါ ယူပြမယ်။ ”

-ဟုဆိုလျက် ဖန်းဝူကျိက ထွက်ခွာရန် ပြင်လိုက်သည်။

သို့မှသာ ချန်ရွှမ်နှင့် လျူယွင်က စိတ် သက်သာရာ ရသွားပြီး၊ ကျောပြင်၌ ချွေးများ ရွှဲနစ် နေသည်ကို သတိ ရ လိုက်၏။

အတား အဆီးမှာ အချိန် ကောင်းတွင် ပျက်ပျယ် သွားခြင်း ဖြစ်သည်။ လင်းယွန်နှင့် ဖန်းဝူကျိမှာ အလွယ် တကူ အနိုင်ယူ နိုင်သော သူများ မဟုတ်ချေ။

“ ငါ မင်းကို ထွက်သွားခွင့် ပေးသေး လို့လား။ ”

ရုတ်တရက် လင်းယွန်က အေးစက်စွာ ဆိုလိုက်သည်။ အတား အဆီးထဲ ဝင်တော့မည့် မိုဟန်၊ ရှစ်ဖန့်နဲ့ ချမ်းအင်တို့ ပင်လျှင် ရပ်တန့် သွား၏။

သူတို့ နားကို သူတို့ မယုံ နိုင်ချေ။ နားကြား မှားသည်ဟု ယူဆကာ လင်းယွန်ထံ ပြန်ကြည့် မိ ကုန်သည်။

သွေးအရိုး နယ်မြေသည် မြင့်မြတ်သော နယ်မြေများ ၌ပင် ထိပ်တန်း အဆင့် ဖြစ်သည်။ ဖန်းဝူကျိမှာ ထိုနယ်မြေမှ အသန်မာဆုံး မဟုတ် သော်မှ နဂါး အဆင့် အတွင်း ဝင်ရန် ခွန်အား ရှိသည်။

ထို့ကြောင့် ဖန်းဝူကျိမှ နောက်ဆုတ် လိုက်ချိန်တွင် လင်းယွန်က တစ်လှမ်း တိုးကာ ခြိမ်းခြောက် လာသည့် အပေါ် နား မလည်နိုင် ဖြစ်သွားခြင်း ပေပင်။

ယခု အချိန်၌ လူတိုင်းက ဘုန်းနေမင်း ဝိညာဉ်ထက်၊ လင်းယွန်အား ကြည့်ရန် ပို၍ စိတ်ဝင်စား လာတော့သည်။

“ဟမ့် ... ၊ မင်းက ငါ့ကို ထပ် တလဲလဲ စော်ကား နေတာပဲ။ ”

ဖန်းဝူကျိက သက်ပြင်း ချကာ ပြန်လှည့် ကြည့်လျက် ဆိုသည်။

“ မင်းမှာ ထွက်သွားခွင့် မရှိ တော့ဘူး။ ”

လင်းယွန်က ပြုံးလိုက် သော်လည်း၊ ငရဲမှ လာသော နတ်ဆိုး ထက်ပင် ပို၍ ကြောက်စရာ ကောင်းနေသည်။

ဤဖန်းဝူကျိသည် ငရဲအား သူ့ စိတ်ကြိုက် လာ၍၊ ပြန်၍ ရသည်ဟု၊ ထင်နေ ခဲ့သည်လော။

ယခု အချိန်တွင် လင်းယွန်၏ စကားကို မည်သူမျှ နားကြားမှား နေစရာ မရှိ တော့ချေ။

“ ဟား ဟား ဟား ... ၊ မင်းက အရူး တစ်ယောက် ဆိုတာ ငါ သိလိုက်ပြီ၊ သေချင် နေတဲ့ မင်းဆန္ဒကို ငါ ဖြည့်ဆည်း ပေးမယ်၊ မင်းက ... ”

“ ... သတ်ဖို့ ဓား တစ်ချက်ပဲ လိုတယ်လို့ ပြောဖူးတယ် မဟုတ်လား၊ မင်းရဲ့ ဓားက ငါ့ဓား ထက်၊ ပိုမြန် သလား ဆိုတာ၊ ငါ ကြည့် ပါရစေ၊ ငါ ဒီမှာ ရပ်နေတယ်၊ မင်း လာသတ်ပါ။ ”

လင်းယွန် စကားကို ပြန်ကောက် ယူကာ၊ ဖန်းဝူကျိက ရယ်မော လိုက်သည်။ ပုရွက်ဆိတ် ဟူသည် ပုရွက်ဆိတ်သာ ဖြစ်နေ သေးကြောင်း၊ သက်သေ ပြရ ပေမည်။

မိုဟန်တို့ ရှေ့၌ သူ့ စွမ်းအင်ကို မဖြုန်းတီး ချင်သော်လည်း၊ တစ်ဖက် လူမှ သတ်ပေးရန် တောင်းဆို နေခဲ့သည်။

ထို့ကြောင့် ဘုန်းနေမင်း ဝိညာဉ်ကို စွန့်လွှတ်ကာ၊ လင်းယွန်အား နှိပ်စက်ရန် ဆုံးဖြတ် လိုက်သည်။

သတ်ဖြတ် လိုသော ဆန္ဒမှာ၊ နှလုံးသား အတွင်းမှ ပေါက်ဖွာ လာသည်။ ထိုသို့ ပြောင်းလဲ လာသော အသွင်ကြောင့်၊ ပတ်ဝန်း ကျင်ပင် တိတ်ဆိတ် သွားတော့သည်။

ယင်းမှာ ဖန်းဝူကျိအား ကြောက်ရွံ့ သောကြောင့် မဟုတ်ချေ။ ဖန်းဝူကျိ မျက်နှာ ပေါ်၌ တစ်စုံ တစ်ရာကို၊ မြင်လိုက် ရသဖြင့် ရှုပ်ထွေး ကုန်ခြင်း ဖြစ်သည်။

ဖန်းဝူကျိ တစ်ယောက် တာအို အဆင့် ဆေဘာ ဓားကို၊ တစ်လက်မ ခန့် ဆွဲထုတ်လျက် ငြိမ်သက် သွားသည်။

ထိုအချိန်တွင် မီတာ ရာဂဏန်းမျှ ရှိသော လျှပ်စီး ရေကန်ကြီး လင်းယွန် ခြေထောက် အောက်၌၊ ထွက်ပေါ် လာသည်။

ခရမ်းရောင် ပန်းများဖြင့် လှပ လွန်းသော အပြာရောင် သစ်ပင်က၊ ထိုရေကန် အလယ်၌ ပေါက်ရောက် နေ၏။

လင်းယွန် ထံမှ သတ်ဖြတ် လိုသော ခံစားချက် တစ်စုံ တစ်ရာမျှ မထွက်ပေါ် ခဲ့ဘဲ၊ ကောင်းကင် တမန် တစ်ပါး ကဲ့သို့ အလင်းများ ရစ်သိုင်းလျက်၊ ဖန်းဝူကျိထံ ခုတ်ပိုင်းချ လိုက်သည်။

“ ဝှစ် ... ။ ”

ဖန်ဝူကျိ၏ ဦးခေါင်း ထက်၌၊ တည်နေရာ ရွေ့ပြောင်းလိုက် သကဲ့သို့၊ အပြာရောင် ကြာပန်း တစ်ပွင့် ထွက်ပေါ် လာသည်။

“ ငါ မင်းကို ဓားတစ်ချက် တည်းနဲ့ သတ်နိုင်တယ် ဆိုတာ ... ၊ အခု မင်း ယုံပြီ မဟုတ်လား။ ”

“ ..... ။ ”

ဖန်းဝူကျိ မျက်နှာတွင်၊ အပြာရောင် ကြာပန်းကို မြင်လိုက်ရ ချိန်၌ ဦးခေါင်းမှာ ပေါက်ကွဲ သွားပြီ ဖြစ်သည်။

***

All Chapters